၁၂-ပရိဝတ္တနဟာရဝိဘင်္ဂ၊
တတ္ထ၊ ထိုတဆဲ့ခြောက်ပါးကုန်သော ဆောင်ကြောင်းဟာရတို့တွင်။
ပရိဝတ္တနော ဟာရော၊ လည်ခြင်းကို ဆောင်ကြောင်းဖြစ်သော ပရိဝတ္တနဟာရသည်။
ကတမော၊ အဘယ်နည်။
ကုသလာကုသလေ၊ ကုသိုလ်အကိုသိုလ်ဖြစ်သော။
ဓမ္မေ၊ တရားတို့ကို။
နိဒ္ဒိဋ္ဌေ ကတိကေ၊ ဟောအပ်သည်ရှိသော်။
ဣတိ အယံ ဟာရော၊ ဤသို့ဆောင်ကြောင်းဖြစ်သောဟာရသည်။
ပရိဝတ္တနော ဟာရော၊ လည်ခြင်းကို ဆောင်ကြောင်းဖြစ်သော ပရိဝတ္တနဟာရမည်၏။
သမ္မာဒိဋ္ဌိဿ၊ မဖောက်မပြန် မှန်သော အမြင်ရှိသော။
ပုရိသပုဂ္ဂလဿ၊ ယောက်ျားပုဂ္ဂိုလ်အား။
မိစ္ဆာဒိဋ္ဌိ၊ မှားသော အယူသည်။
နိဇ္ဇိဏ္ဏာ၊ ကျေပျောက်သည်။
ဘဝတိ၊ ဖြစ်၏။
အဿ၊ ထိုမဖောက်မပြန် မှန်သော အမြင်ရှိသော ပုဂ္ဂိုလ်အား။
မိစ္ဆာဒိဋ္ဌိပစ္စယာ၊ မှားသောအားဖြင့် နှလုံးသွင်းခြင်းဟူသော အကြောင်းကြောင့်။
အနေကေ၊ များစွာကုန်သော။
ပါပကာ၊ ယုတ်မာကုန်သော။
အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။
ယေ စ ဓမ္မာ၊ အကြင်တရားတို့သည်လည်း။
ဥပ္ပဇ္ဇေယျုံ၊ ဖြစ်ကုန်ရာ၏။
တေ စ ဓမ္မာ၊ ထိုတရားတို့သည်လည်း။
အဿ၊ ထိုပုဂ္ဂိုလ်အား။
နိဇ္ဇိဏ္ဏာ၊ ကျေပျောက်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
သမ္မာဒိဋ္ဌိပစ္စယာ၊ မဖောက်မပြန် မှန်သော အမြင်ရှိခြင်းဟူသော အကြောင်းကြောင့်။
အနေကေ၊ များစွာကုန်သော။
ကုသလာ၊ ကုသိုလ်ဖြစ်ကုန်သော။
ယေ စ ဓမ္မာ၊ အကြင်တရားတို့သည်လည်း။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။
တေ စ ဓမ္မာ၊ ထိုတရားတို့သည်လည်း။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ဘာဝနာပါရိပူရိံ၊ ပွါးများခြင်းဘာဝနာ၏ ပြည့်စုံခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
သမ္မာသင်္ကပ္ပဿ၊ ခြီးမွမ်းအပ်သောအကြံရှိသော။
ပုရိသပုဂ္ဂလဿ၊ ယောက်ျားပုဂ္ဂိုလ်အား။
မိစ္ဆာသင်္ကပ္ပေါ၊ မှားသော အကြံသည်။
နိဇ္ဇိဏ္ဏာ၊ ကျေပျောက်သည်။
ဘဝတိ၊ ဖြစ်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
မိစ္ဆာသင်္ကပ္ပပစ္စယာ၊ မှားသောအကြံရှိခြင်းဟူသော အကြောင်းကြောင့်။
