၃-၁၀သုဝဏ္ဏနိက္ခစသော ရှစ်သုတ်
၁၆၉။
ဧဝံ၊ သိ့။
စေတသာ၊ ဖြင့်။
စေတော၊ ကို။
ပဇာနာမိ၊ ၏ ။
(ကြွင်းပေးမြဲ။ )
သုဝဏ္ဏနိက္ခဿ၊ ရွှေစင်တနိက္ခဟူသော။
ဟေတုအပိ၊ အကြောင်းကြောင့်လည်း
နိက္ခနှင့်ပတ်သက်၍ ဟေမေ ပဉ္စသုဝဏ္ဏေ စ၊ နိက္ခော နိတ္ထီ ပသာဒနေ ဟူသော အဘိဓာန် ဂဂဂ-ဂါထာ၏အဖွင့်ကို နိဿယသစ်နှင့် သာရတ္ထ ဋီ-၃ နှာ ၂၁၄-ဥပဓျာဓိကိဿရဝစနေသုတ် ရူဋီတို့ကို ရှုလေ။။
သုဝဏ္ဏနိက္ခသတဿ၊ ရွှေစင်နိက္ခတရာဟူသော။
ဟေတု အပိ၊ လည်း။
သိင်္ဂီနိက္ခဿ၊ သိင်္ဂနိက်ရွှေတနိက္ခဟူသော။
ဟေတု အပိ၊ လည်း။
သိင်္ဂီနိက္ခသတဿ၊ သိင်္ဂနိက်ရွှေတရာဟူသော။
ဟေတု အပိ၊ လည်း။
(သိင်္ဂီနှင့်ပတ်သက်၍ သာရတ္ထ ဋီ ၃-နှာ-၂၁၄ရှု။ )
ဇာတရူပပရိပူရာယ၊ ရွှေဖြင့်ပြည့်သော။
ပထဝိယာ၊ မြေကြီးဟူသော။
ဟေတုအပိ၊ လည်း။
အာမိသကိဉ္စိက္ခဟေတုပိ၊ တစ်စုံတစ်ခုသော အာမိသဟူသောအကြောင်းကြောင့်လည်း။
ဇီဝိတဟေတုပိ၊ အသက်ဟူသောအကြောင်းကြောင့်လည်း။
ဇနပဒကလျာဏိယာ၊ ဇနပုဒ်ဝယ် ကောင်းမျိုးကြွယ်သည့် တိုင်းမယ်ဟူသော (ဇနပဒေ ဉတ္တမိတ္ထိယာ၊ ဋ္ဌ။ )
ဣဓ ဘိက္ခဝေ ဘိက္ခု အညတရံ ဂါမံ ဝါ ဥပနိဿာယ ဝိဟရတိ။ ပ။ အညတရံ နိဂမံ။ ပ။ အညတရံ နဂရံ။ ပ။ အညတရံ ဇနပဒံ ဥပနိဿာယ ဝိဟရတိဟူသော မ-၁ စာပိုဒ် ၁၉၅-နှင့် သကလနဂရဉ္စ ဇနပဒေါ စ ဓာတုမဟာဒဿနတ္ထံ သန္နိပတိဟူသော ဝိ ဋ္ဌ ၁၊ ၆၄-စာမျက်နှာတို့ကို ထောက်သောအားဖြင့် ရွာထက်နိဂုမ်း နိဂုမ်းထက်မြို့ထက် ဇနပုဒ်ကကြီးကျယ်ကြောင်း သိသာ၏ ။ ထိုဇနပုဒ်သည်လည်း ခုဒ္ဒကဇနပုဒ် မဟာဇနပုဒ်ဟူ၍ နှစ်မျိုးရှိရာတွင် သေယျထာပိ ဝိသေခေ ယော ဣမေသံ သောဠသန္နံ မဟာဇနပဒါနံ။ ပ။ အင်္ဂါနံ မဂဓာနံ ကာသီနံ ကောသလာနံ စသော တိကင်္ဂုတ္တရ မဟာဝဂ် ဝိသာခဥပေါသထသုတ်လာ တိုင်းကြီး ၁၆-တိုင်းနှင့် ပုံ ဗဟုတ္တေ ကုရုသက္ကာ။ ပ။ သိယုံ ဇနပဒန္တရာဟူသော အဘိဓာန် ၁၈၄-လာ ကုရုသက္က စသော တိုင်းကြီးတို့သည် မဟာ-ဇနပဒတည်း။ ထိုကို ဧကဿ ရညော ရဇ္ဇဘူတကာသိကောသလာဒိမဟာဇနပဒါဟူသော