၂၇၃-၂၈၅။ သမန္နာဂတော၊ ပြည့်စုံသောရဟန်းကို။
သေနာသနပညာ ပကော၊ အိပ်ရာနေရာခင်းပေးသောရဟန်းဟူ၍။
န သမ္မဇ္ဇိတဗ္ဗော၊ မသမုတ်ထိုက်။
ဝါ၊ မသမုတ်ရ။
ကတမေဟိ ပဉ္စဟိ? ဆန္ဒာဂတိ ဂစ္ဆတိ။ပ။ပညတ္တာ ပညတ္တံ၊ အိပ်ရာနေရာခင်းအပ်ပြီး, မခင်းအပ်သေးသည်ကို။
ဝါ၊ အိပ်ရာနေရာကို ဤမျှလောက်ခင်းအပ်ပြီး, ဤမျှလောက်မခင်းရသေးဟူ၍။
န ဇာနာတိ၊ မသိ။ပ။
သေနာသနဂ္ဂါဟာပကော၊ အိပ်ရာနေရာကျောင်းကိုယူစေ(လက်ခံစေ)သောရဟန်းဟူ၍။
[ရဟန်းများကို ထေရ်စဉ် ဝါစဉ်အတိုင်း “အရှင်ဘုရားကဒီကျောင်းမှာနေပါ။ ဒီနေရာမှာနေပါ” ဟု စီစဉ်သတ်မှတ်ရဟန်းတည်း]။ပ။
ဂါဟိတာဂါဟိတံ၊ အိပ်ရာနေရာကျောင်းကိုယူစေအပ်ပြီးသောမယူစေအပ်သေးသောရဟန်းကို။
(တနည်း) ဂဟိတာဂဟိတံ၊ အိပ်ရာ ရဟန်း, နေရာချထားပေးသောနေရာ ကျောင်းကိုယူပြီးသောရဟန်း မယူသေးသောရဟန်းကို။
[ဤကဲ့သို့ပါ နှစ်မျိုးပြ၍ အနက်ပေးရာ၌ အနက်အဓိပ္ပာယ်အတူတူပင်ဖြစ်သော်လည်း ရှေးပါဌ်မှာ ကာရိတ်ကမ္မရုပ်ဖြစ်၍ နောက်ပါဌ်မှာကာရိတ်ပစ္စည်းမပါသောရပ်ဖြစ်၏။
ဤနေရာ၌မူ ကာရိတ်ပစ္စည်းပါသောရှေးပါဌ်သာ သင့်မြတ်ကြောင်းကို ပတ္တဂ္ဂါဟာပကသမ္မုတိရောက်မှရေးအံ့]။ပ။
ဘဏ္ဍာဂါရိကော၊ ဘဏ္ဍာတိုက်ထိန်းသိမ်းစောင့်ရှောက်သော ရဟန်းဟူ၍။ပ။
ဂုတ္တာဂုတ္တံ၊ ဘဏ္ဍာတိုက်လုံခြုံသည်မလုံခြုံသည်ကို။ပ။
စီဝရပဋိဂ္ဂါ ဟကော၊ (သံဃာအားလှူဒါန်းသော)သင်္ကန်းကိုလက်ခံသောရဟန်းဟူ၍။ပ။
ဂဟိတာဂဟိတံ၊ လက်ခံအပ်ပြီးသောသင်္ကန်း,လက်မခံရသေးသောသင်္ကန်းကို။
ဝါ၊ ဤမည်သောဒါယကာ၏သင်္ကန်းကိုလက်ခံအပ်ပြီး, ဤမည်သောဒါယကာ၏သင်္ကန်းကိုလက်မခံရသေးဟူ၍။
[ဝိနည်းမဟာဝါပါဠိတော် စီဝရက္ခန္ဓက။ ၃၉၅။
ဤနေရာ၌ကား ကာရိတ်ပစ္စည်းမပါစေဘဲ “ဂဟိတာဂဟိတံ”ဟူ၍ ဝုဒ္ဓိမဲ့ သုဒ္ဓကမ္မရုပ်ရှိစေရမည်]။ပ။
စီဝရဘာဇကော၊ သံဃိကသင်္ကန်းခွဲဝေပေးသောရဟန်းဟူ၍။ပ။
