Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Catukkanipātapāḷi
Catukkanipātapāḷi

5. Ambasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ အမ္ဗာနိ၊ သရက်သီးတို့သည်။ ဣမာနိ စတ္တာရိ၊ ဤလေးမျိုးတို့တည်း။
စတ္တာရိ၊ လေးမျိုးတို့ဟူသည်။ ကတမာနိ၊ အဘယ် တို့နည်းဟူမူ။
အာမံ၊ အတွင်း၌ စိမ်းသည်။ ဝါ၊ မမှည့်သေးသည်။ (ဟုတွာ၊ ဖြစ်၍။) ပက္ကဝဏ္ဏိ ၁။ပက္ကဝဏ္ဏိ(ဏ္ဏီ) ၌ ဣဤ။ ။ ပက္ကဿ ပက္ကအမ္ဗဿ ဝဏ္ဏော ပက္ကဝဏ္ဏော၊ ပက္ကဝဏ္ဏော ဝိယ ဝဏ္ဏောတိ ပက္ကဝဏ္ဏော၊ သော အဿ အတ္ထီတိ ပက္ကဝဏ္ဏိ။ နဂိုမူလက အဿတ္ထိ ဤပစ္စည်းသက်ခဲ့သော် လည်း သိဝိဘတ်ဖြင့် ရုပ်ပြီးသောအခါ အမ္ဗသဒ္ဒါ ၏ နပုလ္လိင်သို့လိုက်၍ “သုခကာရိ ဒါနံ”၌ကဲ့သို့ “ပက္ကဝဏ္ဏိ” ဟု ဣရဿရုပ်ရှိရ၏။ ထို့နောက်တဖန် အာမော ပက္ကဝဏ္ဏီ စသည်၌ကား ပုဂ္ဂလသဒ္ဒါ၏ပုလ္လိင်သို့ လိုက်၍ “သုခကာရီ ပုဂ္ဂလော”၌ကဲ့သို့ ဤဒီဃဖြင့် ပါဌ်ရှိရ၏။ ၊ အပြင်၌ မှည့်သော သရက်သီး၏ အရောင်အဆင်းနှင့်တူသော အရောင်အဆင်းရှိသော။ ဝါ၊ အသီးမှည့် အရောင်အဆင်းရှိသော။ (အမ္ဗံ၊ သရက်သီးလည်းကောင်း။) ပက္ကံ၊ အတွင်း၌ မှည့်သည်။ ( ဟုတွာ။) အာမဝဏ္ဏိ၊ အပြင်၌ စိမ်းသော သရက်သီး၏ အရောင်အဆင်းနှင့်တူသောအရောင်အဆင်းရှိသော။ ဝါ၊ အသီးစိမ်း အရောင်အဆင်းရှိသော။ (အမ္ဗံ၊ သရက်သီးလည်းကောင်း။) အာမံ၊ အတွင်း၌ စိမ်းသည်။ (ဟုတွာ။) အာမဝဏ္ဏိ၊ သော။ ဝါ၊ သော။ (အမ္ဗံ၊ လည်းကောင်း။) ပက္ကံ၊ သည်။ (ဟုတွာ။) ပက္ကဝဏ္ဏိ၊ သော။ ဝါ၊ သော။ ( အမ္ဗံ၊ သရက်သီးလည်းကောင်းတည်း)။ ပ။
အမ္ဗူပမာ၊ သရက်သီး ဥပမာ ရှိကုန်သော။ ပုဂ္ဂလာ။ ပ။
အာမော၊ အတွင်း၌ စိမ်းသည်။ ဝါ၊ အတွင်း၌စိမ်းသော ပုထုဇဉ် ပုဂ္ဂိုလ်သည်။ (ဟုတွာ။) ပက္ကဝဏ္ဏီ၊ အပြင်၌ အသီးမှည့် အရောင်အဆင်းရှိသော။ ဝါ၊ မှည့်ရင့်သော အရိယာပုဂ္ဂိုလ်၏အရောင်အဆင်းနှင့်တူသေ အရောင်အဆင်းရှိသော။ (ပုဂ္ဂလော၊ သရက်သီးနှင့်တူသော ပုဂ္ဂိုလ်လည်းကောင်း။) ပက္ကော၊ အတွင်း၌ မှည့်သည်။ ဝါ၊ မှည့်ရင့်သော အရိယာပုဂ္ဂိုလ်သည်။ (ဟုတွာ။) အာမဝဏ္ဏီ၊ အသီးစိမ်း အရောင်အဆင်းရှိသော။ ဝါ၊ စိမ်းသော ပုထုဇဉ်၏အရောင်အဆင်းနှင့် တူသော အရောင်အဆင်းရှိသော။ (ပုဂ္ဂလော၊ သရက်သီးနှင့်တူသော ပုဂ္ဂိုလ်လည်းကောင်း။) အာမော၊ အတွင်း၌ စိမ်းသည်။ ဝါ၊ အတွင်းစိမ်း ပုထုဇဉ်သည်။ ( ဟုတွာ။) အာမဝဏ္ဏီ၊ အသီးစိမ်း အရောင်အဆင်းရှိသော။ ဝါ၊ အတွင်းစိမ်း ပုထုဇဉ်၏ အရောင်အဆင်း နှင့်တူသောအရောင်အဆင်းရှိသော။ (ပုဂ္ဂလော၊ လည်းကောင်း။) ပက္ကော၊ သည်။ ဝါ၊ သည်။ (ဟုတွာ။) ပက္ကဝဏ္ဏီ၊ အသီးမှည့် အရောင်အဆင်းရှိသော။ ဝါ၊ မှည့်ရင့်သောအရိယာပုဂ္ဂိုလ်၏ အရောင်အဆင်းနှင့်တူသော အရောင်အဆင်းရှိသော။ (ပုဂ္ဂလော၊ လည်းကောင်းတည်း။)
ဘိက္ခဝေ၊ တို့။ ကထဉ္စ၊ အဘယ်နည်း အဘယ်ပုံအားဖြင့်။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ အာမော၊ အတွင်း၌ စိမ်းသည်။ ဝါ၊ အတွင်းစိမ်း ပုထုဇဉ်သည်။ (ဟုတွာ။) ပက္ကဝဏ္ဏီ၊ အသီးမှည့် အရောင်အဆင်းရှိသည်။ ဝါ၊ အသီးမှည့်အရောင်အဆင်းရှိသော သရက်သီးနှင့်တူသည်။ ဝါ၊ မှည့်ရင့်သော အရိယာပုဂ္ဂိုလ်၏ အရောင်အဆင်းနှင့်တူသော အရောင်အဆင်းရှိသည်။ ဟောတိ၊ ဖြစ်သနည်းဟူမူ။ ပ။
ဘိက္ခဝေ၊ တို့။ ဧဝံ၊ ဤနည်းဤပုံအားဖြင့်။ ( ဤသို့အပြင်အပ၌ ပါသာဒိက အဘိက္ကန္တစသော အမူအရာရှိ၍ အတွင်း၌ သစ္စာလေးပါးကို ထိုးထွင်းမသိခြင်းအားဖြင့်။) ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ အာမော၊ အတွင်း၌ စိမ်းသည်။ ဝါ၊ အတွင်းစိမ်း ပုထုဇဉ်သည်။ (ဟုတွာ။) ပက္ကဝဏ္ဏီ၊ အသီးမှည့်အရောင်အဆင်းရှိသည်။ ဝါ၊ အသီးမှည့်အရောင်အဆင်းရှိသော သရက်သီးနှင့်တူသည်။ ဝါ၊ မှည့်ရင့်သော အရိယာပုဂ္ဂိုလ်၏ အရောင်အဆင်းနှင့်တူသော အရောင်အဆင်းရှိသည်။ ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။ အာမံ၊ အတွင်း၌စိမ်းသည်။ ( ဟုတွာ။) ပက္ကဝဏ္ဏိ၊ အပြင်၌အသီးမှည့် အရောင်အဆင်းရှိသော။ တံ အမ္ဗံ သေယျထာပိ၊ ထိုသရက်သီးကဲ့သို့။ ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်ကို။ (အပြင်၌ ပါသာဒိကအဘိက္ကန္တ အစရှိသော အရိယာပုဂ္ဂိုလ်တို့ အမူ အရာ အရောင်အဆင်းနှင့်ပြည့်စုံ၍ အတွင်း၌မူ သစ္စာလေးပါးကို သိ မြင်သော ဉာဏ်မရှိသဖြင့်စိမ်းစိုသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို။) တထူပမံ၊ (အတွင်း၌စိမ်း၍ အပြင်၌အသီးမှည့် အရောင်အဆင်းရှိ သော) ထို သရက်သီးဥပမာရှိ၏ဟူ၍။ အဟံ၊ သည်။ ဝဒါမိ၊ ၏။
