Issues
選擇版本
နိဿယ
မြန်မာဘာသာ
Nettippakaraṇapāḷi
Nettippakaraṇapāḷi

15. Parikkhārahāravibhaṅgo

作者: နိဿယ @ IAPT

တတ္ထ၊ ထိုတဆဲ့ခြောက်ပါးသော ဆောင်ခြင်းဟာရတို့တွင်။ ပရိက္ခာရော ဟာရော၊ ပရိက္ခာရဟာရသည်။ ကတမော၊ အဘယ်နည်း။
ယေ ဓမ္မာ၊ အကြင်အဝိဇ္ဇာအစရှိသော ပစ္စည်းတရားတို့သည်။ ယံ ဓမ္မံ၊ အကြင်သင်္ခါရအစရှိသော ပစ္စယုပ္ပန်တရားကို။ ပစ္စယာ၊ သဟဇတပစ္ဏယသတ္တိဖြင့်လည်းကောင်း။ ပရံပရတော၊ အဆင့်ဆင့် ပစ္စယသတ္တိဖြင့်လည်းကောင်း။ ဇနယန္တိ နိဗ္ဗတ္တေန္တိ၊ ဖြစ်စေတတ်ကုန်၏။ ဣတိအာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။ ဝုတ္တော၊ ဆိုအပ်သော။ ဟာရော၊ ဟာရသည်။ ပရိက္ခာရော ဟာရော၊ ပရိက္ခာရဟာရမည်၏။
ယော ဓမ္မော၊ အကြင်အဝိဇ္ဇာအစရှိသော အကြောင်းတရားသည်။ ယံ ဓမ္မံ၊ အကြင်သင်္ခါရအစရှိသော အကျိုးတရားကို။ ဇနယတိ၊ ဖြစ်စေတတ်၏။ တဿ၊ ထိုအကျိုးတရား၏ သော၊ ထိုအကြောင်းတရားသည်။ ပရိက္ခာရော၊ ပရိက္ခာရမည်၏။
ပရိက္ခာရော၊ ပရိက္ခာရသည်။ ကိံလက္ခဏော၊ အဘယ်လက္ခဏာရှိသနည်း။
ပရိက္ခာရော၊ ပရိက္ခာရသည်။ ဇနကလက္ခဏော၊ အကျိုးကို ဖြစ်စေခြင်း လက္ခာဏာရှိ၏။
ဟေတု စ၊ ဟေတုအကြောင်းလည်းကောင်း။ ပစ္စယော စ၊ ပစ္စယအကြောင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ ဓမ္မာ၊ နှစ်ပါးကုန်သော အကြောင်းတရားတို့သည်။ ဇနယန္တိ၊ အကျိုးကို ဖြစ်စေတတ်ကုန်၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ကိံလက္ခဏော၊ အဘယ်လက္ခဏာရှိသော အကြောင်းသည်။ ဟေတု၊ ဟေတုအကြောင်းမည်သနည်း။ ကိံလက္ခဏော၊ အဘယ်လက္ခဏာရှိသော အကြောင်းသည်။ ပစ္စယော၊ ပစ္စယအကြောင်းမည်သနည်း။
အသာဓာရဏလက္ခဏော၊ အကျိုးတပါးနှင့် မဆက်ဆံသောလက္ခဏာရှိသော အကြောင်းသည်။ ဟေတု၊ ဟေတုအကြောင်းမည်၏။ သာဓာရဏလက္ခဏော၊ အကျိုးတပါးနှင့် ဆက်ဆံသောလက္ခဏာရှိသော အကြောင်းသည်။ ပစ္စယော၊ ပစ္စယ‌အကြောင်းမည်၏။
ယထာ ယေန ပကာရေန၊ အကြင်သို့သောအပြားဖြင့်။ အသာဓာရဏသာဓာရဏော၊ မဆက်ဆံ ဆက်ဆံသော အကြောင်းသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ တံ ပကာရဇာတံ၊ ထိုမဆက်ဆံသော ဆက်ဆံသော အပြားအထူးသည်။ ကိံ၊ အဘယ်သို့။ ဘဝေ၊ ဖြစ်သနည်း။
