အထ ခေါ၊ ၌။
မလ္လိကာ၊ မလ္လိကာမည်သော။
ဒေဝီ၊ မိဖုရားသည်။
ပ။
ဘန္တေ၊ အရှင်ဘုရား။
ယေန၊ အကြင်အကြောင်းကြောင့်။
ဣဓ၊ ဤလောက၌။
ဧကစ္စော၊ အချို့ သော။
မာတုဂါမော၊ မိန်းမသည်။
ဒုဗ္ဗဏ္ဏာ စ၊ မတင့်တယ်သော အဆင်းရှိသည်လည်း။
ဝါ၊ အဆင်းမလှ အရုပ်ဆိုးသည်လည်း။
ဒဿနာယ၊ ကြည့်ရှုခြင်းငှာ။
ဒုရူပါ၊ မတင့်တယ်သော အသွင် သဏ္ဌာန်ရှိသည်။
သူပါပိကာ၊ အလွန် ယုတ်ညံ့ဆိုးဝါးသည်။
ဟောတိ၊ ၏။
ဒလိဒ္ဒါ စ၊ ဥစ္စာမဲ့မွဲဆင်းရဲသည်လည်း။
အပ္ပဿကာ၊ မိမိကိုယ်ပိုင်ဥစ္စာ မရှိသည်။
[ နတ္ထိ သကံဧတိဿာတိ အပ္ပဿကာ။]
အပ္ပဘောဂါ၊ ကာမဂုဏ် စည်းစိမ်နှင့် အခြံအရံဘဏ္ဍာမရှိသည်။
( ခံစားဖွယ်ရာ ငါးဖြာအာရုံ ကာမ ဂုဏ်စည်းစိမ်နှင့် ဆင်မြင်းရထားစသော အခြံအရံဘဏ္ဍာ မရှိသည်။)
ဟောတိ၊ ၏။
အပ္ပေသက္ခာ စ၊ (အခြံအရံရှားပါး၍) နည်းပါး သော တန်ခိုး ရှိန်စော် အာနုဘော်ရှိသည်လည်း
၁။**အပ္ပေသက္ခာ မဟေသက္ခာ**။ ။ ဤသတိ အဘိဘဝတီတိ ဤသာ၊ စိုးမိုးအုပ်ချုပ်သူ၊ အပ္ပါ ဤသာ အပ္ပေသာ= နည်းပါးသေး
နုပ်သော စိုးမိုးအုပ်ချုပ်သူ၊ အပ္ပေသာတိ အက္ခာတဗ္ဗာတိ အပ္ပေသ
က္ခာ၊ နည်းပါးသေးနုပ် ယုတ်နိမ့်သောအုပ်စိုးသူဟု ဆိုထိုက်သူ။
မဟတီ ဤသာ မဟေသာ၊ ကြီးမားမြင့် မြတ်သော အုပ်စိုးသူ၊
မဟေသာဣတိ အက္ခာတဗ္ဗာတိ မဟေသက္ခာ၊ ကြီးမားမြင့်မြတ်
သောအုပ်စိုးသူဟု ပြောဆိုထိုက်သူ။ ဤအတိုင်း ဝိဂြိုဟ်အနက်
သဒ္ဒတ္ထဖြစ်၏။
။
ဟောတိ၊ ၏။
သော ပစ္စယော၊ ထိုအကြောင်းပစ္စည်းသည်။
ကော၊ အဘယ်ပါနည်း။
ဘန္တေ၊ ရား။
ပန၊ ထို့အပြင်။
ယေန၊ အကြင်အကြောင်းကြောင့်။
ဣဓ၊ ၌။
ဧကစ္စော ။
ပ။
အဍ္ဎာ စ၊ ဥစ္စာ ကြွယ်ဝ၍ အစိုးရသည်လည်း။
မဟဒ္ဓနာ၊ များသောနေ့စဉ်သုံးစွဲစရာ ဥစ္စာရှိသည်။
မဟာဘောဂါ၊ များသော ကာမဂုဏ်စည်းစိမ်နှင့်အခြံအရံ ဘဏ္ဍာရှိ