ဘိက္ခဝေ၊ တို့။ ကထဉ္စ၊ ဖြင့်။ ပုဂ္ဂလော၊ သည်။ ပက္ကော၊ အတွင်း၌မှည့်သည်။ ဝါ၊ မှည့်ရင့်သော အရိယာပုဂ္ဂိုလ်သည်။ (ဟုတွာ။) အာမဝဏ္ဏီ၊ အပြင်၌ အသီးစိမ်း အရောင်အဆင်းရှိသည်။ ဝါ၊ အပြင်၌ အသီးစိမ်းအရောင်အဆင်းရှိသော သရက်သီးနှင့်တူသည်။ ဝါ၊ စိမ်းသော ပုထုဇဉ်ပုဂ္ဂိုလ်၏အရောင်အဆင်းနှင့်တူသော အရောင်အဆင်းရှိသည်။ ဟောတိ၊ နည်းဟူမူ။ ပ။
ဘိက္ခဝေ၊ တို့။ ဧဝံ၊ ဖြင့်။ (ဤသို့ အပြင်၌ ပါသာဒိက အဘိက္ကန္တ စသော အမူအရာ အထူး တလည် မရှိသော်လည်း အတွင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိ သော ဉာဏ်ရှိခြင်းအားဖြင့်။) ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ပက္ကော၊ အတွင်း၌မှည့်သည်။ ဝါ၊ မှည့်ရင့်သော အရိယာပုဂ္ဂိုလ်သည်။ ( ဟုတွာ။) အာမဝဏ္ဏီ၊ အပြင်၌အသီးစိမ်း အရောင်အဆင်းရှိသည်။ ဝါ၊ အပြင်၌ အသီးစိမ်း အရောင်အဆင်းရှိသော သရက်သီးနှင့်တူသည်။ ဝါ၊ စိမ်းသော ပုထုဇဉ်၏ အရောင်အဆင်းနှင့်တူ သော အရောင် အဆင်းရှိသည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပက္ကံ၊ အတွင်း၌ မှည့်ရင့်သည်။ (ဟုတွာ။) အာမဝဏ္ဏိ၊ အပြင်၌ အသီးစိမ်း အရောင်အဆင်းရှိသော။ တံ အမ္ဗံ သေယျထာပိ၊ ကဲ့သို့။ ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်ကို။ (အပြင်၌ ပါသာဒိက အဘိက္ကန္တ အစရှိသော အရိယာပုဂ္ဂိုလ်တို့ အမူအရာ အရောင်အဆင်း (အထူးတလည်)မရှိသော်လည်း အတွင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိသောဉာဏ်ရှိသဖြင့်မှည့်ရင့်သော ဤအရိယာပုဂ္ဂိုလ်ကို။) တထူပမံ၊ (အတွင်း၌မှည့်၍ အပြင်၌အသီးစိမ်း အရောင်ရှိသော) ထိုသရက်သီး ဥပမာရှိ၏ဟူ၍။ အဟံ ဝဒါမိ။
