Issues
เลือกเวอร์ชัน
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Pañcakanipātapāḷi
Pañcakanipātapāḷi

(23) 3. Dīghacārikavaggo

ผู้แต่ง: sāsanāre-သာသနာရေး @ IAPT

၂၂၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒီဃစာရိကံ၊ ထိုထိုဤဤကြာရှည်စွာလှည့်လည်ခြင်းကို။ အနဝတ္ထစာရိကံ၁။ အနဝတ္ထုစာရိကာ။ ။စာပိုဒ် ၁၄၆ မိတ္တသုတ်အဋ္ဌကထာ(၅၂)၌ အနဝတ္ထု စာရိကန္တိ အနဝတ္ထာနစာရိကံ(အဝဝတ္ထာနစာရိကံ။သီမူ)ဟုဖွင့်၏၊ အဝတ္ထာပနံ အဝတ္တော၊ ပိုင်းခြားကန့်သတ်၍ တည်စေခြင်းဝါ=ပိုင်းခြားကန့်သတ်ခြင်းပိုင်းခြား ကန့်သတ်ချက်။ အဝရှေးရှိသော ထာဓာတ် ဏာပေပစ္စည်း အပစ္စည်း(ဏာပေပစ္စည်း အကျေကြံ)အဝသဒ္ဒါ ပရိစ္ဆန္ဒနအနက်ဟော။ နတ္ထိ အဝတ္တော ဧတိဿာ (စာရိကာယာ) တိ အနဝတ္ထာ=အချိန်ကာလပိုင်းခြားကန့်သတ်ချက်မရှိသော(လှည့်လည်သွားလာခြင်း) အနဝတ္ထုာ စ သာ စာရိကာ စာတိ အနဝတ္ထုစာရိကာ=အချိန်ကာလပိုင်းခြား ကန့်သတ်ချက် မရှိသော လှည့်လည်သွားလာခြင်း။ ပုမ္ဘာဝါတိဒေသ ပြုထားသော ကြောင့် သမာသ်အလယ်၌ ဣတ္ထိဇောတက အာပစ္စည်းကျေပျောက်ရ၏။
ဤသုတ်အဋ္ဌကထာ(၈၁)၌မူ အနဝတ္ထိတစာရိကံဟု သံဝဏ္ဏနာပါဌ်ရှိ၏၊ နတ္ထိ အဝတ္တော ယဿ ပုဂ္ဂလဿာတိ အနဝတ္တော၊ အချိန်ကာလပိုင်းခြားကန့်သတ်ချက်မရှိ သောသူ၊ အနဝတ္ထဿ စာရိကာ အနဝတ္ထုစာရိကာ=အချိန်ကာလပိုင်းခြားကန့်သတ်ချက် မရှိသောသူ၏ လှည့်လည်သွားလာခြင်း။ ဝါ=အချိန်ကာလပိုင်းခြား ကန့်သတ်ချက်မရှိဘဲ လှည့်လည်သွားလာခြင်း။ သံဝဏ္ဏနာပါဌ်အနေအထားသို့လိုက်၍ ဝစနတ္ထ ကြံခြင်း ဖြစ်သည်သမဝတ္ထစာရပုဒ်၌ သုဋ္ဌ အဝတ္တော ယဿ(စာရဿာ)တိ သမဝတ္တော=အချိန် ကာလကို ကောင်းစွာပိုင်းခြား ကန့်သတ်မှုရှိသော(လှည့်လည်ခြင်း) သမဝတ္တော စာရော သမဝတ္ထုစာရော။(တနည်း) သုဋ္ဌ အဝဏ္ဏော ယဿ ပုဂ္ဂလဿာတိ သမဝတ္တော= အချိန်ကာလကို ကောင်းစွာပိုင်းခြား ကန့်သတ်မှုရှိသော ပုဂ္ဂိုလ်၊ သမဝတ္ထဿ စာရော သမဝတ္ထုစာရော။
၊ အချိန်ကာလကန့်သတ်ချက်မရှိလှည့်လည်သွားလာခြင်းကို။ အနုယုတ္တဿ၊ ကြိုးစားအားထုတ်လျက်။ ဝိဟရတော၊ နေထိုင်သောသူ၏။ အာဒီနဝါ၊ အပြစ်တို့သည်။ပ။
