ဝိနီတဝတ္ထုဥဒ္ဒါနဂါထာ**
အဓိမာနေ၊ ရနိုးခြင်းအကြောင်း။
အရညမှိ၊ တော၌နေသော ရဟန်းအကြောင်း။
ပိဏ္ဍ၊ ဆွမ်းခံလှည့်လည်သော ရဟန်းအကြောင်း။
ဥပဇ္ဈ၊ ဥပဇ္ဈာယ်အကြောင်း။
ဣရိယာပထော၊ ဣရိယာပုတ်အကြောင်း။
သညောဇနာ၊ သံယောဇဉ်ကို ပယ်ခြင်းအကြောင်း။
ရဟောဓမ္မော၊ ဆိတ်ငြိမ်ရာသို့ ကပ်၍ ဥတ္တရိမနုဿဓမ္မကို ပြောဟောသော ရဟန်းအကြောင်း။
ဝိဟာရော၊ ကျောင်းနေသော ရဟန်းအကြောင်း။
ပစ္စုပဋ္ဌိတော၊ ရှေးရူထင်ခြင်းအကြောင်း။
န ဒုက္ကရံ၊ မခဲယဉ်းခြင်းအကြောင်း။
အထောပိ၊ ထိုမှတစ်ပါးလည်း။
ဝီရိယံ၊ အားထုတ်အပ်သော ဝီရိယရှိသော ရဟန်းအကြောင်း။
မစ္စုနော ဘာယာဝုသော၊ ငါ့ရှင်တို့ သေခြင်းမှ မကြောက်ဟု ဆိုအပ်သောအကြောင်း။
ဝိပ္ပဋိသာရိ၊ နှလုံးမသာယာခြင်းအကြောင်း။
သမ္မာ၊ ကောင်းစွာ အားထုတ်ခြင်းအကြောင်း။
ဝီရိယေန၊ အားထုတ်အပ်သော ဝီရိယအကြောင်း။
ယောဂေန အာရာဓနာယ၊ လုံ့လပြုခြင်းသည် ပြီးစေအပ်သော ရဟန်းအကြောင်း။
အထ၊ ထိုမှတစ်ပါး။
ဒုဝေ၊ နှစ်ပါးကုန်သော။
ဝေဒနာယ အဓိဝါသနာ၊ ဝေဒနာကို သည်းခံခြင်းအကြောင်းတို့။
ဗြာဟ္မဏေ ပဉ္စ ဝတ္ထူနိ၊ ပုဏ္ဏား၌ ငါးပါးသော အကြောင်းတို့။
အညံ ဗျာကရဏာ တယော၊ အရဟတ္တဖိုလ်ကို ကြားကုန်သော သုံးပါးသော အကြောင်းတို့။
အဂါရံ၊ အိမ်၌ စိုးအုပ်၍ နေခြင်းအကြောင်း။
အာဝရဏာ ကာမာ၊ ကာမဂုဏ်တို့ကို ပိတ်ခြင်းအကြောင်း။
အဘိရတိ၊ မွေ့လျော်ခြင်းအကြောင်း။
အပက္ကမိ၊ ဖဲသွားခြင်းအကြောင်း။
ဥဘော၊ နှစ်ယောက်ကုန်သော။
ဂါဝဃာတကာ၊ နွားသတ်ဖြစ်ဖူးကုန်သော။
အဋ္ဌိ ပေသီ၊ အရိုးဆက်ပြိတ္တာ သားတစ်ပြိတ္တာအကြောင်းတို့။
သာကုဏိကော၊ ငှက်မုဆိုးဖြစ်ဖူးသော။
ပိဏ္ဍော၊ သားဆိုင်ပြိတ္တာအကြောင်း။
ဩရဗ္ဘိ၊ ဆိတ်သတ်ဖြစ်ဖူးသော။
နိစ္ဆဝိ၊ အရေမရှိသော ယောကျ်ားပြိတ္တာအကြောင်း။
သူကရိကော၊ ဝက်သတ်ဖြစ်ဖူးသော။
အသိ၊ သန်လျက်အမွေးပေါက်သော ယောကျ်ားပြိတ္တာအကြောင်း။
မာဂဝိ၊ သားသတ်ဖြစ်ဖူးသော ယောကျ်ားပြိတ္တာအကြောင်း။
ကာရဏိကော၊ ညှဉ်းဆဲသောသူ ဖြစ်ဖူးသော။
ဥသု၊ မြားအမွေးပေါက်သော ယောကျ်ားပြိတ္တာအကြောင်း။
သာရထိ၊ ရထားထိန်းဖြစ်ဖူးသော။
သူစိ၊ အပ်မွေးပေါက်သော ယောကျ်ားပြိတ္တာအကြောင်း၊
