Issues
Chọn phiên bản
Xuanjian-Beginner
中文
莊春江讀經站
繁体中文
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Pañcakanipātapāḷi
Pañcakanipātapāḷi

5. Caṇḍālasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

၁၇၅။ ဘိက္ခဝေ၊ တို့။ပ။ ဥပါသကော၊ ဥပါသကာသည်။ ဥပါသကစဏ္ဍာလောစ၊ ဥပါသကာဒွန်းစဏ္ဍားသည်လည်းကောင်း။ ဥပါသကမလဉ္စ၊ ဥပါသကာအညစ်အကြေးသည်လည်းကောင်း။ ဥပါသကပတိကိဋ္ဌာ စ၊ ဥပါသကာအညံ့စားသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။
ကတမေဟိ၊ အဘယ်မည်ကုန်သော။ ပဉ္စဟိ၊ ကုန်သော။ (ဓမ္မေဟိ၊ တို့နှင့်။ သမန္နာဂတော၊ သော။ ဥပါသကော၊ သည်။ ဥပါသကစဏ္ဍာလော စ၊ သည်လည်းကောင်း။ပ။ ဥပါသကပတိကိဋ္ဌော စ၊ လည်းကောင်း။ ဟောတိ၊ နည်းဟူမူ။ ဥပါသကော၊ သည်)
အဿဒ္ဓေါ ၁။ အဿဒ္ဓေါ။ ။ ဗုဒ္ဓါဒီသု ကမ္မကမ္မဖလေသု စ သဒ္ဒါဝိပရိယာယော အဿဒ္ဓိယံ မိစ္ဆာဓိမောက္ခော၊ ယထာဝုတ္တေန အဿဒ္ဓိယေန သမန္နာဂတော အဿဒ္ဓေါ၊ သီလက္ခန် ဋီကာ၊ ၂၈၃။ ၊ (ရတနာမြတ်သုံးပါးနှင့်ကံ, ကံ၏အကျိုးတို့၌ကြည်ညိုယုံကြည်သော) သဒ္ဓါတရားမရှိသည်။ ဝါ၊ ရတနာမြတ်သုံးပါးနှင့် ကံ ကံ၏အကျိုးတို့၌ ကြည်ညိုယုံကြည်သော သဒ္ဓါတရား၏ဆန့်ကျင်ဘက်ဖြစ်သောလွဲမှားသောဆုံးဖြတ်ချက်မိစ္ဆာဓိမောက္ခရှိသည်။ ဟောတိ၊ ၏။
ဒုဿီလော၊ သီလမရှိသည်။ ဟောတိ၊ ၏။
ကောတူဟလမင်္ဂလိကော၁။ ကောတူဟလမင်္ဂလိကာ။ ။ပညာမဲ့သူလူဗာလတို့ အမြင်အားဖြင့် ကြီးပွား ချမ်းသာကြောင်း (ကျက်သရေမင်္ဂလာ)ဟု ယူဆအပ်သော (အိပ်ရာထ နံနက်စောစော ကြုံတွေ့ရသော) ထူးထူးဆန်းဆန်းအာရုံကို “ကောတူဟလ မင်္ဂလ”ဟုခေါ်၏၊ ထို ကောတူဟလ မင်္ဂလအာရုံသည် သုံးမျိုးရှိ၏ယင်းသုံးမျိုးမှာ