အဿုတံ၊ မကြားနာအပ်ဖူးသေးသောတရားကို။ န သုဏာတိ၊ မကြားနာရ။ သုတံ၊ ကြားနာအပ်ပြီးသောတရားကို။ န ပရိယောဒါပေတိ၊ သံသယမကင်းမရှင်းလင်းမပြတ်သားစေနိုင်။ ဧကစ္စေန၊ တချို့တလေအနည်းငယ်မျှသော။ သုတေန၊ ကြားနာမှတ်သားမိမိမှာရှိထားပြီးသောသုတတရားဖြင့်။ အဝိသာရဒေါ၊ ကင်းသောကြောက်ရွံ့မှုရှိသူမဟုတ်သည်။ ဝါ၊ မကြောက်မရွံ့ရဲဝံ့ကြည်လင်ဉာဏ်ဖြင့်ရွှင်လန်းဝမ်းမြောက်သူမဟုတ်သည်။ ဟောတိ၊ ၏။ ဂါဠှံ၊ ပြင်းထန်သော။ ရောဂါတင်္ကံ၊ ခက်ခဲဆင်းရဲစွာအသက်ရှင်ရကြောင်းရောဂါသို့။ ဖုသတိ၊ ထိရောက်စွဲကပ်ရတတ်၏။ မိတ္တဝါစ၊ မိတ်ဆွေအပေါင်းအသင်းရှိသည်လည်း။ န ဟောတိ၊ မဖြစ်ရတတ်။ပ။
သမဝတ္ထစာရေ၊ ကောင်းစွာအချိန်ကာလပိုင်းခြားကန့်သတ်မှုရှိသောလှည့်လည်သွားလာခြင်း၌။ ဝါ၊ ကောင်းစွာအချိန်ကာလပိုင်းခြားကန့်သတ်မှုရှိသူဖြစ်ကာလှည့်လည်သွားလာခြင်း၌။ အာနိသံသာ၊ တို့သည်။ပ။
အဿုတံ၊ ကို။ သုဏာတိ၊ ကြားနာရ၏။ သုတံ၊ ကို။ ပရိယောဒါပေတိ၊ သံသယကင်းရှင်းလင်းပြတ်သားကြည်လင်သွားစေ၏။ ဧကစ္စေန၊ တချို့တလေ..နည်းနည်းပါးပါးကလေးပင်ဖြစ်သော။ သုတေန၊ ဖြင့်။ ဝိသာရဒေါ၊ ကင်းသောကြောက်ရွံ့မှုရှိသည်။ ဝါ၊ မကြောက်မရွံ့ရဲဝံ့ကြည်လင်ဉာဏ်ဖြင့်ရွှင်လန်းဝမ်းမြောက်မှုရှိသူသည်။ ဟောတိ၊ ၏။ ဂါဠှံ၊ သော။ ရောဂါတင်္ကံ၊ သို့။ န ဖုသတိ၊ မထိရောက်မစွဲကပ်။ပ။
ပဌမံ။
၂၂၂(စာပိုဒ်)။ ၂-ဒုတိယဒီဃစာရိကသုတ်။ ။[စာပိုဒ်၂၁၂-သုတ်လည်း ကြည့်]
အဓိဂတေန၊ ရအပ်ပြီးသော။ ဧကစ္စေန၊ တချို့တလေအနည်းငယ်မျှသောတရားထူးဖြင့်။ပ။
ဒုတိယံ။
၂၂၃။ဘိက္ခဝေ၊ တို့။ အတိနိဝါသေ၊ (အရပ်ဒေသတခုတည်းဝယ်)အလွန်ကြာမြင့်စွာနေထိုင်ခြင်း၌။ အာဒီနဝါ၊ တို့သည်။ပ။ (အတိနိဝါသီ၊ အလွန်ကြာမြင့်စွာနေထိုင်သောရဟန်းသည်)
ဗဟုဘဏ္ဍာ၊ များသောပစ္စည်းပရိက္ခာရာဘဏ္ဍာရှိသည်။ ဗဟုဘဏ္ဍသန္နိစယော၊ များစွာသောပစ္စည်းပရိက္ခာရာဘဏ္ဍာအစုအပုံရှိသည်။ [သန္နိစယ၊ အစုအပုံ] ဝါ၊ များစွာစုဆောင်းထားအပ်သောပစ္စည်းပရိက္ခာရာဘဏ္ဍာရှိသည်။ [သန္နိစယ၊ စုဆောင်းထားအပ်သော+ဗဟုဘဏ္ဍ ၊ များစွာသောပစ္စည်းပရိက္ခာရာ(ရှိသူ)] ဟောတိ၊ ၏။ ဗဟုဘေသဇ္ဇော၊ (ထောပတ်ဆီဦးစသော) များစွာသောဆေးရှိသည်။ ဗဟုဘေသဇ္ဇသန္နိစယော၊ များစွာသော ဆေးအစုအပုံရှိသည်။ ဝါ၊ များစွာစုဆောင်းထားအပ်သောဆေးရှိသည်။ ဟောတိ၊ ၏။ ဗဟုကိစ္စော၊ များသောဧကန်ပြုဖွယ်ကိစ္စရှိသည်။ ဗဟုကရဏီယော၊ များသောပြုသင့်ပြုထိုက်သောလုပ်ငန်းရှိသည်။ ကိံကရဏီယေသု၊ ဘာတွေပြုလုပ်ရမည်နည်းဟုပြောဆိုစဉ်းစား၍ပြုလုပ်သင့်သောကိစ္စကြီးငယ်တို့၌။ ဗျတ္တော၊ နှံ့စပ်ကျွမ်းကျင်သည်။ ဝါ၊ နှံ့စပ်ကျွမ်းကျင်၍ဝါသနာဓာတ်စွဲကပ်နေသည်။ ဟောတိ၊ ၏။ အနနုလောမိကေန၊ သာသနာတော်အားမလျောက်ပတ်သော။ ဂိဟိသံသဂ္ဂေန၊ လူတို့၏ပေါင်းသင်းဆက်ဆံပုံဆက်ဆံနည်းဖြင့်။ ဂဟဋ္ဌ ပဗ္ဗဇိတေဟိ၊ လူရဟန်းတို့နှင့်။ သံသဋ္ဌော၊ ပေါင်းသင်းဆက်ဆံလျက်။ ဝိဟရတိ၊ နေ၏။ စ၊ ထိုမျှမကသေး။ တမှာ အာဝါသာ၊ ထိုနေရာကျောင်းမှ။ ပက္ကမန္တော၊ ထွက်ခွာသွားလသော်။ သာပေက္ခာ၊ (မခွဲရက်မခွာရက်) ငဲ့ကွက်မှုရှိလျက်။ ပက္ကမတိ၊ ထွက်ခွာသွားရ၏။ပ။ သမဝတ္တဝါသေ၊ (အရပ်ဒေသတခု၌အချိန်ကာလ) ကောင်းစွာကန့်သတ်ချက်ရှိသောနေခြင်း၌။ပ။ (သမဝတ္တဝါသီ၊ အရပ်ဒေသတခု၌အချိန်ကာလကောင်းစွာကန့်သတ်ချက်ရှိလျက်နေခြင်းရှိသောရဟန်းသည်)
န ဗဟုဘဏ္ဍော၊ များသောပစ္စည်းပရိက္ခာရာဘဏ္ဍာရှိသူမဟုတ်သည်။ န ဗဟုဘဏ္ဍသန္နိစယော၊ များသောပစ္စည်းပရိက္ခာရာဘဏ္ဍာအစုအပုံရှိသူမဟုတ်သည်။ ဝါ၊ သည်။ ဟောတိ၊ ဖြစ်၏။ န ဗဟုဘေသဇ္ဇော၊ များသောဆေးရှိသူမဟုတ်သည်။ ဗဟုဘေသဇ္ဇသန္နိစယော၊ သည်။ ဟောတိ၊ ၏။ န ဗဟုကိစ္စော၊ များသောဧကန်ပြုဖွယ်ကိစ္စရှိသူမဟုတ်သည်။ န ဗဟုကရဏီယော၊ များသောပြုသင့်ပြုဖွယ်လုပ်ငန်းရှိသူမဟုတ်သည်။ ကိံကရဏီယေသု၊ တို့၌။ န ဗျတ္တော၊ နှံ့စပ်ကျွမ်းကျင်သူမဟုတ်သည်။ ဝါ၊ မနှံ့စပ်မကျွမ်းကျင်၍ဝါသနာဓာတ်စွဲကပ်နေသူမဟုတ်သည်။ ဟောတိ၊ ၏။ အနနုလောမိကေန၊ သော။ ဂိဟိသံသဂ္ဂေန၊ ဖြင့်။ ဂဟဋ္ဌပဗ္ဗဇိတေဟိ၊ တိုနှင့်။ အသံသဋ္ဌော၊ မရောယှက်မဆက်ဆံဘဲ။ ဝိဟရတိ၊ နေ၏။ စ၊ သေး။ပ။ အနပေက္ခာ၊ ငဲ့ကွက်မှုမရှိဘဲ။ ပက္ကမတိ၊ ထွက်ခွါသွားနိုင်၏။ပ။
တတိယံ။
**၂၂၄(စာပိုဒ်)။ ၄-မတ္တရီသုတ်**။ ။ အာဝါသမစ္ဆရိ၊ နေရာကျောင်း၌ဝန်တိုသည်။ ဟောတိ၊ ၏။ ကုလမစ္ဆရီ၊ အလုပ်အကျွေးအမျိုးဒါယကာတို့၌ဝန်တိုသည်။ ဟောတိ၊ ၏။ [ဤသို့စသည်ဖြင့် စာပိုဒ်(၁၁၅)မစ္ဆရိနီသုတ် (ဤစာအုပ် စာမျက်နှာ-၂၃၁)အတိုင်း အနက်ဆိုပါ]။ပ။
စတုတ္ထံ။
၂၂၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ကုလူပကေ၊ အမျိုးဒါယကာအိမ်သို့သွားရောက်လည်ပတ်သောရဟန်း၌။ အာဒီနဝါ၊ တို့သည်။ပ။ (ကုလူပကော၊ အမျိုးဒါယကာအိမ်သို့သွားရောက်လည်ပတ်သောရဟန်းသည်)