သည်။
ဟောတိ၊ ၏။
မဟေသက္ခာ စ၊ (အခြံအရံ ပေါများ၍) ကြီးမား သော တန်ခိုးရှိန်စော် အာနုဘော်ရှိသည်လည်း။
ဟောတိ၊ ၏။
သော ဟေတု၊ ထိုအကြောင်း ဟိတ်သည်။
( ထိုအရုပ် ဆိုးဝါး, ဥစ္စာများ၍တန်ခိုးကြီးမားခြင်း၏ အကြောင်း
ဟိတ်သည်။)
ကော၊ အဘယ်ပါနည်း။
သော ပစ္စယော၊ ထိုအကြောင်းပစ္စည်း သည်။
ကော၊ အဘယ်နည်း။
ပ။
အဘိရူပါ စ၊ လွန်ကဲသော အဆင်းရှိသည်လည်း။
ဝါ၊ အလွန်အဆင်းလှသည်လည်း။
ဒဿနီယာ၊ ကြည့်ရှုသင့် ကြည့်ရှုထိုက်သည်။
ဝါ၊ ကြည့်ရှုချင်ဖွယ် တင့်တယ်သည်။
ပါသာဒိကာ၊ (ကြည့်ရှုရခြင်းဖြင့်) စိတ်ကို ကြည်လင်စေတတ်သည်။
ပရမာယ၊ မွန်မြတ်သန့်ရှင်းသော။
ဝဏ္ဏပေါက္ခရတာယ၊ အဆင်း၏ ကောင်းမွန်လှပသည်အဖြစ်နှင့်။
ဝါ၊ တင့်တယ်ဝင်းပ, အဆင်းလှ၍, ကိုယ်ကာယသဏ္ဌာန် ပုံစံကျန်သည်အဖြစ်နှင့်။
[ စာပိုဒ် (၈၅) တမောတမသုတ် လည်းကြည့်။]
သမန္နာဂတာ၊ ပြည့်စုံသည်။
ဟောတိ၊ ၏ ။
ပ။
အပ္ပေသက္ခာ စ၊ လည်း။
ဟောတိ၊ ၏။
သော ဟေတု၊ ထိုအကြောင်းဟိတ်သည်။
( ထိုရုပ်ဆင်းလှပ, ဓနမူရှား, တန်ခိုးနည်းပါးခြင်း၏ အကြောင်း
ဟိတ်သည်။)
ကော နုခေါ၊ နည်း။
သော ပစ္စယော၊ သည်။
ကော၊ နည်း။
ဘန္တေ၊ ရား။
ပန၊ ထို့အပြင်။
ယေန၊ အကြင်အကြောင်းကြောင့်။
ဣဓ၊ ၌။
ဧကစ္စော။
ပ။
မဟေသက္ခာ စ၊ သည်လည်း။
ဟောတိ၊ ၏။
သော ဟေတု၊ သည်။
( ထိုရုပ်ဆင်းလှပ, ဓနပေါများ, တန်ခိုးကြီးမားခြင်း၏ အကြောင်းသည်။)
ကော၊ နည်း။
သော ပစ္စယော၊ သည်။
ကော၊ နည်း။
ဣတိ၊ ဤသို့။
(အဝေါစ၊ လျှောက်ပြီ။)
မလ္လိကေ၊ မလ္လိကာ။
ဣဓ၊ ဤလောက၌။
ဧကစ္စော၊ သော။
မာတုဂါမော၊ သည်။
ကောဓနော၊ စိတ်ဆိုးလေ့ရှိသည်။
ဝါ၊ ဒေါသကြီးသည်။
ဥပါယာသဗဟုလော၊ များသော ပြင်းထန်စွာ စိတ်ပင်ပန်းခြင်း ရှိ
သည်။
ဟောတိ၊ ၏။
အပ္ပမ္ပိ၊ အနည်းငယ်သော စကားကိုသော်မျှလည်း။