ဘာဇိတာ ဘာဇိတံ၊ ခွဲဝေအပ်ပြီးသောသင်္ကန်းနှင့်မခွဲဝေအပ်သေးသောသင်္ကန်းကို။
ဝါ၊ သင်္ကန်းကိုဤမျှလောက်ခွဲဝေအပ်ပြီး, ဤမျှလောက်မခွဲဝေရသေးရဟန်းဟူ၍။ပ။
ယာဂုဘာဇကော၊ ယာဂုခွဲဝေပေးသောရဟန်းဟူ၍။ပ။
ဖလဘာဖကော၊ သစ်သီးခွဲဝေပေးသောရဟန်းဟူ၍။ပ။
ခဇ္ဇဘာဇကော၊ ခဲဖွယ်ခွဲဝေပေးသောရဟန်းဟူ၍။ပ။
ဘာဇိတာဘာဇိတံ၊ ခွဲဝေအပ်ပြီး, မခွဲဝေအပ်သေးသည်ကို။
ဝါ၊ ခဲဖွယ်ကိုဤမျှလောက်ခွဲဝေပေးအပ်ပြီး, ဤမျှလောက်မခွဲဝေပေးရသေးဟူ၍။ပ။
အပ္ပမတ္တကဝိဿဇ္ဇကော၊ နည်းသောအတိုင်းအတာပမာဏရှိသောပစ္စည်းပရိက္ခရာကိုပေးစွန့်သောရဟန်းဟူ၍။
ဝါ၊ (အပ် ဓားငယ်စသော)အသေးအဖွဲတိုလီမိုလီပစ္စည်းပရိက္ခရာကိုပေးစွန့်သောရဟန်းဟူ၍။ပ။
ဝိဿဇ္ဇိတာ ဝိဿဇ္ဇိတံ၊ ပေးစွန့်အပ်ပြီး, မပေးစွန့်အပ်သေးသည်ကို။ပ။
သာဋိယဂ္ဂါဟာပ ကော၊ မိုးရေခံသင်္ကန်းကိုခံယူစေသောရဟန်းဟူ၍။ပ။
ဂါဟိတာဂါဟိတံ၊ မိုးရေခံသင်္ကန်းကိုခံယူစေအပ်ပြီးသောရဟန်းမခံယူစေအပ်သေးသောရဟန်းကို။
(တနည်း)ဂဟိတာဂဟိတံ၊ မိုးရေခံသင်္ကန်းကိုခံယူပြီးသောရဟန်း, မခံယူသေးသောရဟန်းကို။ပ။
ပတ္တဂ္ဂါဟာပကော
၁။ ပတ္တဂ္ဂါဟာပကော။ ။ဦနပဉ္စဗန္ဓနသိက္ခာပုဒ်စည်းကမ်းအရ ရဟန်းတပါး သည် မိမိ၏ကွဲအက်နေသော သပိတ်အဟောင်း၌ သံနန်းကြိုးအဖွဲ့အတုပ် အချည် အနှောင် ငါးခုမပြည့်သေးသမျှကာ ပတ်လုံး နောက်ထပ်သပိတ်အသစ် အလှူမခံကောင်းပါဘဲလျက် အလှူခံလာခဲ့သော် ထိုသပိတ်အသစ်ကို သံဃပရိသတ်အလယ်၌ စွန့်ရ၏၊ ထိုသို့စွန့်သောအခါ သံဃပရိသတ်ထဲမှ ဆန္ဒာဂတိမလိုက်ခြင်းစသော ဂုဏ် ငါးပါးတို့နှင့် ပြည့်စုံသောရဟန်းကို ပတ္တဂ္ဂါဟာပကရဟန်းဟု သမုတ်ရ၏၊ ဤအင်္ဂုတ္တိုရ် ပါဠိတော်၌လည်း ထိုရဟန်းကိုပင် ပဂ္ဂါဟာပကဟု ဟောတော်မူ၏။ ပတ္တဂ္ဂါဟာပ က၊ သပိတ်ကို ယူစေသောရဟန်း၊ (ဤသပိတ်ကို ယူပါဟု သံဃပရိသတ်ကို စေခိုင်းတိုက်တွန်း လျောက်ထားသောရဟန်း။)
