Issues
Select Version
နိဿယ
မြန်မာဘာသာ
Nettippakaraṇapāḷi
Nettippakaraṇapāḷi

၁၀-အာဝဋ္ဋဟာရဝိဘင်္ဂ၊

Author: နိဿယ @ IAPT

၁၀-အာဝဋ္ဋဟာရဝိဘင်္ဂ၊

တတ္ထ၊ ထိုဟာရတို့တွင်။ အာဝဋ္ဋော ဟာရော၊ လှည့်၍ ဆောင်ကြောင်းဖြစ်သော ဟာရသည်။ ကတမော၊ အဘယ်နည်း။
ပဒဋ္ဌာနေ၊ နီးစွာသောအကြောင်းဖြစ်၍ဖြစ်သော။ ဧကမှိ၊ တခုသောတရားကို။ ဣတိ အယံ ဟာရော၊ ဤသို့ဆောင်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ အာရမ္ဘထ၊ အားထုတ်ကြကုန်လော။ နိက္ကမထ၊ ပျင်းခြင်းမှ ထွက်ကြကုန်လော။ ဗုဒ္ဓသာသနေ၊ ငါဘုရားအဆုံးအမတော်၌။ ယုဉ္ဇထ၊ လုံ့လနှင့်ယှဉ်ကြကုန်လော။
ကုဉ္ဇရော၊ ဆင်သည်။ နဠာဂါရံ၊ ကျူဖြင့်ပြီးသောအိမ်ကို။ ဓုနာတိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ မစ္စုနော၊ သေမြင်း၏။ သေနံ၊ စစ်သည်အပေါင်းကို။ ဓုနာထ၊ ဖျက်ဆီးကုန်လော။
အာရမ္ဘထ၊ အားထုတ်ကြကုန်လော။ နိက္ကမထ၊ ပျင်းခြင်းမှ ထွက်ကြကုန်လော။ ဣတိ ဣဒံ ဝစနံ၊ ဤစကားသည်။ ဝီရိယဿ၊ လုံ့လ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
ဗုဒ္ဓသာသနေ၊ ငါဘုရားအဆုံးအမတော်၌။ ယုဉ္ဇထ၊ လုံ့လနှင့်ယှဉ်ကြကုန်လော။ ဣတိ ဣဒံ ဝစနံ၊ ဤစကားသည်။ သမာဓိဿ၊ တည်ကြည်သောတရား၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
ကုဉ္ဇရော၊ ဆင်သည်။ နဠာဂါရံ၊ ကျူဖြင့်ပြီးသောအိမ်ကို။ ဓုနာတိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ မစ္စုနော၊ သေမြင်း၏။ သေနံ၊ စစ်သည်အပေါင်းကို။ ဓုနာထ၊ ဖျက်ဆီးကုန်လော။ ဣတိ ဣဒံ ဝစနံ၊ ဤစကားသည်။ ပညာယ၊ အပြားအားဖြင့် သိခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
အာရမ္ဘထ၊ အားထုတ်ကြကုန်လော။ နိက္ကမထ၊ ပျင်းခြင်းမှ ထွက်ကြကုန်လော။ ဣတိ ဣဒံ ဝစနံ၊ ဤစကားသည်။ ဝီရိယိန္ဒြိယဿ၊ အားထုတ်ခြင်းဟု ဆိုအပ်သော အစိုးရခြင်း၏ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
ဗုဒ္ဓသာသနေ၊ ငါဘုရားအဆုံးအမတော်၌။ ယုဉ္ဇထ၊ လုံ့လနှင့်ယှဉ်ကြကုန်လော။ ဣတိ ဣဒံ ဝစနံ၊ ဤစကားသည်။ သမာဓိန္ဒြိယဿ၊ တည်ကြည်ခြင်းဟု ဆိုအပ်သော အစိုးရခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
ကုဉ္ဇရော၊ ဆင်သည်။ နဠာဂါရံ၊ ကျူဖြင့်ပြီးသောအိမ်ကို။ ဓုနာတိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ မစ္စုနော၊ သေမြင်း၏။ သေနံ၊ စစ်သည်အပေါင်းကို။ ဓုနာထ၊ ဖျက်ဆီးကုန်လော။ ဣတိ ဣဒံ ဝစနံ၊ ဤစကားသည်။ ပညိန္ဒြိယဿ၊ အပြားအားဖြင့် သိခြင်းဟု ဆိုအပ်သော အစိုးရခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
ဣမာနိ ပဒဋ္ဌာနာနိ၊ ဤနီးစွာသောအကြောင်းတို့သည်။ ဒေသနာ၊ ဟောခြင်းတည်း။
ယောဂေ၊ ယှဉ်ခြင်း၌။ အယုဉ္ဇန္တာနံ၊ အားမထုတ်ကုန်သော။ သတ္တာနံ ဝါ၊ ကပ်ငြိတတ်ကုန်သော သတ္တဝါတို့အားမူလည်း။ ဝါသနာဘဂေန၊ အလေ့အဖို့ဖြင့်။ အာယတိံပိ၊ နောင်အခါ၌လည်း။ ဇာနနတ္ထံ၊ သိခြင်းအကျိုးငှါ။ အယံ ဒေသနာရမ္ဘော၊ ဤဟောခြင်းကို အားထုတ်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ယောဂေ၊ ယှဉ်ခြင်း၌။ ယုဉ္ဇန္တာနံ၊ အားထုတ်ကုန်သော။ သတ္တာနံ ဝါ၊ ကပ်ငြိတတ်ကုန်သော သတ္တဝါတို့အားမူလည်း။ ဝိသေသာဓိဂမာယ၊ တရားအထူးကို ရခြင်းငှါ။ အယံ ဒေသနာရမ္ဘော၊ ဤဟောခြင်းကို အားထုတ်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။
တတ္ထ၊ ထိုကပ်ငြိတတ်ကုန်သော သတ္တဝါတို့တွင်။ ယေ၊ အကြင်ကပ်ငြိတတ်ကုန်သော သတ္တဝါတို့သည်။ န ယုဉ္ဇန္တိ၊ အားမထုတ်ကုန်။ တေ၊ ထိုကပ်ငြိတတ်ကုန်သော သတ္တဝါတို့သည်။ ပမာဒမူလိကာ၊ မေ့လျော့ခြင်းလျှင်မူလ ရှိကုန်သည်ဖြစ်၍။ န ယုဉ္ဇန္တိ၊ အားမထုတ်ကုန်။
သော ပမာဒေါ၊ ထိုမေ့လျော့ခြင်းသည်။ တဏှာမူလကော စ၊ တပ်ခြင်းလျှင် အကြောင်းမူလ ရှိသည်လည်းကောင်း။ အဝိဇ္ဇာမူလကော စ၊ ဖုံးလွှမ်းခြင်းလျှင် အကြောင်းမူလ ရှိသည်လည်းကောင်း။ ဣတိ၊ ဤသို့။ အတ္တနော၊ မိမိ၏။ ကာရကဘေဒေန၊ ပြုတတ်သောအပြားဖြင့်။ ဒုဝိဓော၊ နှစ်ပါးအပြား ရှိ၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်၊ အဝိဇ္ဇာမူလကော၊ ဖုံးလွှမ်းခြင်းလျှင် အကြောင်းမူလ ရှိသည်ကို။ ဝေဒိတဗ္ဗော၊ သိအပ်၏။ အညာဏေန၊ မသိခြင်းမောဟဖြင့်။ နိဝုတော၊ ဖုံးလွှမ်းအပ်သည်ဖြစ်၍။ ယေန၊ အကြင်မေ့လျော့ခြင်းဖြင့်။ ပဉ္စက္ခန္ဓာ၊ ငါးပါးသောခန္ဓာတို့သည်။ ဥပ္ပါဒဝယဓမ္မာ၊ ဖြစ်တတ်ပျက်တတ်သော သဘောရှိကုန်၏။ ဣတိ၊ ဤသို့။ ဉေယျဋ္ဌာနံ၊ သိအပ်သောအရာကို။ နပ္ပဇာနာတိ၊ မသိ။ အယံ၊ ဤမေ့လျော့ခြင်းသည်။ အဝိဇ္ဇာမူလကော၊ ဖုံးလွှမ်းခြင်းလျှင် အကြောင်းမူလ ရှိသည်မည်၏။
