Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Catukkanipātapāḷi
Catukkanipātapāḷi

5. Upavāṇasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

အာဝုသောသာရိပုတ္တ၊ ငါ့ရှင်သာရိပုတြာ။ ဝိဇ္ဇာယ၊ အသိဉာဏ်ဝိဇ္ဇာဖြင့်။ (ဒိဗ္ဗစက္ခုဉာဏ်, ပုဗ္ဗေနိဝါသာနုဿတိဉာဏ် အစရှိသော ဝိဇ္ဇာသုံး ပါး, ဝိဇ္ဇာရှစ်ပါးဖြင့်။) အန္တ ကရော၁။** ဤသုတ်ဆိုလိုရင်းအဓိပ္ပါယ်**။ ။ အန္တကရ၊ ဝဋ်ဒုက္ခအားလုံး၏ အဆုံးကို (ဝဋ်ဒုက္ခအားလုံး ကုန်ဆုံးအောင်) ပြုပြီးသော ပုဂ္ဂိုလ် (ရဟန္တာပုဂ္ဂိုလ်)။ ဤသုတ်၌ အမေးအဖြေအားလုံးကို ခြုံကြည့်လိုက်သောအခါ–
မေး။ ။ ငါ့ရှင် …...ဝိဇ္ဇာစရဏဖြင့် ဝဋ်ဒုက္ခအားလုံးကုန်‌ဆုံးအောင်ပြုပြီးသူ ( အန္တ ကရပုဂ္ဂိုလ်) ဖြစ်နိုင်ပါသလား ဖြေ။ ။ နော ဟိဒံ အာဝုသော၊ မဖြစ်နိုင်ဘူးငါ့ရှင်၊ ( စရဏသမ္ပန္နော) ယထာဘူတံ ဇာနံ ပဿံ အန္တကရော ဟောတိ= (စရဏနှင့်ပြည့်စုံသူ သည်) အဖြစ်မှန်သဘောအတိုင်း (မဂ်ပညာဖြင့်) သိမြင်ပြီးမှသာ ဝဋ် ဒုက္ခအားလုံးကုန်ဆုံးအောင်ပြုပြီးသူ (အန္တ ကရပုဂ္ဂိုလ်) ဖြစ်နိုင်တယ်။
ဤသည်ပင်လျှင် အရေးပါဆုံးသော အမေးအဖြေဖြစ်၏။ အဋ္ဌကထာ၌ “မဂ္ဂပညာယဇာနိတွာ ပဿိတွာ”ဟူ၍ မဂ္ဂပညာယပုဒ် ထည့်စွက်ဖွင့်ပြထား၏။ ထိုမဂ္ဂပညာဟူသည်လည်း ဝိဇ္ဇာရှစ်ပါး၌ပါဝင်သော အာသဝက္ခယဉာဏ်ပင်တည်း။
ထို့ကြောင့် ပါဠိတော်နှင့် အဋ္ဌကထာကို ဆက်စပ်လိုက်သောအခါ “ထို မဂ်ပညာဟူသော အာသဝက္ခယဉာဏ်ဝိဇ္ဇာဖြင့်လည်း အန္တကရ
ပုဂ္ဂိုလ် မဖြစ်နိုင်၊ စရဏနှင့် ပြည့်စုံသောသူသည် ထိုအာသဝက္ခယ ဉာဏ်ဝိဇ္ဇာဖြင့် အဖြစ်မှန်သဘောအတိုင်း သိမြင်ပြီးမှသာ အန္တ ကရပုဂ္ဂိုလ် ဖြစ်နိုင်သည်ဟု” ဆိုလိုရင်း စဉ်းစားမိ၏။ ဥပမာအားဖြင့် “လှေ ဖြင့် ဟိုဘက်ကမ်းရောက်နိုင်ပါသလား”ဟု မေးသောအခါ “ မရောက် နိုင်ဘူး မိတ်ဆွေ၊ လှေရှိသူဟာ အဲဒီလှေဖြင့် ဖြောင့်ဖြောင့်တန်းတန်း ဖြတ်ကူးပြီးမှသာ ဟိုဘက်ကမ်းရောက်နိုင်တယ်” ဟု ဖြေဆိုသည်နှင့် တူလေသလောဟု တွေးတော့မိ၏။
