Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Pañcakanipātapāḷi
Pañcakanipātapāḷi

9. Khalupacchābhattikasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

**၁၈၉(စာပိုဒ်)။ ၉-ခလုပစ္ဆာဘတ္တိကသုတ်**။ ။ ခလုပစ္ဆာဘတ္တိကာ၊ ပဝါရိတ်သင့်ပြီးသည်မှနောက်၌ရအပ်သောဆွမ်းကိုအတိရိက်ဝိနည်းကံပြု၍စားခြင်းအလေ့မရှိသောရဟန်းတို့သည်။ ဝါ၊ ခလုပစ္ဆာဘတ္တိကဓုတင်ဆောက် တည်သောရဟန်းတို့သည်။ [တော်ပြီဟုပယ်မြစ်ပြီး(ပဝါရိတ်သင့်ပြီး)သည်မှနောက်၌ရလာသောဆွမ်းကိုအတိရိက်ဝိနည်းကံပြု၍စားကောင်းသော်လည်းခုတင်ဆောက်တည်ကာ မစားဘဲနေလေ့ရှိသော ရဟန်းတည်း။ ခလုသဒ္ဒါသည်“န”သဒ္ဒါကဲ့သို့ပဋိသေဓအနက်ကို ဟော၏။ ပစ္ဆာလက္ခံဘတ္တံ ပစ္ဆာဘတ္တံ၊ နောက်၌ရအပ်သောဆွမ်း။ ပစ္ဆာဘတ္တဿ ဘောဇနံ ပစ္ဆာဘတ္တံ၊ (ပဝါရိတ်သင့်ပြီးမှ) နောက်၌ရအပ်သောဆွမ်းကိုစားခြင်း။ ဘောဇနပုဒ် အကျေကြံ] ပစ္ဆာဘတ္တံ သီလံ ယဿာတိ ပစ္ဆာဘတ္တိကော။ န ပစ္ဆာဘတ္တိကော ခလုပစ္ဆာဘတ္တိကော]
နဝမံ။