ထို့ကြောင့် ဗုဒ္ဓေ အဝေစ္စပသာဒစသော ထိုတရားလေးပါးတို့မှာ ရူပါဝစရ ဈာန်များ မဟုတ်ပါဘဲလျက် “ရူပါဝစရဇ္ဈာနာနမေတံ အဓိဝစနံ” စသည်ဖြင့် ဋီကာ ဖွင့်ဆိုထားသည်ကို ပါဠိတော်နှင့် ဆက်စပ်မိအောင် မည်သို့မည်ပုံ နှီးနှောတိုက်ဆိုင် ရမည်ကို စဉ်းစားကြပါကုန်။ ၊ ယခုမျက်မှောက်ဘဝအတ္တဘော၌ချမ်းသာစွာနေထိုင်ရကြောင်းတရားတို့ကို။ နိကာမလာဘိံ၊ မိမိအလိုဆန္ဒအတိုင်းရနိုင်ခြင်းရှိသော။ အကိစ္ဆလာဘိံ၊ မပင်မပန်းချမ်းသာစွာရနိုင်ခြင်းရှိသော။ အကသိရလာဘိံ၊ ပြန့်ပြောပေါများစွာရနိုင်ခြင်းရှိသော။ ယံကိဉ္စိ၊ တဦးဦးသော။ ဂိဟိ၊ လူဒါယကာကို။ (တုမှေ၊ သင်တို့သည်) ဇာနေယျာဏ၊ သိကြကုန်ရာပါ၏။ ဝါ၊ သိကောင်းသိကြပါလိမ့်မည်။ သော၊ ထိုလူဒါယကာသည်။ အာကင်္ခမာနော၊ (ပြောကြားခြင်းငှါ)အလိုရှိလသော်။ အတ္တနာဝ၊ ကိုယ်တိုင်သာလျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဗျာကရေယျ၊ ထုတ်ဖော်ပြောကြားရာ၏။ (ကိန္တိ၊ အဘယ်သို့။ ဗျာကရေယျ၊ ထုတ်ဖော်ပြောကြားရာသနည်းဟူမူ။ အဟံ၊ ငါသည်)
သေဟိ၊ မိမိပိုင်ဆိုင်ကုန်သော။ ဒါရေဟိ၊ မယားတို့ဖြင့်။ သန္တုဋ္ဌော၊ ရောင့်ရဲကျေနပ်သူသည်။ (ဟုတွာ၊ ဖြစ်၍) ပရဒါရဉ္စ၊ သူတပါးမယားကိုလည်း။ အာရမေ၊ ဝေးစွာရှောင်ရှားရမည်။
တနည်း “ပရဒါရဉ္စ၊ သူတပါးမယားမှလည်း။ အာရမေ၊ ဝေးစွာမွေ့လျော်ရမည်။ ဝါ၊ ဝေးစွာရှောင်ရှားရမည်”ဟုသော်လည်းပရဒါရံ၌ဒုတိယာဝိဘတ်ကိုအပါဒါန်အနက်ဟောကြံသီချာမူ၌ “နာရမေ”ဟု ရှိ၏။ ပရဒါရဉ္စ၊ သူတပါးမယားကိုလည်း။ န အာရမေ၊ မပျော်ပါးရ။ ဝါ၊ မပျော်ပါးထိုက်။ ဝါ၊ မပျော်ပါးကောင်း”ဟုအနက်ဆို။ ဂါထာတို့၌ပရိဝဇ္ဇယေစသောကြိယာတို့မှဧယျဝိဘတ်ကို“ရှောင်ကြဉ်ရမည်။ ဝါ၊ ရှောင်ကြဉ်သင့်ရှောင်ကြဉ်ထိုက်၏စသည်ဖြင့်အာဏတ္တိအနက်နှင့်အရာအနက်ဟောကြံထားသည်။