အနေကေ၊ များစွာကုန်သော။
ပါပကာ၊ ယုတ်မာကုန်သော။
အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။
ယေ စ ဓမ္မာ၊ အကြင်တရားတို့သည်လည်း။
ဥပ္ပဇ္ဇေယျုံ၊ ဖြစ်ကုန်ရာ၏။
တေ စ ဓမ္မာ၊ ထိုတရားတို့သည်လည်း။
အဿ၊ ထိုပုဂ္ဂိုလ်အား။
နိဇ္ဇိဏ္ဏာ၊ ကျေပျောက်သည်။
ဘဝတိ၊ ဖြစ်၏။
သမ္မာသင်္ကပ္ပပစ္စယာ စ၊ ကောင်းသောအကြံရှိခြင်းဟူသော အကြောင်းကြောင့်လည်း။
အဿ၊ ထိုပုဂ္ဂိုလ်အား။
အနေကေ၊ များစွာကုန်သော။
ကုသလာ၊ ကုသိုလ်ဖြစ်ကုန်သော။
ယေ စ ဓမ္မာ၊ အကြင်တရားတို့သည်လည်း။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။
တေ စ ဓမ္မာ၊ ထိုတရားတို့သည်လည်း။
အဿ၊ ထိုပုဂ္ဂိုလ်အား။
ဘာဝနာပါရိပူရိံ၊ ပွါးများခြင်းဘာဝနာ၏ ပြည့်စုံခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
ဧဝံ၊ ဤအတူ။
သမ္မာဝါစဿ၊ ကောင်းသောစကားရှိသော။
သမ္မာကမ္မန္တဿ၊ ကောင်းသောကိုယ်အမှုရှိသော။
သမ္မာအာဇီဝဿ၊ ကောင်းသောအသက်မွေးခြင်းရှိသော။
သမ္မာဝါယာမဿ၊ ကောင်းသောလုံံ့လရှိသော။
သမ္မာသတိဿ၊ ကောင်းသောအောက်မေ့ခြင်းသတိရှိသော။
သမ္မာသမာဓိဿ၊ ကောင်းသောတည်ကြည်ခြင်းသမာဓိရှိသော။
သမ္မာဝိမုတ္တဿ၊ ကောင်းသော ညစ်ညူးခြင်းကိလေသာတို့မှ လွတ်သော။
သမ္မာဝိမုတ္တိဉာဏဒဿနဿ၊ မဖောက်မပြန် ညစ်ညူးခြင်းကိလေသာတို့မှ လွတ်သော ဉာဏ်အမြင်ရှိသော။
ပုရိသပုဂ္ဂလဿ၊ ယောက်ျားပုဂ္ဂိုလ်အား။
မိစ္ဆာဝိမုတ္တိဉာဏဒဿနံ၊ မှားသော ညစ်ညူးခြင်းကိလေသာတို့မှ လွတ်သော ဉာဏ်အမြင်သည်။
နိဇ္ဇိဏ္ဏာ၊ ကျေပျောက်သည်။
ဘဝတိ၊ ဖြစ်၏။
အဿ၊ ထိုပုဂ္ဂိုလ်အား။
မိစ္ဆာဝိမုတ္တိဉာဏဒဿနပစ္စယာ၊ မှားသော ညစ်ညူးခြင်းကိလေသာတို့မှ လွတ်သော ဉာဏ်အမြင်ရှိဟူသော အကြောင်းကြောင့်။
အနေကေ၊ များစွာကုန်သော။
ပါပကာ၊ ယုတ်မာကုန်သော။
အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။
ယေ စ ဓမ္မာ၊ အကြင်တရားတို့သည်လည်း။
ဥပ္ပဇ္ဇေယျုံ၊ ဖြစ်ကုန်ရာ၏။
တေ စ ဓမ္မာ၊ ထိုတရားတို့သည်လည်း။
အဿ၊ ထိုဂတိတပါးသို့ လားတတ်သော ပုဂ္ဂိုလ်အား။