တဏှာမူလကော၊ တပ်ခြင်းလျှင် အကြောင်းမူလ ရှိသော။ ယော ပမာဒေါ၊ အြကင်မေ့လျော့ခြင်းသည်။ အတ္ထိ၊ ရှိ၏။ သော ပမာဒေါ၊ ထိုမေ့လျော့ခြင်းသည်။ အနုပ္ပန္နာနံ၊ မဖြစ်ကုန်သေးသော။ ဘောဂါနံ၊ စည်းစိမ်တို့ကို။ ဥပ္ပါဒါယ၊ ဖြစ်စိမ့်သောငှါ။ ပရိယေသန္တော၊ ရှာမှီးသည်ဖြစ်၍။ ပမာဒံ၊ မေ့လျော့်ခြင်းသို့။ အာပဇ္ဇတိ၊ ရောက်၏။ ဥပ္ပန္နာနံ၊ ဖြစ်ကုန်ပြီးသော။ ဘောဂါနံ၊ စည်းစိမ်တို့ကို။ အာရက္ခနိမိတ္တံ၊ စောင့်ရှောက်ခြင်းလျှင် အကြောင်းရှိသော။ ပမာဒဉ္စ၊ မေ့လျော့ခြင်းသို့လည်းကောင်း။ ပရိဘောဂနိမိတ္တဉ္စ၊ သုံးဆောင်ခြင်းလျှင် အကြောင်းရှိသော။ ပမာဒဉ္စ၊ မေ့လျော့ခြင်းသို့လည်းကောင်း။ အာပဇ္ဇတိ၊ ရောက်၏။ ဣတိ၊ ဤသို့။ တိဝိဓော၊ သုံးပါးအပြား ရှိ၏။ လောကေ၊ လောက၌။ အယံ ပမာဒေါ၊ ဤမေ့လျော့ခြင်းသည်။ အဝိဇ္ဇာယ၊ ဖုံးလွှမ်းခြင်း၏။ ဝသေန၊ အစွမ်းဖြင့်။ ဧကဝိဓော၊ တပါးအဘို့ ရှိ၏။ တဏှာယ၊ တပ်ခြင်း၏။ ဝသေန၊ အစွမ်းဖြင့်။ တိဝိဓော၊ သုံးပါးအပြား ရှိ၏။ ဣတိ၊ ဤသို့။ စတုဗ္ဗိဓော၊ လေးပါးအပြား ရှိ၏။
တတ္ထ၊ ထိုမေ့လျော့ခြင်း၏အကြောင်းဖြစ်သော ဖုံးလွှမ်းတတ်သောအဝိဇ္ဇာ တပ်တတ်သောတဏှာတို့တွင်။ အဝိဇ္ဇာယ၊ ဖုံးလွှမ်းခြင်းအဝိဇ္ဇာ၏။ နာမကာယော၊ ညွတ်တတ်သော နာမ်အပေါင်းသည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။
တဏှာယ၊ တပ်ခြင်းတဏှာ၏။ ရူပကာယော၊ ဖောက်ပြန်တတ်သော ရုပ်အပေါင်းသည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းတည်း။
တံ၊ ထိုသို့ဖြစ်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်ကြောင့်နည်းဟူမူကား။ ရူပီသု ဘဝေသု၊ ဖောက်ပြန်တတ်သော ရုပ်တရားတို့၌။ အဇ္ဈောသာနံ၊ တပ်သောအားဖြင့် နှလုံးသွင်းခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ အရူပီသု၊ ညွတ်တတ်သောနာမ်တရားတို့၌။ သတ္တာနံ၊ ကပ်ငြိတတ်သော သတ္တဝါတို့၏။ သံမောဟော၊ တွေဝေခြင်းသည်။ ပတိဌိတော၊ တည်၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ရူပကာယော၊ ဖောက်ပြန်တတ်သော ရုပ်အပေါင်းသည်။ ရူပက္ခန္ဓော၊ ဖောက်ပြန်တတ်သော ရုပ်အစုမည်၏။ စတ္တာရော၊ လေးပါးကုန်သော။ အရူပိနော၊ ညွတ်တတ်သော နာမ်ဖြစ်ကုန်သော။ ခန္ဓာ၊ အစုခန္ဓာတို့သည်။ နာမကာယော၊ ညွတ်တတ်သော နာမ်အပေါင်းမည်၏။
ကတမေန၊ အဘယ်မည်သော။ ဥပါဒါနေန၊ စွဲလမ်းခြင်းဖြင့်။ ဣမေ ပဉ္စက္ခန္ဓာ၊ ဤငါးပါးသောအစုတို့သည်။ သဥပါဒါနာ၊ စွဲလမ်းခြင်းနှင့် တကွဖြစ်ကုန်သနည်း။ တဏှာယ စ၊ တပ်ခြင်းဖြင့်လည်းကောင်း။ အဝိဇ္ဇာယ စ၊ ဖုံးလွှမ်းခြင်းဖြင့်လည်းကောင်း။ သဥပါဒါနာ၊ စွဲလမ်းခြင်းနှင့် တကွဖြစ်ကုန်၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ တဏှာ၊ တပ်ခြင်းတဏှာသည်။ ကာမုပါဒါနဉ္စ၊ အလိုရှိအပ်သောအာရုံကို စွဲလမ်းခြင်းလည်းကောင်း။ သီလဗ္ဗတုပါဒါနဉ္စ၊ အလေ့အကျင့်ကို စွဲလမ်းခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးကုန်သော။ ဥပါဒါနာနိ၊ စွဲလမ်းခြင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
အဝိဇ္ဇာ၊ ဖုံးလွှမ်းခြင်းအဝိဇ္ဇာသည်။ ဒိဋ္ဌုပါဒါနဉ္စ၊ အယူကို စွဲလမ်းခြင်းလည်းကောင်း။ အတ္တဝါဒုပါဒါနဉ္စ၊ ငါ ငါ၏ကိုယ်ဟူသော အယူကို စွဲလမ်းခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးကုန်သော။ ဥပါဒါနာနိ၊ စွဲလမ်းခြင်းတို့သည်။
စတူဟိ၊ လေးပါးကုန်သော။ ဣမေဟိ ဥပါဒါနေဟိ၊ ဤစွဲလမ်းခြင်းတို့သည်။ ယေ ခန္ဓာ၊ အကြင်ခန္ဓာတို့သည်။ သဥပါဒါနာ၊ စွဲလမ်းခြင်းရှိကုန်၏ ဣဒံ၊ ဤခန္ဓာသည်။ ဒုက္ခံ၊ ဆင်းရဲ၏။
ယေ၊ အကြင်တပ်ခြင်းတဏှာ ဖုံးလွှမ်းခြင်းအဝိဇ္ဇာတို့သည်။ စတ္တရိ၊ လေးပါးကုန်သော။ ဥပါဒါနာနိ၊ စွဲလမ်းခြင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အယံ၊ ဤတပ်ခြင်းတဏှာဖုံးလွှမ်းခြင်းအဝိဇ္ဇာနှစ်ပါးအပေါင်းသည်။ သမုဒယော၊ ဖြစ်ကြောင်းမည်၏။
ပဉ္စက္ခန္ဓာ၊ ငါးပါးသောခန္ဓာတို့သည်။ ဒုက္ခံ၊ ဆင်းရဲ၏။
