问题
选择版本
CC
language.zh-tw
相似nissaya—小善慧
中文
翻译——小善慧
中文
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Nidānavaggo
(SN)Nidānavaggo

၄-အတ္ထိရာဂသုတ်

作者: sāsanāre-သာသနာရေး @ IAPT

၄-အတ္ထိရာဂသုတ်

၆၄။ (သာဝတ္ထိယံ။ ပ။ အနုဂ္ဂဟာယ-ဝါကျကို နိဒါနသံယုတ် ၁၊ ဗုဒ္ဓဝဂ် ၂-ဝိဘင်္ဂသုတ်၊ ၂-အပိုဒ်ကို ရှု၍ပေး။ )
ဘိက္ခဝေ၊ တို့။ ကဗဠီကာရေ အာဟာရေ၊ ၌။ ရာဂေါ၊ တပ်မက်သောရာဂသည်။ စေ အတ္ထိ၊ အကယ်၍ရှိအံ့။ နန္ဒီ၊ နှစ်သက်တတ်သော နန္ဒီသည်။ စေ အတ္ထိ၊ အံ့။ တဏှာ၊ တောင့်တတတ်သော တဏှာသည်။ စေ အတ္ထိ၊ အံ့။ ဝိညာဏံ၊ ဝိညာဏ်သည်။ တတ္ထ၊ ထိုတေဘူမကဝဋ်၌။ ပတိဋ္ဌိတံ၊ တည်၏ ။ ဝိရူဠှံ၊ စည်ပင်၏ ။
ဝိညာဏံ၊ သည်။ ယတ္ထ၊ အကြင်တေဘူမကဝဋ်၌။ ပတိဋ္ဌိတံ၊ တည်အံ့။ ဝိရူဠှံ၊ ‌စည်ပင်အံ့။ တတ္ထ၊ ထိုတေဘူမကဝဋ်၌။ နာမရူပဿ၊ နာမ်ရုပ်၏ ။ အဝက္ကန္တိ၊ သက်ဆင်းခြင်းသည်။
အတ္ထိ၊ ရှိ၏ ။ ယတ္ထ၊ အကြင်တေဘူမကဝဋ်၌။ နာမရူပဿ၊ ၏ ။ အဝက္ကန္တိ၊ သည်။ အတ္ထိ၊ အံ့။ တတ္ထ၊ ထိုတေဘူမကဝဋ်၌။ သင်္ခါရာနံ၊ တို့၏ ။ ဝုဒ္ဓိ၊ ပွါးခြင်းသည်။
အတ္ထိ၊ ၏ ။ ယတ္ထ၊ အကြင်တေဘူမကဝဋ်၌။ သင်္ခါရာနံ၊ တို့၏ ။ ဝုဒ္ဓိ၊ သည်။ အတ္ထိ၊ အံ့။ တတ္ထ၊ ထိုတေဘူမကဝဋ်၌။ အာယတိံ၊ နောင်အခါ၌။ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ၊ တစ်ဖန်ဘဝ၌ ဖြစ်ခြင်းသည်။
အတ္ထိ၊ ၏ ။ ယတ္ထ၊ အကြင်တေဘူမကဝဋ်၌။ (ယတ္ထာတိ ယသ္မိံ ဌာနေ ဘုမ္မံ။ သဗ္ဗတ္ထ ဝါ ပုရိမပုရိမပဒေ ဧတံ ဘုမ္မံ။ ဋ္ဌ။ ယသ္မိံ ဌာနေတိ ယသ္မိံ ကာရဏေ သတိ-ဋီ ။ ဤဋီအလို-အကြင်အကြောင်းသည်။ သတိ၊ သော်ဟုပေး။ ) အာယတိံ၊ ၌။ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ၊ သည်။ အတ္ထိ၊ အံ့။ တတ္ထ၊ ထိုတေဘူမကဝဋ်၌။ ‌( ထိုအကြောင်းသည်။ သတိ၊ သော်ဟု ဋီအလိုပေး။ ) အာယတိံ၊ ၌။ ဇာတိဇရာမရဏံ၊ သည်။