ဝုတ္တာ၊ ပြောဆိုအပ်သည်။
သမာနာ၊ ဖြစ်လသော်။
အဘိသဇ္ဇတိ၊ ဒေါသဖြင့် ငြိတွယ်၏။
(ဒေါသအစွမ်းဖြင့် ဆူးကောက်ကဲ့သို့ ငြိတွယ်၏။)
ကုပ္ပတိ၊ အမျက်ထွက်၏။
ဗျာပဇ္ဇတိ၊ ဖောက်ပြန်ခြင်းသို့ ရောက်၏။
ပတိတ္ထီယတိ၊ ဒေါသအစွမ်းဖြင့် ကြမ်းတမ်းခက်ထန်၏။
[ တိကနိပါတ်စာပိုဒ် (၂၅) ဒုတိယအကြိမ်ရိုက် ပထမတွဲ နိဿယ၊ နှာ-၂၆၄၊ ၂၆၅၊ ၀ဇိရူပမသုတ်လည်းကြည့်။]
ကောပဉ္စ၊ စိတ်ဆိုးခြင်းကိုလည်းကောင်း။
ဒေါသဉ္စ၊ အမျက်ဒေါသကို လည်းကောင်း။
အပ္ပစ္စယဉ္စ၊ မနှစ်သက်မှု ဒေါမနဿကို လည်းကောင်း။
ဝါ၊ ပီတိသောမနဿမဖြစ်နိုင်ကြောင်း ဒေါမနဿကိုလည်းကောင်း။
ပါတုကရောတိ၊ ထင်ရှားပြု၏။
သာ၊ ထိုမိန်းမသည်။
သမဏဿ ဝါ၊ ရဟန်းအားလည်းကောင်း။
ဗြာဟ္မဏဿ ဝါ၊ ဗြာဟ္မဏ သူတော်ကောင်းအားလည်းကောင်း။
အန္နံ၊ ခဲဖွယ်ဘောဇဉ်ကိုလည်းကောင်း။
ပါနံ၊ အဖျော်ကိုလည်းကောင်း။
ဝတ္ထံ၊ အဝတ်သင်္ကန်းကိုလည်းကောင်း။
ယာနံ၊ ယာဉ်ကိုလည်းကောင်း။
(ထီး, ဖိနပ်, လှည်းရထား ပေါင်းချုပ်, ထမ်းစင် အစရှိသောလမ်းခရီးအသုံးအဆောင်ဖြစ်သော ယာဉ်ကိုလည်းကောင်း။)
မာလာ, ဂန္ဓ, ဝိလေပနံ၊ ပန်း, နံ့သာ, နံ့သာပျောင်းကိုလည်းကောင်း။
သေယျာ, အာဝသထ, ပဒီပေယျံ၊ အိပ်ရာခင်း, နေရာအိမ်, မီးထွန်း
စရာ မီးဆာ မီးခွက်ဆီကိုလည်းကောင်း။
[ တိကနိပါတ်စာပိုဒ် (၁၃) အာသံသသုတ်လည်းကြည့်။]
ဒါတာ၊ ပေးလှူသည်။
န ဟောတိ၊ မဖြစ်။
ပန၊ ထိုမှတစ်ပါး။
ဣဿာမနိကာ၊ ငြူစူခြင်းနှင့် ယှဉ်တွဲသောစိတ်ရှိသည်။
ဟောတိ၊ ၏။
ပရ+ လာဘ+ သက္ကာရ+ ဂရုကာရ+ မာနန+ ဝန္ဒန+ ပူဇနာသု၊
သူတစ်ပါးတို့ + ပစ္စည်းလာဘ်ရရှိခြင်း+ ကောင်းစွာ ပြုစုခံရခြင်း+ အလေးဂရုပြုခံရခြင်း+ မြတ်နိုးခံရခြင်း + ရှိခိုးခံရခြင်း+ ပူဇော်ခံရခြင်းတို့ ၌။