အနာမန္တစာရေ၊ ထင်ရှားရှိနေသောရဟန်းကိုမပန်ကြားဘဲအမျိုးဒါယကာအိမ်သို့သွားခြင်းကြောင့်။ (အာပတ္တိ၊ ပါစိတ်အာပတ်သို့) အာပဇ္ဇတိ၊ ရောက်၏။ ရဟော၊ ဆိတ်ကွယ်ရာအရပ်၌။ နိသဇ္ဇာယ၊ မာတုဂါမနှင့်တယောက်ချင်းချင်းထိုင်နေခြင်းကြောင့်။ အာပဇ္ဇတိ၊ ပါစိတ်အာပတ်သို့ရောက်၏။ ပဋိစ္ဆန္နေ၊ နံရံစသည်ဖုံးကွယ်အပ်သော။အာသနေ=နေရာ၌။ (နိသဇ္ဇာယ၊ မာတုဂါမနှင့်အတူတကွထိုင်နေခြင်းကြောင့်) အာပဇ္ဇတိ၊ ပါစိတ်အာပတ်သို့ရောက်၏။ မာတုဂါမဿ၊ မာတုဂါမအား။ ဆပ္ပဉ္စဝါစာဟိ၊ ငါးခွန်းခြောက်ခွန်းသောစကားတို့ထက်။ ဥတ္တရိ၊ အပိုအလွန်။ ဓမ္မံ၊ တရားကို။ ဒေသေန္တော၊ ဟောလသော်။ အာပဇ္ဇတိ၊ ၏။ ကာမ သင်္ကပ္ပဗဟုလော၊ များသောကိလေသာကာမအကြံအစည်ရှိလျက်။ ဝိဟရတိ၊ နေ၏။ပ။
ပဉ္စမံ။
၂၂၆။ ဘိက္ခဝေ၊ တို့။ အတိဝေလံ၊ အတိုင်းအတာပမာဏထက်ပိုလွန်သောအချိန်အခါတိုင်အောင်။ ဝါ၊ အလွန်အချိန်ကြာမြင့်စွာ။ ကုလေသု၊ လူဒါယကာအိမ်တို့၌။ သံသဋ္ဌဿ၊ လူတို့နှင့်ရောနှောလျက်။ ဝိဟရတော၊ နေသော။ ကုလူပကဿ၊ အိမ်သို့သွားရောက်လည်ပတ်တတ်သော။ ဘိက္ခုနော၊ ရဟန်း၏။ အာဒီနဝါ၊ အပြစ်တို့သည်။ ဣမေ ပဉ္စ၊ တည်း။ပ။ (ကုလူပကဿ၊ ကုလူပက ရဟန်းမှာ)
မာတုဂါမဿ၊ မိန်းမကို။ အဘိဏှဒဿနံ၊ အမြဲမပြတ်တွေ့မြင်နေခြင်းသည်။ (ဟောတိ၊ ဖြစ်၏) ဒဿနေ၊ တွေ့မြင်နေခြင်းသည်။ သတိ၊ ဖြစ်လသော်။ သံသဂ္ဂေါ၊ ရောနှောဆက်ဆံခြင်းသည်။ (ဟောတိ)သံသဂ္ဂေ၊ ရောနှောဆက်ဆံခြင်းသည်။ သတိ၊ သော်။ ဝိဿာသော၊ အကျွမ်းဝင်ခြင်းသည်။ (ဟောတိ) ဝိဿာသေ၊ သည်။ သတိ၊ သော်။ သြတာရော၊ ရာဂဘီလူးပူးကပ်ခွင့်သည်။ (ဟောတိ။) သြတိဏ္ဏစိတ္တဿ၊ ရာဂဘီလူးပူးကပ်အပ်သောစိတ်ရှိသောရဟန်းမှာ။ ဝါ၊ သည်။
အနဘိရတော ဝါ၊ မပျော်မွေ့ဘဲလည်း။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရိဿတိ၊ ကျင့်လတ္တံ့။ အညတရံ၊ တမျိုးမျိုးသော။ သံကိလိဋ္ဌံ၊ ညစ်ညမ်းသော။ အာပတ္တိံ ဝါ၊ အာပတ်သို့လည်း။ အာပဇ္ဇိဿတိ၊ ရောက်လတ္တံ့။ သိက္ခံ ဝါ၊ အဓိသီလသိက္ခာကိုလည်း။ ပစ္စက္ခာယ၊ ပယ်စွန့်၍။ ဟီနာယ၊ ယုတ်နိမ့်သောလူ့ဘဝအကျိုးငှါ။ အာဝတ္တိဿတိ၊ ပြန်လည်သွားလတ္တံ့။ (ဣတိ၊ ဤသို့သော) ဧတံ၊ ဤအကျိုးအပြစ်သည်။ ဝါ၊ ကို။ [သြတိဏ္ဏစိတ္တဿ+ဧတံ၌ ဧတံကိုအနက်ပေးသည်] ပါဠိကခံ၊ အလိုရှိအပ်သည်။ ဝါ၊ ဧကန်ရရှိသည်။ (ဟောတိ)။ပ။
ဆဋ္ဌံ။
၂၂၇။ ဘိက္ခဝေ၊ တို့။ ဘောဂေသု၊ စီးပွားဥစ္စာတို့၌။ အာဒီနဝါ၊ တို့သည်။ပ။