**(၁) ဒိဋ္ဌမင်္ဂလအာရုံ**၊ မျက်စိဖြင့် မြင်လိုက်ရသော ကိုယ်ဝန်ဆောင်အမျိုးသမီး ရေပြည့်နေသောအိုးစသောအာရုံ။ **(၂) သုတမင်္ဂလအာရုံ**၊ နားဖြင့် ကြားလိုက်ရသော "ဝမု=ကြီးပွားပုဏ္ဏ= ပြည့်စုံ" စသော အသံအာရုံ။ **(၃) မုတမင်္ဂလအာရုံ**၊ နှာခေါင်းဖြင့် နမ်းရှုလိုက်ရသော ပဒုမာကြာပန်းနဲ့ စသော အနံ့အာရုံ၊ ကိုက်ဝါးခဲစားလိုက်ရသော ဖုဿမည်သော ဒန်ပူ အရသာအာရုံ၊ ခန္ဓာကိုယ်ဖြင့် ထိတွေ့လိုက်ရသော မြေကြီး, နွားချေး, ပန်း, သစ်သီး စသည်တို့၏ အထိအတွေ့အာရုံ။ (ခုဒ္ဒကပါဌ အဋ္ဌကထာ၊၁၀၀)
ကောတူဟလံ၊ နံနက်စောစော၌ အသစ်အဆန်းကြုံတွေ့လိုက်ရသော အာရုံဖြစ်သော၊ မင်္ဂလံ=ကြီးပွားကြောင်းဟု လူဗာလတို့ ယူဆအပ်သော ဒိဋ္ဌ သုတ မုတ အာရုံတည်း။ ကောတူဟလမင်္ဂလံ ယဿ အန္တီတိ ကောတူဟလမင်္ဂလိကော =ကောတူဟလမင်္ဂလာရှိသောသူ၊ ဝါ=ထူးထူးဆန်းဆန်း ကြုံတွေ့ရသော ဒိဋ္ဌ သုတ မုတအာရုံကို ကြီးပွားကြောင်းမင်္ဂလာဟု ယုံကြည်သောသူ။
၊ အသစ်အဆန်းအာရုံဟူသောမင်္ဂလာရှိသည် ဝါ၊ ပညာမဲ့သူလူဗာလတို့ကြံဆအပ်သည့်အတိုင်းအသစ်အဆန်းမြင်ရ, ကြားရထိတွေ့သိရှိရသောအာရုံကို ကြီးပွားကြောင်းဟုယုံကြည်သူသည်။ ဟောတိ၊ ၏။ မင်္ဂလံ၊ မြ, သုတ, မုတမင်္ဂလာကို။ ဝါ၊ မင်္ဂလာဟုသမုတ်အပ်သောအသစ်အဆန်းမြင်ရကြားရထိတွေ့သိရှိရသောအာရုံကို။ ပစ္စတိ၊ ယုံကြည်၏။ ဝါ၊ ကြီးပွားကြောင်းဟုရှုမြင်၏။ ကမ္မံ၊ ကုသိုလ်အကုသိုလ်ကံကို။ နော ပစ္စေတိ၊ မယုံကြည်။ ဝါ၊ ကြီးပွားကြောင်းဆုတ်ယုတ်ကြောင်းဟုမရှုမြင်။
စ၊ ထိုမှတပါး။ ဣတော၊ ဤသဗ္ဗညုမြတ်စွာဘုရားအဆုံးအမအယူဝါဒမှ။ ဗဟိဒ္ဓါ၊ အပြင်အပမိစ္ဆာအယူဝါဒ၌။ ဒက္ခိဏေယျံ၊ မြတ်သောအလှူခံယူထိုက်သောပုဂ္ဂိုလ်ကို။ ဂဝေသတိ၊ ရှာမှီး၏။
တတ္ထ စ၊ ထိုအပြင်အပမိစ္ဆာအယူဝါဒ၌လည်း။ ပုဗ္ဗကာရံ၊ ဦးဦးဖျားဖျားပြုလုပ်အပ်သောဒါနစသောကုသိုလ်ကိစ္စကို။ ကရောတိ၊ ပြုလုပ်၏။
