၇-ဒသင်္ဂသုတ်
၁၁၃။
မိစ္ဆာဉာဏိနော၊ မှားသောဆင်ခြင်ဉာဏ်ရှိသူတို့သည်
မိစ္ဆာဉာဏိနော၌ မိစ္ဆာဉာဏ်ဟူသည် မှားသောဆင်ခြင်ဉာဏ်တည်း၊ မသင့်သောအားဖြင့် ဖြစ်သော အကုသိုလ်စိတ္တုပ္ပါဒ်ကိုကောက်။ တစ်နည်း မကောင်းမှုပြုရာတို့၌ သင့်လျော်သောနည်းလမ်း ရှာကြံသည်၏ အစွမ်းအားဖြင့် နှလုံးမသာယာကြောင်း မကောင်းမှုကိုပြု၍ သို့မဟုတ် ငါသည် ကောင်းစွာပြုအပ်ပြီဟု ဝမ်းသာကြောင်း မကောင်းမှုကိုပြု၍ ဆင်ခြင်ခြင်းအခြင်းအရာအားဖြင့်ဖြစ်သော မောဟကိုကောက်။ ၎င်းမောဟကား အဉာဏပင်ဖြစ်သော်လည်း နတ်စစ်မဟုတ် နတ်ရုပ်၌ နတ်ဟုခေါ်သကဲ့သို့ မိစ္ဆာဉာဏဟုခေါ်သည်။ မ-ဋ္ဌ-၁၊ ၁၉၂။ မ-ဋီ-၂၊ ၂၉၀။ ဤ ဋ္ဌ-ဋီ၊ တို့ကိုရှု။။
မိစ္ဆာဉာဏီဟိ၊ တို့နှင့်။မိစ္ဆာဝိမုတ္တိနော၊ မှားသော ဝိမုတ္တိ (ရူပါရူပသမာပတ်) ရှိသူတို့သည်
မိစ္ဆာဝိမုတ္တိနော၌ မိစ္ဆာဝိမုတ္တိဟူသည် ရူပ အရူပ သမာပတ်ကို ရကာမျှဖြင့် ဝဋ်မှလွတ်မြောက်ပြီးသူမဟုတ်ဘဲ ဝဋ်မှလွတ်မြောက်ပြီးသူဟု မှတ်ထင်သော အခြင်းအရာအားဖြင့်ဖြစ်သော တစ်နည်း-ပကတိပုရိသ အထူးကိုသိခြင်းစသော အဓိမုတ္တိ၌ ဝိမုတ္တိဟု မှတ်ထင်သော အခြင်းအရာအားဖြင့်ဖြစ်သော အကုသိုလ်အစုတည်း။ ၎င်း-ဋ္ဌ-ဋီတို့ကိုရှု။။
မိစ္ဆာဝိမုတ္တီဟိ၊ တို့နှင့်။
သဒ္ဓိံ၊ ကွ။
သံသန္ဒန္တိ၊ ကုန်၏ ။
သမေန္တိ၊ ကုန်၏ ။သမ္မာဉာဏိနော၊ မှန်ကန်သော ဆင်ခြင်ဉာဏ်ရှိသူတို့သည်
သမ္မာဉာဏိနော၌ သမ္မာဉာဏ်ဟူသည် (အောက်ဖလ ပုဂ္ဂိုလ်သုံးယောက်တို့၏ မဂ်ဖိုလ် နိဗ္ဗာန် ပဟီန ကိလေသာ အပ္ပဟီနကိလေသာတို့ကို ရဟန္တာပုဂ္ဂိုလ်၏ ရှေ့လေးပါးတို့ကို ဆင်ခြင်အားဖြင့်) တစ်ဆယ့်ကိုးပါးသော ပစ္စဝေက္ခဏာ ဉာဏ်တည်း။ ၎င်း-ဋ္ဌ-ဋီတို့ကိုပင်ရှု။။
သမ္မာဉာဏီဟိ၊ တို့နှင့်။သမ္မာဝိမုတ္တိနော၊ မှန်ကန်သော ဝိမုတ္တိ (ဖိုလ်စိတ္တုပ္ပါဒ်) ရှိသူတို့သည်