ဘိက္ခဝေ၊ တို့။ ကထဉ္စ၊ ဖြင့်။ ပုဂ္ဂလော၊ သည်။ အာမော၊ အတွင်း၌စိမ်းသည်။ ဝါ၊ အတွင်းစိမ်း ပုထုဇဉ်သည်။ (ဟုတွာ။) အာမဝဏ္ဏီ၊ အပြင်၌အသီးစိမ်း အရောင်အဆင်းရှိသည်။ ဝါ၊ အပြင်၌ စိမ်းသော သရက်သီးနှင့်တူသည်။ ဝါ၊ စိမ်းသော ပုထုဇဉ်၏ အရောင်နှင့်တူ သော အရောင်အဆင်းရှိ သည်။ ဟောတိ၊ ဟူမူ။ ပ။
ဘိက္ခဝေ၊ တို့။ ဧဝံ၊ ဖြင့်။ (ဤသို့အပြင်၌လည်းပါသာဒိက အဘိက္ကန္တ စသော အမူအရာမရှိ ခြင်း, အတွင်း၌လည်း သစ္စာလေးပါးကို ထိုးထွင်းသိသောဉာဏ်မရှိ ခြင်းအားဖြင့်)။ ပ။
ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ကို။ (အပြင်၌လည်း ပါသာဒိက အဘိက္ကန္တ အစရှိသော အမူအရာ အရောင်အဆင်းမရှိ အတွင်း၌လည်း သစ္စာလေးပါးကို ထိုးထွင်းသိသော ဉာဏ်မရှိ၍အတွင်းပြင်ပ နှစ်ဌာနလုံး စိမ်းသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို။) တထူပမံ၊ (အတွင်းစိမ်း, အပြင်စိမ်းဖြစ်သော) ထို သရက်သီးဥပမာရှိ၏ဟူ၍။ အဟံ ဝဒါမိ။ ပ။
ဘိက္ခဝေ၊ တို့။ ဧဝံ၊ ဤနည်းဤပုံအားဖြင့်။ (ဤသို့ အပြင်၌လည်း ပါသာဒိက အဘိက္ကန္တ အစရှိသော အမှုအရာရှိခြင်း, အတွင်း၌လည်း သစ္စာလေးပါးကိုထိုးထွင်းသိမြင်သော ဉာဏ်ရှိခြင်းအားဖြင့်။) ပုဂ္ဂလော၊ သည်။ ပက္ကော၊ အတွင်း၌ မှည့်ရင့်သည်။ ဝါ၊ အတွင်း၌ မှည့်ရင့်သော အရိယာပုဂ္ဂိုလ်သည်။ (ဟုတွာ၊ ဖြစ်၍။) ပက္ကဝဏ္ဏီ၊ အပြင်၌ မှည့်ရင့်သော သရက်သီးအရောင်အဆင်းရှိ သည်။ ဝါ၊ အသီးမှည့် အရောင်အဆင်းရှိသော သရက်သီးနှင့်တူသည်။ ဝါ၊ မှည့်ရင့်သော အရိယာပုဂ္ဂိုလ်၏ အရောင်အဆင်းနှင့်တူသော အရောင်အဆင်းရှိသည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ပက္ကံ၊ အတွင်း၌ မှည့်ရင့်သည်။ (ဟုတွာ။) ပက္ကဝဏ္ဏိ၊ အပြင်၌ အသီးမှည့်အရောင်အဆင်းရှိသော။ တံ အမ္ဗံ သေယျထာပိ၊ ထို သရက်သီးကဲ့သို့။ ဘိက္ခဝေ၊ တို့။ ဣမံ ပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်ကို။ (အပြင်၌လည်း ပါသာဒိကအဘိက္ကန္တစသော အမူအရာ အရောင် အဆင်းရှိ၍ အတွင်း၌လည်း သစ္စာလေးပါးကို သိမြင်သော ဉာဏ်ရှိသဖြင့် အတွင်းပြင်ပ နှစ်ဌာနလုံးပင် မှည့်ရင့်သောဤအရိယာပုဂ္ဂိုလ်ကို။) တထူပမံ၊ ( အတွင်းမှည့် အပြည့်မှည့်သော) ထိုသရက်သီးဥပမာရှိ၏ဟူ၍။ အဟံ ဝဒါမိ။ ပ။
ပဉ္စမံ။