၁၈-သမာရောပနဟာရဝိဘင်္ဂ၊
တတ္ထ၊ ထိုတဆဲ့ခြောက်ပါးသော ဟာရတို့တွင်။
သမာရောပနော ဟာရော၊ သမာရောပနဟာရသည်။
ကတမော၊ အဘယ်နည်း။
ယေ ဓမ္မာ၊ အကြင်အကျင့်သီလအစရှိကုန်သောတရားတို့သည်။
ယံမူလာ၊ အကြင်မူလသမာဓိအစရှိကုန်သောတရားတို့၏ အကြောင်းရင်းဖြစ်ကုန်၏။
တေ ဓမ္မာ၊ ထိုအကျင့်သီလအစရှိကုန်သောတရားတို့ကို။
တေသံ၊ ထိုသမာဓိအစရှိသည်တို့၏။
ပဒဋ္ဌာနာဝသေန၊ နီးစွာသောအကြောင်း၏ အစွမ်းဖြင့်။
သမာရောပယိတဗ္ဗာ၊ ကောင်းစွာ တင်အပ်ကုန်၏။
ဧကတ္ထာ၊ အနာဂါမိဖိုလ်စသော အနက်၏အဖြစ် ဖြစ်တူသောအနက် ရှိကုန်သော။
ယေ စ၊ အကြင်ရာဂအစရှိသော သဒ္ဒါတို့ကိုလည်း။
မုနိနာ၊ မြတ်စွာဘုရားသည်။
ပကာသိတာ၊ ပြအပ်ကုန်ပြီ။
ဣတိအာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။
ဝုတ္တော၊ ဆိုအပ်သော။
ဟာရော၊ ဟာရသည်။
သမာရောပနော ဟာရော၊ သမာရောပနဟာရမည်၏။
ဧကသ္မိံ၊ တခုသော။
ပဒဋ္ဌာနေ၊ နီးစွာသောအကြောင်းဖြစ်၍ဖြစ်သောတရားကို။
သုတ္တေန၊ သုတ်ဖြင့်။
ဂဟိတေ၊ ယူအပ်ပြီးသည်ရှိသော်။
ယတ္တကာနိ၊ အကြင်မျှလောက်ကုန်သော။
အညေသံ၊ တပါးတို့၏။
ပဒဋ္ဌာနာနိ၊ နီးစွာသောအကြောင်းဖြစ်၍ဖြစ်ကုန်သောတရားတို့သည်။
တသ္မိံ ဓမ္မေ၊ ထိုတခုသောတရား၌။
ဩတရန္တိ၊ စုဝေးကုန်၏။
တာနိ သဗ္ဗာနိ၊ ထိုအလုံးစုံကုန်သောတရားတို့ကို။
သမာရောပယိတဗ္ဗာနိ၊ ကောင်းစွာထုတ်သောအားဖြင့် ဒေသနာသို့ တင်အပ်ကုန်၏။
အာဝဋ္ဋေ ဟာရေ၊ အာဝဋ္ဋဟာရ၌။
အနေကေသံ၊ များစွာကုန်သော။
ပဒဋ္ဌာနာနိ၊ နီးစွာသောအကြောင်းတို့ကို။
ပရိယေသနာ၊ ရှာခြင်းကို။
ဝုတ္တာ ယထာ၊ ဟောအပ်သကဲ့သို့။
ဧဝံ၊ ဤအတူ။
ဣဓာပိ၊ ဤဟာရ၌လည်း။
ဗဟုကာနိ၊ များစွာကုန်သော။
ပဒဋ္ဌာနာနိ၊ နီးစွာသောအကြောင်းတို့သည်။
ဩတရန္တိ၊ စုဝေးကုန်၏။
တာနိ သဗ္ဗာနိ၊ ထိုအလုံးစုံကုန်သောပဒဋ္ဌာန်တို့ကို။
သမာရောပယိတဗ္ဗာနိ၊ ကောင်းစွာထုတ်သောအားဖြင့် ဒေသနာသို့ တင်အပ်ကုန်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
တတ္ထ၊ ထိုသမာရောပနဟာရ၌။
ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းလည်းကောင်း။
ဝေဝစနံ၊ ပရိယာယ်လည်းကောင်း။
ဘာဝနာ၊ ပွါးများခြင်းလည်းကောင်း။
ပဟာနံ၊ ပယ်ခြင်းလည်းကောင်း။
ဣတိ၊ ဤသို့။
သမာရောပနာ၊ ကောင်းစွာတင်ခြင်းသည်။
စတုဗ္ဗိဓာ၊ လေးပါးအပြား ရှိကုန်၏။
တတ္ထ၊ ထိုလေးပါးတို့တွင်။
ပဒဋ္ဌာနေန၊ နီးစွာသောအကြောင်းဖြင့်။
သမာရောပနာ၊ ကောင်းစွာတင်ခြင်း သမာရောပနသည်။
ကတမာ၊ အဘယ်နည်း။
သဗ္ဗပါပဿ၊ အလုံးစုံသော မကောင်းမှုကို။
အကရဏံ၊ မပြုမလုပ်ခြင်းသည်။
သာဓု၊ ကောင်း၏။
ကုသလဿ၊ အပြစ်မရှိသောကုသိုလ်ကို။
ဥပသမ္ပဒါ၊ ပြည့်စုံစေခြင်းသည်။
သာဓု၊ ကောင်း၏။
သစိတ္တပရိယောဒပနံ၊ မိမိ၏စိတ်ကို ဖြူစင်စေခြင်းသည်။
သာဓု၊ ကောင်း၏။
ဧတံ၊ ဤအဆုံးအမတော်သည်။
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။
သာသနံ၊ အဆုံးအမတော်တည်း။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
တဿ၊ ထိုအဆုံးအမဖြစ်သော သာသနာ၏။
ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။
ကိံ၊ အဘယ်နည်း။
သုစရိတာနိ၊ သုစရိုက်တို့သည်။
ကာယသုစရိတံ၊ ကိုယ်ဖြင့် ကောင်းစွာကျင့်ခြင်းလည်းကောင်း။
ဝစီသုစရိတံ၊ နှုတ်ဖြင့် ကောင်းစွာကျင့်ခြင်းလည်းကောင်း။
မနောသုစရိတံ၊ စိတ်ဖြင့် ကောင်းစွာကျင့်ခြင်းလည်းကောင်း။
ဣတိ၊ ဤသို့။
