Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Nidānavaggo
(SN)Nidānavaggo

၂-ပထဝီသုတ်

Author: sāsanāre-သာသနာရေး @ IAPT

၂-ပထဝီသုတ်

၁၂၅။ (သာဝတ္ထိယံ ဝိဟရတိ။ အနမတဂ္ဂေါယံမှ သံသရတံအထိ ၁၂၄-စာပိုဒ်အတိုင်းပေး။ )
ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ အံ့။ ပုရိသော၊ သည်။ ဣမံ မဟာပထဝိံ၊ (စကြာဝဠာအဆုံးအပိုင်းအခြားရှိသော) ဤမြေကြီးကို။ ကောလဋ္ဌိမတ္တံ ကောလဋ္ဌိမတ္တံ၊ ဇီးစေ့ခန့် ဇီးစေ့ခန့်ရှိသော။ မတ္တိကာဂုဠိကံ၊ မြေညက်လုံးကို။ ကရိတွာ၊ ပြု၍။ နိက္ခိပေယျ၊ ချထားရာ၏ ။
အယံ၊ ဤသည်ကား။ မေ၊ ငါ၏ ။ ပိတာ၊ အဘတည်း။ အယံ၊ ဤသည်ကား။ မေ၊ ငါ၏ ။ တဿပိတု၊ ထိုအဘ၏ ။ ပိတာတိ၊ အဘတည်းဟူ၍။ ဘိက္ခဝေ၊ တို့။ အယံ မဟာပထဝီ၊ (စကြာဝဠာအဆုံးအပိုင်းအခြားရှိသော) ဤမြေကြီးသည်။ ပရိက္ခယံ၊ ကုန်ခြင်းသို့။ ပရိယာဒါနံ၊ ထက်ဝန်းကျင်မှ ယူပစ်ခြင်းသို့။ အထ ဂစ္ဆေယျ၊ ရောက်သော် ရောက်ရာ၏ ။ တဿ ပုရိသဿ၊ ထိုယောက်ျား၏။ ပိတုပိတရော၊ အဘ၏အဘတို့သည် (အဘအဆက်ဆက်တို့သည်ဟူလို) ။ အပရိယာဒိန္နာဝ၊ ထက်ဝန်းကျင်မှ မယူအပ် မယူနိုင်ကုန်သည်သာ။ အဿု၊ ဖြစ်ကုန်၏ ။ (ကြွင်းမထူး။ )
ဒုတိယံ၊ နှစ်ခုမြောက်သောသုတ်တည်း။