Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
法护-Dhammapāla
中文
Pañcakanipātapāḷi
Pañcakanipātapāḷi

3. Tatiyasammattaniyāmasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

၁၅၃။ မက္ခီ၊ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်သော ဒေါသမူစိတ်ရှိသည်။ မက္ခ ပရိယုဋ္ဌိတော၊ ဂုဏ်ကျေးဇူးကို ချေဖျတ်တတ်သော ဒေါသသည် အုပ်စီးတည်နေအပ်သည်။ (ဟုတွာ၊ ဖြစ်၍) ဓမ္မံ၊ တရားကို။ သုဏာတိ၊ ကြားနာ၏။ ဥပါရမ္ဘ စိတ္တော၊ ကဲ့ရဲ့ဖိနှိပ်၊ အပြစ်တင်လိုစိတ်ရှိသည်။ ရန္ဓဂဝေသီ၊ ဂုဏ်သိန်လစ်ဟာ၊ အပြစ်အနာအပေါက်အကြားကိုရှာဖွေသည်။ [ရဒ္ဓံ၊ ဆိဒ္ဒ=အပေါက်] (ဟုတွာ၊ ၍) ဓမ္မံ၊ ကို။ သုဏာတိ၊ ၏။ ဓမ္မဒေသကေ၊ တရားဟောပုဂ္ဂိုလ်၌။ အာဟတ စိတ္တော၊ ၁။ အာဟတစိတ္တော ခီလဇာတော။ ။ အာဟတ၊ ဒေါသသည် ထုနှက်နှိပ်စက်အပ် သော၊ ဝါ=ဒေါသထွက်နေသော။ ဒေါသေန အာဟညတေတိ အာဟတံ၊ အာဟတံ စိတ္တံ ယဿာတိ အာဟတစိတ္တော။ ခီလယတိ တေန စိတ္တံ ထဒ္ဓဘာဝံ အာပဇ္ဇတီတိ ဝီလံ=စိတ်၏ ကြမ်းတမ်းခက်ထန်သည် အဖြစ်သို့ရောက်ကြောင်းဒေါသ။ ထို့အပြင် ဤ၌ ခီလသဒ္ဒါသည် အမှိုက်သရိုက် အနက်ဟော ကစဝရ” သဒ္ဒါ၏ ပရိယာယ် လည်းဖြစ်၏၊ ထို့ကြောင့် “ခီလံ ဝိယာတိ ဝါ ခီလံ”=အမှိုက်သရိုက် (သစ်ငုတ်၊ ငြောင့်တံသင်း)နှင့်တူသော ဒေါသ”ဟုလည်း ဝစနတ္ထပြု၊ ခီလံ ဇာတံ ယဿာတိ ခီလဇာတော။ သာရတ္ထဋီကာ၊ ဒု-၃၄၇ ] ခိလ ကဌိနတွေ”ဟူသော ဓာတွတ္ထသင်္ဂဟနှင့် အညီ ဣရဿဖြင့် “ခိလ”ဟု ရှိသင့်၏ဤစာအုပ် စာမျက်နှာ (၃၈၆)စေတောခိလပုဒ် နှင့် ယှဉ်ကြည့်ပါ။ ၊ ဒေါသရိုက်နှက်၊ နှိပ်စက်အပ်သော စိတ်ရှိသည်။ ဝါ၊ ဒေါသလွှမ်းမိုးစိတ်ဆိုးနေသည်။ ခီလဇာတော၊ ဖြစ်သောစိတ်ကြမ်းတမ်းခက်ထန်ကြောင်း ဒေါသရှိသည်။ ဝါ၊ ဖြစ်သောအမှိုက်သရိုက်နှင့်တူသောဒေါသရှိသည်။ ဟောတိ၊ ၏။ပ။
အမက္ခီ၊ ဂုဏ်ကျေးဇူးကိုချေဖျက်တတ်သောဒေါသမူစိတ်မရှိသည်။ န မက္ခပရိယုဋ္ဌိတော၊ ဂုဏ်ကျေးဇူးကိုချေဖျက်တတ်သောဒေါသသည်အုပ်စီးတည်နေအပ်သူမဟုတ်သည်။ (ဟုတွာ)ဓမ္မံ၊ ကို။ သုဏာတိ၊ ၏။ အနုပါရမ္ဘ စိတ္တော၊ ကဲ့ရဲ့ဖိနှိပ်၊ အပြစ်တင်လိုစိတ် မရှိသည်။ န ရန္ဓဂဝေသီ၊ ဂုဏ်သိန်လစ်ဟာ၊ အပြစ်အနာ အပေါက်အကြားကို မရှာဖွေသည်။ (ဟုတွာ)ဓမ္မံ၊ ကို။ သုဏာတိ၊ ၏။ ဓမ္မဒေသကေ၊ ၌။ အနာဟတစိတ္တော၊ ဒေါသရိုက်နှက်နှိပ်စက်အပ်သောစိတ်မရှိသည်။ ဝါ၊ ဒေါသမလွှမ်းမိုးစိတ်မဆိုးသည်။ အခီလဇာတော၊ ဖြစ်သောစိတ်ကြမ်းတမ်းခက်ထန်ကြောင်းဒေါသမရှိသည်။ ဝါ၊ သည်။ ဟောတိ၊ ၏။ပ။
တတိယံ။