တီဏိ၊ သုံးပါးတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣဒံ၊ ဤသုံးပါးအပြားရှိသော သုစရိုက်သည်။
သာသနဿ၊ မြတ်စွာဘုရား၏ အဆုံးအမဖြစ်သော သာသနာ၏။
ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
တတ္ထ၊ ထိုသုစရိုက်သုံးပါးတို့တွင်။
ကာယိကံ၊ ကိုယ်ဖြင့် ပြုအပ်သော။
ယံ သုစရိတဉ္စ၊ အကြင်သုစရိုက်သည်လည်းကောင်း။
ဝါစသိကံ၊ နှုတ်ဖြင့် ပြုအပ်သော။
ယံ သုစရိတဉ္စ၊ အကြင်သုစရိုက်သည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
အယံ၊ ဤသုစရိုက်သည်။
သီလက္ခန္ဓော၊ အကျင့်သီလကျေးဇူးဟု ဆိုအပ်သော သီလက္ခန်မည်၏။
မနောသုစရိတေ၊ မနောသုစရိုက်၌။
ယာ အနဘိဇ္ဈာ စ၊ အကြင်သူတပါးစည်းစမ်ကို ရှေးရှုမကြံခြင်း အနဘိဇ္ဈသည်လည်းကောင်း။
ယော အဗျာပါဒေါ စ၊ အကြင်သူတပါးစည်းစမ်ကို မဖျက်ဆီးခြင်း အဗျာပါဒသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
အယံ၊ ဤအနဘိဇ္ဈ အဗျာပါဒသည်။
သမာဓိက္ခန္ဓော၊ တည်ကြည်ခြင်းကျေးဇူးဟု ဆိုအပ်သော သမာဓိက္ခန်မည်၏။
ယာ သမ္မာဒိဋ္ဌိ၊ အကြင်ကောင်းသောအမြင်သည်။
အတ္ထိ၊ ရှိ၏။
အယံ၊ ဤကောင်းသောအမြင်ဟု ဆိုအပ်သော သမာဒိဋ္ဌိသည်။
ပညာက္ခန္ဓော၊ အပြားအားဖြင့်သိခြင်းကျေးဇူးဟု ဆိုအပ်သော ပညာက္ခန်မည်၏။
ဣဒံ၊ ဤခန္ဓသုံးပါးတို့၏ အပေါင်းသည်။
သာသနဿ၊ မြတ်စွာဘုရား၏ အဆုံးအမဖြစ်သော သာသနာ၏။
ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
တတ္ထ၊ ထိုသုံးပါးကုန်သော ခန္ဓတို့တွင်။
သီလက္ခန္ဓော စ၊ အကျင့်သီလကျေးဇူးဟု ဆိုအပ်သော သီလက္ခန်သည်လည်းကောင်း။
သမာဓိက္ခန္ဓော စ၊ တည်ကြည်ခြင်းကျေးဇူးဟု ဆိုအပ်သော သမာဓိက္ခန်သည်လည်းကောင်း။
သမထော၊ ငြိမ်းခြင်းသမထမည်၏။
ပညာက္ခန္ဓော၊ အပြားအားဖြင့်သိခြင်းကျေးဇူးဟု ဆိုအပ်သော ပညာက္ခန်သည်။
ဝိပဿနာ၊ အထူးသဖြင့် ရှုခြင်း ဝိပဿနာမည်၏။
ဣဒံ၊ ဤသမထဝိပဿနာနှစ်ပါးအပေါင်းသည်။
သာသနဿ၊ မြတ်စွာဘုရားတို့၏ အဆုံးအမဖြစ်သော သာသနာ၏။
ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။
သမထဿ၊ ငြိမ်းခြင်းသမထ၏။
ဖလံ၊ အကျိုးကား။
ရာဂဝိရာဂါ၊ တပ်ခြင်းကင်းသည်ဖြစ်၍။
စေတောဝိမုတ္တိ၊ တပ်ခြင်းမှ လွတ်သော အနာဂါမိဖိုလ်စိတ်တည်း။
ဝိပဿနာယ၊ အထူးသဖြင့် ရှုခြင်း ဝိပဿနာ၏။
ဖလံ၊ အကျိုးကား။
အဝိဇ္ဇာဝိရာဂါ၊ ဖုံးလွှမ်းခြင်းအဝိဇ္ဇာမှ ကင်းသည်ဖြစ်၍။
ပညာဝိမုတ္တိ၊ အပြားအားဖြင့်သိခြင်းပညာသည်သာလျှင် ညစ်ညူးခြင်းကိလေသာတို့မှ လွတ်သော အရဟတ္တဖိုလ်တည်း။
ဣဒံ၊ ဤအနာဂါမိဖိုလ် အရဟတ္တဖိုလ် နှစ်ပါးတို့၏ အပေါင်းသည်။
သာသနဿ၊ မြတ်စွာဘုရားတို့၏ အဆုံးအမဖြစ်သော သာသနာ၏။
ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
ဝနံ၊ ကာမဂုဏ်ငါးပါးသည်။
ဝနထဿ၊ တပ်ခြင်းတဏှာ၏။
ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
ဝနံ၊ ဝနသည်။
ကိဉ္စ၊ အဘယ်နည်း။
ဝနထော၊ ဝနထသည်။
ကော စ၊ အဘယ်နည်း။
ဝနံ နာမ၊ ဝနမည်သည်ကား။
ပဉ္စ ကာမဂုဏာ၊ ကာမဂုဏ်ငါးပါးတို့တည်း။
တဏှာ၊ တပ်ခြင်းတဏှာသည်။
ဝနထော၊ ဝနထမည်၏။
ဣဒံ၊ ဤကာမဂုဏ်ငါးပါးသည်။
ဝနထဿ၊ တပ်ခြင်းတဏှာ၏။
ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
ဣတ္ထီတိ ဝါ၊ မိန်းမဟူ၍လည်းကောင်း။
ပုရိသောတိ ဝါ၊ ယောက်ျားဟူ၍လည်းကောင်း။
နိမိတ္တဂ္ဂါဟော၊ နိမိတ်ကို ယူခြင်းသည်။
ဝနံ နာမ၊ ဝနမည်၏။
စက္ခုံ၊ မျက်စိသည်။