နိဇ္ဇိဏ္ဏာ၊ ကျေပျောက်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
သမ္မာဝိမုတ္တိဉာဏဒဿနပစ္စယာ၊ မဖောက်မပြန် ညစ်ညူးခြင်းကိလေသာတို့မှ လွတ်သော ဉာဏ်အမြင်ရှိခြင်းဟူသော အကြောင်းကြောင့်။
အဿ၊ ထိုဂတိတပါးသို့ လားတတ်သော ပုဂ္ဂိုလ်အား။
အနေကေ၊ များစွာကုန်သော။
ကုသလာ၊ ကုသိုလ်ဖြစ်ကုန်သော။
ယေ စ ဓမ္မာ၊ အကြင်တရားတို့သည်လည်း။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။
တေ စ ဓမ္မာ၊ ထိုတရားတို့သည်လည်း။
အဿ၊ ထိုဂတိတပါးသို့ လားတတ်သော ပုဂ္ဂိုလ်အား။
ဘာဝနာပါရိပူရိံ၊ ပွါးများခြင်းဘာဝနာ၏ ပြည့်စုံခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
ဝါ၊ တဝိကပ်ကြံဦးအံ့။
ပါဏာတိပါတာ၊ သူ၏အသက်ကို လျင်စွာချခြင်းမှ။
ပဋိဝိရတဿ၊ ကြဉ်ရှောင်သော။
ယဿ၊ အကြင်ဂတိတပါးသို့ လားတတ်သော ပုဂ္ဂိုလ်အား။
ပါဏာတိပါတော၊ သူ၏အသက်ကို လျင်စွာချခြင်းသည်။
ပဟီနော၊ ပျောက်သည်။
ဟောတိ၊ ဖြစ်၏။
အဒိန္နာဒါနာ၊ အရှင်မပေးသော သူ၏ဥစ္စာကို ခိုးယူခြင်းမှ။
ပဋိဝိရတဿ၊ ကြဉ်ရှောင်သောသူအား။
အဒိန္နာဒါနံ၊ အရှင်မပေးသော သူ၏ဥစ္စာကို ခိုးယူခြင်းသည်။
ပဟီနော၊ ပျောက်သည်။
ဟောတိ၊ ဖြစ်၏။
ဗြဟ္မစာရိဿ၊ မြတ်သော အကျင့်ကို ကျင့်သော သူအား။
အဗြဟ္မစရိယံ၊ မမြတ်သော အကျင့်ကို ကျင့်ခြင်းသည်။
ပဟီနော၊ ပျောက်သည်။
ဟောတိ၊ ဖြစ်၏။
သစ္စဝါဒိဿ၊ မှန်သော စကားကို ဆိုသော သူအား။
မုသာဝါဒေါ၊ ချွတ်ယွင်းသော စကားသည်။
ပဟီနော၊ ပျောက်သည်။
ဟောတိ၊ ဖြစ်၏။
အပိသုဏဝါစဿ၊ ဂုံးတိုက်သော စကားကို မဆိုသော သူအား။
ပိသုဏာ ဝါစာ၊ ဂုံးတိုက်သော စကားကို ပြောဆိုခြင်းသည်။
ပဟီနော၊ ပျောက်သည်။
ဟောတိ၊ ဖြစ်၏။
သဏှဝါစဿ၊ သိမ်မွေ့သော စကားရှိသော သူအား။
ဖရုသာ ဝါစာ၊ ကြမ်းတန်းသော စကားသည်။
ပဟီနော၊ ပျောက်သည်။
ဟောတိ၊ ဖြစ်၏။
ကာလဝါဒိဿ၊ သင့်တင့်လျောက်ပတ်သော စကားဖြင့် အကျိုးစီးပွါးရှိသော စကားကို ဆိုလေ့ရှိသော သူအား။
သမ္ဖပ္ပလာပေါ၊ အကျိုးမရှိသောစကားကို ပြောဆိုခြင်းသည်။
ပဟီနော၊ ပျောက်သည်။
ဟောတိ၊ ဖြစ်၏။