ဘောဂါ၊ စီးပွားဥစ္စာတို့သည်။ အဂ္ဂိသာဓာရဏာ၊ မီးနှင့်ဆက်သွယ်နေကုန်၏။ ဘောဂါ၊ တို့သည်။ ဥဒကသာဓာရဏာ၊ ရေနှင့်ဆက်သွယ်နေကုန်၏။ ဘောဂါ၊ တို့သည်။ ရာဇသာဓာရဏာ၊ ဘုရင်မင်းနှင့် ဆက်သွယ်နေကုန်၏။ ဘောဂါ၊ တို့သည်။ စောရသာဓာရဏာ၊ သူခိုးဒမြနှင့်ဆက်သွယ်နေကုန်၏။ ဘောဂါ၊ တို့သည်။ အပ္ပိယေဟိ၊ မချစ်ခင်အပ်ကုန်သော။ ဝါ၊ မုန်းတီးဖွယ်ဖြစ်ကုန်သော။ ဒါယာဒေဟိ၊ အမွေခံသားသမီးတို့နှင့်။ သာဓာရဏာ၊ ဆက်သွယ်နေကုန်၏။ပ။
ဘောဂေ၊ စီးပွားဥစ္စာတို့ကို။ နိဿာယ၊ မှီ၍။ အတ္တာနံ၊ ကို။ သုခေတိ၊ ၏။ [စာပိုဒ် (၄၁)အာဒိယသုတ် (ဤစာအုပ် စာမျက်နှာ-၉၀)ကြည့်]။ပ။
သတ္တမံ။
၂၂၈။ ဘိက္ခဝေ၊ တို့။ ဥဿူရဘတ္တေ၊ အလွန်မြင့်တက်သောနေရှိရာအခါ၌ချက်အပ်သောထမင်းရှိသော။ ဝါ၊ ထမင်းချက်အလွန်နေမြင့်သော။ [ဥဂ္ဂတော သူရော ယသ္မိံ သမယေတိ ဥဿူရော၊ မြင့်တက်သောနေရှိရာအခါ။ ပစနံ ဘတ္တံ ယဿ ကုလဿာတိ ဥဿူရဘတ္တံ] ကုလေ၊ အိမ်၌။ အာဒီနဝါ၊ တို့သည်။ပ။
အတိထီ၊ (အရပ်တပါးမှအခိုက်အတန့်ရောက်လာသည့်) အာဂန္တုကဖြစ်ကုန်သော။ ယေ တေ ပါဟုနာ၊ အကြင်ဧည့်သည်တို့သည်။ (သန္တိ၊ ရှိကုန်၏) တေ၊ ထိုဧည့်သည်တို့ကို။ ကာလေန၊ (ထိုထိုအစာအာဟာရစားခြင်းငှာ)သင့်တော်ဆီလျော်သည့်အချိန်၌။ န ပဋိပူဇေန္တိ၊ မပူဇော်နိုင်ကြကုန်။ [ယာဂု သောက်ချိန်တွင် ယာဂုဖြင့်လည်းကောင်း ခဲဖွယ်စားချိန်တွင် ခဲဖွယ်ဖြင့်လည်းကောင်း ထမင်းစားချိန်တွင် ထမင်းဖြင့်လည်းကောင်း တည်ခင်းဧည့်ခံမှု မပြုနိုင်ကြကုန်ဟူလို]
ဗလိပဋိဂ္ဂါဟိကာ၊ ပူဇော်ပသဖွယ်ကိုခံယူကြကုန်သော။ ယာ တာ ဒေဝတာ၊ အကြင်နတ်တို့သည်။ (သန္တိ၊ ရှိကုန်၏) တာ၊ ထိုနတ်တို့ကို။ ကာလေန၊ ၌။ န ပဋိပူဇေန္တိ၊ ကုန်။
ယေ တေ သမဏဗြာဟ္မဏာ၊ အကြင်ရဟန်းသူတော်ကောင်းတို့သည်။ ဧကဘတ္တိကာ၊ တထပ်တည်းသောနံနက်စာဆွမ်းရှိကြကုန်၏။ ဝါ၊ နံနက်စာဆွမ်းတထပ်တည်းသာဘုဉ်းပေးတော်မူကြကုန်၏။ ရတ္တူပရတာ၊ ညဉ့်၌စားခြင်းမှရှောင်ကြဉ်ကြကုန်၏။ ဝိကာလဘောဇနာ၊ နေမွန်းလွဲချိန်၌စားခြင်းမှ။ ဝိရတာ၊ ရှောင်ကြဉ်ကုန်၏။ တေ၊ ထိုရဟန်းသူတော်ကောင်းတို့ကို။ပ။
ဒါသကမ္မကရပေါရိသာ၊ ကျွန်အခကြေးစားအလုပ်သမားမှီခိုအသက်မွေးသူတို့သည်။ ဝိမုခါ၊ ဆန့်ကျင်ဘက်မျက်နှာရှိကြကုန်လျက်။ ဝါ၊ မျက်နှာလွှဲကြကုန်လျက်။ ကမ္မံ၊ လုပ်ငန်းကို။ ကရောန္တိ၊ ပြုလုပ်ကြကုန်၏ [လုပ်ငန်းကိစ္စကိုမလုပ်ဘဲမျက်နှာလွှဲနေကြ ကုန်၏ဟူလို]
