Issues
Chọn phiên bản
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Pañcakanipātapāḷi
Pañcakanipātapāḷi

10. Bhaddajisuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

၁၇၀။ [စာပိုဒ်(၁၀၀) စာမျက်နှာ(၂ဝ၇) လည်းကြည့်]
အထ ခေါ၊ ထိုအခါ၌။ အာယသ္မာ ဘဒ္ဒဇိ၊ အရှင်ဘဒ္ဒဇိသည်။ပ။
အာယသ္မန္တံ ဘဒ္ဒဇိ၊ အရှင်ဘဒ္ဒဇိကို။ပ။
အာဝုသော ဘဒ္ဒဇိ၊ အရှင်ဘဒ္ဒဇိ။ ဒဿနာနံ၊ မြင်ခြင်းအားလုံးတို့တွင်။ ကိံ၊ အဘယ်မြင်ခြင်းသည်။ အဂ္ဂံ နုခေါ၊ အကောင်းမြတ်ဆုံးပါနည်း။ ဝါ၊ အသာဆုံးပါနည်း။ သဝနာနံ၊ ကြားခြင်းအားလုံးတို့တွင်။ ကိံ၊ အဘယ်ကြားခြင်းသည်။ အဂ္ဂံ၊ အကောင်းမြတ်ဆုံးပါနည်း။ ဝါ၊ နည်း။ သုခါနံ၊ သုခအားလုံးတို့တွင်။ ကိံ၊ အဘယ်သုခသည်။ အဂ္ဂံ၊ နည်း။ သညာနံ၊ သညာအားလုံးတို့တွင်။ ကိံ၊ အဘယ်သညာသည်။ အဂ္ဂံ၊ နည်း။ ဘဝါနံ၊ ဘဝခန္ဓာအားလုံးတို့တွင်။ ကိံ၊ အဘယ်ဘဝခန္ဓာသည်။ အဂ္ဂံ၊ နည်း။ ဣတိ၊ သို့။ (အဝေါစ၊ မေးမြန်း)
အာဝုသော၊ ငါ့ရှင်။ အဘိဘူ၊ သတ္တဝါတို့ကိုလွှမ်းမိုးအုပ်စီးနိုင်သူအကြီးအကဲဖြစ်သော။ အနဘိဘူတော၊ အခြားသတ္တဝါတို့ကမလွှမ်းမိုးမအုပ်စီးနိုင်သော။ အညဒတ္ထု၊ အမှန်တကယ်ပင်။ ဒသော၊ အဆီးအတားကင်းစင်၊ အားလုံးစုံကိုသိမြင်နိုင်သော။ ဝသဝတ္တီ၊ သတ္တဝါအားလုံးကိုမိမိအလိုဆန္ဒ၌လိုက်ပါစေနိုင်သော။ ဗြဟ္မာ၊ မဟာဗြဟ္မာသည်။ အတ္ထိ၊ ရှိပေ၏။ ယော၊ အကြင်သူသည်။ တံ ဗြဟ္မာနံ၊ ထိုမဟာဗြဟ္မာကို။ ပဿတိ၊ ဖြစ်ရ၏။ (တဿ၊ ထိုသူ၏) ဣဒံ၊ ဤမဟာဗြဟ္မာကိုမြင်ရခြင်းသည်။ ဒဿနာနံ၊ မြင်ရခြင်းအားလုံးတို့တွင်။ ဝါ၊ တို့ထက်။ အဂ္ဂံ၊ အကောင်းမြတ်ဆုံးမြင်ရခြင်းပါတည်း။
အာဝုသော၊ ငါ့ရှင်။ သုခေန၊ သုခဖြင့်။ အဘိသန္နာ၊ စိုပြေနေကြကုန်သော။ ပရိသန္နာ၊ ဝန်းကျင်ဥဿုံအားလုံးစုံစိုပြေနေကြကုန်သော။ အာဘဿရာ နာမ၊ အာဘဿရမည်ကုန်သော။ ဒေဝါ၊ ဗြဟ္မာတို့သည်။ အတ္ထိ၊ ရှိကြကုန်၏။