တေသံ၊ ထိုခန္ဓာငါးပါးတို့ကို။ ပရိညာယ စ၊ ပိုင်းခြား၍ သိခြင်းငှါလည်းကောင်း။ ပဟာနာယ စ၊ ပယ်ခြင်းငှါလည်းကောင်း။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဓမ္မံ၊ တရားကို။ ဒေသေတိ၊ ဟောတော်မူ၏။ ဒုက္ခဿ၊ ဆင်းရဲကို။ ပရိညာယ၊ ပိုင်းခြား၍ သိခြင်းငှါ။ သမုဒယဿ၊ ဖြစ်ကြောင်းတဏှာကို။ ပဟာနာယ၊ ပယ်ခြင်းငှါ။ ဒေသေတိ၊ ဟောတော်မူ၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ တဏှာမူလကော၊ တပ်ခြင်းလျှင် အရင်း ရှိသော။ ယော ပမာဒေါ၊ အကြင်မေ့လျော့ခြင်းသည်။ တိဝိဓော၊ သုံးပါးအပြား ရှိ၏။ သော ပမာဒေါ၊ ထိုမေ့လျော့ခြင်းသည်။ အနုပ္ပန္နာနံ၊ မဖြစ်ကုန်သေးသော။ ဘောဂါနံ၊ စည်းစိမ်ချမ်းသာတို့ကို။ ဥပ္ပါဒါယ၊ ဖြစ်စိမ့်သောငှါ။ ပရိယေသတိ၊ ရှာမှီး၏။ ဥပ္ပန္နာနံ၊ ဖြစ်ကုန်ပြီးသော။ ဘောဂါနံ၊ စည်းစိမ်ချမ်းသာတို့ကို။ အာရက္ခနဉ္စ၊ စောင့်ရှောက်ခြင်းကိုလည်း။ ကရောတိ၊ ပြု၏။ ပရိဘောဂနိမိတ္တဉ္စ၊ သုံးဆောင်ခြင်း၏ အကြောင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ တဿ၊ ထိုမေ့လျော့ခြင်းကို။ သမ္ပဋိဝေဓေန၊ ကောင်းစွာ ထိုးထွင်း၍ သိသဖြင့်။ ရက္ခနာ၊ မိမိ၏သိခြင်းကို စောင့်စည်းခြင်းသည်။ ပဋိသံဟရဏာ၊ မေ့လျော့ခြင်းကို ဖျောက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အယံ၊ ဤစောင့်ရှောက်ခြင်းမေ့လျော့(ဖျောက်ခြင်း)သည်။ သမထော၊ ငြိမ်းသော သမထသည်။ ဟောတိ၊ ဖြစ်၏။
သော၊ ထိုငြိမ်းသော သမထသည်။ ကထံ၊ အဘယ်သို့သောအကြောင်းဖြင့်။ ဘဝတိ၊ ဖြစ်သနည်း။
ယဒါ၊ အကြင်အခါ၌။ ကာမာနံ၊ အလိုရှိတတ်သောကာမတို့၏။ အဿာဒဉ္စ၊ သာယာကြောင်းကိုလည်း။ အဿာဒတော၊ သာယာကြောင်းအားဖြင့်။ ဇာနာတိ၊ သိ၏။ ကာမာနံ၊ အလိုရှိတတ်သောကာမတို့၏။ အာဒီနဝဉ္စ၊ အပြစ်ကိုလည်း။ အာဒီနဝတော၊ အပြစ်အားဖြင့်။ ဇာနာတိ၊ သိ၏။ ကာမာနံ၊ အလိုရှိတတ်သောကာမတို့၏။ နိဿရဏဉ္စ၊ ထွက်မြောက်ရာကိုသည်။ နိဿရဏတော၊ ထွက်မြောက်ရာအားဖြင့်။ ဇာနာတိ၊ သိ၏။ ကာမာနံ၊ အလိုရှိတတ်သောကာမတို့၏။ ဩကာရဉ္စ၊ ယုတ်မာသောအဖြစ်ကိုလည်းကောင်း။ သံကိလေသဉ္စ၊ ညစ်ညူးခြင်းကိုလည်းကောင်း။ ဝေါဒါနဉ္စ၊ ဖြူစင်ခြင်းကိုလည်းကောင်း။ နေက္ခမ္မေ၊ ထွက်မြောက်ရာ၌။ အာနိသံသဉ္စ၊ အကျိုးကိုလည်းကောင်း။ ဇာနာတိ၊ သိ၏။ တဒါ၊ ထိုအခါ၌။ ဣမိနာ ဥပါယေန၊ ဤအကြောင်းဖြင့်။ သမထော၊ ငြိမ်းသောသမထသည်။ ဘဝတိ၊ ဖြစ်၏။
တတ္ထ တသ္မိံ ယထာဝုတ္တသမထော၊ ထိုသို့အကြင်အခြင်းဖြင့် ဆိုအပ်ခဲ့ပြီးသော ငြိမ်းခြင်းသမထသည်။ သတိ၊ ရှိသော်။ ယာ ဝီမံသာ ဥပပရိက္ခာ၊ အကြင်စုံစမ်းဆင်ခြင်ခြင်းသည်။ ပဝတ္တာ၊ ဖြစ်၏။ အယံ၊ ဤစုံစမ်းဆင်ခြင်ခြင်းသော ပညာသည်။ ဝိပဿနာ၊ အထူးသဖြင့် ရှုတတ်သော ဝိပဿနာမည်၏။
သမထော စ၊ ငြိမ်းသော သမထလည်းကောင်း။ ဝိပဿနာ စ၊ အထူးသဖြင့် ရှုတတ်သော ဝိပဿနာလည်းကောင်း။ ဣမေ ဒွေ ဓမ္မာ၊ ဤနှစ်ပါးသော တရားတို့သည်။ ဘာဝနာပါရိပူရိံ၊ ပွါးခြင်းပြည့်စုံခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။
ဒွီသု၊ နှစ်ပါးကုန်သော။ ဣမေသု ဓမ္မေသု၊ ဤတရားတို့ကို။ ဘာဝိယမာနေသု၊ ပွါးစေအပ်ကုန်ပြီးသည်ရှိသော်။ တဏှာ စ၊ တပ်ခြင်းတဏှာလည်းကောင်း။ အဝိဇ္ဇာ စ၊ ဖုံးလွှမ်းခြင်းအဝိဇ္ဇာလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ ဓမ္မာ၊ နှစ်ပါးသောတရားတို့ကို။ ပဟီယန္တိ၊ ပယ်အပ်ကုန်၏။ ဣမေသု ဓမ္မေသု၊ ဤနှစ်ပါးသောတရားတို့ကို။ ပဟီနေသု၊ ပယ်အပ်ကုန်ပြီးသည်ရှိသော်။ စတ္တာရိ၊ လေးပါးကုန်သော။ ဥပါဒါနာနိ၊ စွဲလမ်းခြင်းတို့သည်။ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။
ဥပါဒါနနိရောဓာ၊ စွဲလမ်းခြင်း၏ချုပ်ခြင်းကြောင့်။ ဘဝနိရောဓော၊ ဘဝ၏ချုပ်ခြင်းသည်။ သမ္ဘဝတိ၊ ဖြစ်၏။ ဘဝနိရောဓာ၊ ဘဝ၏ချုပ်ခြင်းကြောင့်။ ဇာတိနိရောဓော၊ ပဋိသန္ဓေနေခြင်း၏ချုပ်ခြင်းသည်။ သမ္ဘဝတိ၊ ဖြစ်၏။ ဇာတိနိရောဓာ၊ ပဋိသန္ဓေနေခြင်း၏ချုပ်ခြင်းကြောင့်။ ဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ၊ အိုခြင်းသေခြင်း စိုးရိမ်ခြင်း ငိုးကြွးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း သက်ကြီးရှိုက်တငင်ပင်ပန်းခြင်းတို့သည်။ နိရုဇ္ဈန္တိ၊ ချုပ်ကုန်၏။
ဧဝံ၊ ဤသို့။ ကေဝလဿ၊ ချမ်းသာအစရှိသည်တို့နှင့် မရောသော။ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။ နိရောဓော၊ ချုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ဒုက္ခဉ္စ၊ ဆင်းရဲခြင်းလည်းကောင်း။ သမုဒယော စ၊ ဖြစ်ကြောင်းလည်းကောင်း။ ဧဝံ၊ ဤသို့။ ပုရိမကာနိ၊ ရှေး၌ဖြစ်ကုန်သော။ ဒွေ၊ နှစ်ပါးကုန်သော။ သစ္စာနိ စ၊ သစ္စာတို့လည်းကောင်း။ သမထော စ၊ ငြိမ်းသောသမထသည်လညးကောင်း။ ဝိပဿနာ စ၊ အထူးသဖြင့် ရှုတတ်သော ဝိပဿနာသည်လည်းကောင်း။ မဂ္ဂေါ၊ ငြိမ်းအေးရာကို ရှုတတ်သော မဂ်မည်၏။
ဘဝနိရောဓော၊ ဘဝ၏ ချုပ်ခြင်းသည်။ နိဗ္ဗာနံ၊ ငြိမ်းအေးရာနိဗ္ဗာန်မည်၏။ ဒွေ၊ နှစ်ပါးကုန်သော။ ဣမာနိ သစ္စာနိ စ၊ ဤမှန်သောသစ္စာတို့လည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိ သစ္စာနိ၊ ဤမှန်သောသစ္စာတို့ကို။ နိဒ္ဓါရိတာနိ၊ ထုတ်အပ်ကုန်ပြီ။
