Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Pañcakanipātapāḷi
Pañcakanipātapāḷi

9. Bhojanasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ ရဟန်းတို့။ ဘောဇနံ၊ စားဖွယ်ဘောဇဉ်ကို။ ဒဒမာနော၊ ပေးလှူသော။ ဒါယကော၊ အလှူဒါယကာသည်။ ပဋိဂ္ဂါဟကာနံ၊ အလှူခံပုဂ္ဂိုလ်တို့အား။ ပဉ္စ၊ ငါးမျိုးကုန်သော။ ဌာနာနိ၊ အကြောင်းတရားတို့ကို။ ဒေတိ၊ ပေးလှူသည်မည်၏။
ကတမာနိ၊ အဘယ်မည်ကုန်သော။ ပဉ္စ၊ ငါးမျိုးကုန်သော။ (ဌာနာနိ၊ တို့ကို။ ဒေတိ၊ ပေးလှူသည်မည်သနည်းဟူမူ)
အာယုံ၊ အသက်အလှူကို။ ဒေတိ၊ ပေးလှူသည်မည်၏။ ဝါ၊ ပေးလှူရာရောက်၏။ ဝဏ္ဏံ၊ ကိုယ်အဆင်းကို။ ဒေတိ၊ ၏။ ဝါ၊ ၏။ သုခံ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကို။ ဒေတိ၊ ၏။ ဗလံ၊ ခန္ဓာကိုယ် ခွန်အားကို။ ဒေတိ၊ ၏။ ပဋိဘာနံ၊ ပဋိဘာန်ဉာဏ်ကို။ ဝါ၊ (မှန်ကန်သင့်မြတ် ဖျက်လတ်လျင်မြန် ဤနှစ်တန်ဟု) ရှေ့ရှုထင်ပေါ်လာသောဉာဏ်ကို။ ဒေတိ၊ ၏။ [ယုတ္တပဋိဘာန မုတ္တပဋိဘာနဟု ပဋိဘာန်ဉာဏ်နှစ်မျိုးကို ဆိုလို၏။ ဒုတိယ အကြိမ်ရိုက်ဒု-တွဲ နိသယ နှာ-၂၉၂။ စတုက္ကနိပါတ်စာပိုဒ် (၁၃၂)ကြည့်]
ပန၊ ထိုဘောဇနဒါန၏အကျိုးကား (သော= ထိုဘောဇဉ်ကို လှူသော ဒါယကာသည်)။ အာယုံ၊ အသက်အလှူကို။ ဒတွာ၊ (အလှူခံပုဂ္ဂိုလ်တို့အား)ပေးလှူပြီး၍။ ဝါ၊ ပေးလှူရာရောက်ခြင်းကြောင့်။ ဒိဗ္ဗဿ ဝါ၊ နတ်၌လည်းဖြစ်သော။ မာနုသဿ ဝါ၊ လူ၌လည်းဖြစ်သော။ အာယုဿ၊ အသက်၏။ ဝါ၊ အသက်ရှည်ခြင်း၏။ ဘာဂီ၊ အဖို့ဝေစုရရှိသည်။ ဟောတိ၊ ၏။ [ဒုတိယအနက်ပေးနည်းကိုဒုတိယအကြိမ်ရိုက်။ ဒု-တွဲ နိဿယ နှာ-၁၅၈။ စတုက္ကစာပိုဒ် ၅၇-ကြည့်]
ဝဏ္ဏံ၊ အဆင်းအလှူကို။ ဒတွာ၊ ၍။ ဝါ၊ ကြောင့်။ ဒိဗ္ဗဿ ဝါ၊ သော။ မာနုသဿ ဝါ၊ သော။ ဝဏ္ဏဿ၊ အဆင်း၏။ ဘာဂီ၊ သည်။ ဟောတိ၊ ၏။ပ။
ပဋိဂ္ဂါဟကာနံ၊ တို့အား။ ပဉ္စ၊ ကုန်သော။ ဣမာနိ ဌာနာနိ၊ တို့ကို။ ဒေတိ၊ ၏။ ဣတိ(အဝေါစ)
ယော ဓီရော၊ အကြင်ပညာရှိသည်။ အယုဒေါ၊ အသက်ကို ပေးလှူသည်လည်းကောင်း။ ဗလဒေါ၊ ကိုယ်ခွန်အားကို ပေးလှူသည်လည်းကောင်း။ ဝဏ္ဏဒေါ၊ ကိုယ်အဆင်းကို ပေးလှူသည်လည်းကောင်း။ ပဋိဘာနဒေါ၊ ပဋိဘာန်ဉာဏ်ကို ပေးလှူသည်လည်းကောင်း။ (ဟောတိ၊ ဖြစ်၏ )
ယောမေဓာဝီ၊ အကြင်ပညာရှိသည်။ သုခဿ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကို။ ဒါတာ၊ ပေးလှူသည်။ (ဟောတိ၊ ၏) သော၊ ထိုအသက်အလှူစသော ငါးမျိုးကို ပေးလှူသောပညာရှိသည်။ သုခံ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကို။ အဓိဂစ္ဆတိ၊ ရ၏။ (သော၊ ထိုပညာရှိသည်)
အာယုံစ၊ အသက်အလှူကိုလည်းကောင်း။ ဗလံ စ၊ ခွန်အားအလှူကိုလည်းကောင်း။ ဝဏ္ဏ စ၊ ကိုယ်အဆင်းအလှူကိုလည်းကောင်း။ သုခံ စ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ အလှူကိုလည်းကောင်း။ ပဋိဘာနကံ စ၊ ပဋိဘာန်ဉာဏ်အလှူကိုလည်းကောင်း။ ဒတွာ၊ ပေးလှူပြီး၍။
ယတ္ထ ယတ္ထ၊ အကြင်အကြင်ဘဝ၌။ ဥပပဇ္ဇတိ၊ ဖြစ်၏။ (တတ္ထ တတ္ထ၊ ထိုထိုဖြစ်လေရာရာ ဘဝတိုင်း၌) ဒီဃာယု= ရှည်သောအသက် ရှိသည်လည်းကောင်း။ ယသဝါ၊ များသောအခြံအရံရှိသည်လည်းကောင်း။ ဟောတိ၊ ၏။
ဣတိ(အဝေါစ) သတ္တမံ။