တေ၊ ထို အာဘဿရဗြဟ္မာတို့သည်။ ကဒါစိ ကရဟစိ၊ ရံခါရံခါ၌။ ဝါ၊ မကြာမကြာ။ “အဟော သုခံ၊ ဪ ချမ်းသာပေစွာ။ အဟော သုခံ၊ ဪ ချမ်းသာပေစွာ။ ဣတိ၊ ဤသို့။ ဥဒါနံ၊ (ပီတိအဟုန်ကြွ၊ မြိုမရသဖြင့်ကျူးရင့်မြွက်ကြား)ဥဒါန်းစကားကို။ ဥဒါနေန္တိ၊ ကျူးရင့်မြွတ်ဆိုကြကုန်၏။
ယော၊ အကြင်သူသည်။ တံ သဒ္ဒံ၊ ထိုဥဒါန်းကျူးရင့်သံကို။ သုဏာတိ၊ ကြားရ၏။ (တဿ၊ ထိုသူ၏) ဣဒံ၊ ဤအာဘဿရဗြဟ္မာတို့၏ဥဒါန်းကျူးရင့်သံကိုကြားရခြင်းသည်။ သဝ နာနံ၊ ကြားရခြင်းအားလုံးတို့တွင်။ ဝါ၊ တို့ထက်။ အဂ္ဂံ၊ အကောင်းမြတ်ဆုံးကြားရခြင်းမည်ပါ၏။
အာဝုသော၊ ငါ့ရှင်။ သုဘကိဏှာ နာမ၊ သုဘကိဏမည်ကုန်သော။ ဒေဝါ၊ ဗြဟ္မာတို့သည်။ အတ္ထိ၊ ရှိကုန်၏။
တေ၊ ထိုသုဘကိဏှဗြဟ္မာတို့သည်။ တုသိတာ၊ ရွှင်လန်းနှစ်သက်ခြင်းသို့ရောက်ကြကုန်လျက်။ သန္တိယေဝ၊ အကောင်းဆုံးဧကန်၊ အမှန်ရှိသည်သာဖြစ်သော။ သုခံ၊ ထိပ်ဆုံးရောက်ရှိသည့်တတိယဈာန်ချမ်းသာကို။ ပဋိသံဝေဒေန္တိ၊ ခံစားနေကြကုန်၏။ သုခါနံ၊ သုခအားလုံးတို့တွင်။ ဣဒံ၊ ဤသုဘကိဏှဗြဟ္မာတို့၏ တတိယဈာန်သုခသည်။ အဂ္ဂံ၊ အကောင်းမြတ်ဆုံးသုခမည်ပါ၏။
အာဝုသော၊ ငါ့ရှင်။ အာကိဉ္စညာယ တာနူပဂါ၊ အာကိဉ္စညာယတနဘုံသို့ကပ်ရောက်ကြကုန်သော။ ဒေဝါ၊ အရူပ ဗြဟ္မာတို့သည်။ အတ္ထိ၊ ရှိကြကုန်၏။ သညာနံ၊ တို့တွင်။ ဣဒံ၊ ဤအာကိဉ္စညာယတနဗြဟ္မာတို့၏သညာသည်။ အဂ္ဂံ၊ အကောင်းမြတ်ဆုံးသညာမည်ပါ၏။
အာဝုသော၊ ငါ့ရှင်။ နေဝသညာနာသညာယတနူပဂါ၊ နေဝသညာနာသညာယတနဘုံသို့ကပ်ရောက်ကြကုန်သော။ ဒေဝါ၊ အရူပဗြဟ္မာတို့သည်။ အတ္ထိ၊ ရှိကုန်၏။ ဘဝါနံ၊ ဘဝခန္ဓာတို့တွင်။ ဣဒံ၊ ဤနေဝသညာ နာသညာယတန ဘုံသားဗြဟ္မာတို့၏ ဘဝခန္ဓာသည်။ အဂ္ဂံ၊ အကောင်းမြတ်ဆုံးဘဝခန္ဓာပါတည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ ဖြေကြားပြီ။)
ဗဟုနာ၊ များစွာသော။ ဇနေန၊ လူအပေါင်းသည်။ (ဝုတ္တံ၊ ပြောဆိုအပ်သော) ယဒိဒံ(ဝစနံ)၊ အကြင်စကားသည်။ (အတ္ထိ၊ ရှိ၏။ တေန၊ ထိုလူသူအများပြောဆိုအပ်သောစကားနှင့်) အာယသ္မတော ဘဒ္ဒဇိဿ၊ အရှင်ဘဒ္ဒဇိ၏။ ဣဒံ၊ ဤယခုအဖြေစကားသည်။ သမေတိ၊ ကိုက်ညီပါ၏။ ဣတိ၊ သို့။ (အဝေါစ၊ အရှင်အာနန္ဒကပြောကြားပြီ)။ပ။