၊ သပိတ်ကိုခံယူစေတတ်သောရဟန်းဟူ၍ပ။
ဂါဟိတာဂါဟိတံ၁။ ဂါဟိတာဂါဟိတံ။ ဤအင်္ဂုတ္တိုရ် ပါဠိတော် ပတ္တဂ္ဂါဟာပကသမ္မုတိ၌ ကာရိတ်ပစ္စည်းမပါဘဲ “ဂဟိတာဂဟိတံ”ဟု ပါဌ်ရှိသော်လည်း ပါရာဇိကဏ်ပါဠိ တော် ဦနပဉ္စဗန္ဓန သိက္ခာပုဒ်(၃၅၇)၌ကား ကာရိက်ပစ္စည်းနှင့်တကွ “ဂါဟိတာ ဂါဟိတံ” ဟူ၍ (ကာရိတ ကမ္မရုပ်) ပါဌ်ရှိ၏။ ထိုသို့ဘရိတ်ပစ္စည်းပါခြင်း မပါခြင်း ကြောင့် ထိုပုဒ်တို့ဟောအပ်သော အနက်ဒြပ်(အဘိဓေယျတ္ထ)လည်း ကွဲပြားခြားနား လာနိုင်၏။
ကာရိတ်ပစ္စည်းမပါသောပါဌ်၌ “ဂဟိတ၊ သပိတ်ကိုယူပြီးသောရဟန်း+ အဂဟိတ=သပိတ်ကိုမယူသေးသောရဟန်း”ဟူ၍ ဤနေရာနှင့်ဆီလျော်အောင် သုဒ္ဓ ကတ္တုရုပ်ကြံ၍ နိဿယခန်း၌ အနက်ပြန်ဆိုခဲ့သော်လည်း “ဂဟိတ=ယူအပ်+အဂဟိ တ=မယူအပ်”ဟု ကံအနက်သာလျှင် အသုံးများခြင်းကြောင့် “ဂဟိတ=ယူအပ်ပြီးသော သပိတ်+အဂဟိတ=မယူအပ်သေးသောသပိတ်”ဟူ၍ သပိတ်သည် ထိုနှစ်ပုဒ်တို့၏ အဘိဓေယျတ္ထ ဖြစ်လာနိုင်၏။
ကာရိတ်ပစ္စည်းပါသောပါဌ်၌ “ဂါဟိတ၊ သပိတ်ကို ယူစေအပ်ပြီးသောရဟန်း (ယူပါဟု စေခိုင်းတိုက်တွန်းအပ် စေခိုင်းတိုက်တွန်းခံရသောရဟန်း)+အဂါဟိတ= သပိတ်ကိုမယူစေအပ်သေးသောရဟန်း (ယူပါဟု မစေခိုင်း မတိုက်တွန်းခံရသေးသော ရဟန်း)ဤသို့အားဖြင့် ရဟန်းသည် “ဂါဟိတ+အဂါဟိတ”ပုဒ်တို့၏ အဘိဓေယျတ္ထ ဖြစ်၏၊ အကျယ်တဝင့် ထပ်မံ၍စိစစ်ပြရသော်
ဖော်ပြခဲ့ပြီးသော ထိုပတ္တဂ္ဂါဟာပက ရဟန်းသည် ယခင်ရဟန်းအလှူခံခဲ့သော သပိတ်အသစ်ကို သံဃပရိသတ်ထဲမှ အကြီးဆုံးထေရ်ကို ယူစေရ၏ (ယူပါဟု ပြောဆို လျှောက်ထားရ၏) အကြီးဆုံးထေရ်က ထိုသပိတ်အသစ်ကိုယူလျှင် ထိုအကြီးဆုံးထေရ် ၏ နဂိုမူလ သုံးစွဲနေကျသပိတ်ကို ဒုတိယထေရ်ကို ယူစေရ၏၊ ဒုတိယထေရ်၏ နဂိုမူလသပိတ်ကို တတိယထေရ်ကို ယူစေရ၏၊ ဤသို့ စသည်ဖြင့် ဆင့်ကဲဆင့်ကဲ ယူစေပြီးနောက် အစွန်ဆုံး(အငယ်ဆုံး)ရဟန်း၏ သပိတ်(ပတ္တပရိယန္တ)ကို ယခင် သပိတ်အသစ် အလှူခံခဲ့သော ရဟန်းကို ယူစေရ၏(အယူခိုင်းရ၏)။
