Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Pañcakanipātapāḷi
Pañcakanipātapāḷi

7. Yāgusuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

၂၀၇။ ဘိက္ခဝေ၊ တို့။ ယာဂုယာ၊ ယာဂု၏။ ဝါ၊ ဆန်ပြုတ်၏။ အာနိ သံသာ၊ အကျိုးတို့သည်။ ဣမေ ပဉ္စ၊ တို့တည်း။ပ။ (ယာဂု၊ ယာဂုသည်)
ခုဒ္ဒံ၊ ဆာလောင်ခြင်းကို။ ပဋိဟနတိ၊ ပယ်ဖျောက်၏။ ပိပါသံ၊ ရေသောက်လိုခြင်းကို။ ဝါ၊ ရေငတ်ခြင်းကို။ ပဋိဝိနေတိ၊ ပြေပျောက်စေ၏။ ဝါတံ၊ လေကို။ အနုလော မေတိ၊ စုံဆင်းစေ၏။ ဝတ္ထိံ၊ အကြောကို။၁။ ဝတ္ထိံ သောခေတိ၌ အဋ္ဌကထာအဖွင့်နှင့် ဝါဒန္တရများ။ ။ ဝတ္ထိ သောခေတီတိ ဓနိယော သုဒ္ဓါ ကရောတိဟူ၍ အဋ္ဌကထာဖွင့်၏။ ထိုအဖွင့်အလို ဝတ္တိ သဒ္ဒါသည် ဤနေရာ၌ ဓမနီ(အကြော)အနက်ဟောတည်း၊ သက္ကတ အင်္ဂလိပ်အဘိဓာန်တို့၌ ဝတ္ထိ သဒ္ဒါ၏ အနက်များကို ထုတ်ပြရာတွင် Singe (ပြွတ်ပြွန်ချောင်း)ဟူသော အနက် လည်းပါဝင်၏။ ခန္ဓာကိုယ်၌ ကျောက်ကပ်မှ ဆီးအိမ်သို့သွယ်ထားသော Ureter ဟုခေါ်သော ဆီးပြွန်ရှိ၏၊ ထို့ကြောင့် အဋ္ဌကထာအလို Syringeနှင့် သဘောတူသော ထိုဆီးပြွန်နှင့်တကွ အလားတူသက်ဆိုင်ရာ အကြောများကို “ဝတ္ထိ၊ ဓမနီ”ဟု ဆိုသင့် သည်ဟု စဉ်းစားမိသည်။
ယောအတွင်းဝန် အမတ်ကြီးဦးဘိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟကျမ်း (နှာ-၈၁)၌ကား“ ဝတ္ထိ၊ ဆီးအိမ်စည်ပေါင်းကို”ဟု အနက်ပေးပြီးလျှင် ဝတ္ထိသဒ္ဒါ သိရာ မည်သော အကြောကြီးဟောဖြစ်ကြောင်းနှင့် ဖွင့်သည်ကို ကမ္ဘာ့တန်ဆာ အဘိဓာန် ခေါ်သော နိဃဏ္ဍုကျမ်းနှင့်မညီ၊ ဆေးကျမ်းတို့၌ ယာဂုအကျိုးကို ဆိုသည်နှင့်လည်း မညီဖြစ်သောကြောင့် ဆင်ခြင်အပ်ပေသည်”ဟု အဋ္ဌကထာအဖွင့်ကိုပယ် ထားလေ၏၊ ဝတ္ထိ=အူမခွေကို၊ သောခေတိ=၏ဟုလည်း အနက်ပေးကြသေး၏၊ သင့်လျော်မည် ထင်သလို ပေးကြခြင်းသာတည်း။
ဝါ၊ ဆီးအိမ်ကို။ သောဓေတိ၊ သုတ်သင်၏။ အာမာဝသေသံ၊ အစာသစ်အကြွင်းအကျန်ကို။ [အာမ+အဝသသ] ပါစေတိ၊ ကြေကျက်စေ၏။ပ။
သတ္တမံ။