သမ္မာဝိမုတ္တိနော၌ သမ္မာဝိမုတ္တိ ဟူသည် ဖိုလ်စိတ္တုပ္ပါဒ်အားလုံးတည်း။ မ-ဋ္ဌ-၂၊ ၁၉၂။ မ-ဋ္ဌ-၃၊ ၉၄တို့၌ ဖလင်ရှစ်ပါးကို ကြဉ်ထားသော်လည်း မ-ဋီ-၂၊ ၁၉၀၊ ၌ သဗ္ဗေပိ ပန ဖလဓမ္မေ ဝိမုတ္တိက္ခဏ သင်္ဂဟတော ဝိမုတ္တီတိ ဝုစ္စမာနေန ကောစိ ဝိရောဓောဟု အစစ်မုချရသည်ကို ပြထားသောကြောင့် ဖိုလ်စိတ္တုပ္ပါဒ်အားလုံးကောက်လိုက်သည်၊ မ-ဋ္ဌ-၂၊ ၁၉၂။ မ-ဋီ-၂၊ ၂၉၁၊ ဤ-ဋ္ဌ-ဋီ တို့ကိုရှု။။
သမ္မာဝိမုတ္တီဟိ၊ တို့နှင့်။
သဒ္ဓိံ၊ ကွ။
သံသန္ဒန္တိ၊ ကုန်၏ ။
သမေန္တိ၊ ကုန်၏ ။
ဣတိ၊ ဤသို့ မိန့်တော်မူ၏ ။
(ထူးရာကို သာပေးလိုက်သည်။ )သတ္တမံ၊ ခုနစ်ခုမြောက်သောသုတ်တည်း။
(သဗ္ဗတ္ထ၊ အသမာဟိတစသော အလုံးစုံသော သုတ်တို့၌။
အတီတာနာဂတပစ္စုပ္ပန္နံ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလကို။
ကာတဗ္ဗံ၊ ပြုထိုက်၏ ။ )
တဿ၊ ထိုကမ္မပထဝဂ်၏ ။
ဥဒ္ဒါနံ၊ ဥဒ္ဒါန်းကား။
အသမာဟိတံ၊ အသမာဟိတသုတ်၎င်း။
ဒုဿီလံ၊ ဒုဿီလသုတ်၎င်း။
ပဉ္စ၊ ငါးပါးကုန်သော။
သိက္ခာပဒါနိ စ၊ သိက္ခာပုဒ်တို့ကိုလည်း။
(ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏ ။ )
တစ်နည်း-
ပဉ္စသိက္ခာပဒါနိ စ၊ ပဉ္စသိက္ခာပဒသုတ်၎င်း (အဘိဓေယျတ္ထ) ။
သတ္တ၊ ခုနစ်ပါးကုန်သော။
ကမ္မပထာ၊ ကမ္မပထတို့ကို။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏ ။
တစ်နည်း-
သတ္တကမ္မပထာ ဝုတ္တာ၊ သတ္တကမ္မပထသုတ်၎င်း။
ဒသကမ္မပထေန စ၊ ဒသကမ္မပထသုတ်နှင့်တကွ။
ဆဋ္ဌံ၊ ခြောက်ခုမြောက်။
ဝုတ္တော၊ ဟောတော်မူအပ်သော။
အဋ္ဌင်္ဂိကော၊ အဋ္ဌင်္ဂိကသုတ်၎င်း။
ဒသင်္ဂေန စ၊ ဆယ်ပါးသော အင်္ဂါဖြင့်လည်း။
သတ္တမံ၊ ခုနစ်ခုမြောက်။
(ဝုတ္တံ၊ ဟောတော်မူအပ်သော ဒသင်္ဂသုတ်၎င်းတည်း။ )
(သတ္တန္နံ သုတ္တန္တာနံ ဥဒ္ဒါနံ ဟု ရှေ့မှ ဖော််ပြခြင်းသည်၎င်း တတိယော ကမ္မပထဝဂ္ဂေါဟု ဥဒ္ဒါန်းဂါထာ နောက်မှထားခြင်းသည်၎င်း ရှေ့ဝဂ်တို့နှင့် မညီ၊ သို့ဖြစ်၍ တတိယော ကမ္မပထဝဂ္ဂေါ တဿုဒ္ဒါနံဟု ပြင်၍ အနက်သမ္ဗန်လိုက်သည်။ )
တတိယော၊ သော။
ကမ္မပထဝဂ္ဂေါ၊ သည်။
နိဋ္ဌိတော၊ ပြီးပြီ။