ထိုပတ္တဂ္ဂါဟာပက ရဟန်းသည် ယင်းသို့သပိတ်ကို ဆင့်ကဲဆင့်ကဲယူစေရာ၌ “ငါသည် ဤမည်သောရဟန်းကို သပိတ်ယူစေအပ်ပြီးပြီ၊ ဤမည်သောရဟန်းကိုသပိတ်မယူစေအပ်သေး”ဟူ၍ သေချာစွာသိရှိမှတ်သား ထားရမည်ဖြစ်၏၊ ထိုကဲ့သို့ သိရှိမှတ်သားထားခြင်းသည် ထိုပတ္တဂ္ဂါဟာပက ရဟန်း၏ ဂုဏ်အင်္ဂါတပါးဖြစ်၏၊ ထို့ကြောင့် ဂါဟိတာဂါဟိတံ ဇာနာတိဟု ဟောတော်မူ၏။
ယင်းသို့ဟောတော်မူရာ၌” “ပတ္တဂ္ဂါဟာပက”ဟူသော ရှေ့စကားတုန်းက ကာရိတ်ပစ္စည်းပါသည့်အတွက် “ပတ္တဂ္ဂါဟာပက၊ သပိတ်ကို ယူစေတတ်(ယူပါဟု စေခိုင်းတတ်)သော ရဟန်း”ဟူ၍ စေခိုင်းတတ်သော ရဟန်းဒြပ်အနက်ကို ယူခဲ့သည်နှင့် ဆီလျော်အောင် နောက်စကား၌လည်း ကာရိတ်ပစ္စည်းနှင့်တကွ "ဂါဟိတ=ယူစေအပ် (ယူပါဟု စေခိုင်းအပ်)သော ရဟန်းဟူ၍ စေခိုင်းအပ် (စေခိုင်းခံရ)သော ရဟန်း ဒြပ်အနက်ကိုယူမှသာလျှင် ရှေ့စကားနှင့် နောက်စကား ညီညွတ်မည်ဖြစ်ရကား ဂါဟိတာဂါဟိတံ-ဟူသော ကာရိတ်ကမ္မရုပ်ပါဌ်သာ ကောင်းမြတ်သင့်လျော်သည်မှာ ထင်ရှားလှပါသည်။
သို့သော် ယခုစာမူများစွာတို့၌ ကာရိတ်ပစ္စည်းမပါဘဲ “ဂဟိတာဂဟိတံ”ဟု ချည်းသာ ရှိနေလေ၏၊ ထိုပါဌ်ကို ရိုးရာထုံးစံအတိုင်း သုဒ္ဓကမ္မရုပ် မကြံဘဲ ကတ်ကတ် သတ်သတ် သုဒ္ဓကတ္တုရုပ်ကြံလျှင်ကား ယခင် ကာရိတ်ကမ္မရုပ်နှင့် အနက်ဒြပ်အားဖြင့် အတူတူပင် ဖြစ်နိုင်ပါ၏၊ ဆိုလိုသည်မှာ-ဂါဟိတ၊ သပိတ်ကို ယူစေအပ်သော ရဟန်း ဟူသည် တခြားရဟန်းမဟုတ်၊ (ယူပါဟု စေခိုင်းခံရသည့်အတွက်) ဂဟိတ=ထိုသပိတ် ကို လက်ခံယူငင်တတ်သော ရဟန်းပင်ဖြစ်ရကား ဂါဟိတ(ယူစေအပ်)ဟူသော ကာရိတ် ကမ္မရုပ်နှင့် ဂဟိတ(ယူတတ်)ဟူသော သုဒ္ဓကတ္တုရုပ်သည် အနက်ဒြပ်အတူတူပင်ဖြစ် သည်ဟု ဆိုလိုပါသည်။