ယော စ ယေန စ၊ အကြင်အပ်ဖြင့်လည်း။
သိမ္ဗိယတိ၊ ချုပ်အပ်၏။
သော ဟိ၊ ထိုအပ်သည်သာလျှင်။
သူစကော၊ ဂုံးတိုက်တတ်သောကြောင့် အပ်မွေးပေါက်သော ယောကျ်ားပြိတ္တာအကြောင်း။
ဂါမကူဋကော၊ ရွာသူကို စဉ်းလဲကောက်ကျစ်ပြုသော တရားသူကြီးသည်။
အဏ္ဍဘာရိ၊ ဝှေးစေ့တည်းဟူသော ဝန်ကို ဆောင်သော ပြိတ္တာသည်။
အဟု၊ ဖြစ်၏။
ပရဒါရိကော၊ သူ့မယားကို သွားလာသော။
သော၊ ထိုယောကျ်ားသည်။
ကူပေ၊ မစင်တွင်း၌။
နိမုဂ္ဂေါ ဟိ၊ နစ်သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ဒုဋ္ဌဗြာဟ္မဏော၊ ပုဏ္ဏားပျက်သည်။
ဂူထခါဒီ၊ မစင်ကို စားလေ့ရှိသော ပြိတ္တာသည်။
အဟု၊ ဖြစ်၏။
နိစ္ဆဝိတ္ထီ၊ အရေမရှိသော ပြိတ္တာမသည်။
အတိစာရိနီ၊ လင်ကို လွန်ကျူး၍ ကျင့်လေ့ရှိသော မိန်းမသည်။
အဟု၊ ဖြစ်ဖူးပြီ။
မင်္ဂုလိတ္ထီ၊ မကောင်းသော အရေအဆင်းရှိသော မိန်းမသည်။
ဣက္ခဏိတ္ထိကာ၊ နတ်ဝင်မသည်။
အဟု၊ ဖြစ်ဖူးပြီ။
ဩကိလိနီ၊ မီးကျီးဖြင့် ပြွမ်းသော ပြိတ္တာမသည်။
သပတိံ၊ လင်တူမယားကို။
အင်္ဂါရံ အင်္ဂါရေန၊ မီးကျီးဖြင့်။
ဩကိရိ၊ လောင်း၏။
သီသစ္ဆိန္နော၊ ဦးခေါင်းပြတ်သော ပြိတ္တာသည်။
စောရဃာတကော၊ ခိုးသူသတ်သော ယောကျ်ားသည်။
အဟု၊ ဖြစ်ဖူးပြီ။
ဘိက္ခု၊ ရဟန်းသည်လည်းကောင်း။
ဘိက္ခုနီ၊ ရဟန်းမိန်းမသည်လည်းကောင်း။
သိက္ခမာနာ၊ သိက္ခမာန်သည်လည်းကောင်း။
သာမဏေရော၊ သာမဏေယောကျ်ားသည်လည်းကောင်း။
အထ၊ ထိုမှတစ်ပါး။
သာမဏေရိကာ၊ သာမဏေမိန်းမသည်လည်းကောင်း။
ကဿပဿ၊ ကဿပမြတ်စွာဘုရား၏။
ဝိနယသ္မိံ၊ သာသနာတော်၌။
ပဗ္ဗဇံ ပဗ္ဗဇန္တော၊ ရဟန်းပြုသည်ဖြစ်၍။
တာဝဒေ၊ ထိုရဟန်းပြုသောအခါ၌။
ပါပကမ္မံ၊ ယုတ်မာသော အမှုကို။
အကရိံသု၊ ပြုဖူးကုန်၏။
တပေါဒါ၊ တပေါဒကြောင်း။
နာဂါနံ၊ ဆင်ပြောင်တို့၏။
ဩဂါဟဏေန၊ သက်ဆင်းသောအကြောင်းနှင့် တကွ။
ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌။
ယုဒ္ဓံ၊ စစ်ထိုးသောအကြောင်း။
သောဘိတော၊ သောဘိတအမည်ရှိသော။
အရဟံ၊ ရဟန္တာဖြစ်သော။
ဘိက္ခု၊ ရဟန်းသည်။
ပဉ္စကပ္ပသတံ၊ ငါးရာသော မဟာကပ်ကို။
သရေ၊ အောက်မေ့နိုင်၏။
ဣတိ၊ ဤသည်လျှင် ဆိုလတ္တံ့သော ဝိနီတဝတ္ထုတို့၏ မာတိကာတည်း။