သီ ဋီ နဝ ၂၉၂-စာမျက်နှာဖြင့် ထင်ရှားသိသာ၏ ။ ထိုမှတစ်ပါး ဉတ္တရပထတိုင်း ဒက္ခိဏပထတိုင်းစသည်သည် ခုဒ္ဒကဇနပဒတည်း၊ ထိုကို ဧကဿ ရညော ရဇ္ဇေ ဧကေကကောဋ္ဌာသဘူတာ ဉတ္တရပထ ဒက္ခိဏာ ပထာဒိခုဒ္ဒကဇနပဒါဟူသော အထက်ပါ သီ ဋီ (နဝ) ဖြင့်ပင် သိသာစေပြန်၏ ။ ဤကား ပါဠိ ဋ္ဌ-ဋီ-တို့၏ အဆိုတည်း၊ ၎င်းပါဠိ ဋ္ဌ-ဋီ တို့အဆိုကို ဤခေတ်အသုံးအနှုန်းနှင့်ညှိလျှင် အစိုးရအဖွဲ့တစ်ဖွဲ့ စိုးမိုးအုပ်ချုပ်ရာ မြန်မာ ယိုးဒယား သီဟိုဠ်စသော နိုင်ငံတစ်ခုခုသည် မဟာဇနပဒ၊ ထိုထိုအစိုးရတို့ အုပ်ချုပ်ရာနိုင်ငံတွင် ခရိုင်ဟူ၍၎င်း ပြည်နယ်ဟူ၍၎င်း တိုင်းဟူ၍၎င်း ပိုင်းခြားသတ်မှန်ထားသော ဒေသသည် ခုဒ္ဒကဇနပဒတည်း။ ဤဇနပဒကလျာဏိယာပုဒ်၌ကား ခုဒ္ဒကဟူ၍၎င်း မဟာဟူ၍၎င်း ဝိသေသနမ၍ ဟောတော်မမူရကား နှစ်မျိုးလုံးပင် သက်ဆိုင်၏ ။ ထို့ကြောင့် ဇနပဒကလျာဏိယာပုဒ်၏ အနက်ကို တစ်ခရိုင်လုံးဝယ်ကောင်းမျိုးကြွယ်သည့် မိန်းမဟူသော ဟူ၍၎င်း, တစ်တိုင်းလုံးဝယ် ကောင်းမျိုးကြွယ်သည့် မိမ္မဟူသော ဟူ၍၎င်း, နိုင်ငံလုံးဝယ်ကောင်းမျိုးကြွယ်သည့် မိန်းမဟူသော ဟူ၍၎င်း အနက်ပေးနိုင်သည်သာတည်း။။
ဟေတု အပိ၊ ကြောင့်လည်း။
သမ္ပဇာနမုသာ၊ သိလျက် ချွတ်ယွင်းစကားကို။
ဘာသေယျာတိ၊ ပြောဆိုရာ၏ဟူ၍။
ဒသမံ၊ ဆယ်ခုမြောက်သောသုတ်တည်း။
ဒုတိယော၊ နှစ်ခုမြောက်သော။
ဝဂ္ဂေါ၊ ဝဂ်သည်။
နိဋ္ဌိတော၊ ပြီးပြီ။
တဿ၊ ထိုဒုတိယဝဂ်၏ ။
ဥဒ္ဒါနံ၊ ဥဒ္ဒါန်းကား။
ဒွေ၊ နှစ်ခုကုန်သော။
ပါတိ၊ သုဝဏ္ဏပါတိသုတ် ရူပိယပါတိသုတ်တို့၎င်း။
ဒွေ၊ ကုန်သော။
သုဝဏ္ဏနိက္ခာ၊ သုဝဏ္ဏနိက္ခသုတ် သုဝဏ္ဏနိက္ခသတသုတ်တို့၎င်း။
အပရေ၊ တစ်ပါးသော။
ဒုဝေ၊ နှစ်ခု ကုန်သော။
သိင်္ဂီ၊ သိင်္ဂီနိက္ခသုတ် သိင်္ဂီနိက္ခသတသုတ်၎င်း။
ပထဝီ၊ ပထဝီသုတ်၎င်း။
ကိဉ္စိက္ခဇီဝိတံ၊ အာမိသကိဉ္စိက္ခသုတ် ဇီဝိတသုတ်၎င်း။
ဇနပဒကလျာဏိယာ၊ ဇနပဒကလျာဏီသုတ်နှင့်တကွ။
ဒသ၊ တစ်ဆယ်သုတ်၎င်းတည်း။
ဣတိ၊ ဤသည်တည်း။