တေန၊ ထိုကြောင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာရမ္ဘထ၊ အားထုတ်ခြင်းကုန်သော။ နိက္ကမထ၊ ပျင်းခြင်းမှ ထွက်ကုန်သော။ ဣတိ၊ ဤသို့။ အာဟ၊ ဟောတော်မူ၏။
မူလေ၊ သစ်ပင်၏အမြစ်သည်။ အနုပဒ္ဒဝေ၊ ဖြတ်ခွဲမီးတိုက်ခြင်းစသော အန္တရာယ်မရှိသဖြင့်။ ဒဠှေ၊ မြဲမြံသည်ရှိသော်။ ဆိန္နောပိ၊ ပင်စည်ကို ဖြတ်အပ်ပြီးငြားသော်လည်း။ ရုက္ခော၊ သစ်ပင်သည်။ ပုနဒေဝ၊ တဘန်သာလျှင်။ ရူဟတိ ယထာပိ၊ ရောက်ပြန်ရှင်ပြန်သကဲ့သို့။
ဧဝမ္ပိ၊ ဤအတူလည်း။ တဏှာနုသယေ၊ တပ်သည်ဖြစ်၍ အဘန်တလဲလဲ ကိန်းသောတဏှာနုသယကို။ အနူဟတေ၊ မဖြတ်အပ်သေးသည်ရှိသော်။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဣဒံ ဒုက္ခံ၊ ဤဆင်းရဲသည်။ နိဗ္ဗတ္တတိ၊ ဖြစ်၏။
အယံ တဏှာနုသယော၊ ဤတပ်သည်ဖြစ်၍ အဘန်တလဲလဲ ကိန်းသောတဏှာနုသယသည်။
ကတမဿာ၊ အဘယ်မည်သော။ တဏှာယ၊ တပ်ခြင်းတဏှာ၏။ အနုသယော၊ အဘန်တလဲလဲ ကိန်းခြင်းသည်။ ဟောတိ၊ ဖြစ်သနည်း။
ဘဝတဏှာယ၊ ဖြစ်ရာဘုံဘဝ၌ တပ်သောဘဝတဏှာ၏။ အနုသယော၊ အဘန်တလဲလဲ ကိန်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ယော ဓမ္မော၊ အကြင်တရားသည်။ ဧတဿ ဓမ္မဿ၊ ဤတရား၏။ ပစ္စယော၊ အကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ အယံ ဓမ္မော၊ ဤတရားသည်။ အဝိဇ္ဇာ၊ ဖုံးလွှမ်းတတ်သောအဝိဇ္ဇာမည်၏။
ဟိ သစ္စံ၊ မှန်၏။ အဝိဇ္ဇာပစ္စယာ၊ ဖုံးလွှမ်းတတ်သော အဝိဇ္ဇာဟူသော အကြောင်းကြောင့်။ ဘဝတဏှ၊ ဖြစ်ရာဘုံဘဝ၌ တပ်သောတဏှာသည်။ သမ္ဘဝတိ၊ ဖြစ်၏။
တဏှာ စ၊ တပခြင်းတဏှာလည်းကောင်း။ အဝိဇ္ဇာ စ၊ ဖုံးလွှမ်းခြင်းအဝိဇ္ဇာလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးကုန်သော။ ဣမေ ကိလေသာ၊ ဤညစ်ညူးခြင်းကိလေသာတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ယေ၊ အကြင်တပ်ခြင်းတဏှာ ဖုံးလွှမ်းခြင်းအဝိဇ္ဇာတို့သည်။ စတ္တာရိ၊ လေးပါးကုန်သော။ တာနိ ဥပါဒါနာနိ၊ ထိုစွဲလမ်းခြင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ စတူဟိ၊ လေးပါးကုန်သော။ တေဟိ ဥပါဒါနေဟိ၊ ထိုစွဲလမ်းခြင်းတို့ဖြင့်။ ယေ ခန္ဓာ၊ အကြင်ခန္ဓာတို့သည်။ သဥပါဒါနာ၊ စွဲလမ်းခြင်းရှိကုန်၏။ ဣဒံ၊ ဤခန္ဓာသည်။ ဒုက္ခံ၊ ဆင်းရဲ၏။
ယေ၊ အကြင်တပ်ခြင်းတဏှာ ဖုံးလွှမ်းခြင်းအဝိဇ္ဇာတို့သည်။ စတ္တာရိ၊ လေးပါးကုန်သော။ ဥပါဒါနာနိ၊ စွဲလမ်းခြင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အယံ၊ ဤတပ်ခြင်းတဏှာ ဖုံးလွှမ်းခြင်းအဝိဇ္ဇာနှစ်ပါးအပေါင်းသည်။ သမုဒယော၊ ဖြစ်ကြောင်းမည်၏။
ပဉ္စက္ခန္ဓာ၊ ငါးပါးသောခန္ဓာတို့သည်။ ဒုက္ခံ၊ ဆင်းရဲ၏။
တေသံ၊ ထိုခန္ဓာငါးပါးတို့ကို။ ပရိညာယ စ၊ ပိုင်းခြား၍ သိခြင်းငှါလည်းကောင်း။ ပဟာနာယ စ၊ ပယ်ခြင်းငှါလည်းကောင်း။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဓမ္မံ၊ တရားကို။ ဒေသေတိ၊ ဟောတော်မူ၏။ ဒုက္ခဿ၊ ဆင်းရဲကို။ ပရိညာယ၊ ပိုင်းခြား၍ သိခြင်းငှါ။ သမုဒယဿ၊ ဖြစ်ကြောင်းကို။ ပဟာနာယ၊ ပယ်ခြင်းငှါ။ ဒေသေတိ၊ ဟောတော်မူ၏။
ယေန ဓမ္မေန၊ အကြင်တရားဖြင့်။ တဏှာနုသယံ၊ တပ်သည်ဖြစ်၍ အဘန်တလဲလဲ ကိန်းသော တဏှာနုသယကို။ သမူဟနတိ၊ အကြွင်းမဲ့ ကောင်းစွာ နုတ်ဖျက်၏။ အယံ ဓမ္မော၊ ဤတရားသည်။ သမထော၊ ငြိမ်းသောသမထမည်၏။
ယေန ဓမ္မေန၊ အြကင်တရားဖြင့်။ တဏှာနုသယဿ၊ တပ်သည်ဖြစ်၍ အဘန်တလဲလဲ ကိန်းသော တဏှာနုသယ၏။ ပစ္စယံ၊ ‌အကြောင်းဖြစ်သော။ အဝိဇ္ဇံ၊ ဖုံးလွှမ်းတတ်သောအဝိဇ္ဇာကို။ ဝါရယတိ၊ မြစ်၏။ အယံ၊ ဤအပြားအားဖြင့် သိသော ပညာသည်။ ဝိပဿနာ၊ အထူးသဖြင့် ရှုတတ်သော ဝိပဿနာသည်။ ဟောတိ၊ ဖြစ်၏။
သမထော စ၊ ငြိမ်းသော သမထလည်းကောင်း။ ဝိပဿနာ စ၊ အထူးသဖြင့် ရှုတတ်သော ဝိပဿနာလည်းကောင်း။ ဒွေ၊ နှစ်ပါးကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ ဘာဝနာပါရိပူရိံ၊ ပွါးခြင်း၏ ပြည့်စုံခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ သမထဿ၊ ငြိမ်းခြင်းသမထ၏။ ဖလံ၊ အကျိုးကား။ ရာဂဝိရာဂါ၊ တပ်ခြင်းကင်းသည်ဖြစ်၍။ စေတောဝိမုတ္တိ၊ တပ်ခြင်းမှ လွတ်သောစိတ်သည်။ ဟောတိ၊ ဖြစ်၏။ ဝိပဿနာယ၊ အထူးသဖြင့် ရှုတတ်သော ဝိပဿနာဉာဏ်၏။ ဖလံ၊ အကျိုးကား။ အဝိဇ္ဇာဝိရာဂါ၊ ဖုံးလွှမ်းခြင်းအဝိဇ္ဇာမှ ကင်းသည်ဖြစ်၍။ ပညာဝိမုတ္တိ၊ အပြားအားဖြင့် သိသော ပညာသည်သာလျှင် ကိလေသာမှ လွတ်ခြင်းတည်း။