တာဝတကံယေဝ၊ ထိုမျှလောက်ပင်ပမာဏရှိသော။ ဝါ၊ ထိုမျှလောက်အလွန်နေမြင့်သည်တိုင်အောင်ပင်ကြာမြင့်လှသော။ အသမယေန၊ အစာစားခြင်းငှာမသင့်လျော်သောအချိန်၌။ ဝါ၊ အစာစားချိန်လွန်သောအခါ၌။ [တာဝတကံနှင့် အသမယေနကို ဝိဘတ်မတူသောဝိသေသန, ဝိသေသျကြံ၍သင့်လျော်အောင် အနက်ပေးရ၏] ဘုတ္တံ၊ စားအပ်သောအစာသည်။ အနောဇဝန္တံ၊ ခန္ဓာကိုယ်၌ပျံ့နှံ့သောအဆီဩဇာမရှိသည်။ ဟောတိ၊ ဖြစ်၏။ပ။
သမယဘတ္တေ၊ ချက်သင့်ရာအချိန်အခါ၌ချက်အပ်သောထမင်းရှိသော။ ဝါ၊ ထမင်းချက်ချိန်၌ထမင်းချက်သော။ ကုလေ၊ ၌။ အာနိသံသာ၊ တို့သည်။ပ။
ပဋိပူဇေန္တိ၊ ပူဇော်နိုင်ကြကုန်၏။ပ။
အဝိမုခါ၊ ဆန့်ကျင်ဘက်မျက်နှာမရှိကြကုန်ဘဲ။ ဝါ၊ မျက်နှာမလွှဲကြကုန်ဘဲ။ပ။
တာဝတကံယေဝ၊ ထိုမျှလောက်ပမာဏရှိသည်သာဖြစ်သော။ ဝါ၊ ထိုမျှလောက်အချိန်ကာလမှန်ကန်တိကျသည်သာဖြစ်သော။ သမယေန၊ အစာစားခြင်းငှာသင့်လျော်သောအချိန်အခါ၌။ ဘုတ္တံ၊ သည်။ သြဇဝန္တံ၊ ခန္ဓာကိုယ်၌ပျံ့နှံ့သောအဆီသြဇာရှိသည်။ ဟောတိ။ပ။
အဋ္ဌမံ။
၂၂၉။ ဘိက္ခဝေ၊ တို့။ ကဏှသပ္ပေ၊ မြွေဟောက်၌။ပ။ (ကဏှသပ္ပေါ၊ မြွေဟောက်သည်)
အသုစိ၊ မစင်မကြယ်ရွံစဖွယ်သတ္တဝါတည်း။ ဒုဂ္ဂန္ဓော၊ မကောင်းသောအနံ့ရှိ၏။ သဘီရု၁။ သဘီရကို သန်ဒ္ဒါဟူ၍ ဖွင့်ရာ၌ ဆိုလိုရင်း။ ဘီရုံ ပသံသန္တိ န ဟိ တတ္ထ သူရံ (သံယုတ်၊ ၁ ၂၁)၌ ဘီရသဒ္ဒါသည် ကြောက်တတ်သောသူဟူသော အနက်ကိုဟော၏။ အကတဘီရုတ္တာကောအင်္ဂုတ္တိုရ်-၁၅၄)၌ ဘီရသဒ္ဒါသည် ကြောက်ဖွယ်ဘေးဟူသော အနက်ကိုဟော၏။ ဤ၌လည်း ကြောက်ဖွယ် ဘေးဟူသော အနက်ဟောဖြစ်သင့်၏။
အဋ္ဌကထာ၌ကား သဘီရူတိ သနိဒေါ၊ မဟာနိဒ္ဒ နိဒ္ဒါယတိ”ဟု ဖွင့်ထား၏။ သို့သော် ဘီရူသဒ္ဒါ၏ နိဒ္ဒါ(အိပ်ခြင်း)အနက်ဟောအဖြစ်ဖြင့်ကား အဘိဓာန်တို့၌ မတွေ့ရ၊ ထို့ကြောင့် အဋ္ဌကထာ၌ နိဒ္ဒါဟူသော သံဝဏ္ဏနာပါဌ်ဖြင့် ရသဒ္ဒါ၏ မူရင်းသဒ္ဒတ္ထကို ဖွင့်သည်ဟုမကြံဘဲ ဘီရုသဒ္ဒါ၏ အရကောက်သရုပ်တရားကိုယ်အနက်မျှကိုသာ ဖွင့်သည်ဟု ကြံသင့်၏။ ထို့ကြောင့် နိဿယခန်း၌ “သဘီရူ၊ ကြောက်မက်ဖွယ် အိပ်ခြင်းနှင့်တကွဖြစ်၏ "စသည်ဖြင့် အနက်ရေးခဲ့သည်။
ဆိုလိုရင်းကား- ထိုကဏှသပွမှာ အလွန်အကျွံအိပ်ခြင်းကြောင့် ရန်သူတို့၏ ရိုက်နှက်သတ်ဖြတ်မှုကိုခံရတတ်၏။ အလွန်အကျွံအိပ်ခြင်းသည် ရန်သူတို့အား ရိုက်နှက် သတ်ဖြတ်ဖို့ အခွင့်ပေးသကဲ့သို့ဖြစ်နေ၏။ ထို့ကြောင့် အလွန်အကျွံအိပ်ခြင်းသည် ကြောက်ဖွယ်ဘေးတခုဖြစ်နေရကား ကဏှသပ္ပသည် ထိုအလွန်အကျွံအိပ်ခြင်းတည်းဟူ သော ကြောက်ဖွယ်ဘေးနှင့် အတူတကွဖြစ်သည်၊ ကြောက်ဖွယ်ဘေးနှင့်အတူ လက်တွဲ နေသည်ဟု သဘီရူပါဌ်၏ ဆိုလိုရင်း အဓိပ္ပာယ်ကို စဉ်းစားမိသည်၊ မာတုဂါမ၏ အာဒီနဝ၌လည်း ဤကဲ့သို့ပင် သင့်လျော်မည့်ဆိုလိုရင်း အဓိပ္ပာယ်ကို ကြံစည်စဉ်းစား ရာ၏။
