Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Pañcakanipātapāḷi
Pañcakanipātapāḷi

9. Gītassarasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

၂၀၉။ ဘိက္ခဝေ၊ တို့။ အာယတကေန၊ ရှည်လျားသော။ (ပုဒ်အက္ခရာ ပြည့်စုံပီသစွာ ဂါထာအရွတ်အဖတ် ကျင့်ဝတ်စည်းကမ်း ပျက်စီးစေနိုင်လောက်အောင် ရှည်လျားစွာသော) ဂီတဿရေန၊ သီချင်းသံဖြင့်။ ဓမ္မံ၊ တရားကို။ ဘဏန္တဿ၊ ရွတ်ဆိုဟောပြောသောပုဂ္ဂိုလ်၏။ အာဒီနဝါ၊ အပြစ်တို့သည်။ ဣမေ ပဉ္စ၊ ဤငါးမျိုးတို့တည်း။ပ။
အတ္တနာပိ၊ တရားဟောပုဂ္ဂိုလ်ကိုယ်တိုင်လည်း။ တသ္မိံ သရေ၊ ထိုမိမိ၏တရားဂီတအသံ၌။ သာရဇ္ဇတိ၊ လွန်စွာစွဲမက်၏။ ပရေပိ၊ သူတပါးတို့သည်လည်းတသ္မိံ သရေ၊ ထိုတရားဂီတသံ၌။ သာရန္တိ၊ လွန်စွာစွဲမက်ကြကုန်၏။ မယံ၊ ငါတို့သည်။ ဂါယာမ ယထေဝ၊ သီချင်းဆိုကြကုန်သကဲ့သို့သာလျှင်။ ဧဝမေဝံ၊ ဤအတူပင်။ သကျပုတ္တိယာ၊ သာကီဝင်မင်းသားရှင်ဂေါတမ၏တပည့်သားဖြစ်ကုန်သော။ သမဏာ၊ ရဟန်းတို့သည်။ ဂါယန္တိ၊ သီချင်းဆိုကြလေကုန်ဘိ၏။ ဣတိ၊ ဤသို့။ ဂဟပတိကာ၊ အိမ်ရှင်ဒါယကာတို့သည်လည်း။ ဥဇ္ဈာယန္တိ၊ ကဲ့ရဲကြကုန်၏။
ပိ၊ ထိုမျှမကသေး။ သရကုတ္တိံ၊ သီချင်းသံပြုလုပ်မှုကို။ နိကာမယမာနဿ၊ အလိုရှိသောသူ၏။ သမာဓိဿ၊ သမထ ဝိပဿနာ သမာဓိ၏။ ဘင်္ဂေါ၊ ပျက်စီးခြင်းသည်။ ဟောတိ၊ ၏။ ပစ္ဆိမာ၊ နောက်၌ဖြစ်သော။ ဇနတာ၊ ရဟန်းရှင်လူအပေါင်းသည်။ ဒိဋ္ဌာနုဂတိံ၊ မိမိတို့တွေ့မြင်ရသောဓမ္မကထိကအမူအကျင့်ကိုအတုလိုက်ခြင်းသို့။ အာပဇ္ဇတိ၊ ရောက်၏။ပ။
နဝမံ။