Issues
Chọn phiên bản
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Catukkanipātapāḷi
Catukkanipātapāḷi

4. Uṭṭhānaphalasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

ဥဋ္ဌာနဖလူပဇီဝီ၊ ထကြွလုံ့လ ဝီရိယ၏ အကျိုးကိုသာမှီ၍အသက် မွေးသော။ န ကမ္မဖလူပဇီဝီ၊ ကုသိုလ်ကံ၏ အကျိုးကိုမှီ၍ အသက်မွေးရသည် မဟုတ်သော။ (ပုဂ္ဂလော၊ ပုဂ္ဂိုလ်လည်းကောင်း။) [ တစ်နေကုန် တစ်နေခန်း ကြိုးပမ်းအားထုတ်လုပ် ကိုင်ခြင်းကြောင့် ဝီရိယအကျိုး အနည်းငယ်မျှ ခံစားရ၍ ကုသိုလ်ကံအကျိုး မခံစားရသော လူဆင်းရဲများတည်း။] ကမ္မဖလူပဇီဝီ၊ ကုသိုလ်ကံအကျိုးကိုသာ မှီ၍ အသက်မွေးသော။ န ဥဋ္ဌာန ဖလူပဇီဝီ၊ ထကြွလုံ့လဝီရိယ၏ အကျိုးကိုမှီ၍ အသက် မွေးသည် မဟုတ်သော။ ( ပုဂ္ဂလော၊ ပုဂ္ဂိုလ်လည်းကောင်း။) [ ဤသုတ် အဋ္ဌကထာ၌ စတုမဟာရာဇ်နတ်မှစ၍ အားလုံးသော နတ်ဗြဟ္မာတို့ကို ယူထား၏။ သို့သော် ပုဂ္ဂလပညတ်ပါဠိတော် (၁၅၈)၌မူ ပရနိမ္မိတ ဝသဝတ္တီနတ်မှစ၍ အထက်ဗြဟ္မာ တို့ကို သာ ဤဒုတိယ ပုဂ္ဂိုလ်စာရင်း၌ သွင်းယူ ဟောထားတော်မူပါသည်။] ဥဋ္ဌာနဖလူပဇီဝီ စေဝ၊ ထကြွလုံ့လ ဝီရိယ၏ အကျိုးကိုလည်း မှီ၍ အသက်မွေးသော။ ကမ္မဖလူပဇီဝီ စ၊ ကုသိုလ်ကံ၏ အကျိုးကိုလည်း မှီ၍အသက်မွေး သော။ ( ပုဂ္ဂလော၊ လည်းကောင်း။) [ ဤသုတ် အဋ္ဌကထာ၌ မင်းနှင့် မင်း၏အမတ်ကြီး စသည်ကိုယူ၏။ ပုဂ္ဂလပညတ်အဋ္ဌကထာ (၇၇) ၌ကား ပုညဝန္တဖြစ်သော မင်းပုဏ္ဏားစသော လူများနှင့် ဘုမ္မစိုးနတ်မှစ၍ နိမ္မာနရတိနတ်တိုင်အောင် ဤတတိယပုဂ္ဂိုလ်၌ သွင်းယူ၏။] နေဝ ဥဋ္ဌာန ဖလူပဇီဝီ၊ ထကြွလုံ့လ ဝီရိယ၏ အကျိုးကိုလည်းမှီ၍ အသက်မွေးသည်မဟုတ်သော။ န ကမ္မဖလူပဇီဝီ၊ ကုသိုလ်ကံ၏ အကျိုးကိုလည်းမှီ၍ အသက်မွေး သည် မဟုတ်သော။ ( ပုဂ္ဂလော၊ ပုဂ္ဂိုလ်လည်းကောင်းတည်း။) [ ငရဲဘုံသား များတည်း]။ ပ။
စတုတ္ထံ။