အဟော၊ ဪတင့်တယ်စွ။
သောတံ၊ နားသည်။
အဟော၊ ဪတင့်တယ်စွ။
ဃာနံ၊ နှားခေါင်းသည်။
အဟော၊ ဪတင့်တယ်စွ။
ဇိဝှာ၊ လျှာသည်။
အဟော၊ သြော်တင့်တယ်စွ။
ကာယော၊ ကိုယ်သည်။
အဟော၊ ဪတင့်တယ်စွ။
ဣတိ၊ ဤသို့။
တေသံ တေသံ အင်္ဂပစ္စင်္ဂါနံ၊ ထိုထိုသို့သောအင်္ဂါကြီးငယ်တို့၏။
အနုဗျဉ္ဇနဂ္ဂါဟော၊ ညစ်ညူးခြင်းကိလေသာကို ပြတတ်သော အနုဗျဉ္ဇနကို ယူခြင်းသည်။
ဝနထော နာမ၊ ဝနထမည်၏။
ဣဒံ၊ ဤနိမိတ္တဂ္ဂါဟတည်းဟူသော ဝနသည်။
ဤမဿ၊ ဤအနုဗျဉ္ဇနဂ္ဂါဟတည်းဟူသော ဝနထ၏။
ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
အပရိညာတာနိ၊ မပိုင်းခြားအပ်ကုန်ထသော။
ဆ၊ ခြောက်းပါးကုန်သော။
အဇ္ဈတ္တိကဗာဟိရာနိ၊ အဇ္ဈတ္တိကဗာဟိရဖြစ်ကုန်သော။
အာယတနာနိ၊ တည်ရာအာယတနတို့သည်။
ဝနံ နာမ၊ ဝနမည်၏။
တဒုဘယံ၊ ထိုအဇ္ဈတ္တိကာယတန ဗာဟိရာယတန နှစ်ပါးတို့၏ အပေါင်းကို။
ပဋိစ္စ၊ စွဲ၍။
ယံ သံယောဇနံ၊ အကြင်နှောင်ဖွင့်ခြင်းသံယောဇဉ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
အယံ၊ ဤသံယောဇဉ်သည်။
ဝနထော၊ ဝနထမည်၏။
ဣဒံ၊ ဤအတွင်းအပ၌ဖြစ်သော တည်ရာအာယတနသည်။
ဣမဿ၊ ဤနှောင်ဖွင့်ခြင်းသံယောဇဉ်သည်။
ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
အနုသယော၊ အစဉ်မပြတ်ကိန်ခြင်း အနုသယသည်။
ဝနံ နာမ၊ ဝနမည်၏။
ပရိယုဋ္ဌာနံ၊ ထကြွသောင်းကျန်းခြင်း ပရိယုဋ္ဌာန်သည်။
ဝနထော နာမ၊ ဝနထမည်၏။
ဣဒံ၊ ဤအစဉ်မပြတ်ကိန်ခြင်း အနုသယဟု ဆိုအပ်သော ဝနသည်။
ဣမဿ၊ ဤထကြွသောင်းကျန်းခြင်း ပရိယုဋ္ဌာန်ဟု ဆိုအပ်သော ဝနထ၏။
ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
တေန၊ ထိုကြောင့်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဆေတွာ ဝနဉ္စ ဝနထဉ္စာတိ၊ ဆေတွာ ဝနဉ္စ ဝနထဉ္စဟူ၍။
အာဟ၊ ဟောတော်မူ၏၊
အယံ၊ ဤကောင်းစွာတင်ခြင်း သမာရောပနသည်။
ပဒဋ္ဌာနေန၊ နီးစွာသောအကြောင်းဖြင့်။
သမာရောပနာ၊ ကောင်းစွာတင်ခြင်းတည်း။
တတ္ထ၊ ထိုလေးပါးကုန်သော ကောင်းစွာတင်ခြင်း သမာရောပနတို့တွင်။
ဝေဝစနေန၊ ပရိယာယ်စကား လှယ်စကားသွယ်ဖြင့်။
သမာရောပနာ၊ ကောင်းစွာတင်ခြင်း သမာရောပနသည်။
ကတမာ၊ အဘယ်နည်း။
ရာဂဝိရာဂါ စေတောဝိမုတ္တိ၊ တပ်ခြင်းကင်းသည်ဖြစ်၍ တပ်ခြင်းမှလွတ်ခြင်း အနက်ရှိသော ရာဂဝိရာဂါ စေတောဝိမုတ္တိသဒ္ဒါသည်လည်းကောင်း။
သေက္ခဖလံ၊ ကျင့်ဆဲဖိုလ်ပုဂ္ဂိုလ်ကို ဟောသော သေက္ခဖလသဒ္ဒါသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤနှစ်ပါးအပေါင်းသည်။
ဝေဝစနံ၊ ပရိယာယ်စကား လှယ်စကားသွယ်တည်း။
အဝိဇ္ဇာဝိရာဂါ ပညာဝိမုတ္တိ၊ ဖုံးလွှမ်းခြင်းကင်းသည်ဖြစ်၍ သိခြင်းပညာသည်သာလျှင် ညစ်ညူးခြင်းမှလွတ်ခြင်း အနက်ရှိသော အဝိဇ္ဇာဝိရာဂါ ပညာဝိမုတ္တိသဒ္ဒါသည်လည်းကောင်း။
အသေက္ခဖလံ၊ ကျင့်ပြီးဖိုလ်ပုဂ္ဂိုလ်ကို ဟောသော အသေက္ခဖလသဒ္ဒါသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤနှစ်ပါးအပေါင်းသည်။
ဝေဝစနံ၊ ပရိယာယ်စကား လှယ်စကားသွယ်တည်း။
ရာဂဝိရာဂါ စေတောဝိမုတ္တိ၊ တပ်ခြင်းကင်းသည်ဖြစ်၍ တပ်ခြင်းမှလွတ်ခြင်း အနက်ရှိသော ရာဂဝိရာဂါ စေတောဝိမုတ္တိသဒ္ဒါသည်လည်းကောင်း။
အနာဂါမိဖလံ၊ ဤလူ့ဘုံသို့ မလာသောဖိုလ်ပုဂ္ဂိုလ်ကို ဟောသော အနာဂါမိဖလသဒ္ဒါသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤနှစ်ပါးအပေါင်းသည်။
ဝေဝစနံ၊ ပရိယာယ်စကား လှယ်စကားသွယ်တည်း။