အာဝုသော၊ ငါ့ရှင်။ ယထာ**၁။ ယထာ ပဿတော။ပ။ ဣဒံ ဒဿနာနံ အဂ္ဂံ**။ ။အထ ဝါ ယံ စက္ခုနာ ရူပံ ဒိသွာ နိရန္တရမေဝ ဝိပဿနံ ပဋ္ဌပေတွာ အရဟတ္တံ ပါပုဏာတိ၊ တံ တဿ အရဟတ္တံ စက္ခုဝိညာဏာနန္တရံ နာမ ဟောတိ၊ တံ သန္ဓာယ ဝုတ္တံ “ဣဒံ ဒဿနာနံ အန္တိ"ဟူ၍ အဋ္ဌကထာ၌ ဒုတိယနည်းဖွင့်သေး၏၊ ထိုအဖွင့်ဝါကျ၌ “ယံ စက္ခုနာ”မှ“ယံ”ဟူသော အနိယမကို ရူပံနှင့်မတွဲဘဲ အရဟတ္တံနှင့်တွဲ၍ "ယံ အရဟန္တံ၊ အကြင် အရဟတ္တဖိုလ်သို့၊ ပါပုဏာတိ=ရောက်၏”ဟု အနက်ပေးရမည် ဖြစ်သော ကြောင့် ထိုယံသဒ္ဒါ သည် ပါဠိတော်မှ ယထာ၏အနက်ဖွင့်မဟုတ်၊ “ဣဒံ ဒဿနာနံ အင်္ဂ”ဟူသော ပါဠိတော်မှ ဣဒံဟူသောနိယမ၏ အနိယမအဖြစ်ဖြင့် ဖွင့်ပြအပ်သော ယံသဒ္ဒါတည်း၊ ဤဒုတိယနည်းအလို ပါဠိတော်၌
“အာဝုသော၊ ငါ့ရှင်၊ ယထာ=အကြင်အခြင်းအရာအားဖြင့်၊ ပဿတော ရူပါရုံကို စက္ခုဝိညာဏ်ဖြင့် မြင်သောပုဂ္ဂိုလ်မှာ၊ အနန္တရာ=စက္ခုဝိညာဏ်ဖြင့် မြင်သည်၏ အခြားမဲ့၌သာလျှင်၊ (ဝိပဿနံ=ကို၊ ပဋ္ဌပေတွာ-၍) အာသဝါနံ=တို့၏၊ ခယော= ကုန်ရာ အရဟတ္တဖိုလ်သည်၊ ဟောတိ=ဖြစ်ပေါ်လာ၏၊ (တထာ=ထိုအရဟတ္တဖိုလ်ကို ဖြစ်ပေါ်လာစေနိုင်သော အခြင်းအရာအားဖြင့်၊ ပဿတောရူပါရုံကိုမြင်သော ထိုပုဂ္ဂိုလ် ၏)ဣဒံ=ဤအရဟတ္တဖိုလ်ကို ဖြစ်ပေါ်လာစေသော မြင်ခြင်းသည်ဒဿနာနံ=တို့တွင်ဝါ=တို့ထက်အင်္ဂ=မည်ပါ၏”ဟု အနက်ဆိုပါ။ နိဿယခန်း၌ကား အဋ္ဌကထာ
မှ ပဌမအဖွင့်အတိုင်း အနက်ပေးထားပါသည်သို့သော် ပဌမအဖွင့်နှင့် ဒုတိယအဖွင့်နှစ်မျိုးကို နှိုင်းယှဉ်ကြည့်သောအခါ အနက်ပေးဟန် အနည်းငယ်မျှသာ ထူးခြား၍ အနက်အဓိပ္ပာယ် အနှစ်သာရအားဖြင့်ကား ထိုအဖွင့် နှစ်မျိုး၏ ထူးခြားချက် တစုံတခုမျှ မိမိဉာဏ်ဖြင့် ရှာမရပါ။
