၅-သဉ္စရိတ္တသိက္ခာပုဒ်
၂၉၆။
တေန သမယေန၊ ထိုအခါ၌။
ဘဂဝါ၊ ဘုန်းတော်ကြီးသော။
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။
အနာထပိဏ္ဍိကဿ၊ အနာထပိဏ်သူဌေး၏။
အာရာမေ၊ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော။
ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။
ဝိဟရတိ၊ နေတော်မူ၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။
အာယသ္မာ ဥဒါယီ၊ အရှင်ဥဒါယီသည်။
သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။
ကုလူပကော၊ အိမ်သို့ ကပ်တတ်သည်။
ဟောတိ၊ ဖြစ်၏။
ဗဟုကာနိ၊ များစွာကုန်သော။
ကုလာနိ၊ အမျိုးတို့သို့။
ဥပသင်္ကမတိ၊ ကပ်၏။
ယတ္ထ၊ အကြင်အမျိုး၌။
အပဇာပတိကံ၊ မယားမရှိသော။
ကုမာရကံ ဝါ၊ သတို့သားကိုလည်းကောင်း။
အပတိကံ၊ လင်မရှိသော။
ကုမာရိကံ ဝါ၊ သတို့သမီးကိုလည်းကောင်း။
ပဿတိ၊ မြင်၏။
တတ္ထ၊ ထိုအမျိုး၌။
ကုမာရကဿ၊ သတို့သား၏။
မာတာပိတူနံ၊ အမိအဖတို့၏။
သန္တိကေ၊ အထံ၌။
ကုမာရိကာယ၊ သတို့သမီး၏။
ဝဏ္ဏံ၊ ကျေးဇူးကို။
ဘဏတိ၊ ဆို၏။
ကိံ ဘဏတိ၊ အဘယ်သို့ ဆိုသနည်း။
“အမုကဿ၊ ဤအမည်ရှိသော။
ကုလဿ၊ အမျိုး၏။
ကုမာရိကာ၊ သတို့သမီးသည်။
အဘိရူပါ၊ အလွန်အဆင်းလှသည်။
ဒဿနီယာ၊ ရှုချင်ဖွယ် ရှိသည်။
ပါသာဒိကာ၊ ကြည်လင်ဖွယ် ရှိသည်။
ပဏ္ဍိတာ၊ ပညာရှိသည်။
ဗျတ္တာ၊ အစွမ်းသတ္တိနှင့် ပြည့်စုံသည်။
မေဓာဝိနီ၊ ထက်မြက်သော ပညာရှိသည်။
ဒက္ခာ၊ လိမ္မာသည်။
အနလသာ၊ ပျင်းရိခြင်း မရှိသည်။
ဟောတိ၊ ဖြစ်၏။
သာ ကုမာရိကာ၊ ထိုသတို့သမီးသည်။
ဣမဿ ကုမာရကဿ၊ ဤသတို့သားအား။
ဆန္နာ၊ သင့်မြတ်လျောက်ပတ်၏၊”
ဣတိ၊ ဤသို့။
ဘဏတိ၊ ဆို၏။