သို့သော် ဤနိဿယကျမ်းရေးသူသည် ဤသုတ်အဓိပ္ပါယ်ကို ဤမျှ သာ သဘောပေါက်နိုင်သောကြောင့် အားရကျေနပ်မှု မရှိသေးပါ၊ ထို့ကြောင့် ပရိယတ်, ပဋိပတ် နှစ်ရပ်လုံး၌ ရဟန်းရှင်လူအများ၏ လေး စားခြင်းခံရသော ဆရာတော်ကြီးများအား မေးလျှောက်ဖူး၏။ ဆရာတော်ကြီးတစ်ပါးက–
ဝိဇ္ဇာစရဏဖြင့် အန္တကရဖြစ်နိုင်ပါသလားဟု မေးလျှင် (ဖြေရိုးဖြေစဉ်အတိုင်းဖြေပါက) ဖြစ်နိုင်သည်ဟုပင် ဖြေရမှာပဲ၊ သို့ပေမဲ့ ဤသုတ်မှာ နောဟိဒံ (မဖြစ်နိုင်)ဟု အရှင်သာရိပုတြာက ဖြေဆိုထားသောကြောင့်အဲဒီအဖြေ၌ ရည်ရွယ်ချက် (သန္ဓာယဘာသိတ) တစ်ခုခု ရှိကောင်းရှိပါလိမ့်မည်၊ ထိုရည်ရွယ်ချက်ကိုအဋ္ဌကထာ၌ ဖွင့်ပြမထားသောကြောင့် စိတ်ကျေနပ် အောင် မဖြေဆိုနိုင်ပါ။ဝိဇ္ဇာစရဏဖြင့် ကိလေသာဒုက္ခမျှကိုသာ ကုန်ခန်းအောင်ပြုနိုင်၍ ရုပ်နာမ်ခန္ဓာ ဝဋ်ဒုက္ခအားလုံး ကုန်ဆုံးအောင် မပြုနိုင်သည်ကိုရည်ရွယ်၍ “နော ဟိဒံ” ဟု ဖြေဆိုတာ ဖြစ် ကောင်းဖြစ်ပါလိမ့်မည်ဟု ထိုဆရာတော်ကြီး အမိန့်ရှိတော်မူ၏။ ဤသုတ် အမေးအဖြေများနှင့် အနည်းငယ် နီးစပ်သော မူလပဏ္ဏာသ ရထဝိနီတသုတ်အမေးအဖြေ (နှာ– ၂၀၁) များ ရှိသေး၏၊ သို့သော် ၎င်းတို့မှာ ပေါ်လွင်ထင်ရှားလှသောကြောင့် သဘောပေါက်လွယ်ပါသည်။
အတ္တနှင့်ဆိုင်မဆိုင်မေးခွန်း။ ။ ယခင်ရှေးနှစ်သုတ်တုန်းက “ ဆန္နံအာဝုသော။ ပ။ ကိဉ္စိ” စသော မေးခွန်းတို့သည် အသက်ရှင်အတ္တ ကောင်, အတ္တဝါဒနှင့်ဆိုင်သော မေးခွန်းများဖြစ်သော်လည်း ဤဥပဝါဏသုတ်က မေးခွန်းများကားထိုမေးခွန်းမျိုးမဟုတ်ပေ၊ အတ္တကောင်, အတ္တဝါဒနှင့်ဆိုင်သော မေးခွန်းများကားမဖြေဆိုဘဲထားရသော ဌပနီယပဉှခေါ် မေးခွန်းများဖြစ်၏၊ ထို့ကြောင့် ယခင်သုတ်နှစ်သုတ်တုန်းက “ မာဟေဝံ အာဝုသော၊ ဒီလိုမမေးပါနဲ့ငါ့ရှင်” ဟု တားမြစ်၏။ ထို့အတူ “ တံ ဇီဝံ တံ သရီရံ= အသက်ရှင်အတ္တကောင်နှင့် ကိုယ်ကောင်သည်အတူတူပဲလော၊ သဿတော အတ္တာ စ လောကော စ= အတ္တ ကောင်နှင့်လောကသည် မြဲသလော” ဟု မေးလျှင်လည်း “ အဗျာကတံ ဧတံ မယာ၊ ဒီလိုမေးခွန်းမျိုးကို ငါမဖြေဆို” ဟု ငြင်း ပယ်၏၊ မဖြေဆိုဘဲထား၏။ ဤဥပဝါဏသုတ် ၌ကား “ ကိံနုခေါ အာဝုသော ဝိဇ္ဇာယ အန္တကရော ဟောတိ= အသိ ဉာဏ်ဝိဇ္ဇာဖြင့်ဝဋ်ဒုက္ခကုန်ဆုံးအောင် ပြုသူဖြစ်နိုင်ပါ သလား” ဟု မေး၍ “ နော ဟိဒံအာဝုသော= မဖြစ်နိုင်ဘူးငါ့ရှင်” ဟု ဖြေ၏၊ ထိုအမေးအဖြေကား ဝိဇ္ဇာစရဏနှင့်သာသက်ဆိုင်၍ အတ္တကောင်, အတ္တဝါဒနှင့် လုံးဝမသက်ဆိုင်၊ ထို့ကြောင့် ကိံနုခေါဘန္တေ ဣမိနာ မဂ္ဂေန ဂစ္ဆန္တော ရွှေတိဂုံစေတိယံ ပါပုဏေယျ (ဒီလမ်းကသွားလျှင်ရွှေတိဂုံစေတီတော်သို့ ရောက်နိုင်ပါသလား အရှင်ဘုရား) ဟုမေး၍ နောဟိဒံ အာဝုသော (မရောက် နိုင်ပါဘူးငါ့ရှင်) ဟု ဖြေဆို ခြင်းမျိုးသာ ဖြစ်သည်။
၊ ဝဋ်ဒုက္ခဟူသမျှ၏ မဖြစ်လုံးလုံး အဆုံးကိုပြုသောသူသည်။ ဟောတိ ကိံ နုခေါ၊ ဖြစ်နိုင်ပါသလော။ ဣတိ၊ ဤသို့။ (အဝေါစ၊ မေးမြန်းပြီ။)
အာဝုသော၊ ငါ့ရှင်ဥပဝါဏ။ ဣဒံ၊ ဤအသိဉာဏ်ဝိဇ္ဇာဖြင့် ဝဋ်ဒုက္ခဟူသမျှ၏ မဖြစ်လုံးလုံး အဆုံးကို ပြုသူဖြစ်ခြင်းသည်။ နော ဟိ (ဟောတိ) မဖြစ်နိုင်ပါ။ (ဣတိ၊ ဤသို့။ အဝေါစ၊ ဖြေဆိုပြီ။)
အာဝုသော သာရိပုတ္တ၊ တြာ။ စရဏေန၊ အကျင့်စရဏဖြင့်။ (အကျင့် စရဏ တဆယ့်ငါးပါးဖြင့်။) အန္တ ကရော၊ သည်။ ဟောတိ ကိံ ပန၊ ဖြစ်နိုင်ပါသလော။ ဣတိ၊ သို့။ ( အဝေါစ၊ မေးမြန်းပြီ။) [ စရဏ (၁၅)ပါးနှင့် ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါးတို့ကို ဋီကာကြည့်။]
အာဝုသော၊ ငါ့ရှင်။ ဣဒံ၊ ဤအကျင့်စရဏဖြင့် ဝဋ်ဒုက္ခဟူသမျှ၏ မဖြစ်လုံးလုံး အဆုံးကိုပြုသူဖြစ်ခြင်းသည်။ နော ဟိ ( ဟောတိ)၊ ပါ။ (ဣတိ၊ သို့။ အဝေါစ၊ ဖြေဆိုပြီ။)
အာဝုသော သာရိပုတ္တ၊ တြာ။ ဝိဇ္ဇာစရဏေန၊ အသိဉာဏ်ဝိဇ္ဇာ, အကျင့်စရဏဖြင့်။ ပ။
အာဝုသော၊ ရှင်။ ဣဒံ၊ ဤဝိဇ္ဇာစရဏဖြင့် ဝဋ်ဒုက္ခဟူသမျှ၏မဖြစ်လုံးလုံး အဆုံးကိုပြုသူ ဖြစ်ခြင်းသည်။ ပ။
ဝိဇ္ဇာစရဏေန၊ နှင့်။ အညတြ၊ ကင်းကွာ၍။ အန္တ ကရော။ ပ။
အာဝုသော၊ ရှင်။ ဣဒံ၊ ဤဝိဇ္ဇာစရဏနှင့် ကင်းကွာ၍ ဝဋ်ဒုက္ခဟူသမျှ၏ မဖြစ်လုံး လုံး အဆုံးကိုပြုသူဖြစ်ခြင်းသည်။ နော ဟိ (ဟောတိ) မဖြစ်နိုင်ပါ။ ( ဣတိ အဝေါစ။)
“ကိံနုခေါ။ ပ။ ဟောတီတိ၊ ကိ နုခေါ။ ပ။ ဟောတိ” ဟူ ၍။ ဣတိ၊ ဤသို့။ ပုဋ္ဌော၊ မေးမြန်းအပ်သည်။ သမာနော၊ ဖြစ်လသော်။
“ နော ဟိဒံအာဝုသောတိ၊ အဲဒါ မဖြစ်နိုင်ဘူးငါ့ရှင် ” ဟူ၍။ (တွံ၊ အရှင်ဘုရားသည်။) ဝဒေသိ၊ ပြောဆို၏။