အဝိဇ္ဇာဝိရာဂါ ပညာဝိမုတ္တိ၊ ဖုံးလွှမ်းခြင်းကင်းသည်ဖြစ်၍ သိခြင်းပညာသည်သာလျှင် ညစ်ညူးခြင်းမှလွတ်ခြင်း အနက်ရှိသော အဝိဇ္ဇာဝိရာဂါ ပညာဝိမုတ္တိသဒ္ဒါသည်လည်းကောင်း။
အဂ္ဂဖလံ၊ မြတ်သောဖိုလ်ပုဂ္ဂိုလ်ကို ဟောသော အဂ္ဂဖလသဒ္ဒါသည်လည်းကောင်း။
အရဟတ္တံ၊ ရဟန္တာပုဂ္ဂိုလ်၏အဖြစ်ဟူသော အနက်ကို ဟောသော အရဟတ္တသဒ္ဒါသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤသုံးပါးအပေါင်းသည်။
ဝေဝစနံ၊ ပရိယာယ်စကား လှယ်စကားသွယ်တည်း။
ရာဂဝိရာဂါ စေတောဝိမုတ္တိ၊ တပ်ခြင်းကင်းသည်ဖြစ်၍ တပ်ခြင်းမှလွတ်ခြင်း အနက်ရှိသော ရာဂဝိရာဂါ စေတောဝိမုတ္တိသဒ္ဒါသည်လည်းကောင်း။
ကာမဓာတုသမတိက္ကမနံ၊ ကာမဘုံကို လွန်ခြင်း အနက်ကို ဟောသော ကာမဓာတုသမတိက္ကမနသဒ္ဒါသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤနှစ်ပါးအပေါင်းသည်။
ဝေဝစနံ၊ ပရိယာယ်စကား လှယ်စကားသွယ်တည်း။
အဝိဇ္ဇာဝိရာဂါ ပညာဝိမုတ္တိ၊ ဖုံးလွှမ်းခြင်းကင်းသည်ဖြစ်၍ သိခြင်းပညာသည်သာလျှင် ညစ်ညူးခြင်းမှလွတ်ခြင်း အနက်ရှိသော အဝိဇ္ဇာဝိရာဂါ ပညာဝိမုတ္တိသဒ္ဒါသည်လည်းကောင်း။
တေဓာတုသမတိက္ကမနံ၊ ဘုံသုံးပါးကိုလွန်ခြင်း အနက်ကို ဟောသော တေဓာတုသမတိက္ကမနသဒ္ဒါသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤနှစ်ပါးအပေါင်းသည်။
ဝေဝစနံ၊ ပရိယာယ်စကား လှယ်စကားသွယ်တည်း။
ပညိန္ဒြိယံ၊ အပြားအားဖြင့်သိခြင်းဟုဆိုအပ်သောအစိုးရခြင်း အနက်ကို ဟောသော ပညိန္ဒြိယသဒ္ဒါသည်၎င်း။
ပညာဗလံ၊ အပြားအားဖြင့်သိခြင်းဗိုလ်ဟုဆိုအပ်သော အနက်ကို ဟောသော ပညာဗလသဒ္ဒါသည်လည်းကောင်း။
အဓိပညာသိက္ခာ၊ လွန်စွာအပြားအားဖြင့် သိသည်ဖြစ်၍ကျင့်ခြင်း အနက်ရှိသော အဓိပညာသိက္ခာသဒ္ဒါသည်လည်းကောင်း။
ပညာက္ခန္ဓော၊ အပြားအားဖြင့်သိခြင်းကျေးဇူးဟူသော အနက်ကို ဟောသော ပညာက္ခန္ဓသဒ္ဒါသည်လည်းကောင်း။
ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ၊ တရားကို ရွေးချယ်၍ ကောင်းစွာသိတတ်သောပုဂ္ဂိုလ်၏ အကြေင်းအင်္ဂါကို ဟောသော ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂသဒ္ဒါသည်လည်းကောင်း။
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ၊ လျစ်လျူရှုသည်ဖြစ်၍ ကောင်းစွာသိတတ်သောပုဂ္ဂိုလ်၏ အကြေင်းအင်္ဂါကို ဟောသော ဥပေက္ခာသမ္ဗောဇ္ဈင်္ဂသဒ္ဒါသည်လည်းကောင်း။
ဉာဏံ၊ သိခြင်းကို ဟောသော ဉာဏသဒ္ဒါသည်လည်းကောင်း။
သမ္မာဒိဋ္ဌိ၊ မဖောက်မပြန်မြင်ခြင်း အနက်ကို ဟောသော သမ္မာဒိဋ္ဌိသဒ္ဒါသည်လည်းကောင်း။
တီရဏာ၊ ဆုံးဖြတ်ခြင်း အနက်ရှိသော တီရဏသဒ္ဒါသည်လည်းကောင်း။
သန္တီရဏာ၊ ကောင်းစွာဆုံးဖြတ်ခြင်း အနက်ရှိသော သန္တီရဏသဒ္ဒါသည်လည်းကောင်း။
ဟိရီ၊ ရှက်ခြင်း အနက်ရှိသော ဟိရီသဒ္ဒါသည်လည်းကောင်း။
ဝိပဿနာ၊ အထူးသဖြင့်ရှုခြင်း အနက်ရှိသော ဝိပဿနာသဒ္ဒါသည်လည်းကောင်း။
ဓမ္မေ ဉာဏံ၊ အကြင်တရား၌သိခြင်း အနက်ရှိသော ဓမ္မေ ဉာဏသဒ္ဒါသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
သဗ္ဗံ၊ အလုံးစုံသော။
ဣဒံ၊ ဤသဒ္ဒါအပေါင်းသည်။
ဝေဝစနံ၊ ပရိယာယ်စကား လှယ်စကားသွယ်တည်း။
အယံ၊ ဤဆိုအပ်ခဲ့ပြီးသောသဒ္ဒါအပေါင်းသည်။
ဝေဝစနေန၊ ပရိယာယ်စကား လှယ်စကားသွယ်ဖြင့်။
သမာရောပနာ၊ ကောင်းစွာတင်ခြင်းတည်း။
တတ္ထ၊ ထိုကောင်းစွာတင်ခြင်း သမာရောပနတို့တွင်။
ဘာဝနာယ၊ ပွါးခြင်းဖြင့်။