အနဘိဇ္ဈာမနဿ၊ သူတပါးစည်းစိမ်ကို ရှေးရှုမကြံသောစိတ်ရှိသော သူအား။
အဘိဇ္ဈာ၊ သူတပါးစည်းစိမ်ကို ရှေးရှုကြံခြင်းသည်။
ပဟီနော၊ ပျောက်သည်။
ဟောတိ၊ ဖြစ်၏။
အဗျာပန္နစိတ္တဿ၊ စီးပွါးချမ်းသာကို မဖျက်ဆီးတတ်သောစိတ်ရှိသော သူအား။
ဗျာပါဒေါ၊ ဖျက်ဆီးတတ်သောဒေါသသည်။
ပဟီနော၊ ပျောက်သည်။
ဟောတိ၊ ဖြစ်၏။
သမ္မာဒိဋ္ဌိဿ၊ မဖောက်မပြန် မှန်သော အယူရှိသော သူအာ။
မိစ္ဆာဒိဋ္ဌိ၊ မှားသော အယူသည်။
ပဟီနော၊ ပျောက်သည်။
ဟောတိ၊ ဖြစ်၏။
ယေ စ ခေါ ကေစိ၊ အမှတ်မရှိ ခပ်သိမ်းကုန်သော သူတို့သည်လည်း။
အရိယံ၊ မြတ်သော။
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။
မဂ္ဂံ၊ ငြိမ်းရာနိဗ္ဗာန်ကို ရှာတတ်သောမဂ်ကို။
ဂရဟန္တိ၊ ကဲ့ရဲ့ကုန်၏။
နေသံ၊ ထိုသူတို့အား။
သန္ဒိဋ္ဌိကာ၊ မျက်မှောက်ဖြစ်ကုန်သော။
သဟဓမ္မိကာ၊ အကြောင်းနှင့် တကွဖြစ်ကုန်သော။
ဂါရယှာ၊ ကဲ့ရဲ့အပ်သည်နှင့် ယှဉ်ကုန်သော။
ဝါဒါနုဝါဒါ၊ ကဲ့ရဲ့ခြင်းတည်းဟူသောအပြစ် တဖန်အထူးကဲ့ရဲ့စွပ်စွဲသောအပြစ်တို့သည်။
အာဂစ္ဆန္တိ၊ လာရောက်ကုန်၏။
တေ ဘဝန္တော၊ ထိုအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောမဂ်ကို ကဲ့ရဲ့ကုန်သော အရှင်တို့သည်။
သမ္မာဒိဋ္ဌိံ၊ မဖောက်မပြန် မှန်သောအယူဟု ဆိုအပ်သော။
ဓမ္မဉ္စ၊ တရားကိုလည်း။
ဂရဟန္တိ၊ ကဲ့ရဲ့ကုန်၏။
တေ၊ ထိုအရှင်တို့ကို။
တေနဟိ၊ ထိုမဖောက်မပြန် မှန်သောအယူကဲ့ရဲ့သဖြင့်။
ယေ ဘဝန္တော၊ အကြင်အရှင်တို့သည်။
မိစ္ဆာဒိဋ္ဌိကာ၊ ဖောက်ပြန်သောအယူရှိကုန်၏။
တေသံ ဘဝန္တာနံ၊ ထိုအရှင်တို့သည်။
ပူဇာ စ၊ ပူဇော်အပ်ကုန်သည်လည်းကောင်း။
ပါသံသာ စ၊ ခြီးမွမ်းအပ်ကုန်သည်လည်းကောင်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဧဝံ၊ ဤအတူ။
တေ ဘဝန္တော၊ ထိုအရှင်တို့သည်။
သမ္မာသင်္ကပ္ပံ၊ မဖောက်မပြန်သော အကြံဟု ဆိုအပ်သော။
သမ္မာဝါစံ၊ ကောင်းသောစကားဟု ဆိုအပ်သော။
သမ္မာကမ္မန္တံ၊ ကောင်းသောအမှုဟု ဆိုအပ်သော။
သမ္မာအာဇီဝံ၊ ကောင်းသောအသက်မွေးခြင်းဟု ဆိုအပ်သော။
သမ္မာဝါယာမံ၊ ကောင်းသောလုံ့လဟု ဆိုအပ်သော။