အတ္ထိ၊ ၏ ။ ဘိက္ခဝေ၊ တို့။ ယတ္ထ၊ အကြင်တေဘူမကဝဋ်၌။ အာယတိံ၊ ၌။ ဇာတိဇရာမရဏံ၊ သည်။ အတ္ထိ၊ အံ့။ တံ၊ ထိုဇာတိဇရာမရဏရှိရာ တေဘူမကဝဋ်ကို။ သသောကန္တိ၊ သောကရှိ၏ဟူ၍။ သဒရန္တိ၊ ပူလောင်ခြင်းရှိ၏ ဟူ၍။ သဥပါယာသန္တိ၊ ပြင်းစွာ ပင်ပန်းခြင်းရှိ၏ ဟူ၍။ ဝဒါမိ၊ ၏ ။
(ဖဿာဟာရ မနောသဉ္စေတနာဟာရ ဝိညာဏာဟာရ ဝါကျတို့၌လည်း ဤနည်းသမ္ဗန်။ )
ဘိက္ခဝေ၊ တို့။ ရဇကော ဝါ၊ ဆေးဆိုပန်းရိုက်ဆရာသည်၎င်း။ စိတ္တကာရကော ဝါ၊ ပန်းချီဆရာသည်၎င်း။ ရဇနာယ ဝါ၊ စွဲသော ဆေးရည်သည်သော်၎င်း။ လာခါယ ဝါ၊ ချိပ်ရည်သည်သော်၎င်း။ ဟလိဒ္ဒိယာ ဝါ၊ နနွင်းရည်သည်သော်၎င်း။ နီလိယာ ဝါ၊ အညိုရောင်ဆေးရည်သည်သော်၎င်း။ မဉ္ဇိဋ္ဌာယ ဝါ၊ မောင်းသောအရောင်ဆေးရည်သည်သော်၎င်း။ သတိ၊ ရှိသော်။ (ရဇနာယ ဝါ၊ ဖြင့်၎င်း။ လာခါယ ဝါ၊ ဖြင့်၎င်း စသည်ဖြင့် ပေးလျှင် အနက်ပို၍ ဖြောင့်၏ ။ သတိသဒ္ဒါပါရှိနေသောကြောင့် ပါဠိရှိတိုင်း လက္ခဏ, လက္ခဏဝန္တ ပေးလိုက်ရသည်။ ) သုပရိမဋ္ဌေ၊ အလွန်ပြေပြစ်ချောမွေ့သော။ ဖလကေ ဝါ၊ ပြင်ချပ်ပေါ်၌သော်၎င်း။ ဘိတ္တိယာ ဝါ၊ နံရံ၌သော်၎င်း။ ဒုဿပဋ္ဋေ ဝါ၊ ပုဆိုးပြားပိတ်ကားပေါ်၌သော်၎င်း။ သဗ္ဗင်္ဂပစ္စင်္ဂံ၊ အလုံးစုံ အင်္ဂါကြီးငယ်နှင့် ပြည့်စုံသော။ ဣတ္ထိရူပံ ဝါ၊ မိန်းမရုပ်ကို၎င်း။ ပုရိသရူပံ ဝါ၊ ယောက်ျားရုပ်ကို၎င်း။ အဘိနိမ္မိနေယျ သေယျထာပိ၊ ဖန်ဆင်းရိုက်နှိပ်ရေးဆွဲရာသကဲ့သို့။
ဘိက္ခ‌ဝေ၊ တို့။ ဧဝမေဝ ခေါ၊ သာလျှင်။ ပ။
သဥပါယာသန္တိ၊ ဟူ၍။ ဝဒါမိ၊ ၏ ။
(‌ဖဿေ။ ပ။ မနောသဉ္စေတနာယ။ ပ။ ဝိညာဏေ။ ပ။ ဝဒါမိ၊ ဝါကျတို့ကိုလည်း ‌ပေယျာလထိုးသည်။)
ဘိက္ခဝေ၊ တို့။ ကဗဠီကာရေ အာဟာရေ၊ ၌။ ရာဂေါ၊ တပ်မက်သောရာဂသည်။ စေ နတ္ထိ၊ အကယ်၍မရှိအံ့။ (ဤသို့စသည်ဖြင့် ပဋိသေဓစကားကို အထူးပြု၍ သမ္ဗန်လေ။ )