ရိုးရာအတိုင်း သုဒ္ဓကမ္မရုပ်ပင် ပြုလုပ်၍ “ဂဟိတာဂဟိတံ၊ သပိတ်ကို ယူအပ် ပြီး မယူအပ်သေးသည်ကို၊ ဝါ=သပိတ်ကို မည်သည့်ရဟန်းက ယူအပ်ပြီး, မည်သည့် ရဟန်းက မယူအပ်သေးဟူ၍၊ ဇာနာတိ=သိ၏” ဤသို့အနက်ပြန်ဆိုလျှင် သင့်လျော် သလိုရှိသော်လည်း ထိုပုဒ်တို့၏ အဘိဓေယျတ္ထမှာ သပိတ်သာလျှင်ဖြစ်သောကြောင့် “ဂဟိတာဂဟိတံ=ယူအပ်ပြီးသောသပိတ်, မယူအပ်သေးသောသပိတ်ကို၊ ဝါ=မည်သည့် သပိတ်ကို ယူအပ်ပြီ၊ မည်သည့်သပိတ်ကို မယူအပ်သေးဟူ၍၊ ဇာနာတိ=သိ၏”ဟူ၍ ဤနေရာနှင့် မဆီလျော်သော အနက်အဓိပ္ပါယ် သက်ရောက်နိုင်သည်သာဖြစ်၏၊ ထို့ကြောင့် ယင်းသို့ကာရိတ်မဲ့ပါဌ်မရှိသင့်ဟု ဆုံးဖြတ်သင့်၏။
ထိုအတူ ယခင် သေနာသနဂ္ဂါဟာပက သမ္မုတိနှင့် သာဋိယဂ္ဂါဟာပက သမ္မုတိ၌လည်းကောင်း စူဠဝါပါဠိတော် သမထက္ခန္ဓကယေဘုယျသိကာသမထ(၂၀၄) နှင့် သေနာသနက္ခန္ဓက၊ သေနာသနဂ္ဂါဟာပကသမ္မုတိ(၃၁၇)တို့၌လည်းကောင်း၊ ဂါဟိ တာဂါဟိတံဟု ကာရိတ်ကမ္မရုပ်ပါဌ်သာ ရှိသင့်ပါသည်။ ၊ သပိတ်ကိုယူစေအပ်ပြီးသောရဟန်း, မယူစေအပ်သေးသောရဟန်းကို။ (တနည်း)ဂဟိတာဂဟိတံ၊ သပိတ်ကိုယူပြီးသောရဟန်း, မယူသေးသောရဟန်းကို။ န ဇာနာတိ၊ မသိ။ပ။ ဇာနာတိ၊ သိ၏။ပ။

အာရာမိကပေသကော၊ အာရာမ်စောင့်ကိုစေခိုင်းသောရဟန်းဟူ၍။ပ။
သာမဏေရပေသ ကော၊ သာမဏေကိုစေခိုင်းသောရဟန်းဟူ၍။ပ။
ပေသိတာပေသိတံ၊ စေခိုင်းအပ်ပြီး, မစေခိုင်းအပ်သေးသည်ကို။
[စူဠဝါပါဠိတော်၊ ၃၃၂]။ပ။
ပဉ္စဟိ ဘိက္ခဝေ ဓမ္မေဟိ သမန္နာဂတော၊ ပြည့်စုံသောရဟန်းကို။
သာမဏေရပေသကော၊ ဟူ၍။
သမ္မတော၊ နဂိုမူလကသမုတ်အပ်ပြီးသည်။
(သမာနောပိ၊ ဖြစ်ပါသော်လည်း)
န ပေသေတဗ္ဗော၊ သာမဏေကိုခိုင်းရန်မစေခိုင်းရ။ပ။
သမ္မတော၊ သည်။
(သမာနော၊ ဖြစ်လသော်)
ပေသေတဗ္ဗော၊ သာမဏေကိုခိုင်းရန်စေခိုင်းရမည်။ပ။
စုဒ္ဒသမံ၊ ၁၄-ခုမြောက်သုတ်တည်း။
သမ္မုတိပေယျာလံ၊ သမ္မုတိနှင့်စပ်သောမြှုပ်ကွက်သည်။
နိဋ္ဌိတံ၊ ပြီးပြီ။