“ကိံ ပနာဝုသော။ ပ။ ဟောတီတိ၊ ကိ ပနာဝုသော။ ပ။ ဟောတိ” ဟူ၍။ ဣတိ၊ သို့။ ပုဋ္ဌော၊ သည်။ သမာနော၊ သော်။ ပ။
အာဝုသော၊ ငါ့ရှင်။ ယထာ ကထံ ပန၊ အဘယ်နည်း အဘယ်ပုံအား ဖြင့်။ အန္တ ကရော၊ သည်။ ဟောတိ၊ ဖြစ်ပါသနည်း။ ဣတိ (အဝေါစ။)
အာဝုသော၊ ငါ့ရှင်။ ဝိဇ္ဇာယ၊ ဖြင့်။ အန္တ ကရော၊ သည်။ စေ အဘဝိဿ၊ အကယ်၍ ဖြစ်ငြားအံ့။ (ဧဝံ သတိ၊ ဤသို့ဖြစ်လသော်။) သဥပါဒါနောဝ၊ စွဲလမ်းမှု ဥပါဒါန်နှင့် တကွဖြစ် သည်သာလျှင်။ ဝါ၊ ငါ့ဟာ,ငါ့ဥစ္စာ စသည်ဖြင့်ပြင်းထန်မြဲမြံစွာ ဖမ်းယူ တတ်သော အကုသိုလ်နှင့်တကွ ဖြစ်သည်သာလျှင်။ သမာနော၊ ဖြစ်လျက်။ အန္တကရော၊ သည်။ အဘဝိဿ၊ ဖြစ်လေရာ၏။ ပ။
အာဝုသော၊ ငါ့ရှင်။ ဝိဇ္ဇာစရဏေန၊ နှင့်။ အညတြ၊ ၍။ အန္တ ကရော၊ သည်။ စေ အဘဝိဿ၊ အံ့။ ( ဧဝံ သတိ၊ သော်။) ပုထုဇ္ဇနော၊ ပုထုဇဉ်ပုဂ္ဂိုလ်သည်။ အန္တ ကရော၊ သည်။ အဘဝိဿ၊ ဖြစ်လေရာ၏။
အာဝုသော၊ ရှင်။ ဟိ၊ အမှန်စင်စစ်အားဖြင့်။ ပုထုဇ္ဇနော၊ သည်။ ဝိဇ္ဇာစရဏေန၊ နှင့်။ အညတြ၊ ကင်းကွာသည်။ ၁။အညတြ ဇရာမရဏာတိ ဇရာမရဏေနဝိနာ ဇရာမရဏ ဝိရဟိတောဇာတော နာမ အတ္ထိ နုခေါ။ ။ သံယုတ်ဋီကာ၊ ဒု-၁၇၅။ အညတြာတိ အညံ။ မူလဋီကာ၊ ပ−၂၅။ ဗုဒ္ဓဝံဋ္ဌ၊ ၁၃၉ တို့ကို နည်းမှီ၍ အညတြ၌ တြပစ္စည်းကို ပဌမာအနက်ဟောကြံသည်။ (ဟောတိ၊ ဖြစ်၏။)
အာဝုသော၊ ရှင်။ စရဏဝိပန္နော၊ ဖောက်ပြန်ပျက်စီးသော အကျင့်စရဏရှိသူသည်။ ယထာဘူတံ၊ အဖြစ်မှန်သဘောအတိုင်း။ န ဇာနာတိ၊ မသိ။ န ပဿတိ၊ မမြင်။
စရဏသမ္ပန္နော၊ စရဏနှင့် ပြည့်စုံသောသူသည်။ ယထာဘူတံ၊ တိုင်း။ ဇာနာတိ၊ သိ၏။ ပဿတိ၊ မြင်၏။
ယထာဘူတံ၊ တိုင်း။ (မဂ္ဂပညာယ၊ မဂ်ပညာဖြင့်။) ဇာနံ (ဇာနိတွာ)၊ သိ၍။ ပဿံ (ပဿိတွာ)၊ မြင်၍။ အန္တ ကရော၊ သူသည်။ ဟောတိ၊ ဖြစ်၏။ [ ဇာနိတွာ ပဿိတွာ– ဟု အဋ္ဌကထာဖွင့်သည်ကိုထောက်၍ ဇာနံ၊ ပဿံတို့၌ “အနာပုစ္ဆံ ဝါပက္ကမေယျ” ၌ကဲ့သို့ တွာပစ္စည်းအကျေကြံ ပါ။] (တနည်း) ယထာဘူတံ၊ တိုင်း။ (မဂ္ဂပညာယ၊ ဖြင့်။) ဇာနံ (ဇာနန္တော)၊ သိသည်။ ပဿံ (ပဿန္တော)၊ မြင်သည်။ ( ဟုတွာ၊ ဖြစ်၍။) အန္တ ကရော၊ သူသည်။ ဟောတိ၊ ၏။ ဣတိ(အဝေါစ။)
ပဉ္စမံ။