ဘိက္ခဝေ၊ တို့။ ကူဋာဂါရံ ဝါ၊ အထွဋ်တစ်ခုတပ်သော အိမ်ကျောင်းသည်၎င်း။ ကူဋာဂါရသာလာ ဝါ၊ အထွဋ်နှစ်ခုတပ်သော ဇရပ်သည်၎င်း ကူဋာဂါရန္တိ ဧကကဏ္ဏိကံ ဂါဟာပေတွာ ကတံ အဂါရံ။ ကူဋာဂါရသာလာယန္တိ ဒွေ ကဏ္ဏိကေ ဂဟေတွာ ကတသာလာ။ ဋ္ဌ ။။ အဿ၊ ရှိရာ၏ ။ (တေသံ၊ ထိုအိမ်ကျောင်းဇရပ်တို့၏ ။ ) ဥတ္တရာယ ဝါ၊ မြောက်ဖက်နံရံ၌၎င်း။ ဒက္ခိဏာယ ဝါ၊ ‌တောင်ဖက်နံရံ၌၎င်း။ ပါစီနာယ ဝါ၊ အရှေ့ဖက်နံရံ၌၎င်း။ ဝါတပါနာ၊ လေသောက်ပြူတင်းတို့သည်။ (အဿု၊ ရှိကုန်ရာ၏ ။ ) (လက်ရှိမူ၌ ကူဋာဂါရသာလံ ဝါ-ဟု ဒုတိယန္တဖြင့် ရှိသော်လည်း အဋ္ဌကထာ၌ ကူဋာဂါရသာလာတိ ဒွေ ကဏ္ဏိကေ ဂဟေတွာ ကတသာလာဟု ရှိသောကြောင့်၎င်း သီ, သျာ, ဣ တို့၌လည်း ကူဋာဂါရသာလာဟုပင် ပဌမန္တဖြင့်ရှိသောကြောင်း၎င်း ကူဋာဂါရသာလာ ဝါ၊ သည်၎င်းဟု ကတွတ္ထ ပြန်ဆိုလိုက်သည်။ ) သူရိယေ၊ နေသည်။ ဥဂ္ဂစ္ဆန္တေ၊ ထွက်လာသည်ရှိသော်။ ဝါတပါနေန၊ (အရှေ့ဖက်)‌ လေသာပြူတင်းဖြင့်။ ရသ္မိ၊ အရောင်သည်။ ပဝိသိတွာ၊ ဝင်၍။ ကွ၊ အဘယ်ဖက်နံရံ၌။ ပတိဋ္ဌိတာ၊ တည်သည် (နေရောင်ထိုးသည်) ။ အဿ၊ ဖြစ်ရာသနည်း။ ဣတိ၊ ဤသို့ မေး‌‌တော်မူ၏ ။
ဘန္တေ၊ မြတ်စွာဘုရား။ ပစ္ဆိမာယံ ဘိတ္တိယံ၊ အနောက်ဖက်နံရံ၌ ။ (ပတိဋ္ဌိတာ၊ သည်။ အဿ၊ ရာ၏ ) ။ ဣတိ၊ ဤသို့ဖြေကုန်၏ ။
ဘိက္ခဝေ၊ တို့။ ပစ္ဆိမာဘိတ္တိ၊ အနောက်ဖက်နံရံသည်။ စေ န အဿ၊ အကယ်၍ မရှိငြားအံ့။ ကွ၊ အဘယ်၌။ ပတိဋ္ဌိတာ၊ သည်။ အဿ၊ နည်း။ ဣတိ၊ ၏ ။
ဘန္တေ၊ ရား။ ပထဝိယံ၊ မြေ၌။ (ပတိဋ္ဌိတာ၊ သည်။ အဿ၊ ၏ ။ ) ဣတိ၊ ဤသို့ ဖြေကုန်၏ ။
ဘိက္ခဝေ၊ တို့။ ပထဝီ၊ မြေသည်။ စေ န အဿ၊ အံ့။ ကွ၊ ၌။ ပတိဋ္ဌိတာ၊ သည်။ အဿ၊ နည်း။ ဣတိ၊ ၏ ။
ဘန္တေ၊ ရား။ အာပသ္မိံ၊ ရေ၌။ (ပတိဋ္ဌိတာ၊ သည်။ အဿ၊ ၏ ။) ဣတိ၊ ကုန်၏ ။
ဘိက္ခဝေ၊ တို့။ အာပေါ၊ ရေသည်။ စေ န အဿ၊ အံ့။ ကွ၊ ၌။ ပတိဋ္ဌိတာ၊ သည်။ အဿ၊ နည်း။ ဣတိ၊ ၏ ။
ဘန္တေ၊ ရား။ အပ္ပတိဋ္ဌိတာ၊ (အဘယ်၌မျှ) မတည်တော့ပါ။ ဣတိ၊ ကုန်၏ ။
ဘိက္ခဝေ၊ တို့။ ဧဝမေဝ ခေါ၊ သာလျှင်။ ပ။
အနုပါယာသန္တိ၊ ပြင်းစွာ ပင်ပန်ခြင်း မရှိဟူ၍။ ဝဒါမိ၊ ၏ ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏ ။ ဣတိ၊ သို့။ သုတံ၊ ပြီ။
စတုတ္ထံ၊ လေးခုမြောက်သောသုတ်တည်း။