ယထာ၊ ဥဒါဟရုဏ်အဘယ်နည်း။ အင်္ကုရဿ၊ အညွန့်၏။ နိဗ္ဗတ္တိယာ၊ ဖြစ်ခြင်း၏။ ဗီဇံ၊ မျိုးစေ့ဟူသော အကြောင်းသည်။ အသာဓာရဏံ၊ အကျိုးတပါးနှင့် မဆက်ဆံသော အကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပထဝီ စ၊ မြေဟူသော အကြောင်းသည်လည်းကောင်း။ အာပေါ စ၊ ရေဟူသော အကြောင်းသည်လည်းကောင်း။ သာဓာရဏာ၊ အကျိုးတပါးနှင့် ဆက်ဆံသော အကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဟိ သစ္စံ၊ မှန်၏။ အင်္ကုရဿ၊ အညွန့်၏။ ပထဝီ စ၊ မြေဟူသော အကြောင်းသည်လည်းကောင်း။ အာပေါ စ၊ ရေဟူသော အကြောင်းသည်လည်းကောင်း။ ပစ္စယော၊ ပစ္စယအကြောင်းတည်း။ သဘာဝေါ၊ တူသောအဖြစ်ဟု ဆိုအပ်သော ဗီဇသည်။ ဟေတု၊ ဟေတုအကြောင်းတည်း။
ဝါ ပန၊ တနည်းကား။ ဃဋေ၊ အိုး၌။ ပက္ခိတ္တံ၊ ထည့်အပ်သော။ ဒုဒ္ဓံ၊ နို့သစ်သည်သာလျှင်။ ဒဓိ၊ နို့စမ်းသည်။ ဘဝတိ၊ ဖြစ်၏။ ဒုဒ္ဓဿ စ၊ နို့သစ်၏လည်းကောင်း။ ဒဓိဿ စ၊ နို့စမ်း၏လည်းကောင်း။ ဧကကာလသမဝဓာနံ၊ တကာလတည်းအတူတကွ တည်ခြင်းသည်။ န စ အတ္ထိ ယထာ၊ မရှိသကဲ့သို့။
ဧဝမေဝ၊ ဤအ‌တူသာလျှင်။ ဟေတုဿ စ၊ ဟေတုအကြောင်း၏လည်းကောင်း။ ပစ္စယဿ စ၊ ပစ္စယအကြောင်း၏လည်းကောင်း။ ဧကကာလသမဝဓာနံ၊ တကာလတည်း အတူတကွ တည်ခြင်းသည်။ နတ္ထိ၊ မရှိ။
ဟိ သစ္စံ၊ မှန်၏။ အယံ သံသာရော၊ ဤသံသရာသည်။ သဟေတု၊ ဟေတုအကြောင်းရှိသည်ဖြစ်၍။ သပ္ပစ္စယော၊ ပစ္စယအကြောင်းရှိသည်ဖြစ်၍။ နိဗ္ဗတ္တော၊ ဖြစ်၏။
ဟိ သစ္စံ၊ မှန်၏။ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။ သင်္ခါရာ၊ ပြုပြင်ခြင်းသင်္ခါရတို့သည်။ သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။ သင်္ခါရပစ္စယာ၊ ပြုပြင်ခြင်းသင်္ခါရဟူသော အကြောင်းကြောင့်။ ဝိညာဏံ၊ သိခြင်းဝိညာဉ်သည်။ သမ္ဘဝတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဟောတော်မူအပ်၏။ ဧဝံ ဣမိနာ နယေန၊ ဤသို့ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ သဗ္ဗော၊ အလုံးစုံသော။ ပဋိစ္စသမုပ္ပါဒေါ၊ အကြောင်းတရားတို့၏ ဖြစ်ခြင်းကို စွဲ၍ အကျိုးတရားတို့၏ ဖြစ်ခြင်းကို။ ဝေဒိတဗ္ဗော၊ သိအပ်၏။
ဣတိ ဧဝံ ဝုတ္တေ၊ ဤသို့ဟောတော်မူအပ်သော ပဋိစ္စသမုပ္ပါဒ်၌။ အဝိဇ္ဇာ၊ မသိခြင်းအဝိဇ္ဇာသည်။ အဝိဇ္ဇာယ၊ မသိခြင်းအဝိဇ္ဇာ၏။ ဟေတု၊ ဟေတုအကြောင်းတည်း။ အယောနိသော မနသိကာရော၊ မသင့်မတင့် နှလုံးသွင်းခြင်းသည်။ ပစ္စယော၊ ပစ္စယအကြောင်းတည်း။
ပုရိမိကာ၊ ရှေး၌ဖြစ်သော။ အဝိဇ္ဇာ၊ မသိခြင်းအဝိဇ္ဇာသည်။ ပစ္ဆိမိကာယ၊ နောက်၌ဖြစ်သော။ အဝိဇ္ဇာယ၊ မသိခြင်းအဝိဇ္ဇာ၏။ ဟေတု၊ ဟေတုအကြောင်းတည်း။
