ဘိက္ခဝေ၊ တို့။
အာဘာ၊ ထွန်းလင်းတတ်သော အရောင်တို့သည်။
ဣမာ စတဿော၊ ဤလေးမျိုးတို့တည်း။
စတ ဿော၊ လေးမျိုးတို့ဟူသည်။
ကတမာ၊ အဘယ်တို့နည်းဟူမူ။
စန္ဒာဘာ
၁။**စန္ဒာဘာ**။ ။ “စန္ဒဿ အာဘာ စန္ဒာဘာ– လ၏ အရောင်ဟူ၍ လနှင့်အရောင်ကို တခြားစီမယူရ။ “စန္ဒောဝ အာဘာ စန္ဒာဘာ၊ လသည်ပင်လျှင်တောက်ပတတ်သော အရောင်”ဟူ၍ တစ်မျိုးတည်း
ပေါင်း၍ ဆိုရသည်။ သူရိယာဘာ, စန္ဒပ္ပဘာစသည်တို့၌လည်း ဤ
နည်းပင်။ အာဘာသနဝသေန စန္ဒောဝ စန္ဒာဘာ။ ပ။ ပဘာသနဝသေန စန္ဒောဝ စန္ဒပ္ပဘာ။ အဋ္ဌကထာ။
၊ လဟူသော ထွန်းလင်းတတ်သောအရောင်လည်းကောင်း။
ဝါ၊ လရောင် လည်းကောင်း။
သူရိယာဘာ၊ နေတည်းဟူသော ထွန်းလင်းတတ်သော အရောင်
လည်းကောင်း။
ဝါ၊ နေရောင်လည်းကောင်း။
အဂ္ဂါဘာ၊ မီးဟူသောထွန်းလင်းတတ်သော အရောင်လည်းကောင်း။
ဝါ၊ မီးရောင်လည်းကောင်း။
ပညာဘာ၊ ပညာတည်းဟူသော ထွန်းလင်းတတ်သော အရောင်လည်းကောင်းတည်း။
ဝါ၊ ပညာအရောင် လည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
အာဘာ၊ တို့သည်။
ဣမာ စတဿော၊ တည်း။
ဘိက္ခဝေ၊ တို့။
စတဿန္နံ၊ လေးမျိုးကုန်သော။
ဣမာသံ အာဘာနံ၊ ဤအရောင်တို့တွင်။
ယဒိဒံ (ယာ အယံ) ပညာဘာ၊ အကြင် ပညာအရောင်သည်။
(အတ္ထိ၊ ရှိ၏။)
ဧတံ (ဧသာ ပညာဘာ)၊ ဤပညာအရောင်သည်။
အဂ္ဂံ(အဂ္ဂါ)၊ အမြတ်ဆုံး အရောင်ပေတည်း။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ။)
[တနည်း– ဘိက္ခဝေ၊ တို့။
စတဿန္နံ၊ ကုန်သော။
ဣမာသံ အာဘာနံ၊ တို့တွင်။
ယဒိဒံ (ယာ အယံ) ပညာဘာ၊ သည်။
( အတ္ထိ၊ ရှိ၏။)
ဧတံ ( ဧသာ ပညာဘာ)၊ သည်။
စတဿန္နံ၊ ကုန်သော။
ဣမာသံ အာဘာနံ၊ ဤအရောင်တို့ထက်။
အဂ္ဂံ( အဂ္ဂါ)၊ အမြတ်ဆုံးအရောင်ပေတည်း။
ဣတိ(အဝေါစ)။
စတုန္နံနေရာ၌ အာဘာပုဒ်နှင့် ဣတ္ထိလိင်ချင်းတူအောင် “စတဿ
န္နံ”ဟု ရှိသင့်၏။]
ပဌမံ။