သို့သော် မှန်ကန်သင့်မြတ်သောပါဌ် ဖြစ်ဖွယ်မရှိသော သဘီရု”ဟူသောပါဌ်ကို အဋ္ဌကထာဖွင့်နှင့် ကိုက်ညီအောင် ပြင်ဆင်ရန် ခဲယဉ်းလှသောကြောင့် ဤကဲ့သို့ အဋ္ဌကထာအဖွင့်နှင့် ဆက်စပ်၍ သင့်လျော်အောင် ဆိုလိုရင်းအဓိပ္ပာယ်ကို ကြံစည် စဉ်းစားရခြင်းဖြစ်၏၊ ထို့ကြောင့် သဘီရူ၏နေရာ၌ မှန်ကန်သော ပါဌ်တမျိုးကို ကြံစည်ကြပါကုန်ဦး။
၊ ကြောက်မက်ဖွယ်အိပ်ခြင်းနှင့်တကွဖြစ်၏။ ဝါ၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင်အလွန်အအိပ်ကြီး၏။ သပ္ပဋိဘယော**၂။ သပ္ပဋိဘယော ပုဒ်နက်စိစစ်ချက်**။ ။သပ္ပဋိဘယောတိ တံ နိဿာယ ဘယံ (တွေ့မြင်သူတို့ ကြောက်ရွံ့ခြင်းသည်) ဥပ္ပဇ္ဇတိ၊ တသ္မာ သပ္ပဋိဘယော-ဟူသော အဋ္ဌကထာအဖွင့်အတိုင်း ပဋိဘယသဒ္ဒါအတွက် (ကြောက်ဖွယ်ဘေးရန်၊ ဘေးဘျမ်း ဟူသောအနက်ကို မယူဘဲ) ကြောက်ရွံ့ထိတ်လန်ခြင်းဟူသော အနက်ကိုသာ ယူရ၏၊ယင်းသို့ ကြောက်ရွံ့ရာ၌လည်း ဤနေရာ၌ မြွေဟောက်က ကြောက်ရွံ့သည်ကို ပဋိဘယ ဟု မဆိုလို၊ မြွေဟောက်ကို တွေ့မြင်သူတို့က ကြောက်ရွံ့သည်ကိုသာ ဆိုလို၏၊ ထို့ကြောင့် “ကဏှသဒ္ဓေါ၊ မြွေဟောက်သည်၊ သပ္ပဋိဘယော=တွေ့မြင်သူတို့၏ ကြောက်ရွံ့ မှုနှင့်တကွ ဖြစ်၏၊ ဝါ=တွေ့မြင်ရသူတို့ကို ကြောက်ရွံ့စေတတ်၏”ဟု အနက်ဆိုသည်။
ဤနေရာ၌ ပဋိဘယပုဒ်အတွက် ဘေးရန်၊ ဘေးဘျမ်းဟူသောအနက်ကိုယူ၍ “သပ္ပဋိဘယော၊ ဘေးဘျမ်းနှင့်တကွဖြစ်၏၊ ဝါ=ဘေးဘျမ်းရှိ၏"ဟု အနက်ပေးခဲ့သော် ထိုအနက်၌
(၁) ပဋိဘယ၊ ဘေးဘျမ်းဟူသည် အဘယ်နည်း၊ ညွှန်ပြစမ်းပါဟုဆိုလျှင် မြွေဟောက်ကိုပင် ညွှန်ပြရလိမ့်မည်၊ မြွေဟောက်သည်ပင် ဘေးဘျမ်း၊ ဘေးဘျမ်း သည်ပင် မြွေဟောက် (၂) သပ္ပဋိဘယ=ဘေးဘျမ်းနှင့်တကွဖြစ်သော အရာဟူသည် လည်း ဤနေရာ၌ မြွေဟောက်ကလွဲ၍ တခြားညွှန်ပြစရာမရှိ၊ သို့ဖြစ်လျှင် ပဋိဘယပုဒ် ၏အနက်နှင့် သပ္ပဋိဘယပုဒ်၏အနက်တို့ မတူကွဲပြား ခြားနားရမည်ဖြစ်ပါလျက် မကွဲမပြား ထူးမခြားနားချည်း ဖြစ်နေသောကြောင့် “ကဏှသဒ္ဓေါ=မြွေဟောက်သည်၊ သပ္ပဋိဘယော=ဘေးဘျမ်းတည်းဟူသော မြွေဟောက်နှင့်တကွဖြစ်၏''ဟူ၍ အနက် အဓိပ္ပာယ် ပျက်ပြယ်တော့မည် ဧကန်တည်း။