ဣဿတိ၊ ငြူစူ၏။
ဥပဒုဿတိ၊ စိတ်ဓာတ်ဖောက်ပြား ပြစ်မှား၏။
ဣဿံ၊ ငြူစူခြင်းကို။
ဗန္ဓတိ၊ ဖွဲ့နှောင်၏။
သာ၊ ထိုမိန်းမသည်။
တတော၊ ထိုဘဝမှ။
စုတာ၊ သေလွန်သည်။
(ဟုတွာ၊ ဖြစ်၍။)
ဣတ္ထတ္တံ၊ ဤလူ့ဘဝသို့။
စေ အာဂစ္ဆတိ၊ အကယ်၍ ရောက်လာအံ့။
(ဧဝံ သတိ၊ ဤသို့ ရောက်လာသည် ဖြစ်လသော်။)
သာ၊ ထိုမိန်းမသည်။
ယတ္ထ ယတ္ထ၊ အကြင်အကြင်ဘဝ၌။
ပစ္စာဇာယတိ၊ ဖြစ်၏။
( တတ္ထ တတ္ထ၊ ထိုထိုဖြစ်ရာဘဝ၌။)
ဒုဗ္ဗဏ္ဏာ စ၊ သည်လည်း။
ပ။
မလ္လိကေ၊ မလ္လိကာ။
ပန၊ အရုပ်ဆိုးရွား, ဥစ္စာများ၍ တန်ခိုးကြီးမားခြင်း၏အကြောင်း
ကား။
ဣဓ၊ ၌။
ပ။
အနိဿာမနိကာ၊ ငြူစူခြင်းနှင့် ယှဉ်တွဲသော စိတ်မရှိသည်။
ဟောတိ၊ ၏။
ပ။
န ဣဿတိ၊ မငြူစူ။
န ဥပဒုဿတိ၊ မဖောက်ပြား မပြစ် မှား။
ဣဿံ၊ ကို။
န ဗန္ဓတိ၊ မနှောင်ဖွဲ့။
ပ။
မလ္လိကေ၊ မလ္လိကာ။
ပန၊ လှပဆင်းဝါ, ဥစ္စာမူရှား, တန်ခိုးနည်းပါးခြင်း၏အကြောင်း
ကား။
ဣဓ၊ ၌။
ဧကစ္စော၊ သော။
မာတုဂါမော၊ သည်။
အက္ကောဓနာ၊ စိတ်ဆိုးလေ့မရှိသည်။
ဝါ၊ ဒေါသမကြီးသည်။
အနုပါယာသ ဗဟုလာ၊ များသော ပြင်းထန်စွာ စိတ်ပင်ပန်းခြင်း မရှိသည်။
ဟောတိ၊ ၏။
ဗဟုမ္ပိ၊ များစွာသော စကားကိုသော်မှလည်း။
ဝုတ္တာ၊ သည်။
သမာနာ၊ သော်။
နာဘိသဇ္ဇတိ၊ ဒေါသဖြင့် မစွဲကပ် မငြိတွယ်။
န ကုပ္ပတိ၊ အမျက်မထွက်။
န ဗျာပဇ္ဇတိ၊ ဖောက်ပြန်ခြင်းသို့မရောက်။
န ပတိတ္ထီယတိ၊ ဒေါသအစွမ်းဖြင့် မကြမ်းတမ်း မခက်ထန်။
ကောပဉ္စ၊ ကိုလည်းကောင်း။
ပ။
န ပါတုကရောတိ၊ ထင်ရှားမပြု။
သာ၊ ထိုမိန်းမသည်။
ပ။
အပ္ပေသက္ခာ စ၊ သည်လည်း။
ဟောတိ၊ ၏။
မလ္လိကေ၊ ကာ။
ပန၊ လှပဆင်းဝါ, ဥစ္စာပေါများ, တန်ခိုးကြီးမားခြင်း၏အကြောင်းကား။
ဣဓ၊ ၌။
ဧကစ္စော၊ သော။
မာတုဂါမော၊ သည်။
အက္ကောဓနာ၊ သည်။
ပ။
[ “ အယံ ခေါ မလ္လိကေ ဟေတု အယံ ပစ္စယော၊ ယေန မိဓေကစ္စော ” စသည်သို့သွားအံ့။]
မလ္လိကေ၊ ကာ။
ယေန၊ အကြင် အကြောင်းကြောင့်။
ဣဓ၊ ၌။
ဧကစ္စော။
ပ။
အပ္ပေသက္ခာ စ၊ သည်လည်း။
ဟောတိ၊ ၏။
သော ဟေတု၊ ထိုအကြောင်းသည်။
( ထိုအရုပ်ဆိုးဝါး, ဥစ္စာရှား၍ တန်ခိုးနည်းပါးခြင်း၏အကြောင်း
သည်။)
အယံ ခေါ၊ ဤသည်ပင်တည်း။
( ဤသို့ ဒေါသကြီးခြင်းသူတော်ကောင်းတို့အား
မလှူဒါန်း မပေးကမ်းခဲ့ခြင်း, မနာလိုငြူစူစိတ်ရှိခြင်းပင်တည်း။)
သော ပစ္စယော၊ ထိုအကြောင်းပစ္စည်းသည်။
အယံ၊ ဤသည်ပင်တည်း။
မလ္လိကေ၊ ကား။
ပန၊ ထိုမှတစ်ပါး။
ယေန၊ ကြောင့်။
ဣဓ၊ ၌။
ဧကစ္စော၊ သော။
ပ။
မဟေသက္ခာ စ၊ သည်လည်း။
ဟောတိ၊ ၏။
သော ဟေတု၊ ထိုအကြောင်းသည်။
( ထို အရုပ်ဆိုးဝါး, ဥစ္စာများ၍ တန်ခိုးကြီးမားခြင်း၏ အကြောင်း
သည်။)
အယံ၊ ဤသည်ပင်တည်း။
( ဤသို့ ဒေါသကြီးခြင်း သူတော်ကောင်းတို့အား လှူဒါန်းခဲ့ဖူးခြင်း,
မနာလို ငြူစူစိတ် မရှိခြင်းပင်တည်း)။
ပ။
[ကျန်နောက်နှစ်မျိုးအတွက် အကျယ်ဖွင့် အနက် သိနိုင်လောက်ပြီ။
ဒေါသကြီးခြင်းကြောင့် အရုပ်ဆိုး အဆင်းမလှ ဖြစ်ရ၏။
မလှူဒါန်းခဲ့ခြင်းကြောင့် ဥစ္စာမွဲသူ ဖြစ်ရ၏။
မနာလိုငြူစူခြင်းကြောင့် တန်ခိုးနည်းပါးသူဖြစ်ရ၏။
ဒေါသမကြီးခြင်းကြောင့် အဆင်းလှ ရုပ်ချောသူ ဖြစ်ရ၏စသည်
ဖြင့် သိပါလေ။]
ဧဝံ၊ ဤသို့။
ဝုတ္တေ၊ မြတ်စွာဘုရား ဟောတော်မူအပ်လသော်။
ပ။
ဘန္တေ၊ ရား။
နူန၊ အမှန်တကယ်ပင်။
[နူန+ အဟံ] ယာ အဟံ၊ အကြင်တပည့်တော်မသည်။
အညံ၊ အခြားသော။
ဇာတိံ၊ ဘဝ၌။
ဝါ၊ ဘဝတုန်းက။
ကောဓနာ၊ သည်။
ဥပါယာသဗဟုလာ၊ သည်။
အဟောသိံ၊ ဖြစ်ခဲ့ပါပြီ။
ပ။
အဘိသဇ္ဇိံ၊ ဒေါသဖြင့် စွဲကပ်ငြိတွယ်ခဲ့ပါပြီ။
ကုပ္ပိံ၊ အမျက်ထွက်ခဲ့ပါပြီ။
ပ။
ပါတွာကာသိံ၊ ထင်ရှားပြုခဲ့ပါပြီ။
ဘန္တေ၊ ရား။