နောက်ပါဠိတော်ဝါကျ၌လည်း “ယထာ၊ ဖြင့်၊ သုဏတော=သဒ္ဒါရုံကို သောတ ဝိညာဏ်ဖြင့် .. ကြားသောပုဂ္ဂိုလ်မှာအနန္တရာ=သောတဝိညာဏ်ဖြင့် ကြားပြီးသည် အခြားမဲ့၌သာလျှင်(ဝိပဿနံ ပဋ္ဌပေတွာ) အာသဝါနံ ခယော ဟောတိ(တထာ= ထိုအရဟတ္တဖိုလ်ကို ဖြစ်စေနိုင်သော အခြင်းအရာအားဖြင့်၊ သုဏတော=သဒ္ဒါရုံကို ကြားသောပုဂ္ဂိုလ်၏)ဣဒံ=ဤအရဟတ္တဖိုလ်ကို ဖြစ်စေနိုင်သော ကြားခြင်းသည်သဝနာနံ=တို့တွင်၊ ဝါ=ထက်အ ံ=၏"ဟု အနက်ဆိုပါ။
၊ အကြင်အခြင်းအရာအားဖြင့်။ ပဿတော၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံတခုခုကိုမြင်သောသူမှာ။ [ခယော ၌စပ်] အနန္တရာ၊ မြင်ပြီးသည်၏အခြားမဲ့၌သာလျှင်။ (ဝိပဿနံ၊ ဝိပဿနာ ဉာဏ်ကို။ ပဋ္ဌပေတွာ၊ ဖြစ်စေ၍) အာသဝါနံ၊ အာသဝတရားတို့၏။ ခယော၊ ကုန်ရာအရဟတ္တဖိုလ်သည်။ ဟောတိ၊ ဖြစ်ပေါ်လာ၏။ (တထာ၊ ထိုအရဟတ္တဖိုလ်ကိုဖြစ်ပေါ်လာစေနိုင်သောအခြင်းအရာအားဖြင့်။ ပဿတော၊ ဣဋ္ဌာရုံအနိဋ္ဌာရုံတခုခုကိုမြင်သောသူ၏) ဣဒံ၊ ဤအရဟတ္တဖိုလ်ကိုဖြစ်ပေါ်လာစေနိုင်သောမြင်ခြင်းသည်။ ဒဿနာနံ၊ မြင်ခြင်းအားလုံးတို့တွင်။ ဝါ၊ တို့ထက်။ အဂ္ဂံ၊ အကောင်းမြတ်ဆုံးမြင်ခြင်းပါတည်း။
ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ သုဏတော၊ ဣဋ္ဌာရုံအနိဋ္ဌာရုံအသံတခုခုကိုကြားသောသူမှာ။ အနန္တရာ၁။ အနန္တရာပုဒ်ဖွင့်ပုံနှစ်မျိုး။ အဋ္ဌကထာ၌ (၁) ယထာ ပဿတော အနန္တရာ စသော ရှေးဝါကျတို့၌ရှိသော အနန္တရာပုဒ်ဖွင့်ပုံနှင့်(၂) ယထာ ဘူတဿ အနန္တရာဟူသော နောက်ဆုံးဝါကျ၌ အနန္တရာပုဒ်ဖွင့်ပုံမှာ မတူကွဲပြားခြားနားသကဲ့သို့ ရှိနေ၏၊
ထိုဖွင့်ပုံနှစ်မျိုးကို နှိုင်းယှဉ်ပြရသော်
(၁) ရှေးဝါကျတို့၌ အနန္တရာပုဒ်ကို “နိရန္တရမဝ,သမနန္တရမေဝ”ဟုဖွင့်ခဲ့၏၊ ထိုအဖွင့်အလို အန္တရာနိပါတ်ပုဒ်၏အနက်မှာ အလယ်အကြားကာလ(အလယ်က ပိုင်းခြားတားဆီးထားသော အဆီးအတား အကြားကာလ အကြားအရပ်ဒေသစသော) အနက်များဖြစ်ကြောင်း သိသာထင်ရှားပါ၏။ ထို့ကြောင့် နိဿယခန်း၌ “အနန္တရာ၊ အခြားမဲ့၌ (မြင်ပြီးသည်၏အခြားမဲ့, ကြားပြီးသည်၏အခြားမဲ့, အရိယမဂ်သုခ၏ အခြားမဲ့၌)ဟု အနက်ပြန်ဆိုခဲ့သည်၊ ထို၌ အခြားမဲ့ဟူသည် အလယ်က ပိုင်းခြားတားဆီးထားသော အလယ်အကြားကင်းမဲ့ဟု ဆိုလို၏။