သမာရောပနာ၊ ကောင်းစွာတင်ခြင်းသည်။
ကတမာ၊ အဘယ်နည်း။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ယထာ ကိံ ဝစနံ၊ အဘယ်သို့သော စကားကို။
အာဟ၊ ဟောတော်မူသနည်း။
ဘိက္ခု၊ ရဟန်း။
တသ္မာ၊ ထိုကြောင့်။
ဣဟ၊ ဤသာသနာတော်၌။
တွံ၊ သင်သည်။
ကာယေ၊ သုံးဆဲ့နှစ်ပါးသော ကာယအစု၌။
ကာယာနုပဿီ၊ သုံးဆဲ့နှစ်ပါးသော ကာယအစုကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။
အာတာပီ၊ ညစ်ညူးခြင်းကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍။
သမ္ပဇာနော၊ သိခြင်းပညာ အဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။
သတိမာ၊ အောက်မေ့ခြင်းသတိနှင့် ပြည့်စုံသည်ဖြစ်၍။
လောကေ၊ လောက၌။
အဘိဇ္ဈာဒေါမနဿံ၊ သူတပါးစည်းစိမ်ကို ရှေးရှုကြံစီခြင်း နှလုံးမသာယာခြင်းကို။
ဝိနေယျ၊ ပယ်ဖျောက်၍။
ဝိဟရာဟိ၊ နေလော။
အာတာပီတိ၊ အာတာပီဟူသည်ကား။
ဝီရိယိန္ဒြိယံ၊ အားထုတ်ခြင်းဟု ဆိုအပ်သော အစိုးရခြင်းဣန္ဒြေတည်း။
သမ္ပဇာနောတိ၊ သမ္ပဇာနောဟူသည်ကား။
ပညိန္ဒြိယံ၊ သိခြင်းပညာဟု ဆိုအပ်သော အစိုးရခြင်းဣန္ဒြေတည်း။
သတိမာတိ၊ သတိမာဟူသည်ကား။
သတိန္ဒြိယံ၊ အောက်မေ့ခြင်းသတိဟု ဆိုအပ်သော အစိုးရခြင်းဣန္ဒြေတည်း။
ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿန္တိ၊ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံဟူသည်ကား။
သမာဓိန္ဒြိယံ၊ တည်ကြည်ခြင်းသမာဓိဟု ဆိုအပ်သော အစိုးရခြင်းဣန္ဒြေတည်း။
ဧဝံ၊ ဤသို့။
ကာယေ၊ သုံးဆဲ့နှစ်ပါးသောကာယအစု၌။
ကာယာနုပဿိနော၊ သုံးဆဲ့နှစ်ပါးသောကာယအစုကို အဘန်တလဲလဲ ရှုလေ့ရှိသည်ဖြစ်၍။
ဝိဟရတော၊ နေသောပုဂ္ဂိုလ်အား။
စတ္တာရော၊ လေးပါးကုန်သော။
သတိပဋ္ဌာနာ၊ အောက်မေ့ခြင်းသတိ၏တည်ရာ သတိပဋ္ဌာန်ကို့သည်။
ဘာဝနာပါရိပူရိံ၊ ပွါးခြင်းဘာဝနာ၏ ပြည့်စုံခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။
ဂစ္ဆန္တိ၊ ရောက်ကုန်သနည်း။
စတုန္နံ၊ လေးပါးကုန်သော။
ဣန္ဒြိယာနံ၊ အစိုးရခြင်းဣန္ဒြေတို့၏။
ဧကလက္ခဏတ္တာ၊ တူသောမှတ်ကြောင်း လက္ခဏာရှိသည်၏ အဖြစ်ကြောင့်။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
စတူသု၊ လေးပါးကုန်သော။
သတိပဋ္ဌာနေသု၊ အောက်မေ့ခြင်းသတိ၏တည်ရာ သတိပဋ္ဌာန်ကို့ကို။
ဘာဝိယမာနေသု၊ ပွါးစေအပ်ကုန်သည်ရှိသော်။
စတ္တာရော၊ လေးပါးကုန်သော။
သမ္မပ္ပဓာနာ၊ ကောင်းစွာအားထုတ်ခြင်း သမ္မပ္ပဓာန်တို့သည်။
ဘာဝနာပါရိပူရိံ၊ ပွါးခြင်းဘာဝနာ၏ ပြည့်စုံခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
စတူသု၊ လေးပါးကုန်သော။
သမ္မပ္ပဓာနေသု၊ ကောင်းစွာအားထုတ်ခြင်း သမ္မပ္ပဓာန်တို့ကို။
ဘာဝိယမာနေသု၊ ပွါးစေအပ်ကုန်သည်ရှိသော်။
စတ္တာရော၊ လေးပါးကုန်သော။
ဣဒ္ဓိပါဒါ၊ တန်ခိုးဣဒ္ဓိပါဒ်တို့သည်။
ဘာဝနာပါရိပူရိံ၊ ပွါးခြင်းဘာဝနာ၏ ပြည့်စုံခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
စတူသု၊ လေးပါးကုန်သော။
ဣဒ္ဓိပါဒေသု၊ တန်ခိုးဣဒ္ဓိပါဒ်တို့ကို။
ဘာဝိယမာနေသု၊ ပွါးစေအပ်ကုန်သည်ရှိသော်။
ပဉ္စ၊ ငါးပါးကုန်သော။
ဣန္ဒြိယာနိ၊ အစိုးရခြင်းဣန္ဒြေတို့သည်။
ဘာဝနာပါရိပူရိံ၊ ပွါးခြင်းဘာဝနာ၏ ပြည့်စုံခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
ဧဝံ၊ ဤသို့။
သဗ္ဗေ၊ အလုံးစုံကုန်သော မြတ်သော အရိယမဂ်၏ အဖို့၌ ဖြစ်ကုန်သော ဗောဓိပက္ခိယတရားတို့သည်။