တတ္ထ၊ ထိုရှေ့နောက်ဖြစ်ကုန်သော မသိခြင်းအဝိဇ္ဇာတို့တွင်။ ပုရိမိကာ၊ ရှေး၌ဖြစ်သော။ အဝိဇ္ဇာ၊ မသိခြင်းအဝိဇ္ဇာသည်။ အဝိဇ္ဇာနုသယော၊ အဝိဇ္ဇာနုသယမည်၏။ ပစ္ဆိမိကာ၊ နောက်၌ဖြစ်သော။ အဝိဇ္ဇာ၊ မသိခြင်းအဝိဇ္ဇာသည်။ အဝိဇ္ဇာပရိယုဋ္ဌာနံ၊ အဝိဇ္ဇာပရိယုဋ္ဌာန်မည်၏။ ပုရိမိကော၊ ရှေး၌ဖြစ်သော။ အဝိဇ္ဇာနုသယော၊ အဝိဇ္ဇာနုသယသည်။ ပစ္ဆိမိကဿ၊ နောက်၌ဖြစ်သော။ အဝိဇ္ဇာပရိယုဋ္ဌာနဿ၊ အဝိဇ္ဇာပရိယုဋ္ဌာန်၏။ ပရိဗြူဟနာယ၊ ပွါးစေခြင်း၏။ ဟေတုဘူတော၊ ဟေတုအကြောင်းဖြစ်၍ဖြစ်၏။ ကော ဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဗီဇင်္ကုရော ဝိယ၊ မျိုးစေ့၏ အညှောက်ကဲ့သို့။ သမနန္တရဟေတုတာယ၊ ကောင်းစွာအခြားမဲ့၌ ဟေတုအကြောင်း၏ အဖြစ်ဖြင့်။ ဟေတုဘူတော၊ ဟေတုအကြောင်းဖြစ်၍ဖြစ်၏။
ယတ္ထ၊ အကြင်မျိုးစေ့ကြောင့်။ ယံ ပန ဖလံ၊ အကြင်အသီးသည်။ နိဗ္ဗတ္တတိ၊ ဖြစ်၏။ ဣဒံ၊ ဤမျိုးစေ့သည်။ အဿ၊ ထိုအသီး၏။ ပရံပရဟေတုတာယ၊ အဆင့်ဆင့်သောအကြောင်း၏အဖြစ်ဖြင့်။ ဟေတုဘူတံ ဝိယ၊ ဟေတုအကြောင်းဖြစ်၍ဖြစ်သကဲ့သို့။ ပရံပရဟေတုတာယ၊ အဆင့်ဆင့်သောအကြောင်း၏အဖြစ်ဖြင့်။ ဟေတုဘူတော၊ ဟေတုအကြောင်းဖြစ်၍ဖြစ်၏။
ဟိ ယုတ္တံ၊ သင့်၏။ သမနန္တရဟေတု စ၊ ကောင်းစွာအခြားမဲ့၌ ဟေတုအကြောင်းလည်းကောင်း။ ပရံပရဟေတု စ၊ အဆင့်ဆင့် ဟေတုအကြောင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဟေတု၊ ဟေတုအကြောင်းသည်။ ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏။ ဧဝံ၊ ဤအတူ။ အဝိဇ္ဇာယပိ၊ မသိခြင်းအဝိဇ္ဇာ၏လည်း။ သမနန္တရဟေတု၊ ကောင်းစွာအခြားမဲ့၌ ဟေတုအကြောင်းလည်းကောင်း။ ပရံပရဟေတု စ၊ အဆင့်ဆင့် ဟေတုအကြောင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဟေတု၊ ဟေတုအကြောင်းသည်။ ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏။
ဝါ ပန၊ တနည်းကား။ ထာလကဉ္စ၊ ဆီမီးခွက်ကိုလည်းကောင်း။ ဝဋ္ဋိ စ၊ ဆီမီးစာကိုလည်းကောင်း။ တေလဉ္စ၊ ဆီကိုလည်းကောင်း။ ပဋိစ္စ၊ စွဲ၍။ ပဒီပဿ၊ ဆီမီး၏။ ပဝတ္တနတော၊ ဖြစ်ခြင်းကြောင့်။ ထာလကဉ္စ၊ ဆီမီးခွက်သည်လည်းကောင်း။ ဝဋ္ဋိ စ၊ ဆီမီးစာသည်လည်းကောင်း။ တေလဉ္စ၊ ဆီီသည်ည်းကောင်း။ ပဒီပဿ၊ ဆီမီး၏။ ပစ္စယဘူတံ၊ ပစ္စယအကြောင်းဖြစ်၍ဖြစ်၏။ န သဘာဝဟေတု၊ သဘောတူသော အကြောင်းမဟုတ်။ ဣဒံ ထာလကာဒိ ယထာ၊ ဤဆီမီးခွက်အစရှိသည်ကဲ့သို့။ ဧဝံ၊ ဤအတူ။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဘဝတိ၊ ဖြစ်၏။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ ပဒီပဿ၊ ဆီမီး၏။ ပစ္စယဘူတံ၊ အကြောင်းဖြစ်၍ဖြစ်သော။ ထာလကဉ္စ၊ ဆီမီးခွက်ကိုလည်းကောင်း။ ဝဋ္ဋိ စ၊ ဆီမီးစာကိုလည်းကောင်း။ တေလဉ္စ၊ ဆီကိုလည်းကောင်း။ အနဂ္ဂိကံ၊ မီးမရှိမူ။ ဒီပေတုံ၊ တောက်စိမ့်သောငှါ။ န သက္ကာ၊ မတတ်ကောင်း။ တသ္မာ၊ ထိုကြောင့်။ န သဘာဝဟေတု၊ သဘောတူသော အကြောင်းမဟုတ်။
ပဒီပေါ ဝိယ၊ အကြောင်းဆီမီးကဲ့သို့။ သဘာဝေါ၊ တူသော အကြောင်းသည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဣတိအာဒီသု၊ ဤသို့အစရှိသည်တို့၌။ သဘာဝေါ၊ ဆီမီးနှင့်တူသောသဘောရှိသော အကြောင်းသည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပရဘာဝေါ၊ မီးမှတပါးသော ဆီမီးခွက်စသော မတူသောအဖြစ်သည်။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
အဇ္ဈတ္တိကော၊ မိမိသန္တာန်၌ဖြစ်သော အကြောင်းသည်။ ဟေတု၊ ဟေတုအကြောင်းတည်း။ ဗာဟိရော၊ အပ၌ဖြစ်သော အကြောင်းသည်။ ပစ္စယော၊ ပစ္စယအကြောင်းတည်း။
ဇနကော၊ ဖြစ်စေတတ်သော အကြောင်းသည်။ ဟေတု၊ ဟေတုအကြောင်းတည်း။ ပရိဂ္ဂါဟကော၊ အထောက်အပံ့ဖြစ်သော အကြောင်းသည်။ ပစ္စယော၊ ပစ္စယအကြောင်းတည်း။
အသာဓာရဏော၊ မဆက်ဆံအသီးသော အကြောင်းသည်။ ဟေတု၊ ဟေတုအကြောင်းတည်း။ သာဓာရဏော၊ ဆက်ဆံသော အကြောင်းသည်။ ပစ္စယော၊ ပစ္စယအကြောင်းတည်း။
အဝုပစ္ဆေဒတ္ထော၊ မပြတ်သော‌အကြောင်းဟူသော အနက်သည်။ သန္တတိ အတ္ထော၊ အကြောင်းအကျိုး၏အဖြစ်ဖြင့် အစဉ်ဖြစ်သော အနက်သည်။ ဟောတိ၊ ဖြစ်၏။ နိဗ္ဗတ္တိ အတ္ထော၊ အကြောင်းကြောင့် ပြီးသော အနက်သည်။ ဖလတ္ထော၊ ဖလအနက်သည်။ ဟောတိ၊ ဖြစ်၏။ ပဋိသန္ဓိ အတ္ထော၊ ဘဝနှစ်ပါးကို တစပ်တည်းကဲ့သို့ စပ်ခြင်းအနက်သည်။ ပုနဗ္ဘဝတ္ထော၊ အသစ်ခန္ဓာဖြစ်ခြင်းအနက်သည်။ ဟောတိ၊ ဖြစ်၏။ သမ္ပလိဗောဓတ္ထော၊ ကောင်းစွာ ကျင့်စိမ့်သောငှါ မပေးမူ၍ ပိတ်ပင်တားမြစ်ခြင်းရှိသော အနက်သည်။ ပရိယုဋ္ဌာနတ္ထော၊ ထက်ဝန်းကျင်မှ ကုသိုလ်၏ အခွင့်ကို လုယက်၍ တည်ခြင်းအနက်သည်။ ဟောတိ၊ ဖြစ်၏။ အသမုဂ္ဃါတတ္ထော၊ မဂ်ဖြင့် မသတ်အပ်သေးသော အနက်သည်။ အနုသယတ္ထော၊ အစဉ်မပြတ် ကိန်းသော အနက်သည်။ ဟောတိ၊ ဖြစ်၏။ အသမ္ပဋိဝေဓတ္ထော၊ ကောင်းစွာ မထိုးထွင်းခြင်း အနက်သည်။ အဝိဇ္ဇတ္ထော၊ မသိခြင်းအဝိဇ္ဇာ အနက်သည်။ ဟောတိ၊ ဖြစ်၏။ အပရိညာတတ္ထော၊ ပိုင်းခြား၍မသိအပ်းသော အနက်သည်။ ဝိညာဏဿ၊ သိခြင်းဝိညာဉ်၏။ ဗီဇတ္ထော၊ မျိုးစေ့ဟူသော အနက်သည်။ ဟောတိ၊ ဖြစ်၏။
ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ အဝုပစ္ဆေဒေါ၊ မပြတ်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ သန္တတိ၊ သန္တတိဝေါဟာရသည်။ ဘဝတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ သန္တတိ၊ အစဉ်ဟု ဆိုအပ်သော ခေါဝေါခြင်းဝေါဟာရသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ နိဗ္ဗတ္တိ၊ ‌အကြောင်းကြောင့်ပြီးခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ နိဗ္ဗတ္တိ၊ အကြောင်းကြောင့်ပြီးခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ ဖလံ၊ အကျိုးသည်။ ဘဝတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ ဖလံ၊ အကျိုးသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ ပဋိသန္ဓိ၊ ဘဝနှစ်ပါးကို တစပ်တည်းကဲ့သို့ စပ်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ ပဋိသန္ဓိ၊ ဘဝနှစ်ပါးကို တစပ်တည်းကဲ့သို့ စပ်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ ပုနဗ္ဘဝေါ၊ အသစ်ခန္ဓာဖြစ်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ ပုနဗ္ဘဝေါ၊ အသစ်ခန္ဓာဖြစ်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ ပလိဗောဓော၊ ပိတ်ပင်တားမြစ်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ ပလိဗောဓော၊ ပိတ်ပင်တားမြစ်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ ပရိယုဋ္ဌာနံ၊ ထကြွသောင်းကျန်းခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ ပရိယုဋ္ဌာနံ၊ ထကြွသောင်းကျန်းခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ အသမုဂ္ဃါတော၊ မဂ်ဖြင့် မသတ်အပ်သည်။ ဘဝတိ၊ ဖြစ်၏။
ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ အသမုဂ္ဃါတော၊ မဂ်ဖြင့် မသတ်အပ်သည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ အနုသယော၊ အစဉ်မပြတ် ကိန်းသည်။ ဘဝတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ အနုသယော၊ အစဉ်မပြတ် ကိန်းသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ အသမ္ပဋိဝေဓော၊ ကောင်းစွာ မထိုးထွင်းခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ အသမ္ပဋိဝေဓော၊ ကောင်းစွာမထိုးထွင်းခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ အဝိဇ္ဇာ၊ မသိခြင်းအဝိဇ္ဇာသည်။ ဘဝတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ အဝိဇ္ဇာ၊ မသိခြင်းအဝိဇ္ဇာသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ သာသဝံ၊ ယိုစီးခြင်းအာသဝေါနှင့်တကွဖြစ်သော။ ဝိညာဏံ၊ ဝိညာဉ်သည်။ အပရိညာတံ၊ မပိုင်းခြားအပ်သည်။ ဟောတိ၊ ဖြစ်၏။ ယတ္ထ၊ အကြင်နာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ သာသဝံ၊ ယိုစီးခြင်းအာသဝေါနှင့်တကွဖြစ်သော။ ဝိညာဏံ၊ ဝိညာဉ်သည်။ အပရိညာတံ၊ မပိုင်းခြားအပ်သည်။ ဟောတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့၏ ဖြစ်ခြင်း၌။ ဗီဇတ္ထော၊ မျိုးစေ့အကြောင်းဟူသော အနက်သည်။ ဘဝတိ၊ ဖြစ်၏။
သီလက္ခန္ဓော၊ အကျင့်သီလကျေးဇူးဟု ဆိုအပ်သော သီလက္ခန်သည်။ သမာဓိက္ခန္ဓဿ၊ တည်ကြည်ခြင်းကျေးဇူးဟု ဆိုအပ်သော သမာဓိက္ခန်၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သမာဓိက္ခန္ဓော၊ တည်ကြည်ခြင်းကျေးဇူးဟု ဆိုအပ်သော သမာဓိက္ခန်သည်။ ပညာက္ခန္ဓဿ၊ သိခြင်းကျေးဇူးဟု ဆိုအပ်သော ပညာက္ခန်၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပညာက္ခန္ဓော၊ သိခြင်းကျေးဇူးဟု ဆိုအပ်သော ပညာက္ခန်၏။ ဝိမုတ္တိက္ခန္ဓဿ၊ အရဟတ္တဖိုလ်ကျေးဇူးဟု ဆိုအပ်သော ဝိမုတ္တိက္ခန်သည်။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဝိမုတ္တိက္ခန္ဓော၊ အရဟတ္တဖိုလ်ကျေးဇူးဟု ဆိုအပ်သော ဝိမုတ္တိက္ခန်၏။ ဝိမုတ္တိဉာဏဒဿနက္ခန္ဓဿ၊ အရဟတ္တဖိုလ်ဉာဏ်အမြင်ဟု ဆိုအပ်သော ကျေးဇူး၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
တိတ္ထညုတာ၊ အကြားအမြင်ရှိသော ကလျာဏမိတ္တကို ဆည်းကပ်သည်ဖြစ်၍ သိသောသူ၏အဖြစ်သည်။ ပီတညုတာယ၊ သပ္ပါယဓမ္မနှင့် စပ်သော ပီတိကို ဖြစ်စေသဖြင့် ဘာဝနာကို ပွါးစေသည်ဖြစ်၍ သိသောသူ၏အဖြစ်သည်။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပီတိညုတာ၊ သပ္ပါယဓမ္မနှင့် စပ်သော ပီတိကို ဖြစ်စေသဖြင့် ဘာဝနာကို