ဣတိ ဣမိနာ ဝုတ္တနယေန၊ ဤသို့အကြင်အကြင်ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ ဒုက္ခဉ္စ၊ ဆင်းရဲခြင်းလည်းကောင်း။ သမုဒယော စ၊ ဖြစ်ကြောင်းလည်းကောင်း။ ပုရိမကာနိ၊ ရှေး၌ဖြစ်ကုန်သော။ ဒွေ၊ နှစ်ပါးကုန်သော။ သစ္စာနိ စ၊ မှန်သောသစ္စာတို့လည်းကောင်း။ သမထော စ၊ ငြိမ်းခြင်းသမထသည်လညးကောင်း။ ဝိပဿနာ စ၊ အထူးသဖြင့် ရှုတတ်သော ဝိပဿနာသည်လည်းကောင်း။ မဂ္ဂေါ၊ ငြိမ်းအေးရာကို ရှုတတ်သော မဂ်မည်၏။ ဒွေ၊ နှစ်ပါးကုန်သော။ ဝိမုတ္တိယော စ၊ ညစ်ညူးကြောင်းကိလေသာတို့မှ လွတ်ခြင်းတို့သည်လည်း။ နိရောဓော၊ ချုပ်ရာနိရောဓမည်၏။ ဒွေ၊ နှစ်ပါးကုန်သော။ ဣမာနိ သစ္စာနိ စ၊ ဤမှန်သော သစ္စာတို့လည်းကောင်း။
စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိ သစ္စနိ၊ ဤမှန်သော သစ္စာတို့ကို။ နိဒ္ဓါရိတာနိ၊ ထုတ်အပ်ကုန်ပြီ။
တေန၊ ထိုကြောင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ယထာပိ မူလေတိ၊ ယထာပိ မူလေဟူ၍။ အာဟ၊ ဟောတော်မူ၏။
သဗ္ဗပါပဿ၊ အလုံးစုံသော မကောင်းမှုကို။ အကရဏံ၊ မပြုမလုပ်ခြင်းသည်။ သာဓု၊ ကောင်း၏။ ကုသလဿ၊ အပြစ်မရှိသောကုသိုလ်ကို။ ဥပသမ္ပဒါ၊ ပြည့်စုံစေခြင်းသည်။ သာဓု၊ ကောင်း၏။
သစိတ္တပရိယောဒပနံ၊ မိမိ၏သိခြင်းစိတ်ကို ဖြူစင်စေခြင်းသည်။ သာဓု၊ ကောင်း၏။ ဧတံ၊ ဤအဆုံးအမသည်။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမတော်တည်း။
သဗ္ဗပါပံ နာမ၊ အလုံးစုံသော မကောင်းမှုမည်သည်ကား။ ကာယဒုစ္စရိတံ၊ ဆံအစရှိသော ကိုယ်အစုဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်း။ ဝစီဒုစ္စရိတံ၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်း။ မနောဒုစ္စရိတံ၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်း။ ဣတိ ဣမိနာ ပဘေဒေန၊ ဤသို့သောအပြားဖြင့်။ တီဏိ၊ သုံးပါးကုန်သော။ ဒုစ္စရိတာနိ၊ မကောင်းသော အကျင့်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ၊ ထိုသုံးပါးသော မကောင်းသော အကျင့်တို့သည်။ ပါဏာတိပါတော စ၊ သူ၏အသက်ကို လျင်စွာချခြင်းလည်းကောင်း။ အဒိန္နာဒါနဉ္စ၊ အရှင်သည် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူခြင်းလည်းကောင်း။ ကာမေသုမိစ္ဆာစာရော စ၊ သူ၏သားမယားတို့၌ မှားယွင်းသော အကျင့်လည်းကောင်း။ မုသာဝါဒေါ စ၊ မဟုတ်မမှန် ပြောခြင်းလည်းကောင်း။ ပိသုဏာ ဝါစာ စ၊ ချောပစ်သော စကားကို ပြောဆိုခြင်းလည်းကောင်း။ ဖရုသာ ဝါစာ စ၊ ကြမ်းတန်းသော စကားကို ပြောဆိုခြင်းလည်းကောင်း။ သမ္ဖပ္ပလာပေါ စ၊ အကျိုးမရှိသော စကားကို ပြောဆိုခြင်းလည်းကောင်း။ အဘိဇ္ဈာ စ၊ သူတပါးစည်းစိမ်ကို ရှေးရှုကြံခြင်းလည်းကောင်း။ ဗျာပါဒေါ စ၊ သူတပါးစည်းစိမ်ကို ဖျက်ဆီးကြောင်းဖြစ်သောဒေါသလည်းကောင်း။ မိစ္ဆာဒိဋ္ဌိ စ၊ မှားယွင်းသောအယူလည်းကောင်း။ ဣတိ၊ ဤသို့။ ဒသ၊ ဆယ်ပါးကုန်သော။ အကုသလကမ္မပထာ၊ အပါယ်လားကြောင်း မကောင်းမှုကံတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တာနိ၊ ထိုအပါယ်လားကြောင်း မကောင်းမှုကံတို့သည်။ စေတနာ စ၊ စေ့ဆော်တတ်သော စေတနာကံလည်းကောင်း။ စေတသိကဉ္စ၊ စိတ်၌ယှဉ်သော စေတသိက်ကံလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ ကမ္မာနိ၊ နှစ်ပါးသောကံတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ယော စ ပါဏာတိပါတော၊ အကြင်သူ၏အသက်ကို လျင်စွာချခြင်းလည်းကောင်း။ ယာ စ ပိသုဏာ ဝါစာ၊ အကြင်ချောပစ်သော စကားကို ပြောဆိုခြင်းလည်းကောင်း။ ယာ စ ဖရုသာ ဝါစာ၊ အကြင်ကြမ်းတန်းသော စကားကို ပြောဆိုခြင်းလည်းကောင်း။ ဣဒံ ဒုစ္စရိတ္တတယံ၊ ဤ‌မကောင်းသောအကျင့်သုံးပါးအပေါင်းသည်။ ဒေါသသမုဋ္ဌာနံ၊ ဖျက်ဆီးတတ်သောဒေါသလျှင်ဖြစ်ကြောင်းရှိ၏။
ယဉ္စ အဒိန္နာဒါနံ၊ အကြင်အရှင်သည် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူခြင်းလည်းကောင်း။ ယော စ ကာမေသုမိစ္ဆာစာရော၊ အကြင်သူ၏သားမယားတို့၌ မှားယွင်းသော အကျင့်လည်းကောင်း။ ယော စ မုသာဝါဒေါ၊ အကြင် မဟုတ်မမှန် ပြောဆိုခြင်းလည်းကောင်း။ ဣဒံ၊ ဤတရားသုံးပါးအပေါင်းသည်။ လောဘသမုဋ္ဌာနံ၊ လိုချင်တတ်သောလောဘလျှင်‌‌ဖြစ်ကြောင်းရှိ၏။ ယော သမ္ဖပ္ပလာပေါ၊ အကြင်အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤအကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းသည်။ မောဟသမုဋ္ဌာနံ၊ တွေဝေတတ်သောမောဟလျှင်ဖြစ်ကြောင်းရှိ၏။
ဣမာနိ သတ္တ ကာရဏာနိ၊ ဤခုနစ်ပါးသော အကြောင်းတို့သည်။ စေတနာကမ္မံ၊ စေ့ဆော်တတ်သော စေတနာကံမည်၏။
ယာ အဘိဇ္ဈာ၊ အကြင်သူစည်းစိမ်ကို ရှေးရှုကြံခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသူတပါး စည်းစိမ်ကို ရှေးရှုကြံခြင်းသည်။ လောဘော၊ လိုချင်တတ်သည်ဟု ဆိုအပ်သော။ အကုသလမူလံ၊ မကောင်းသော အကျိုးကို ပေးတတ်သော အမြစ်မူလရှိ၏။