ဘာဝနာပါရိပူရိံ၊ ပွါးခြင်းဘာဝနာ၏ ပြည့်စုံခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။
ဂစ္ဆန္တိ၊ ရောက်ကုန်သနည်း။
ဟိ ယသ္မာ၊ အကြင်ကြောင့်။
ဗောဓင်္ဂမာ၊ မြတ်သော အရိယမဂ်သို့ ရောက်ကုန်သော။
ဗောဓိပက္ခိယာ၊ မြတ်သော အရိယမဂ်၏ အဖို့၌ ဖြစ်ကုန်သော။
သဗ္ဗေ၊ အလုံးစုံကုန်သော။
ဓမ္မာ၊ တရားတို့သည်။
နိယျာနိကလက္ခဏေန၊ ဝဋ်မှ ထွက်မြောက်ခြင်းတည်းဟူသော သဘောလက္ခဏာဖြင့်။
ဧကလက္ခဏာ၊ တူသော မှတ်ကြောင်း လက္ခဏာရှိကုန်၏။
တသ္မာ ဧကလက္ခဏတ္တာ၊ ထိုသို့တူသော မှတ်ကြောင်း လက္ခဏာရှိသည်၏ အဖြစ်ကြောင့်။
တေ ဓမ္မာ၊ ထိုတရားတို့သည်။
ဘာဝနာပါရိပူရိံ၊ ပွါးခြင်းဘာဝနာ၏ ပြည့်စုံခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
အယံ၊ ဤသည်ကား။
ဘာဝနာယ၊ ပွါးခြင်းဘာဝနာဖြင့်။
သမာရောပနာ၊ ကောင်းစွာတင်ခြင်းတည်း။
တတ္ထ၊ ထိုကောင်းစွာတင်ခြင်း သမာရောပနတို့တွင်။
ပဟာနေန၊ ပယ်သောအားဖြင့်။
သမာရောပနာ၊ သဘောတူကို တင်ခြင်းသည်။
ကတမာ၊ အဘယ်နည်း။
ကာယေ၊ သုံးဆဲ့နှစ်ပါးသောကာယအစု၌။
ကာယာနုပဿီ၊ သုံးဆဲ့နှစ်ပါးသောကာယအစုကို အဘန်တလဲလဲ ရှုလျက်။
ဝိဟရန္တော၊ နေသောပုဂ္ဂိုလ်သည်။
အသုဘေ၊ မတင့်တယ်ခြင်းအသုဘ၌။
သုဘန္တိ၊ တင့်တယ်၏ဟူ၍ဖြစ်သော။
ဝိပလ္လာသံ၊ ဖောက်ပြန်ခြင်းကို။
ပဇဟတိ၊ ပယ်စွန့်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ကဗဠီကာရော၊ အလုပ်အလွေ့ကို မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော။
အာဟာရော စ၊ အသီအစေးဟု ဆိုအပ်သော ဩဇာရသကို ဆောင်တတ်သော အာဟာရသည်လည်း။
ပရိညံ၊ ပိုင်းခြားခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
ကာမုပါဒါနေန စ၊ ကာမဂုဏ်ကို စွဲလမ်းခြင်း ကာမုပါဒါန်ဖြင့်လည်း။
အနုပါဒါနော၊ မစွဲလမ်းခြင်းသည်။
ဘဝတိ၊ ဖြစ်၏။
ကာမယောဂေန စ၊ အလိုရှိတတ်သည်ဖြစ်၍ ဝဋ်ဆင်ရဲ၌ ယှဉ်တတ်သော ကာမယောဂနှင့်လည်း။
ဝိသံယုတ္တော၊ မယှဉ်သည်။
ဘဝတိ၊ ဖြစ်၏။
အဘိဇ္ဈာကာယဂန္ထေန စ၊ သူတပါးစည်းစိမ်ကို ရှေးရှုကြံစီတတ်သည်ဖြစ်၍ ရုပ်နာမ်နှစ်ပါးအပေါင်း၌ ဖြေနိုင်ခဲသည်ကို ပြုတတ်သော အဘိဇ္ဈာကာယဂန္ထနှင့်လည်း။
ဝိပ္ပယုဇ္ဇတိ၊ မယှဉ်။
ကာမာသဝေန စ၊ အလိုရှိတတ်သည်ဖြစ်၍ ယိုစီးခြင်းကာမာသဝဖြင့်လည်း။
အနာသဝေါ၊ ယိုစီးခြင်းအာသဝေါမရှိသည်။
ဘဝတိ၊ ဖြစ်၏။
ကာမောဃဉ္စ၊ အလိုရှိတတ်သည်ဖြစ်၍ နစ်မွန်းခြင်းကာမောဃကိုလည်း။
ဥတ္တိဏ္ဏော၊ လွန်မြောက်သည်။
ဘဝတိ၊ ဖြစ်၏။
ရာဂသလ္လေန စ၊ တပ်ခြင်းရာဂတည်းဟူသော မြားဖြင့်လည်း။
ဝိသလ္လော၊ မစူးဝင်သည်။
ဘဝတိ၊ ဖြစ်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ရူပုပိကာ၊ ဖောက်ပြန်ခြင်းရုပ်ဟု ဆိုအပ်သော။
ဝိညာဏဋ္ဌိတိ စ၊ ဝိညာဉ်၏ တည်ရာသည်လည်း။
ပရိညံ၊ ပိုင်းခြားခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ရူပဓာတုယဉ္စ၊ ရူပဘုံ၌လည်း။
ရာဂေါ၊ တပ်ခြင်းရာဂသည်။
ပဟီနော၊ ပျောက်သည်။
ဘဝတိ၊ ဖြစ်၏။
ဆန္ဒါဂတိံ၊ ချစ်သောအားဖြင့် မလားအပ်သည်သို့ လားခြင်းသို့။
န စ ဂစ္ဆတိ၊ မလား။
ဝေဒနာသု၊ ခံစားခြင်းဝေဒနာတို့၌။
ဝေဒနာနုပဿီ၊ ခံစားခြင်းဝေဒနာကို အဘန်တလဲလဲ ရှုသည်ဖြစ်၍။
ဝိဟရန္တော၊ နေသောပုဂ္ဂိုလ်သည်။
ဒုက္ခေ၊ ဆင်းရဲ၌။
သုခန္တိ၊ ချမ်းသာဟူ၍ဖြစ်သော။
ဝိပလ္လာသံ၊ ဖောက်ပြန်ခြင်းကို။