(၂) ယထာ ဘူတဿ အနန္တရာဟူသော နောက်ဆုံးဝါကျ၌ကား “အနန္တရာတိ အနန္တရာယေန အရဟတ္တံ ဥပ္ပဇ္ဇတိ”ဟု ဖွင့်ထား၏၊ ထိုအဖွင့်နှင့်အညီ အနန္တရာ၌ အန္တရာသဒ္ဒါကို အနှောင့်အယှက် အဆီးအတား အန္တရာယ်ဟူသောအနက်ကို ဟောသော အန္တရာယသဒ္ဒါ၏ ပရိယာယ်ဟု ဆိုရ၏။ ထို့ကြောင့် ဆက္ကနိပါတ်၊ စာပိုဒ် (၂၇) ပဌမသမယသုတ်ဋီကာ(နှာ-၁၀၂)၌ အန္တရာယသဒ္ဒပရိယာယော ဣဓ အန္တရာသဒ္ဒါတိ အာဟ-အနန္တရာယေနာတိ” ဟု ဖွင့်ဆိုထားသည်။ ထိုအဖွင့်အတိုင်းပင် နိဿယခန်း၌ “အနန္တရာ၊ အနှောင့်အယှက် အဆီးအတား အန္တရာယ်မရှိသောအားဖြင့်”ဟု အနက် ပြန်ဆိုခဲ့သည်။ ထို့အပြင် ဤနောက်ဆုံးဝါကျ၌ပင် အဋ္ဌကထာ၌ “ အနန္တရာ အာသဝါနံ ခယော ဟောတီတိ မဂ္ဂါနန္တရမေဝ ဖလံ ဥပ္ပဇ္ဇတိ”ဟူ၍ တနည်း ဖွင့်ထားသေး၏၊ ထိုအဖွင့်သည် “ယထာ ပဿတော အနန္တရာ စသော ရှေးဝါကျတို့၏ အနန္တရာ ပုဒ်အဖွင့်နှင့် အတူတူပင် ဖြစ်၏။
ဤသို့အားဖြင့် အဋ္ဌကထာ၌ အနန္တရာပုဒ်ကို နှစ်နည်း ဖွင့်ပြလျက်ရှိ၏၊ သို့သော် ရှေးဝါကျတို့၌ အန္တရာသဒ္ဒါ၏ အလယ်အကြားဟူသော အနက်မှာလည်း အလယ်က ပိုင်းခြားတားဆီးထားသော အဆီးအတား အနှောင့်အယှက် အန္တရာယ်ဟူ သော အနက်ပင် ဖြစ်သောကြောင့် ထိုအဖွင့်နှစ်မျိုး၏အဓိပ္ပါယ်မှာ အတူတူပင် ဖြစ်ပါသည်။
၊ ကြားပြီးသည်၏အခြားမဲ့၌သာလျှင်။ (ဝိပဿနံ၊ ကို။ ပဋ္ဌပေတွာ၊ ၍) အာသဝါနံ၊ တို့၏။ ခယော၊ ကုန်ရာအရဟတ္တဖိုလ်သည်။ ဟောတိ၊ ဖြစ်ပေါ်လာ၏။ (တထာ၊ ထိုအရဟတ္တဖိုလ်ကိုဖြစ်ပေါ်လာစေနိုင်သောအခြင်းအရာအားဖြင့်။ သုဏတော၊ ဣဋ္ဌာရုံအနိဋ္ဌာရုံအသံတခုခုကိုကြားသောသူ၏) ဣဒံ၊ ဤအရဟတ္တဖိုလ်ကိုဖြစ်ပေါ်လာစေနိုင်သောကြားခြင်းသည်။ သဝနာနံ၊ ကြားခြင်းအားလုံးတို့တွင်။ ဝါ၊ တို့ထက်။ အဂ္ဂံ၊ အကောင်းမြတ်ဆုံးကြားခြင်းမည်ပါ၏။
