၂၂၈။ ဘိက္ခဝေ၊ တို့။
ဥဿူရဘတ္တေ၊ အလွန်မြင့်တက်သောနေရှိရာအခါ၌ချက်အပ်သောထမင်းရှိသော။
ဝါ၊ ထမင်းချက်အလွန်နေမြင့်သော။
[ဥဂ္ဂတော သူရော ယသ္မိံ သမယေတိ ဥဿူရော၊ မြင့်တက်သောနေရှိရာအခါ။
ပစနံ ဘတ္တံ ယဿ ကုလဿာတိ ဥဿူရဘတ္တံ]
ကုလေ၊ အိမ်၌။
အာဒီနဝါ၊ တို့သည်။ပ။
အတိထီ၊ (အရပ်တပါးမှအခိုက်အတန့်ရောက်လာသည့်) အာဂန္တုကဖြစ်ကုန်သော။
ယေ တေ ပါဟုနာ၊ အကြင်ဧည့်သည်တို့သည်။
(သန္တိ၊ ရှိကုန်၏)
တေ၊ ထိုဧည့်သည်တို့ကို။
ကာလေန၊ (ထိုထိုအစာအာဟာရစားခြင်းငှာ)သင့်တော်ဆီလျော်သည့်အချိန်၌။
န ပဋိပူဇေန္တိ၊ မပူဇော်နိုင်ကြကုန်။
[ယာဂု သောက်ချိန်တွင် ယာဂုဖြင့်လည်းကောင်း ခဲဖွယ်စားချိန်တွင် ခဲဖွယ်ဖြင့်လည်းကောင်း ထမင်းစားချိန်တွင် ထမင်းဖြင့်လည်းကောင်း တည်ခင်းဧည့်ခံမှု မပြုနိုင်ကြကုန်ဟူလို]
ဗလိပဋိဂ္ဂါဟိကာ၊ ပူဇော်ပသဖွယ်ကိုခံယူကြကုန်သော။
ယာ တာ ဒေဝတာ၊ အကြင်နတ်တို့သည်။
(သန္တိ၊ ရှိကုန်၏)
တာ၊ ထိုနတ်တို့ကို။
ကာလေန၊ ၌။
န ပဋိပူဇေန္တိ၊ ကုန်။
ယေ တေ သမဏဗြာဟ္မဏာ၊ အကြင်ရဟန်းသူတော်ကောင်းတို့သည်။
ဧကဘတ္တိကာ၊ တထပ်တည်းသောနံနက်စာဆွမ်းရှိကြကုန်၏။
ဝါ၊ နံနက်စာဆွမ်းတထပ်တည်းသာဘုဉ်းပေးတော်မူကြကုန်၏။
ရတ္တူပရတာ၊ ညဉ့်၌စားခြင်းမှရှောင်ကြဉ်ကြကုန်၏။
ဝိကာလဘောဇနာ၊ နေမွန်းလွဲချိန်၌စားခြင်းမှ။
ဝိရတာ၊ ရှောင်ကြဉ်ကုန်၏။
တေ၊ ထိုရဟန်းသူတော်ကောင်းတို့ကို။ပ။
ဒါသကမ္မကရပေါရိသာ၊ ကျွန်အခကြေးစားအလုပ်သမားမှီခိုအသက်မွေးသူတို့သည်။
ဝိမုခါ၊ ဆန့်ကျင်ဘက်မျက်နှာရှိကြကုန်လျက်။
ဝါ၊ မျက်နှာလွှဲကြကုန်လျက်။
ကမ္မံ၊ လုပ်ငန်းကို။
ကရောန္တိ၊ ပြုလုပ်ကြကုန်၏ [လုပ်ငန်းကိစ္စကိုမလုပ်ဘဲမျက်နှာလွှဲနေကြ ကုန်၏ဟူလို]
တာဝတကံယေဝ၊ ထိုမျှလောက်ပင်ပမာဏရှိသော။
ဝါ၊ ထိုမျှလောက်အလွန်နေမြင့်သည်တိုင်အောင်ပင်ကြာမြင့်လှသော။
အသမယေန၊ အစာစားခြင်းငှာမသင့်လျော်သောအချိန်၌။
ဝါ၊ အစာစားချိန်လွန်သောအခါ၌။
[တာဝတကံနှင့် အသမယေနကို ဝိဘတ်မတူသောဝိသေသန, ဝိသေသျကြံ၍သင့်လျော်အောင် အနက်ပေးရ၏]
ဘုတ္တံ၊ စားအပ်သောအစာသည်။
အနောဇဝန္တံ၊ ခန္ဓာကိုယ်၌ပျံ့နှံ့သောအဆီဩဇာမရှိသည်။
ဟောတိ၊ ဖြစ်၏။ပ။
သမယဘတ္တေ၊ ချက်သင့်ရာအချိန်အခါ၌ချက်အပ်သောထမင်းရှိသော။
ဝါ၊ ထမင်းချက်ချိန်၌ထမင်းချက်သော။
ကုလေ၊ ၌။
အာနိသံသာ၊ တို့သည်။ပ။
ပဋိပူဇေန္တိ၊ ပူဇော်နိုင်ကြကုန်၏။ပ။
အဝိမုခါ၊ ဆန့်ကျင်ဘက်မျက်နှာမရှိကြကုန်ဘဲ။
ဝါ၊ မျက်နှာမလွှဲကြကုန်ဘဲ။ပ။
တာဝတကံယေဝ၊ ထိုမျှလောက်ပမာဏရှိသည်သာဖြစ်သော။
ဝါ၊ ထိုမျှလောက်အချိန်ကာလမှန်ကန်တိကျသည်သာဖြစ်သော။
သမယေန၊ အစာစားခြင်းငှာသင့်လျော်သောအချိန်အခါ၌။
ဘုတ္တံ၊ သည်။
သြဇဝန္တံ၊ ခန္ဓာကိုယ်၌ပျံ့နှံ့သောအဆီသြဇာရှိသည်။
ဟောတိ။ပ။
အဋ္ဌမံ။