ပွါးစေသည်ဖြစ်၍ သိသောသူ၏အဖြစ်သည်။ မတ္တညုတာယ၊ ကမ္မဋ္ဌာန်း၏ အတိုင်းအရှည်ကို သိသောသူ၏အဖြစ်၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ မတ္တညုတာ၊ ကမ္မဋ္ဌာန်း၏ အတိုင်းအရှည်ကို သိသောသူ၏အဖြစ်သည်။ အတ္တညုတာယ၊ မိမိ၏ ပဋ္ဌာနိယအင်္ဂါနှင့် ပြည့်စုံသည်၏အဖြစ်ကို သိသောသူ၏အဖြစ်၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဝါ ပန၊ တနည်းကား။ ယထာ၊ ဥဒါဟရုဏ်အဘယ်နည်းဟူမူကား။ စက္ခုဉ္စ၊ စက္ခုပဿဒကိုလည်းကောင်း။ ရူပေ စ၊ ရူပရုံတို့ကိုလည်းကောင်း။ ပဋိစ္စ၊ စွဲ၍။ စက္ခုဝိညာဏံ၊ စက္ခုဝိညာဉ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣတိအာဒိ၊ ဤသို့အစရှိသည်တည်း။
တတ္ထ ဝစနေ၊ ထိုစကား၌ စက္ခု၊ စက္ခုပဿဒသည်။ အာဓိပတေယျပစ္စယတာယ၊ မြင်ခြင်းကိစ္စ၌ စက္ခုဝိညာဉ်ကို မိမိအလိုသို့ လိုက်စေသည်ဖြစ်၍ အစိုးရသော အဓိပတိပစ္စယ၏အဖြစ်ဖြင့်။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ရူပါ၊ အဆင်းရူပရုံတို့သည်။ အာရမ္မဏပစ္စယတာယ၊ အာရမ္မဏပစ္စယအဖြစ်ဖြင့်။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
အာလောကော၊ အလင်းသည်။ သန္နိဿယတာယ၊ မှီရာဥပနိဿယ၏အဖြစ်ဖြင့်။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ မနသိကာရော၊ ကိရိယာမနောဓာတ်သည်။ သဘာဝေါ၊ စက္ခုဝိညာဉ်နှင့် ဝိညာဉ်၏အဖြစ်ဖြင့် ဓာတ်တူသောအဖြစ်ကြောင့် သဘောတူသော။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
သင်္ခါရာ၊ ပုညာဘိသင်္ခါရအစရှိသည်တို့သည်။ ဝိညာဏဿ၊ ပဋိသန္ဓေဝိညာဉ်၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ မိမိအဘိသင်္ခါရဏသဘောသည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဝိညာဏံ၊ သိခြင်းဝိညာဉ်သည်။ နာမရူပဿ၊ နာမ်ရုပ်၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
နာမရူပံ၊ ညွတ်ခြင်းဖောက်ပြန်ခြင်းနာမ်ရုပ်သည်။ သဠာယတနဿ၊ ခြောက်ပါးသော အာယတန၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
သဠာယတနံ၊ ခြောက်ပါးသော အာယတနသည်။ ဖဿဿ၊ တွေ့ထိခြင်းဖဿ၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဖဿော၊ တွေ့ထိခြင်းဖဿသည်။ ဝေဒနာယ၊ ခံစားခြင်းဝေဒနာ၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဝေဒနာ၊ ခံစားခြင်းဝေဒနာသည်။ တဏှာယ၊ တပ်ခြင်းတဏှာ၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