ယထာ(ယေန မဂ္ဂသုခေန)၊ အကြင်အရိယမဂ်သုခဖြင့်။ (အကြင် အရိယမဂ်နှင့်ယှဉ်သော သုခဝေဒနာဖြင့်) သုခိတဿ၊ ဖြစ်သောသုခရှိသောပုဂ္ဂိုလ်မှာ။ အနန္တရာ၊ အရိယမဂ်သုခ၏အခြားမဲ့၌သာလျှင်။ အာသဝါနံ၊ တို့၏။ ခယော၊ သည်။ ဟောတိ၊ ၏။ သုခါနံ၊ သုခအားလုံးတို့တွင်။ ဣဒံ(မဂ္ဂသုခံ)၊ ဤအရဟတ္တဖိုလ်ကိုဖြစ်ပေါ်လာစေသောအရိယမဂ်သုခသည်။ အဂ္ဂံ၊ အကောင်းမြတ်ဆုံးသုခပါတည်း။
ယထာ(ယာယ မဂ္ဂသညာယ)၊ အကြင်အရိယမဂ်သညာဖြင့်။ (အကြင် အရိယမဂ်နှင့်ယှဉ်သောသညာဖြင့်) သညိဿ၊ သညာရှိသောပုဂ္ဂိုလ်မှာ။ အနန္တရာ၊ အရိယမဂ်သညာ၏အခြားမဲ့၌သာလျှင်။ အာသဝါနံ၊ တို့၏။ ခယော၊ သည်။ ဟောတိ၊ ၏။ သညာနံ၊ သညာအားလုံးတို့တွင်။ ဣဒံ(အယံ မဂ္ဂသညာ)၊ ဤအရဟတ္တဖိုလ်ကိုဖြစ်ပေါ်လာစေသောအရိယမဂ်သညာသည်။ အဂ္ဂံ(အဂ္ဂါ)၊ အကောင်းမြတ်ဆုံးသညာမည်ပါ၏။
ယထာ(ယသ္မိံ ဘဝေ)၊ အကြင်ဘဝခန္ဓာ ဟူသောအတ္တဘော၌။ ဘူတဿ၊ ဖြစ်ခိုက်တည်နေခိုက်ပုဂ္ဂိုလ်မှာ။ အနန္တရာ၊ နှောင့်ယှက်ဆီးတား အန္တရာယ်မရှိသောအားဖြင့်။ အာသဝါနံ၊ တို့၏။ ခယော၊ သည်။ ဟောတိ၊ ၏။ ဘဝါနံ၊ ဘဝခန္ဓာဟူသောအတ္တဘောတို့တွင်။ ဣဒံ(အယံ ဘဝေါ)၊ ဤအရဟတ္တဖိုလ်ဖြစ်ပေါ်လာရာဖြစ်သောနောက်ဆုံးဘဝခန္ဓာအတ္တဘောသည်။ အဂ္ဂံ(အဂ္ဂေါ)၊ အကောင်းမြတ်ဆုံးဘဝခန္ဓာအတ္တဘောမည်ပါ၏။ တနည်း-ယထာ (ယေဟိ ခန္ဓေဟိ)၊ အကြင်ခန္ဓာငါးပါးတို့ဖြင့်။ ဘူတ ဿ၊ အရိယမဂ်ခဏ၌ဖြစ်ဆဲပုဂ္ဂိုလ်မှာ။ အနန္တရာ၊ အရိယမဂ်၏အခြားမဲ့၌သာလျှင်။ အာသဝါနံ၊ တို့၏။ ခယော၊ သည်။ ဟောတိ၊ ၏။ ဘဝါနံ၊ ဘဝခန္ဓာဟူသမျှတို့တွင်။ ဣဒံ(ခန္ဓပဉ္စကံ)၊ ဤအရိယမဂ်ခဏ၌ဖြစ်သောဘဝခန္ဓာငါးပါးအပေါင်းသည်။ အဂ္ဂံ၊ အကောင်းမြတ်ဆုံးဘဝခန္ဓာမည်ပါ၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ ဖြေဆိုပြီ) [ဘဝဟူ၍လည်းကောင်းခန္ဓာဟူ၍လည်းကောင်း အတ္တဘောဟူ၍လည်းကောင်း အခေါ်အဝေါ်သုံးမျိုး၏ တရားကိုယ်အနက်သဘောမှာ ခန္ဓာငါးပါးချည်းတည်း]
ဒသမံ။
ဒုတိယော၊ နှစ်ခုမြောက်သော။ အာဃာတဝဂ္ဂေါ၊ အာဃာတဝဂ်တည်း။