ဘိက္ခဝေ၊ တို့။
ဝစီဒုစ္စရိတာနိ၊ ဝစီဒုစ္စရိတ်တို့သည်။
ဝါ၊ ဝစီဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ်
စေတနာတို့သည်။
ဣမာနိ စတ္တာရိ၊ ဤလေးမျိုးတို့တည်း။
ပ။
မုသာဝါဒေါ၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းလည်းကောင်း။
ဝါ၊ မဟုတ်မမှန်သော စကားကိုပြောဆိုကြောင်း စေတနာလည်း
ကောင်း။
[ တိကနိပါတ် စာပိုဒ်(၇၁)နှင့်(၁၁၈) သုတ်၊ ဒုတိယအကြိမ်ရိုက်နှိပ်
သော ပထမတွဲနိဿယ၊ နှာ-၄၇၇၊၄၇၈၊၅၇၉လည်းကြည့်။]
ပိသုဏာ၊ ညီညွတ်နေသူတို့ကို စိတ်ဝမ်းကွဲပြားစေတတ်သော။
ဝါစာ၊ ကုန်းတိုက်စကားလည်းကောင်း။
ဝါ၊ ကုန်းတိုက်စကား၏ အကြောင်းရင်းစေတနာ လည်းကောင်း။
ဖရုသာ၊ ကြမ်းတမ်းသော။
ဝါစာ၊ စကားလည်းကောင်း။
ဝါ၊ စကား၏အကြောင်းရင်းစေတနာလည်းကောင်း။
သမ္ဖပ္ပလာပေါ၊ စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော အနက်
အဓိပ္ပာယ်ကင်းမဲ့သော အကြောင်းအရာကို ပြောဆိုကြောင်း
စေတနာလည်းကောင်းတည်း။
[ ဤစတုက္ကနိပါတ်စာပိုဒ် (၅၄)ဒုတိယသံဝါသသုတ်လည်းကြည့်]။
ပ။
အဋ္ဌမံ။