ဥဂ္ဃဋိတညူ၁။ဥဂ္ဃဋိတညူ။ ။ “ဉာဏေ ဥဂ္ဃဋိတမတ္တေ ဧဝ ဇာနာတီတိ ဥဂ္ဃဋိတညူ” ဟု ဝစနတ္ထပြု၊ ဋီကာ၌ကား “ဉာဏေန’ ဟု နာဝိဘတ်ဖြင့်ပါဌ်ရှိ၏၊ သို့သော်ဉာဏ်ဖြင့် ဖွင့်လှစ်ခြင်းမဟုတ်ဘဲ ဝေနေယျသတ္တဝါတို့၏ ဉာဏ်ကို တရားဒေသနာတော်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သောကြောင့် သ္မိံ ဝိဘတ်ဖြင့်သာရှိသင့်၏။
ဒေသနာယ ဓမ္မာနံ ဉာဏဿ အာပါထဘာဝသမ္ပာဒနံ ဉာဏုဂ္ဃါဋနံ (ဒေသနာတော်ဖြင့် သီလစသောတရားတို့ကို ဉာဏ်အား ထင်မြင်လာသည်အဖြစ်ကိုပြီးစီးစေခြင်းသည် ဉာဏ်ကိုဖွင့်လှစ်ခြင်းမည်၏။) ပုဂ္ဂလပညတ်မူလဋီကာ၊၄၁။ ၊ ဉာဏ်ကိုဖွင့်လှစ်အပ်ကာမျှပင် သစ္စာလေး ချက် အနက်သဘောကို သိမြင်သောပုဂ္ဂိုလ်လည်းကောင်း။ ဝါ၊ အကျဉ်းချုပ် ခေါင်းစဉ်မာတိကာကို ဟောပြအပ်ကာမျှဖြင့် ဒေသနာ အစဉ်လျှောက်, ဉာဏ်အမြင်ပေါက်၍ အရဟတ္တဖိုလ်သို့ရောက် သောပုဂ္ဂိုလ်လည်းကောင်း။ ဝိပဉ္စိတညူ၊ အကျယ်ချဲ့ ဟောပြအပ်မှသာ သစ္စာလေးချက် အနက်သဘောကို သိမြင်သော ပုဂ္ဂိုလ်လည်းကောင်း။ [ဝိပဉ္စိတံ ဝိတ္ထာရိတမေဝ အတ္ထံ ဇာနာတီတိ ဝိပဉ္စိတညူ။] နေယျော၊ ပါဠိတော်သင်ယူခြင်းစသည်ဖြင့် အရဟတ္တဖိုလ်သို့ ပို့ ဆောင်ထိုက်သော ပုဂ္ဂိုလ်လည်းကောင်း။ ဝါ၊ ပါဠိတော်ကို သင်ယူရွတ်အံခြင်း, အနက်အဓိပ္ပာယ်ကို မေးမြန်း ခြင်း, ယောနိသော မနသိကာရရှိခြင်း, မိတ်ဆွေကောင်းတို့ကို မှီခို ဆည်းကပ်ခြင်းတို့ကို ပြုလုပ်မှသာ တစ်ဆင့်ထက်တစ်ဆင့်ဉာဏ် အမြင်ရင့်၍ အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်လည်းကောင်း။ [ဥဒ္ဒေသာဒီဟိ နေတဗ္ဗောတိ နေယျော]။ ပဒပရမော၊ ပုဒ်ပါဌ်အက္ခရာမျှသာလျှင် အလွန်ဆုံးဖြစ်သော နယ်ပယ်အပိုင်းအခြားရှိသော ပုဂ္ဂိုလ်လည်းကောင်းတည်း။ ဝါ၊ အက္ခရာပုဒ်ပါဌ်, ပရိယတ်တရား, နာကြားဟောပြ ပို့ချခြင်းဖြင့် သာ, ကိစ္စတုံးလမ်းဆုံးကာ ထိုဘဝ၌ ဈာန်ဝိပဿနာမဂ်ဖိုလ်ကို ဖြစ် ပေါ်မလာစေနိုင်သော ပုဂ္ဂိုလ်လည်းကောင်းတည်း။ [ ဗျဉ္ဇနပဒမေဝ ပရမံ အဿာတိ ပဒပရမော]။ ပ။

တတိယံ။