သမ္မာသတိံ၊ ကောင်းသောအောက်မေ့ခြင်းဟု ဆိုအပ်သော။
သမ္မာသမာဓိံ၊ ကောင်းသောတည်ကြည်ခြင်းဟု ဆိုအပ်သော။
သမ္မာဝိမုတ္တိံ၊ ကောင်းစွာ ညစ်ညူးခြင်းကိလေသာတို့မှ လွတ်သော။
သမ္မာဝိမုတ္တိဉာဏဒဿနံ၊ ကောင်းသော ညစ်ညူးခြင်းကိလေသာတို့မှ လွတ်သော ဉာဏ်အမြင်ရှိသော။
ဓမ္မဉ္စ၊ တရားတို့လည်း။
ဂရဟန္တိ၊ ကဲ့ရဲ့ကုန်၏။
တေန ဟိ၊ ထိုကဲ့ရဲ့ခြင်းဖြင့်ပင်လျှင်။
ယေ ဘဝန္တော၊ အကြင်အရှင်တို့သည်။
မိစ္ဆာဝိမုတ္တိဉာဏဒဿနာ၊ မှားသော ညစ်ညူးခြင်းကိလေသာတို့မှ လွတ်သော ဉာဏ်အမြင်ရှိကုန်၏။
တေသံ ဘဝန္တာနံ၊ ထိုအရှင်တို့သည်။
ပူဇာ စ၊ ပူဇော်အပ်ကုန်သည်လည်းကောင်း။
ပါသံသာ စ၊ ခြီးမွမ်းအပ်ကုန်သည်လည်းကောင်း။
ဘဝန္တိ၊ ဖြစ်ကုန်၏။
ယေ စ ခေါ ကေစိ၊ အကြင်အမှတ်မရှိသောသူတို့သည်လည်း။
ဧဝံ၊ ဤသို့။
အာဟံသု၊ ဆိုကုန်၏။
ကိံ အာဟံသု၊ အဘယ်သို့ဆိုကုန်သနည်း။
ကာမာ၊ အလိုရှိအပ်သောကာမတို့ကို။
ဘုဉ္ဇိတဗ္ဗာ၊ ခံစားအပ်ကုန်၏။
ကာမာ၊ အလိုရှိအပ်သောကာမတို့ကို။
ပရိဘုဉ္ဇိတဗ္ဗာ၊ သုံးဆောင်အပ်ကုန်၏။
ကာမာ၊ အလိုရှိအပ်သောကာမတို့ကို။
အာသေဝိတဗ္ဗာ၊ မှီဝဲအပ်ကုန်၏။
ကာမာ၊ အလိုရှိအပ်သောကာမတို့ကို။
နိသေဝိတဗ္ဗာ၊ အမြဲမှီဝဲအပ်ကုန်။
ကာမာ၊ အလိုရှိအပ်သောကာမတို့ကို။
ဘာဝယိတဗ္ဗာ၊ ပွါးစေအပ်ကုန်၏။
ကာမာ၊ အလိုရှိအပ်သောကာမတို့ကို။
ဗဟုလီကာတဗ္ဗာ၊ အကြိမ်များစွာ ပြုအပ်ကုန်၏။
ဣတိ၊ ဤသို့။
အာဟံသု၊ ဆိုကုန်၏။
တေသံ၊ ထိုသူတို့အား။
ကာမေဟိ၊ အလိုရှိအပ်သောကာမတို့မှ။
ဝေရမဏီ၊ ကြဉ်ခြင်းသည်။
အဓမ္မော၊ တရားမဟုတ်သည်။
ဟောတိ၊ ဖြစ်၏။
ဝါ ပန၊ တဝိကပ်ကြံဦးအံ့။
ယေ ကေစိ၊ အမှတ်မရှိ ခပ်သိမ်းသော သူတို့သည်။
ဧဝံ၊ ဤသို့။
အာဟံသု၊ ဆိုကုန်၏။
ကိံ အာဟံသု၊ အဘယ်သို့ ဆိုကုန်သနည်း။
အတ္တကိလမထာနုယောဂေါ၊ ကိုယ်၏ ပင်ပန်းခြင်းကို ဖြစ်စေတတ်သော အကျင့်ကို ကျင့်ခြင်းသည်။
ဓမ္မော၊ ပွါးစေအပ်သောတရားတည်း။
ဣတိ၊ ဤသို့။
အာဟံသု၊ ဆိုကုန်၏။
တေသံ၊ ထိုသူတို့အား။
နိယျာနိကော၊ ဝဋ်မှ ထွက်မြောက်တတ်သော။
ဓမ္မော၊ တရားသည်။
အဓမ္မော၊ ပွါးစေအပ်သော တရားမဟုတ်သည်။
ဟောတိ၊ ဖြစ်၏။
