Issues
Chọn phiên bản
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Catukkanipātapāḷi
Catukkanipātapāḷi

1. Indriyasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ ရဟန်းတို့။ ဣန္ဒြိယာနိ၊ ဣန္ဒြေတို့သည်။ ဝါ၊ (သမ္ပယုတ်တရားတို့အပေါ်၌ စိုးမိုးအုပ်စီး) အကြီးအကဲဖြစ်သော တရားတို့သည်။ ဣမာနိ စတ္တာရိ၊ ဤလေးပါးတို့တည်း။
စတ္တာရိ၊ လေးပါးတို့ဟူသည်။ ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
သဒ္ဓိန္ဒြိယံ၊ သဒ္ဓိန္ဒြေလည်းကောင်း။ ဝါ၊ သဒ္ဓါဟူသော အကြီးအကဲလည်းကောင်း။ ဝါ၊ မိမိ၏ ယုံကြည်ခြင်းကိစ္စ၌ လိုက်ပါလာအောင် သမ္ပယုတ်တရားတို့အပေါ်၌ စိုးမိုးအုပ်စီး အကြီး အကဲဖြစ်သော သဒ္ဓါလည်းကောင်း။ ဝီရိယိန္ဒြိယံ၊ ဝီရိယိန္ဒြေလည်းကောင်း။ ဝါ၊ ဝီရိယဟူသော အကြီးအကဲလည်းကောင်း။ ဝါ၊ မိမိ၏ ကြိုးစားအားထုတ်ခြင်းကိစ္စ၌ လိုက်ပါလာအောင် သမ္ ယုတ်တရားတို့အပေါ်၌ စိုးမိုးအုပ်စီး အကြီးအကဲဖြစ်သော ဝီရိယ လည်းကောင်း။ သတိန္ဒြိယံ၊ သတိန္ဒြေလည်းကောင်း။ ဝါ၊ သတိဟူသော အကြီးအကဲလည်းကောင်း။ ဝါ၊ မိမိ၏ အောက်မေ့ အမှတ်ရခြင်းကိစ္စ၌ လိုက်ပါလာအောင် သမ္ပယုတ်တရားတို့အပေါ်၌ စိုးမိုးအုပ်စီး အကြီးအကဲဖြစ်သော သတိ လည်းကောင်း။ သမာဓိန္ဒြိယံ၊ သမာဓိန္ဒြေလည်းကောင်း။ ဝါ၊ သမာဓိဟူသော အကြီးအကဲ လည်းကောင်း၊ ဝါ၊ မိမိ၏ တည်ကြည်ခြင်းကိစ္စ၌ လိုက်ပါလာအောင် သမ္ပယုတ် တရားတို့အပေါ်၌ စိုးမိုးအုပ်စီး အကြီးအကဲဖြစ်သော သမာဓိလည်းကောင်း။ (ဣတိ၊ ဤသည်တို့တည်း။) ဘိက္ခဝေ၊ တို့။ ဣန္ဒြိယာနိ၊ တို့သည်။ ဣမာနိ စတ္တာရိ၊ တို့တည်း။ ဣတိ၊ ဤသို့ ။ (အဝေါစ၊ မိန့်တော်မူပြီ။)
ပဌမံ။