ပဇဟတိ၊ ပယ်စွန့်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ဖဿော၊ တွေ့ထိခြင်းဖဿဟုဆိုအပ်သော။
အာဟာရော စ၊ အစေးဟု ဆိုအပ်သော ဩဇာရသကို ဆောင်တတ်သော အာဟာရသည်လည်း။
ပရိညံ၊ ပိုင်းခြားခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
ဘဝူပါဒါနေန စ၊ ဖြစ်ရာဘုံဘဝကို စွဲလမ်းခြင်းဥပါဒါန်ဖြင့်လည်း။
အနုပါဒါနော၊ စွဲလမ်းခြင်းဥပါဒါန်မရှိသည်။
ဘဝတိ၊ ဖြစ်၏။
ဘဝယောဂေန စ၊ ဖြစ်ရာဘုံဘဝ၌ ယှဉ်တတ်သော ဘဝယောဂနှင့်လည်း။
ဝိသံယုတ္တော၊ မယှဉ်သည်။
ဘဝတိ၊ ဖြစ်၏။
ဗျာပါဒကာယဂန္ထေန စ၊ စီးပွါးချမ်းသာကို ဖျက်ဆီးတတ်သည်ဖြစ်၍ ရုပ်နာမ်နှစ်ပါးအပေါင်း၌ ဖြေနိုင်ခဲသည်ကို ပြုတတ်သော ဗျာပါဒကာယဂန္ထနှင့်လည်း။
ဝိပ္ပယုဇ္ဇတိ၊ မယှဉ်။
ဘဝါသဝေန စ၊ ဖြစ်ရာဘုံဘဝ၌ ယိုစီးခြင်းဘဝါသဝဖြင့်လည်း။
အနာသဝေါ၊ ယိုစီးခြင်းအာသဝေါမရှိသည်။
ဘဝတိ၊ ဖြစ်၏။
ဘဝေါဃဉ္စ၊ ဖြစ်ရာဘုံဘဝ၌ နစ်မွန်းခြင်းဘဝေါဃကိုလည်း။
ဥတ္တိဏ္ဏော၊ လွန်မြောက်သည်။
ဘဝတိ၊ ဖြစ်၏။
ဒေါသသလ္လေန စ၊ ဖျက်ဆီးခြင်းဒေါသဟူသော မြားဖြင့်လည်း။
ဝိသလ္လော၊ မစူးဝင်သည်။
ဘဝတိ၊ ဖြစ်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ဝေဒနူပိကာ၊ ဝေဒနာဟု ဆိုအပ်သော။
ဝိညာဏဋ္ဌိတိ စ၊ ဝိညာဉ်၏ တည်ရာသည်လည်း။
ပရိညံ၊ ပိုင်းခြားခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ဝေဒနာဓာတုယဉ္စ၊ ဝေဒနာ၌လည်း။
ရာဂေါ၊ ရာဂသည်။
ပဟီနော၊ ပျောက်သည်။
ဘဝတိ၊ ဖြစ်၏။
ဒေါသာဂတိံ၊ အမျက်ထွက်သောအားဖြင့် မလားအပ်သည်သို့ လားခြင်းသို့။
န စ ဂစ္ဆတိ၊ မလား။
စိတ္တေ၊ စိတ်၌။
စိတ္တာနုပဿီ၊ စိတ်ကို အဘန်တလဲလဲ ရှုသည်ဖြစ်၍။
ဝိဟရန္တော၊ နေသောပုဂ္ဂိုလ်သည်။
အနိစ္စေ၊ မမြဲသည်၌။
နိစ္စန္တိ၊ မြဲ၏ဟူ၍ဖြစ်သော။
ဝိပလ္လာသံ၊ ဖောက်ပြန်ခြင်းကို။
ပဇဟတိ၊ ပယ်စွန့်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ဝိညာဏံ၊ ဝိညာဉ်ဟုဆိုအပ်သော။
အာဟာရော စ၊ အာဟာရသည်လည်း။
ပရိညံ၊ ပိုင်းခြား၍သိခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
ဒိဋ္ဌုပါဒါနေန စ၊ ဒိဋ္ဌုပါဒါန်ဖြင့်လည်း။
အနုပါဒါနော၊ ဥပါဒါန်မရှိသည်။
ဘဝတိ၊ ဖြစ်၏။
ဒိဋ္ဌိယောဂေန စ၊ ဒိဋ္ဌိယောဂနှင့်လည်း။
ဝိသံယုတ္တော၊ မယှဉ်သည်။
ဘဝတိ၊ ဖြစ်၏။
သီလဗ္ဗတပရာမာသကာယဂန္ထေန စ၊ သီလဗ္ဗတပရာမာသကာယဂန္ထနှင့်လည်း။
ဝိပ္ပယုဇ္ဇတိ၊ မယှဉ်။
ဒိဋ္ဌာသဝေန စ၊ ဒိဋ္ဌာသဝဖြင့်လည်း။
အနာသဝေါ၊ အာသဝေါမရှိသည်။
ဘဝတိ၊ ဖြစ်၏။
ဒိဋ္ဌောဃဉ္စ၊ ဒိဋ္ဌောဃကိုလည်း။
ဥတ္တိဏ္ဏော၊ လွန်မြောက်သည်။
ဘဝတိ၊ ဖြစ်၏။
မာနသလ္လေန စ၊ မာနဟူသော မြားဖြင့်လည်း။
ဝိသလ္လော၊ မစူးဝင်သည်။
ဘဝတိ၊ ဖြစ်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
သညူပိကာ၊ သညာဟု ဆိုအပ်သော။
ဝိညာဏဋ္ဌိတိ စ၊ ဝိညာဉ်၏ တည်ရာသည်လည်း။
ပရိညံ၊ ပိုင်းခြား၍သိခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
သညာဓာတုယဉ္စ၊ အမှတ်ပြု၍သိခြင်းသညာ၌လည်း။
ရာဂေါ၊ တပ်ခြင်းရာဂသည်။
ပဟီနော၊ ပျောက်သည်။
ဘဝတိ၊ ဖြစ်၏။
ဘယာဂတိံ၊ ကြောက်သောအားဖြင့် မလားအပ်သည်သို့ လားခြင်းသို့။
န စ ဂစ္ဆတိ၊ မလား။
ဓမ္မေသု၊ တရားတို့၌။
ဓမ္မာနုပဿီ၊ တရားကို အဘန်တလဲလဲ ရှုသည်ဖြစ်၍။
ဝိဟရန္တော၊ နေသောပုဂ္ဂိုလ်သည်။
အနတ္တနိ၊ ကိုယ်မဟုတ်သည်၌။
အတ္တာတိ၊ ကိုယ်ဟူ၍ဖြစ်သော။
ဝိပလ္လာသံ၊ ဖောက်ပြန်ခြင်းကို။