ယေ စ ကေစိ၊ အမှတ်မရှိ ခပ်သိမ်းကုန်သော သူတို့သည်။
ခေါ၊ စင်စစ်။
ဧဝံ၊ ဤသို့။
အာဟံသု၊ ဆိုကုန်၏။
ကိံ အာဟံသု၊ အဘယ်သို့ ဆိုကုန်သနည်း။
ဒုက္ခော၊ ဆင်းရဲဒုက္ခသည်။
ဓမ္မော၊ ဓမ္မမည်၏။
ဣတိ၊ ဤသို့။
အာဟံသု၊ ဆိုကုန်၏။
တေသံ၊ ထိုသူတို့အား။
သုခေါ၊ အပြစ်မရှိသော ချမ်းသာသော။
ဓမ္မော၊ တရားသဘောသည်။
အဓမ္မော၊ တရားမဟုတ်သည်။
ဟောတိ၊ ဖြစ်၏။
ယထာ ဝါ ပန၊ တနည်းဆိုဖွယ်ရှိသေး၏။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံပြုပြင်တတ်သော သင်္ခါရတို့၌။
အသုဘာနုပဿိနော၊ မတင့်တယ်ဟု ရှုသည်ဖြစ်၍။
ဝိဟရတော၊ နေသော။
ဘိက္ခုနော၊ ရဟန်းအား။
သုဘသညာ၊ တင့်တယ်၏ဟူသော ဖောက်ပြန်ခြင်းသညာတို့သည်။
ပဟီယန္တိ၊ ပျောက်ကုန်၏။
ဒုက္ခာနုပဿိနော၊ ဆင်းရဲ၏ဟု ရှုသည်ဖြစ်၍။
ဝိဟရတော၊ နေသော။
ဘိက္ခုနော၊ ရဟန်းအား။
သုခသညာ၊ ချမ်းသာ၏ဟူသော ဖောက်ပြန်ခြင်းသညာတို့သည်။
ပဟီယန္တိ၊ ပျောက်ကုန်၏။
အနိစ္စာနုပဿိနော၊ မမြဲဟု ရှုသည်ဖြစ်၍။
ဝိဟရတော၊ နေသော။
ဘိက္ခုနော၊ ရဟန်းအား။
နိစ္စသညာ၊ မြဲ၏ဟူသော ဖောက်ပြန်ခြင်းသညာတို့သည်။
ပဟီယန္တိ၊ ပျောက်ကုန်၏။
အနတ္တာနုပဿိနော၊ ကိုယ်မဟုတ်ဟု ရှုသည်ဖြစ်၍။
ဝိဟရတော၊ နေသော။
ဘိက္ခုနော၊ ရဟန်းအား။
အတ္တသညာ၊ ကိုယ်ဟူသော ဖောက်ပြန်ခြင်းသညာတို့သည်။
ပဟီယန္တိ၊ ပျောက်ကုန်၏။
ယံ ယံ ဝါ ပန ဓမ္မံ၊ အကြင်ဟုတ်ဟုတ်ငြားငြား တခုခုသော တရားကို။
ရောစယတိ ဝါ၊ စိတ်ဖြင့်မူလည်း နှစ်သက်၏။
ဥပဂစ္ဆတိ ဝါ၊ အယူဖြင့်မူလည်း ကပ်၏။
တဿ တဿ ဓမ္မဿ၊ ထိုထိုသို့သောတရား၏။
ယော ဓမ္မော၊ အကြင်တရားသည်။
ပဋိပက္ခာ၊ ဆန့်ကျင်ဘက်သည်။
ဟောတိ၊ ဖြစ်၏။
သော ဓမ္မော၊ ထိုတရားသည်။
အဿ၊ ထိုသူအား။
အနိဋ္ဌတော၊ အလိုမရှိအပ်သောအားဖြင့်။
အဇ္ဈာပန္နော၊ ရှေးရှုကပ်ရောက်သည်။
ဘဝတိ၊ ဖြစ်၏။
တေန၊ ထိုကြောင့်။
အာယသ္မာ မဟာကစ္စာနော၊ အရှင်မဟာကစ္စည်းမထေရ်သည်။
ကုသလာကုသလေ ဓမ္မေတိ၊ ကုသလာကုသလေ ဓမ္မေဟူ၍။
အာဟ၊ မိန့်တော်မူပြီ။
ပရိဝတ္တနော ဟာရော၊ လည်ခြင်းကို ဆောင်ကြောင်းဖြစ်သောဟာရကို။
နိယုတ္တော၊ ပါဠိတော်မှ ထုတ်၍ ယှဉ်စေအပ်ပြီ။