Issues
選擇版本
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Catukkanipātapāḷi
Catukkanipātapāḷi

6. Sarāgasuttaṃ

作者: sāsanāre-သာသနာရေး @ IAPT

သရာဂေါ၊ ရာဂနှင့်တကွဖြစ်သော ပုဂ္ဂိုလ်လည်း ကောင်း။ သဒေါသော၊ ဒေါသနှင့် တကွဖြစ်သော ပုဂ္ဂိုလ်လည်းကောင်း။ သမောဟော၊ မောဟနှင့်တကွဖြစ်သော ပုဂ္ဂိုလ်လည်းကောင်း။ သမာနော၊ မာနနှင့်တကွဖြစ်သော ပုဂ္ဂိုလ်လည်းကောင်းတည်း။ ပ။
ရဇနီယေသု၊ တပ်မက်ဖွယ်အာရုံတို့၌။ သာရတ္တာ၊ ပြင်းထန်စွာ တပ်မက်ကြကုန်သော။ ပိယရူ ပါဘိနန္ဒိနော၊ ချစ်ဖွယ်သဘောကို လွန်စွာနှစ်သက်ကြကုန်သော။ မောဟေန၊ မောဟသည်။ အာဝုတာ၊ ပိတ်ဆီးအပ်ကုန်သော။ ဗဒ္ဓါ၊ နှောင်ဖွဲ့အပ်ကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ဗန္ဓနံ၊ သံယောဇဉ်အနှောင်အဖွဲ့ကို။ ဝဍ္ဎေန္တိ၊ တိုးပွားစေကုန်၏။
အဝိဒ္ဒသူ၊ မသိနားမလည်သူတို့သည်။ ရာဂဇံ စ၊ ရာဂကြောင့်လည်းဖြစ်သော။ ဒေါသဇဉ္စာပိ၊ ဒေါသကြောင့်လည်းဖြစ်သော။ မောဟဇဉ္စာပိ၊ မောဟကြောင့်လည်းဖြစ်သော။ သဝိဃာတံ၊ ပင်ပန်းဆင်းရဲခြင်းနှင့် တကွဖြစ်သော။ ဒုခုဒြယံ၊ နောင်အခါ၌ ဒုက္ခကို တိုးပွားစေတတ်သော။ အကုသလံ၊ အကုသိုလ်ဖြစ်သော။ ကမ္မံ၊ ကံကို။ ကရောန္တိ၊ ပြုလုပ်ကြကုန်၏။
အဝိဇ္ဇာနိဝုတာ၊ အဝိဇ္ဇာသည် ပိတ်ဆီးအပ်ကုန်သော။ အန္ဓဘူတာ၊ အကန်းဖြစ်နေကြကုန်သော။ အစက္ခုကာ၊ ပညာမျက်စိ မရှိကြကုန်သော။ ပေါသာ၊ သတ္တဝါတို့သည်။ ယထာ၊ အကြင် အခြင်းအရာအားဖြင့်။ ဓမ္မာ၊ ရာဂအစရှိသော တရားတို့သည်။ (ဌိတာ၊ တည်ရှိနေကုန်၏။) တထာ၊ ထိုရာဂစသည်တည်ရှိနေခြင်းဟူ သော အခြင်းအရာအားဖြင့်။ သန္တာ၊ ဖြစ်နေကြပါကုန်လျက်။ ဧဝံ ဣတိ၊ ငါတို့ ဤသို့ဤပုံ ဖြစ်‌ နေကြကုန်၏ ဟူ၍။ တဿ၊ ထိုရာဂစသည်တို့ဖြစ်ပွားနေခြင်းသဘောကို။ န မညရေ၊ မဆင်ခြင် မအောက်မေ့နိုင်ကြကုန်။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ။) [ တဿပုဒ်၌ သဝိဘတ်ကို ဥပယောဂတ္ထ ကြံလိုက်သည်။] ဆဋ္ဌံ။