ယော ဗျာပါဒော၊ အကြင်သူတပါးစည်းစိမ်ကို ဖျက်ဆီးကြောင်းဖြစ်သောဒေါသသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤဒေါသသည်။ ဒေါသော၊ ဖျက်ဆီးတတ်သည်ဟု ဆိုအပ်သော။ အကုသလမူလံ၊ မကောင်းသော အကျိုးကို ပေးတတ်သော အမြစ်မူလရှိ၏။
ယာ မိစ္ဆာဒိဋ္ဌိ၊ အကြင်မှားသောအမြင်သည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤမှားသောအမြင်သည်။ မိစ္ဆာမဂ္ဂော၊ မှားသောလမ်းခရီးသည်။ ဟောတိ၊ ဖြစ်၏။
ဣမာနိ တီဏိ ကာရဏာနိ၊ ဤသုံးပါးသော အကြောင်းတို့သည်။ စေတသိကကမ္မံ၊ စိတ်၌ယှဉ်သော စေတသိကကံမည်၏။
တေန၊ ထိုကြောင့်။ စေတနာကမ္မံ စေတသိကကမ္မန္တိ၊ စေ့ဆော်တတ်သောကံ စိတ်၌ယှဉ်သောကံဟူ၍။ အာဟ၊ မိန့်တော်မူ၏။
အကုသလမူလံ၊ လိုချင်ခြင်းလောဘစသော အကုသိုလ်အ‌မြစ်မူလသည်။ ပယောဂံ၊ ကိုယ်ဖြင့်လုံ့လပြုခြင်း နှုတ်ဖြင့်လုံ့လပြုခြင်းသို့။ ဂစ္ဆန္တံ၊ ရောက်သည်ရှိသော်။ စတုဗ္ဗိဓံ၊ လေးပါးအပြားရှိသော။ အဂတိံ၊ မလးအပ်သော အရာသို့ လားခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ ဆန္ဒာ၊ ချစ်မြတ်နိုးခြင်းကြောင့်။ ဒေါသာ၊ အမျက်ထွက်ခြင်းကြောင့်။ ဘယာ၊ ကြောက်ခြင်းကြောင့်။ မောဟာ၊ မိုက်ခြင်းကြောင့်။ အဂတိံ၊ မလးအပ်သော အရာသို့ လားခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။
တတ္ထ၊ ထိုလေးပါးတို့တွင်။ ဆန္ဒာ၊ ချစ်မြတ်နိုးခြင်းကြောင့်။ ယံ အဂတိံ ဂစ္ဆတိ၊ အကြင် မလားအပ်သည်သို့ လား၏။ ဣဒံ၊ ဤသို့လားခြင်းသည်။ လောဘသမုဋ္ဌာနံ၊ လိုချင်တတ်သောလောဘလျှင်ဖြစ်ကြောင်းရှိ၏။
ဒေါသာ၊ အမျက်ထွက်ခြင်းကြောင့်။ ယံ အဂတိံ ဂစ္ဆတိ၊ အကြင် မလားအပ်သည်သို့ လား၏။ ဣဒံ၊ ဤသို့လားခြင်းသည်။ ဒေါသသမုဋ္ဌာနံ၊ အမျက်ထွက်ခြင်းဒေါသလျှင် ဖြစ်ကြောင်းရှိ၏။
ဘယာ စ၊ ကြောက်ခြင်းကြောင့်လည်းကောင်း။ မောဟာ စ၊ မိုက်ခြင်းကြောင့်လည်းကောင်း။ ယံ အဂတိံ ဂစ္ဆတိ၊ အကြင် မလားအပ်သည်သို့ လား၏။ ဣဒံ၊ ဤသို့လားခြင်းသည်။ မောဟသမုဋ္ဌာနံ၊ မိုက်ခြင်းမောဟလျှင် ဖြစ်ကြောင်းရှိ၏။
တတ္ထ၊ ထိုအမြစ်မူလသုံးပါးတို့တွင်။ လောဘော၊ လိုချင်ခြင်းလောဘကို။ အသုဘာယ၊ မတင့်တယ်ခြင်းသည်။ ပဟီယတိ၊ ပယ်အပ်၏။
ဒေါသော၊ အမျက်ထွက်ခြင်းကို။ မေတ္တာယ၊ ချစ်ခြင်းသည်။ ပဟီယတိ၊ ပယ်အပ်၏။
မောဟော၊ မိုက်ခြင်းကို။ ပညာယ၊ အပြားအားဖြင့်သိသောပညာသည်။ ပဟီယတိ၊ ပယ်အပ်၏။
တထာ၊ ထိုမှတပါး။ လောဘော၊ လိုချင်ခြင်းလောဘကို။ ဥပေက္ခာယ၊ လျစ်လျူရှုခြင်းသည်။ ပဟီယတိ၊ ပယ်အပ်၏။
ဒေါသော၊ အမျက်ထွက်ခြင်းကို။ မေတ္တာယ စ၊ ချစ်ခြင်းသည်လည်းကောင်း။ ကရုဏာယ စ၊ သနားခြင်းသည်လည်းကောင်း။ ပဟီယတိ၊ ပယ်အပ်၏။
မောဟော၊ မိုက်ခြင်းကို။ မုဒိတာယ၊ ဝမ်းမြောက်ခြင်းဖြင့်။ ပဟာနံ၊ ပယ်ခြင်းသို့။ အဗ္ဘတ္ထံ၊ ချုပ်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။
တေန၊ ထိုကြောင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သဗ္ဗပါပဿ၊ အလုံးစုံသောမကောင်းမှုကို။ အကရဏံ၊ မပြုခြင်းသည်။ သာဓု၊ ကောင်း၏။ ဣတိ၊ ဤသို့။ အာဟ၊ ဟောတော်မူ၏။
သဗ္ဗပါပံ နာမ၊ အလုံးစုံသောမကောင်းမှုမည်သည်ကား။ အဋ္ဌ မိစ္ဆတ္တာနိ၊ ရှစ်ပါးသော မှားသောသဘောတို့သည်။ ဟောတိ၊ ဖြစ်၏။ တာနိ၊ ထိုရှစ်ပါးသော မှားသောသဘောတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။ မိစ္ဆာဒိဋ္ဌိ၊ မှားသော အမြင်၎င်း။ မိစ္ဆာသင်္ကပ္ပေါ၊ မှားသော အကြံ၎င်း။ မိစ္ဆာဝါစာ၊ မှားသော စကားလည်းကောင်း။ မိစ္ဆာကမ္မန္တော၊ မှားသော အမှုလည်းကောင်း။ မိစ္ဆာအာဇီဝေါ၊ မှားသော အသက်မွေးခြင်းလည်းကောင်း။ မိစ္ဆာဝါယာမော၊ မှားသော လုံ့လလည်းကောင်း။ မိစ္ဆာသတိ၊ မှားသော အောက်မေ့ခြင်းလည်းကောင်း။ မိစ္ဆာသမာဓိ၊ မှားသော တည်ကြည်ခြင်းလည်းကောင်း။ ဣမာနိ အဋ္ဌ၊ ဤရှစ်ပါးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣဒံ၊ ဤရှစ်ပါးသော တရားအပေါင်းကို။ သဗ္ဗံ၊ အလုံးစုံသော။ ပါပံ၊ မကောင်းမှုဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
အဋ္ဌန္နံ၊ ရှစ်ပါးကုန်သော။ ဣမေသံ မိစ္ဆတ္တာနံ၊ ဤမှားသော သသောတို့ကို။ ယာ အကိရိယာ၊ အကြင်မပြုခြင်းသည်။ ယံ အကရဏံ၊ အကြင်မပြုခြင်းသည်။ ယော အနဇ္ဈာစာရော၊ အကြင်ဆောက်တည်၍ မကျင့်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤရှစ်ပါးသော မှားသော သဘောတို့ကို မဖြစ်စေခြင်းကို။ သဗ္ဗပါပဿ၊ အလုံးစုံသော မကောင်းမှုကို။ အကရဏံ၊ မပြုခြင်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
အဋ္ဌသု၊ ရှစ်ပါးကုန်သော။ မိစ္ဆတ္တေသု၊ မှားသော သဘောတို့ကို။ ပဟီနေသု၊ ပယ်အပ်ကုန်သည်ရှိသော်။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ သမ္မတ္တာနိ၊ မဖောက်မပြန် မှန်သော သဘောတရားတို့သည်။ သမ္ပဇ္ဇန္တိ၊ ပြည့်စုံကုန်၏။