တဏှာ၊ တပ်ခြင်းတဏှာသည်။ ဥပါဒါနဿ၊ စွဲလမ်းခြင်းဥပါဒါန်၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဥပါဒါနံ၊ စွဲလမ်းခြင်းဥပါဒါန်သည်။ ဘဝဿ၊ ဖြစ်ရာအကြောင်းဘဝ၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဘဝေါ၊ ဖြစ်ကြောင်းဘဝသည်။ ဇာတိယာ၊ ပဋိသန္ဓေနေခြင်း၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်။ ဇရာမရဏဿ၊ အိုခြင်းသေခြင်း၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဇရာမရဏံ၊ အိုခြင်းသေခြင်းသည်။ သောကဿ၊ စိုးရိမ်ခြင်း၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
သောကော၊ စိုးရိမ်ခြင်းသည်။ ပရိဒေဝဿ၊ ငိုကြွေးခြင်း၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ပရိဒေဝေါ၊ ငိုကြွေးခြင်းသည်။ ဒုက္ခဿ၊ ဆင်းရဲခြင်း၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဒုက္ခံ၊ ဆင်းရဲခြင်းသည်။ ဒေါမနဿဿ၊ နှလုံးမသာယာခြင်း၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဒေါမနဿံ၊ နှလုံးမသာယာခြင်းသည်။ ဥပါယာသဿ၊ သက်ကြီးရှိုက်တငင် ပင်ပန်းခြင်း၏။ ပစ္စယော၊ ပစ္စယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သဘာဝေါ၊ တူသောအဖြစ်သည်။ ဟေတု၊ ဟေတုအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။ ဝုတ္တပ္ပဘေဒေါ၊ ဆိုအပ်ပြီးသောအပြားရှိသော။ ယော ကောစိ၊ အမှတ်မရှိသော။ ဥပနိဿယော၊ ဇနကစသော အကြောင်းသည်။ အတ္ထိ၊ ရှိ၏။ သော သဗ္ဗော၊ ထိုအလုံးစုံသည်။ အတ္တနော၊ မိမိ၏။ ဖလဿ၊ အကျိုးကို။ ပရိက္ခရဏတော၊ ပစ္စက္ခပရံပရအားဖြင့် ပြုပြင်တတ်သောကြောင့်။ ပရိက္ခာရော၊ ပရိက္ခာရမည်၏။
တေန၊ ထိုကြောင့်။ အာယသ္မာ မဟာကစ္စာနော၊ အရှင်မဟာကစ္စည်းမထေရ်သည်။ ယေ ဓမ္မာ၊ အကြင်အဝိဇ္ဇာအစရှိသော ပစ္စည်းတရားတို့သည်။ ယံ ဓမ္မံ၊ အကြင်သင်္ခါရအစရှိသော ပစ္စယုပ္ပန်တရားကို။ ပစ္စယာ၊ သဟဇာတပစ္စယသတ္တိဖြင့်လည်းကောင်း။ ပရံပရတော၊ အဆင့်ဆင့် ပစ္စယသတ္တိဖြင့်လည်းကောင်း။ ဇနယန္တိ နိဗ္ဗတ္တေန္တိ၊ ဖြစ်စေတတ်ကုန်၏။ ဣတိ၊ ဤသို့။ အာဟ၊ မိန့်တော်မူ၏။
ပရိက္ခာရော ဟာရော၊ ပရိက္ခာရဟာရကို။ နိယုတ္တော၊ ပါဠိတော်မှ ထုတ်၍ ယှဉ်စေအပ်ပြီ။