( တေန၊ ထိုသို့ ရှေးဘဝတုန်းကဒေါသကြီးခဲ့ခြင်းကြောင့်။)
သာဟံ၊ ထိုတပည့်တော်မသည်။
ဧတရဟိ၊ ယခုအခါ၌။
ဒုဗ္ဗဏ္ဏာ၊ သည်။
ဒဿနာယ၊ ငှာ။
ဒုရူပါ၊ သည်။
သုပါပိကာ၊ သည်း။
(ဟောမိ၊ ဖြစ်နေပါ၏)။
ပ။
ဘန္တေ၊ ရား။
သာဟံ၊ သည်။
( တေန၊ ထိုသို့ရှေးဘဝတုန်းက လှူဒါန်းခဲ့ဖူးခြင်းကြောင့်။)
ဧတရဟိ၊ ၌။
အဍ္ဎာ၊ သည်။
မဟဒ္ဓနာ၊ သည်။
မဟာဘောဂါ၊ သည်။
ဟောမိ၊ ၏။
ပ။
န ဣဿိံ၊ မငြူစူခဲ့ပါ။
န ဥပဒုဿိံ၊ မဖောက်ပြား မပြစ်မှားခဲ့ပါ။
ဣဿံ၊ ကို။
န ဗဒ္ဓိံ၊ မနှောင်ဖွဲ့ခဲ့ဖူးပါ။
ဘန္တေ၊ ရား။
သာဟံ၊ သည်။
( တေန၊ ထိုသို့ ရှေးဘဝတုန်းကမနာလိုငြူစူစိတ်
မဖြစ်ခဲ့ဖူးခြင်းကြောင့်။)
ဧတရဟိ၊ ၌။
မဟေသက္ခာ၊ သည်။
(ဟောမိ၊ ဖြစ်နေပါ၏)။
ဘန္တေ၊ ရား။
ဣမသ္မိံ ရာဇကုလေ၊ ဤမင်းမျိုး၌။
ဝါ၊ ဤ မင်းနန်းတော်၌။
ခတ္တိယကညာပိ၊ မင်းမျိုး သတို့သမီးတို့သည်လည်းကောင်း။
ဗြာဟ္မဏ ကညာပိ၊ ပုဏ္ဏားမျိုး သတို့သမီးတို့သည် လည်းကောင်း။
ဂဟပတိ ကညာပိ၊ အိမ်ရှင်ကုန်သည် လယ်သမား အမျိုးသမီးတို့သည်လည်းကောင်း။
သန္တိ၊ ရှိပါကုန်၏။
အဟံ၊ တပည့်တော်မသည်။
တာသံ၊ ထိုအမျိုးသမီးတို့၏။
ဣဿရာ ဓိပစ္စံ၊ စိုးမိုးအုပ်ချုပ်သူအကြီးအကဲ ၏အဖြစ်ကို။
ကာရေမိ၊ ပြုလုပ်စေပါ၏။
ဘန္တေ၊ ရား။
ဧသာဟံ၊ ထိုတပည့်တော်မသည်။
အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။
အက္ကောဓနာ၊ သည်။
အနုပါယာသဗဟုလာ၊ သည်။
ဘဝိဿာမိ၊ ဖြစ်ပါတော့အံ့။
ပ။
နာဘိသဇ္ဇိဿာမိ၊ ဒေါသဖြင့် မငြိတွယ်ပါတော့အံ့။
န ကုပ္ပိဿာမိ၊ အံ့။
ပ။
န ပါတုကရိဿာမိ၊ အံ့။
သမဏဿ ဝါ၊ အားလည်းကောင်း။
ပ။
သေယျာဝသထပဒီပေယျံ၊ ကို။
ဒဿာမိ၊ ပေးလှူ ပါအံ့။
ပ။
န ဣဿိဿာမိ၊ မငြူစူပါအံ့။
ပ။
ဣဿံ၊ ကို။
န ဗန္ဓိဿာမိ၊ မနှောင်ဖွဲ့ပါအံ့။
ပ။
သတ္တမံ။