ပဇဟတိ၊ ပယ်စွန့်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
မနောသဉ္စေတနာ၊ သိခြင်းစိတ်ကို စေ့ဆော်ခြင်း မနောသဉ္စေတနာဟု ဆိုအပ်သော။
အာဟာရော စ၊ ဆောင်ခြင်း အာဟာရသည်လည်း။
ပရိညံ၊ ပိုင်းခြားခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
အတ္တဝါဒုပါဒါနေန စ၊ ငါ၏ကိုယ်ဟူ၍ စွဲလမ်းခြင်း အတ္တဝါဒုပါဒါန်ဖြင့်လည်း။
အနုပါဒါနော၊ စွဲလမ်းခြင်းဥပါဒါန်မရှိသည်။
ဘဝတိ၊ ဖြစ်၏။
အဝိဇ္ဇာယောဂေန စ၊ မသိခြင်း၌ ယှဉ်တတ်သော ဘဝယောဂနှင့်လည်း။
ဝိသံယုတ္တော၊ မယှဉ်သည်။
ဘဝတိ၊ ဖြစ်၏။
ဣဒံသစ္စာဘိနိဝေသကာယဂန္ထေန စ၊ ဤငါ၏အယူသည်သာလျှင်မှန်၏ဟူ၍ မြဲမြံစွာစွဲလမ်းခြင်း ရုပ်နာမ်နှစ်ပါးအပေါင်း၌ ဖြေနိုင်ခဲသည်ကို ပြုတတ်သော ဣဒံသစ္စာဘိနိဝေသကာယဂန္ထနှင့်လည်း။
ဝိပ္ပယုဇ္ဇတိ၊ မယှဉ်။
အဝိဇ္ဇာသဝေန စ၊ မသိခြင်း၌ ယိုစီးခြင်းအဝိဇ္ဇာသဝဖြင့်လည်း။
အနာသဝေါ၊ ယိုစီးခြင်းအာသဝေါမရှိသည်။
ဘဝတိ၊ ဖြစ်၏။
အဝိဇ္ဇောဃဉ္စ၊ မသိခြင်းအဝိဇ္ဇာ၌ နစ်မွန်းခြင်းအဝိဇ္ဇောဃကိုလည်း။
ဥတ္တိဏ္ဏော၊ လွန်မြောက်သည်။
ဘဝတိ၊ ဖြစ်၏။
မောဟသလ္လေန စ၊ တွေဝေခြင်းမောဟဟူသော မြားဖြင့်လည်း။
ဝိသလ္လော၊ မစူးဝင်သည်။
ဘဝတိ၊ ဖြစ်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
(သင်္ခါရူပိကာ၊ သင်္ခါရဟု ဆိုအပ်သော။
ဝိညာဏဋ္ဌိတိ စ၊ ဝိညာဉ်၏ တည်ရာသည်လည်း။
ပရိညံ၊ ပိုင်းခြားခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။)
အဿ၊ ထိုပုဂ္ဂိုလ်အား။
သင်္ခါရဓာတုယဉ္စ၊ ပြုပြင်ခြင်းသင်္ခါရ၌လည်း။
ရာဂေါ၊ တပ်ခြင်းရာဂသည်။
ပဟီနော၊ ပျောက်သည်။
ဘဝတိ၊ ဖြစ်၏။
မောဟာဂတိံ၊ တွေဝေသောအားဖြင့် မလားအပ်သည်သို့ လားခြင်းသို့။
န စ ဂစ္ဆတိ၊ မလား။
အယံ၊ ဤသည်လျှင်။
ပဟာနေန၊ ပယ်ခြင်းဖြင့်။
သမာရောပနာ၊ ကောင်းစွာတင်းခြင်းတည်း။
တေန၊ ထိုကြောင့်။
အာယသ္မာ မဟာကစ္စာနော၊ အရှင်မဟာကစ္စည်းမထေရ်သည်။
ယေ ဓမ္မာ၊ အကြင်သီလအစရှိကုန်သော တရားတို့သည်။
ယံ မူလာ၊ အကြင်အမြစ်မူလ တည်ကြည်ခြင်းသမာဓိ အစရှိကုန်သော တရားတို့၏။
တေ ဓမ္မာ၊ ထိုသီလအစရှိကုန်သော တရားတို့ကို။
တေသံ၊ ထိုတည်ကြည်ခြင်းသမာဓိအစရှိသည်တို့၏။
ပဒဋ္ဌာနဝသေန၊ နီးစွာသောအကြောင်း၏ အစွမ်းဖြင့်။
သမာရောပယိတဗ္ဗာ၊ ကောင်းစွာ တင်အပ်ကုန်၏။
ဧကတ္ထာ၊ တူသောအနက်ရှိကုန်သော။
ယေ စ၊ အကြင်ရာဂဝိရာဂအစရှိကုန်သော သဒ္ဒါတို့ကိုလည်း။
မုနိနာ၊ မြတ်စွာဘုရားသည်။
ပကာသိတာ၊ ပြအပ်ကုန်ပြီ။
တေ၊ ထိုသဒ္ဒါတို့ကို။
သမာရောပယိတဗ္ဗာ၊ ကောင်းစွာ တင်အပ်ကုန်၏။
ယော သံဝဏ္ဏနာဝိသေသော၊ အကြင်ဖွင့်ကြောင်း သံဝဏ္ဏနာအထူးသည်။
ဧတေသံ ဓမ္မာနံ၊ ထိုသီလအစရှိကုန်သော တရားတို့ကို။
ပဒဋ္ဌာနဝေဝစနာဒိသမာရောပနဝိစာရဏလက္ခဏော၊ နီးစွာသောအကြောင်း ပရိယာယ် အစရှိသည်တို့၏အဖြစ်ဖြင့် ကောင်းစွာတင်အပ်သည်ဖြစ်၍ စီရင်ခြင်း လက္ခဏာရှိ၏။
ဧသော၊ ဤဖွင့်ကြောင်း သံဝဏ္ဏနာအထူးသည်။
သမာရောပနော ဟာရော၊ ကောင်းစွာတင်အပ်သည်ကို ဆောင်ခြင်းဟု ဆိုအပ်သော သမာရောပနဟာရမည်၏။
ဣတိ၊ ဤသို့။
အာဟ၊ မိန့်တော်မု၏။
သမာရောပနော ဟာရော၊ ကောင်းစွာတင်အပ်သည်ကို ဆောင်ခြင်းဟု ဆိုအပ်သော သမာရောပနဟာရကို။
နိယုတ္တော၊ ပါဠိတော်မှ ထုတ်၍ ယှဉ်စေအပ်ပြီ။
ဟာရဝိဘင်္ဂေါ စ၊ ဆောင်ခြင်းဟာရကို ခွဲဝေခြင်းသည်လည်း။
နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။