၊ (တွေ့မြင်ရသူတို့၏)ကြောက်ရွံ့ထိတ်လန့်မှုနှင့်တကွဖြစ်၏။ ဝါ၊ တွေ့မြင်ရသူတို့ကိုကြောက်ရွံ့ထိတ်လန့်စေတတ်၏။ မိတ္တဒုဗ္ဘီ၊ (အစာကျွေးသော)မိတ်ဆွေကိုသော်မှပင်ညှဉ်းဆဲနှိပ်စက်တတ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ကဏှသပ္ပေ၊ မြွေဟောက်၌။
အာဒီနဝါ၊ အပြစ်တို့သည်။ ဣမေ ပဉ္စ၊ ဤငါးမျိုးတို့တည်း။ ဘိက္ခဝေ၊ တို့။ ဧဝမေဝံ၊ ဤအတူပင်။ မာတုဂါမေ၊ မိန်းမ၌။ အာဒီနဝါ၊ တို့သည်။ ဣမေ ပဉ္စ၊ တည်း။ပ။ (မာတုဂါမော၊ မိန်းမသည်)
အသုစိ၊ တည်း။ပ။
နဝမံ။
၂၃၀။ (ကဏှသဒ္ဓေါ၊ မြွေဟောက်သည်) ကောဓနော၊ စိတ်ဆိုးတတ်၏။ ဥပနာဟီ၊ ရန်ငြိုးဖွဲ့တတ်၏။ ဥပနာဟီ၊ ရှေ့ဒေါသကိုဖွဲ့ကပ်ဆက်စပ်တတ်သောနောက်ဒေါသရှိ၏။ [ဤသို့လည်း ဝိဂြိုဟ်နက်ဆိုနိုင်၏။ ပုဗ္ဗကာလိကံ ကောဓံ ဥပနယှတိ ဗန္ဓတီတိ ဥပနာဟော အပရကာလိကော ကောဓောဥပနာဟော အဿ အဂ္ဂီတိ ဥပနာဟီ] ဃောရဝိသော၊ ကြမ်းတမ်းသောအဆိပ်ရှိ၏။ ဒုဇ္ဇိဝှေါ၊ နှစ်ဖြာကွဲသောလျှာရှိ၏။ ဝါ၊ လျှာနှစ်ခွရှိ၏။ပ။ (မာတုဂါမော၊ သည်)
ကောဓနော၊ ၏။ပ။
ဘိက္ခဝေ၊ တို့။ တတြ၊ ထိုကောဓနော အစရှိသောစကား၌။ ဣဒံ၊ ဤသည်ကား။ မာတုဂါမဿ၊ မိန်းမ၏။ ဃောရဝိသတာ၊ ကြမ်းတမ်းသောအဆိပ်ရှိသည်အဖြစ်တည်း။ ဘိက္ခဝေ၊ တို့။ ယေဘုယျေန၊ များသောအားဖြင့်။ ဝါ၊ များစွာသော။ မာတုဂါမော၊ သည်။ တိဗ္ဗရာဂေါ၊ ထူထပ်သောရာဂရှိ၏ (ဣဒံ၊ ဤထူထပ်သောရာဂရှိသည်အဖြစ်သည်။ ဃောရဝိသတာ၊ ကြမ်းတမ်းသောအဆိပ်ရှိသည်အဖြစ်ပေတည်း။)
ဘိက္ခဝေ၊ တို့။ တတြ၊ ထိုကောဓနောအစရှိသောစကား၌။ ဣဒံ၊ ဤသည်ကား။ မာတုဂါမဿ၊ ၏။ ဒုဇ္ဇိဝှတာ၊ လျှာနှစ်ခွရှိသူ၏အဖြစ်တည်း။ ဘိက္ခဝေ၊ တို့။ ယေဘုယျေန၊ ဖြင့်။ ဝါ၊ သော။ မာတုဂါမော၊ သည်။ ပိသုဏဝါစော၊ ညီညွတ်နေသူတို့ကိုစိတ်ဝမ်းကွဲပြားစေတတ်သောကုန်းတိုက်စကားရှိ၏။ ဝါ၊ ကုန်းတိုက်စကားကိုပြောဆိုတတ်၏။ (ဣဒံ၊ ဤကုန်းတိုက်စကားပြောဆိုခြင်းသည်။ ဒုဇ္ဇိဝှတာ၊ တည်း)။ပ။
မိတ္တဒုဗ္ဘိတာ၊ မိတ်ဆွေကိုညှဉ်းဆဲတတ်သူ၏အဖြစ်တည်း။ပ။ အတိစာရိနီ၊ (မိမိယောက်ျားမှအခြားသောယောက်ျားတို့နှင့်)မေထုန်လွန်ကျူးကျင့်တတ်၏။ ဝါ၊ လင်ငယ်နေတတ်၏။ (ဣဒံ၊ ဤအခြားယောက်ျားတို့နှင့်မေထုန်လွန်ကျူးခြင်းသည်။ မာတုဂါမဿ၊ ၏။ မိတ္တဒုဗ္ဘိတာ၊ တည်း)
ဘိက္ခဝေ၊ တို့။ မာတုဂါမေ၊ ၌။ အာဒီနဝါ၊ တို့သည်။ ဣမေ ပဉ္စ၊ တည်း။ ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)ဒသမံ။
တတိယော၊ သော။ ဒီဃစာရိကဝဂ္ဂေါ၊ တည်း။