အဋ္ဌန္နံ၊ ရှစ်ပါးကုန်သော။ သမ္မတ္တာနံ၊ မဖောက်မပြန် မှန်သော သဘောတရားတို့ကို။ ယာ ကိရိယာ၊ အကြင်ပြုခြင်းသည်။ ယံ ကရဏံ၊ အကြင်ပြုခြင်းသည်။ ယံ သမ္ပါဒနံ၊ အကြင်ပြည့်စုံစေခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသို့ပြည့်စုံစေခြင်းကို။ ကုသလဿ၊ အပြစ်မရှိသောကုသိုလ်ကို။ ဥပသမ္ပဒါ၊ ပြည့်စုံစေခြင်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
သစိတ္တပရိယောဒပနန္တိ၊ မိမိ၏ စိတ်ကို ဖြူစင်စေခြင်းဟူသည်ကား။ အတီတဿ၊ လွန်လေပြီးသော ဝိပသာီဘုရားရှင်သည် ရအပ်သော။ မဂ္ဂဿ၊ ငြိမ်းအေးရာသို့ ရောက်ကြောင်းမဂ်ကို။ ဘာဝနာ၊ ပွါးစေခြင်းမည်၏။ အဿ၊ ထိုငြိမ်းအေးရာသို့ ရောက်ကြောင်းခရီးကို။ ကိရိယာ၊ ပြုခြင်းမည်၏။ စိတ္တေ၊ စိတ်သည်။ ပရိယောဒါပိတေ၊ ဖြူစင်ပြီးသည်။ သတိ၊ ရှိသော်။ ပဉ္စက္ခန္ဓာ၊ ငါးပါးသောခန္ဓာတို့သည်။ ပရိယောဒပိတာ၊ ပြိုးပြိုးပြက် ဖြူစင်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဟိ သစ္စံ၊ မှန်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဧဝံ၊ ဤသို့။ အာဟ၊ မိန့်တော်မူ၏။ ကံ အာဟ၊ အဘယ်သို့ မိန့်တော်မူသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ စေတောဝိသုဒ္ဓတ္ထံ၊ စိတ်ကို စင်ကြယ်စေခြင်းငှါ။ တထာဂတေ၊ သင်တို့ဆရာ ငါဘုရားသည်။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ ဝုဿတိ၊ သုံးတော်မူ၏။ ဣတိ၊ ဤသို့။ အာဟ၊ မိန့်တော်မူ၏။
ဟိ၊ သင့်စွ။ နီဝရဏပ္ပဟာနဉ္စ၊ ပိတ်ပင်ခြင်းကို ပယ်ခြင်းလည်းကောင်း။ အနုသယသမုဂ္ဃာတော စ၊ အစဉ်ကိန်းခြင်းကို အကြွင်းမဲ့ ခွါခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ပရိယောဒါပနာ၊ ဖြူစင်စေခြင်းတို့သည်။ ဒုဝိဓာ၊ နှစ်ပါးအပြားရှိကုန်၏။
ဒဿနဘူမိ စ၊ အမြင်၏ တည်ရာလည်းကောင်း။ ဘာဝနာဘူမိ စ၊ ပွါးများခြင်း၏ တည်ရာလည်းကောင်း။ ဣတိ၊ ဤသို့။ ပရိယောဒါပနဘူမိယော၊ ဖြူစင်ခြင်း၏ တည်ရာတို့သည်။ ဒွေ၊ နှစ်ပါးတို့တည်း။ တတ္ထ ဝစနေ၊ ထိုစကား၌။ ယံ၊ အကြင်ခန္ဓာငါးပါးအပေါင်းကို။ ပဋိဝေဓေန၊ ထိုးထွင်း၍ သိခြင်းဖြင့်။ ပရိယောဒာပေတိ၊ ဖြူစင်စေ၏။ ဣဒံ၊ ဤခန္ဓာငါးပါးသည်။ ဒုက္ခံ၊ ဆင်းရဲ၏။
ယတော၊ အကြင်ပိတ်ပင်ခြင်းနီဝရဏအစဉ်ကိန်းခြင်းအနုသယမှ။ ပရိယောဒါပေတိ၊ ဖြူစင်စေ၏။ အယံ၊ ဤပိတ်ပင်ခြင်းနီဝရဏအစဉ်ကိန်းခြင်းအနုသယသည်။ သမုဒယော၊ ဖြစ်ကြောင်းမည်၏။
ယေန၊ အကြင်မြင်ခြင်းဒဿန ပွါးခြင်းဘာဝနာဟု ဆိုအပ်သော ဖြူစင်သောခရီးဖြင့်။ ပရိယောဒါပေတိ၊ ဖြူစင်စေ၏။ အယံ၊ ဤခရီးသည်။ မဂ္ဂေါ၊ ငြိမ်းအေးရာသို့ ရောက်ကြောင်းခရီးမည်၏။
ယံ၊ အကြင်ငြိမ်းအေးရာနိဗ္ဗာန်ကို။ ပရိယောဒပိတံ၊ ဖြူစင်စေ၏။ အယံ၊ ဤငြိမ်းအေးရာနိဗ္ဗာန်သည်။ နိရောဓော၊ ချုပ်ရာနိရောဓမည်၏။
စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိ သစ္စာနိ၊ ဤမှန်ခြင်းသစ္စာတို့ကို။ နိဒ္ဓါရိတာနိ၊ ထုတ်အပ်ကုန်ပြီ။
တေန၊ ထိုကြောင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သဗ္ဗပါပဿ၊ အလုံးစုံသော မကောင်းမှုကို။ အကရဏန္တိ၊ မပြုခြင်းသည်။ သာဓု၊ ကောင်း၏။ ဣတိ၊ ဤသို့။ အာဟ၊ ဟောတော်မူ၏။
ဝဿကာလေ၊ မိုယ်းကလ၌။ မဟန္တံ၊ ကြီးသော။ ဆတ္တံ၊ ထီးသည်။ ဓာရေန္တံ၊ ဆောင်သောသူကို။ ရက္ခတိ ယထာ၊ စောင့်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဓမ္မစာရိံ၊ တရားကို ကျင့်သောသူကို။ ဟဝေ၊ စင်စစ်။ ဓမ္မော၊ ကုသိုလ်တရားသည်။ ရက္ခတိ၊ စောင့်၏။
ဓမ္မစာရီ၊ တရားကို ကျင့်သောသူသည်။ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူ၏ လားရာဖြစ်သော အပါယ်လေးပါးသို့။ န ဂစ္ဆတိ၊ မလားရ။ ဧသ ဧသော၊ ဤသို့မလားရခြင်းသည်။ သုစိဏ္ဏေ သုစိဏ္ဏဿ၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မေ ဓမ္မဿ၊ တရား၏။ အာနိသံသော၊ အကျင့်တည်း။ ဣတိ ဣဒံ ဝစနံ၊ ဤသို့သော စကားကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာဟ၊ ဟောတော်မူပြီ။
ဓမ္မော နာမ၊ တရားမည်သည်ကား။ ဣန္ဒြိယသံဝရော စ၊ အစိုးရခြင်း ဣန္ဒြေကို စောင့်ခြင်းလည်းကောင်း။ မဂ္ဂေါ စ၊ အကြင်တရားလည်းကောင်း။ ဣတိ၊ ဤသို့။ ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏။
