Issues
選擇版本
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Nidānavaggo
(SN)Nidānavaggo

၆-ပဉ္စရထသတသုတ်

作者: sāsanāre-သာသနာရေး @ IAPT

၆-ပဉ္စရထသတသုတ်

၁၈၅။ (ရာဇဂဟေ။ ပ။ ကလန္ဒကနိဝါပေ)
တေန ခေါ ပန သမယေန၊ ၌။ အဇာတသတ္တုကုမာရော၊ အဇာတသတ်သတို့သားသည်။ ပဉ္စဟိ ရထသတေဟိ၊ ရထားငါးရာတို့ဖြင့်။ ဒေဝဒတ္တဿ၊ အား။ ဥပဋ္ဌာနံ၊ ဆည်းကပ်ရန် အလို့ငှါ။ (သီလာဃသုတ်အရ ဌာဓာတ်၏ အယှဉ်ဖြစ်သောကြောင့် ‌‌ဒေဝဒတ္တဿပုဒ် သမ္ပဒါန်အနက်ယောဇနာသည်။ ဥပဋ္ဌာနံ နာမ ဥပဂမနံ၊ ရူ။ ဒေဝဒတ္တဿ၊ ၏ ။ ဥပဋ္ဌာနံ၊ အနီး၌ တည်ရန်အလို့ငှါဟူ၍သော်လည်း မောဂ္ဂလ္လာအလိုပေး။ ) သာယံပါတံ၊ ညဉ့်နံနက်တိုင်း။ ဂစ္ဆတိ၊ ၏ ။ ပဉ္စ စ ထာလိပါကသတာနိ၊ ဆွမ်းချက်အိုး ၅၀၀-တို့ကိုလည်း။ ဘတ္တာဘိဟာရော၊ ရှေးရှူပို့ဆောင်အပ်သောဆွမ်းကို။ (အဇာတသတ္တု ကုမာရေန၊ သည်ဟု ကတ္တားပြင်၍လိုက်။ ) အဘိဟရီယတိ၊ ရှေးရှုပို့ဆောင်အပ်၏ ။ (ဤကံ နှစ်ခုရှိရာ ပဌမကံကား ပမာဏပြ အပဓာန သာမညကံ၊ ဒုတိယကံကား ပဓာန ဝိသေသကံတည်း။ ပဓာနကံကိုငဲ့၍ အဘိဟရီယတိဟု ဧကဝစနန္တဖြင့် ရှိသည်။ )
အထ ခေါ၊ ၌။ သမ္ဗဟုလာ၊ များစွာကုန်သော။ ပ။
ဘဂဝန္တံ၊ ကို။
ဧတံ၊ ဤစကားကို။ အဝေါစုံ၊ လျှောက်ကုန်ပြီ။
ဒေဝဒတ္တဿ။ ပ။ အဘိဟရီယတီတိ၊ အဘိဟရီယတိဟူသော။
ဘိက္ခဝေ၊ တို့။ ဒေဝဒတ္တဿ၊ ၏ ။ လာဘသက္ကာရသိလောကံ၊ ကို။ မာ ပိဟယိတ္ထ၊ မတောင့်တကုန်လင့် သီလာဃသုတ်အလို ပိဟဓာတ် အယှဉ်ဖြစ်၍ ဒေဝဒတ္တဿ၊ အားဟု ‌သော်လည်းပေး။ မောဂ္ဂလ္လာန်သျာဒိကဏ္ဍ ၂၅-သုတ်နှင့် အညီ ဤ၌ ပေးသည်။ ။
ဘိက္ခဝေ၊ တို့။ ယာဝကီဝဉ္စ၊ အကြင်မျှလောက်ကာလပတ်လုံးလျှင်။ ဒေဝဒတ္တဿ၊ အား။ ပ။ ဂမိဿတိ၊ သွားလတ္တံ့။ ပ။ အဘိဟရီယိဿတိ၊ ရှေးရှူဆောင်အပ်လတ္တံ့။ (သီသျာမူအတိုင်းပေးလိုက်သည်။ အာဟရီယိဿတိဟု ရှိသည်ကား-အဘိဟရီယတိ ဟူသော ရှေ့စကားနှင့်မညီ။ စူဠဝါ စာပိုဒ် ၃၃၅-၌လည်း အဘိဟရီယိဿတိပင် ရှိ၏ ။ ) ဘိက္ခဝေ၊ တို့။ တာဝကီဝဉ္စ၊ ထိုမျှလောက်ကာလပတ်လုံးလျှင်။ ဒေဝဒတ္တဿ၊ ၏ ။ ကုသလေသု ဓမ္မေသု၊ ကုသိုလ်တရားတို့၌။ ဟာနိယေဝ၊ ဆုတ်ယုတ်ခြင်းကိုသာ။ ပါဋ်ိကင်္ခါ၊ အလိုရှိအပ်၏ ။ ဝုဍ္ဎိ၊ ကြီးပွါးခြင်းကို။ နော၊ အလိုမရှိအပ်။
ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ အံ့။ စဏ္ဍဿ၊ ကြမ်းထန်းသော။ ကုက္ကုရဿ၊ ခွေး၏ ။ နာသာယ၊ နှာခေါင်း (ဖု) ၌။ ပိတ္တံ၊ (ဝံ ငါး) သည်း ခြေကို။ ဘိန္ဒေယျုံ၊ ခွဲကုန်ရာ၏ ။ (ခွေး၏ နှာခေါင်းဖုနား၌ ကပ်၍ ခွဲလိုက်ခြင်းသည် ခွေး၏ သည်းခြေထည့်သွင်းခြင်းပင်တည်း။ ထို့ကြောင့် အဋ္ဌကထာ၌ ပက္ခိပေယျုံဟု ဘာဝတ္ထဖွင့်ဆိုလေသည်။ ) ဧဝံ ဟိ၊ ဤသို့ ပစ်ခွဲအပ်သော်။ သော ကုက္ကုရော၊ ထိုခွေးသည်။ မတ္တာယ၊ ပင်ကိုယ်အတိုင်းအရှည်ထက်။ ဘိယျောသော၊ လွန်စွာ သော၏အစွဲ ကုက္ကုရောဟု ရှေ့၌ပါပြီး ဖြစ်၍ ဘိယျောတပုဒ် သောတပုဒ်မဟုတ် ဘိယျောသောဟု တျက္ခရနိပါတ်ဖြစ်ကြောင်း ထင်ရှား၏ ။ ၎င်းပြင် ဧဝံ ဟိ သော ဘိက္ခဝေဟု ရှိခြင်းသည်လည်း မကောင်းလှ။ ဘိက္ခဝေ မပါသင့်၊ ဣ မူ၌လည်း မရှိ။။ စဏ္ဍတရော၊ ထူးကဲကြမ်းထန်းသည်။ အဿ၊ ဖြစ်ရာ၏ ။
ဘိက္ခဝေ၊ တို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ (ကြွင်းပေးမြဲ။ )
ဆဋ္ဌံ၊ ခြောက်ခုမြောက်သောသုတ်တည်း။