ဘိက္ခဝေ၊ တို့။ ပဉ္စဟိ၊ ကုန်သော။ ဣမေဟိ ဓမ္မေဟိ၊ ဤတရားတို့နှင့်။ပ။ [ဤ၌ ဒက္ခိဏေယျဂဝေသနနှင့် ပုဗ္ဗကာရကရဏကို တပေါင်းတည်း, တခုတည်းပြု၍တရားငါးပါးဟု ဋီကာဖွင့်၏]
ဥပါသကော၊ သည်။ ဥပါသကရတနဉ္စ**၁။ ဥပါသကရတနာစသည်**။ ။ ရတန+ရတနာ၊ ဝါ၊ (ပရိသတ်လေးမျိုးတို့ကို) နှစ်သက်မှု ဖြစ်စေတတ်သောပုဂ္ဂိုလ်၊။ ရမနံ ရတံ= နှစ်သက်ခြင်း၊ ရတံ ဇနေတီတိ ရတနံဟု ဝိဂြိုဟ်ပြု၊ ရတသဒ္ဒူပပဒ ဇနဓာတ် အပစ္စည်းဖြင့် (ဇကိုချေ၍) ရတနဟု ရုပ်ပြီး၏၊ ဥပါသကောဝ ရတနံ ဥပါသကရတနံ= ဥပါသကာ ဒါယကာသည်ပင် နှစ်သက်မှုကိုဖြစ်စေတတ်သော ပုဂ္ဂိုလ်၊ ဝါ=ပရိသတ်လေးပါးတို့ကို နှစ်သက်မှုဖြစ်စေတတ်သော ဥပါသကာဒါယကာ။
စတုန္နမ္ပိ ပရိသာနံ ရတိဇနနဋ္ဌေန ဥပါသကောဝ ရတနံ ဥပါသကရတနံ။ ဂုဏသောဘာကိတ္တိသဒ္ဒသုဂန္ဓတာယ ဥပါသကောဝ ပဒုမံ ဥပါသကပဒုမံ၊ တထာ ဥပါသကပုဏ္ဍရီကံ။ သီလက္ခန်ဋီကာ ၂၈၃၊ ၂၈၄။
၊ ဥပါသကဟူသောရတနာသည်လည်းကောင်း။ ဝါ၊ ပရိသတ်လေးမျိုးတို့ကိုနှစ်သက်မှုဖြစ်စေတတ်သောသီတင်းသည်ဒါယကာသည်လည်းကောင်း။ ဥပါသကပဒုမဉ္စ၊ (ဂုဏ်ရောင်ဝင်းပျံ့သတင်းနဲ့ဖြာ)ဥပါသကာကြာပဒုမာသည်လည်းကောင်း။ ဥပါသကပုဏ္ဍရီကဉ္စ၊ (ဂုဏ်ရောင်ဝင်းပျံ, သတင်းဖြာ)ဥပါသကာကြာပုဏ္ဍရိက်သည်လည်းကောင်း။ ဟောတိ၊ ၏။ပ။
သဒ္ဓေါ၊ (ရတနာမြတ်သုံးပါးနှင့်ကံနှင့်ကံအကျိုးတို့၌ကြည်ညိုယုံကြည်သော)သဒ္ဓါတရားရှိသည်။ ဟောတိ၊ ၏။
သီလဝါ၊ သီလရှိသည်။ ဟောတိ၊ ၏။
အကောတူဟလမင်္ဂလိကော၊ အသစ်အဆန်းအာရုံဟူသောမင်္ဂလာရှိသူမဟုတ်သည်။ ဝါ၊ ပညာမဲ့.....ယုံကြည်သူမဟုတ်သည်။ ဟောတိ၊ ၏။ ကမ္မံ၊ ကို။ ပစ္စေတိ၊ ၏။ မင်္ဂလံ၊ ကို။ နော ပစ္စေတိ၊ မယုံကြည်။
ဣ‌တော၊ မှ။ နဂဝေသတိ၊ မရှာမှီး။ ဣဓ စ၊ ဤသဗ္ဗညုမြတ်စွာဘုရားသာသနာတော်၌သာလျှင်။ပ။
ပဉ္စမံ။