ဒုဂ္ဂတိ နာမ၊ မကောင်းသော အလားမည်သည်။ ဒုဝိဓာ၊ နှစ်ပါးအပြားရှိ၏။ ဒေဝမနုဿေ ဝါ၊ နတ်လူတို့ကိုလည်း။ ဥပနိဓာယ၊ ထောက်၍။ အပါယာ၊ ချမ်းသာမှ ကင်းသော အပါယ်ဘုံတို့သည်။ ဒုဂ္ဂတိ၊ မကောင်းသော အလားမည်၏။ နိဗ္ဗာနံ ဝါ၊ ငြိမ်းအေးရာနိဗ္ဗာန်ကိုလည်း။ ဥပနိဓာယ၊ ထောက်၍။ သဗ္ဗာ၊ အလုံးစုံကုန်သော။ ဥပပတ္တိယော၊ ဥပပါတ်ဖြစ်သော နတ်ဘုံတို့သည်။ ဒုဂ္ဂတိ၊ မကောင်းသော အလားမည်၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ သံဝရသီလေ၊ စောင့်စည်းအလေ့၌။ ယာ အက္ခဏ္ဍကာရိတာ၊ အကြင်မကျိုးမပြတ်ပြုလေ့ရှိသောသူ၏အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ သုစိဏ္ဏော၊ ကောင်းစွာကျင့်အပ်သော။ အယံ ဓမ္မော၊ ဤတရားသည်။ အပါယေဟိ၊ ချမ်းသာမှကင်းရာ အပါယ်အရပ်တို့မှ။ ရက္ခတိ၊ စောင့်၏။
ဧဝံ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာဟ၊ ဟောတော်မူ၏။ ကိံ အာဟ၊ အဘယ်သို့ ဟောတော်မူသနည်း။ ဘိက္ခဝေ၊ ရဟန်းသို့။ သီလဝတော၊ အကျင့်သီလရှိသောသူ၏။ ဂတိယော၊ အလးတို့သည်။ ဒေဝါ စ၊ နတ်တို့လည်းကောင်း။ မနုဿာ စ၊ လူတို့လည်းကောင်း။ ဣမာ ဒွေ၊ ဤနှစ်ပါးတို့တည်း။ ဣတိ၊ ဤသို့။ အာဟ၊ မိန့်တော်မူ၏။
နာဠန္ဒာယံ၊ နာဠန္ဒမြို့၌။ နိဂမေ၊ ရွာကြီးဟု ဆိုအပ်သော နိဂုံ၌။ အသိဗန္ဓကပုတ္တော၊ သန်လျက်ကို စွဲတတ်သောသူသားဖြစ်သော။ ဂါမဏိ၊ ရွာသူကြီးသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဧဝဉ္စ၊ ဤသို့။ ဧတံ ဝစနံ၊ ဤသို့သောစကားကို။ အဝေါစ၊ လျှောက်၏။ ကိံ အဝေါစ၊ အဘယ်သို့ ကျှောက်သနည်း။
ဘန္တေ၊ မြတ်စွာဘုရား။ ပစ္ဆာဘူမကာ၊ အိမ်၏ အနောက်မြေအရပ်၌ နေလေ့ရှိကုန်သော။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။ ကာမဏ္ဍလုကာ၊ ရေကရားကို ဆောင်ကုန်၏။ သေဝါလမာလိကာ၊ မှော်ပန်းကို ပန်ကုန်၏။ ဥဒကောရောဟကာ၊ ညနံနက်ရေသို့ သက်ဆင်းကုန်၏။ အဂ္ဂိပရိစာရကာ၊ မီးကို လုပ်ကျွေးကုန်၏။ တေ ဗြာဟ္မဏာ၊ ထိုပုဏ္ဏားတို့သည်။ မတံ ကာလင်္ကတံ၊ သေသောသူကို။ ဥယျာပေန္တိ နာမ၊ လူပြည်မှအထက် နတ်ပြည်သို့ရောက်စေကုန်၏။ သညာပေန္တိ နာမ၊ ကောင်းစွာ ရောက်စေကုန်၏။ သဂ္ဂံ နာမ၊ နတ်ပြည်သို့။ ဩက္ကာမေန္တိ၊ သွင်းကုန်၏။
ဘန္တေ၊ မြတ်စွာဘုရား။ ဘဂဝါ ပန၊ မြတ်စွာဘုရားသည်ကား။ ယထာ၊ အကြင်အခြင်းဖြင့်။ ကယိရမာနေ၊ ပြုသည်ရှိသော်။ သဗ္ဗော လောကော၊ အလုံးစုံသောလူအပေါင်းသည်။ ကာယဿ၊ ဆံအစရှိသောကိုယ်အစု၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်၌။ သုဂတိံ၊ ကောင်းမှုကို ပြုသောသူတို့၏ လားရာဖြစ်သော။ သဂ္ဂံ လောကံ၊ နတ်ပြည်သို့။ ဥပပဇ္ဇေယျာ၊ ရောက်ရာ၏။ တထာ၊ ထိုအခြင်းဖြင့်။ ကာတုံ၊ ပြုခြင်းငှါ။ ပဟောတိ၊ တတ်စွမ်းနိုင်ပါ၏လော။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်၏။
ဂါမဏိ၊ ရွာသူကြီး။ တေန ဟိ၊ တိုသို့တပြီးကား။ ဧတ္ထ၊ ဤအရာ၌။ တညေဝ၊ သင့်ကိုသာလျှင်။ အဟံ၊ ငါဘုရားသည်။ ပဋိပုစ္ဆိဿာမိ၊ တဘန်မေးဦးအံ့။ ယထာ၊ အကြင်အခြင်းဖြင့်။ တေ၊ သင့်အား။ ခမေယျ၊ နှစ်သက်ရာ၏။ တထာ၊ ထိုအခြင်းဖြင့်။ မေ၊ ငါ့အား။ တွံ၊ သင်သည်။ နံ ကရဏံ၊ ထိုအကြောင်းကို။ ဗျာကရေယျာသိ၊ ကြားသိလော။
ဂါမဏိ၊ ရွာသူကြီး။ တံ၊ ထိုအကြောင်းကို။ တွံ၊ သင်သည်။ ကိံ၊ အဘယ်သို့။ မညသိ၊ အောက်မေ့သနည်း။ ဣဓ၊ ဤလောက၌။ ပုရိသော၊ ယောက်ျားသည်။ ပါဏာတိပါတီ၊ သူ၏အသက်ကို လျင်စွာချတတ်သည်။ အဒိန္နာဒာယီ၊ အရှင်သည် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူတတ်သည်။ ကာမေသုမိစ္ဆာစာရီ၊ သူရ၏သားမယားတို့၌ မှားသောအကျင့်ရှိသည်။ မုသာဝါဒီ၊ မဟုတ်မမန်သော စကားကို ပြောဆိုလေ့ရှိသည်။ ပိသုဏဝါစော၊ ချောပစ်သော စကားကို ပြောဆိုလေ့ရှိသည်။ ဖရုသဝါစော၊ ကြမ်းတန်းသော စကားကို ပြောဆိုတတ်သည်။ သမ္ဖပ္ပလာပီ၊ အကျိုးမရှိသော စကားကို ပြောဆိုလေ့ရှိသည်။ အဘိဇ္ဈာလု၊ များသောလိုချင်ခြင်းရှိသည်။ ဗျာပန္နစိတ္တော၊ ဒေါသဖြင့် ဖျက်ဆီးတတ်သော စိတ်ရှိသောသူသည်။ မိစ္ဆာဒိဋ္ဌိကော၊ မှားသော အမြင်ရှိသည်။ အဿ ဟောတိ၊ ဖြစ်၏။ တမေနံ၊ ထိုယောက်ျားကို။ မဟာဇနကာယော၊ များစွာသောလူအပေါင်းသည်။ သင်္ဂမ္မ၊ အညီအညွတ်စည်းဝေး၍။ သမာဂမ္မ၊ အညီအညွတ်တကွ ပေါင်းရုံ၍။ အယံ ပုရိသော၊ ဤယောက်ျားသည်။ ကာယဿ၊ ဆံအစရှိသောကိုယ်အစု၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်၌။ သုဂတိံ၊ ကောင်းမှုကို ပြုသောသူတို့၏ လားရာဖြစ်သော။ သဂ္ဂံ လောကံ၊ နတ်ပြည်သို့။ ဥပပဇ္ဇတု၊ ဖြစ်စေလော။ ဣတိ၊ ဤသို့။ အာယာစေယျ၊ တောင်းပန်ရာ၏။ ထောမေယျ၊ ချီးမြှောက်ရာ၏။ ပဉ္ဇလိကော၊ လက်အုပ်ချီ၍။ အနုပရိသက္ကေယျ၊ နောက်သို့ အစဉ်လိုက်၍ ပူဇော်ရာ၏။
ဂါမဏိ၊ ရွာသူကြီး။ တံ၊ ထိုအကြောင်းကို။ ကိံ မညသိ၊ အဘယ်သို့ အောက်မေ့သနည်း။ သော ပုရိသော၊ ထိုယောက်ျားသည်။ မဟတော၊ များစွာသော။ ဇနကာယဿ၊ လူအပြေင်း၏။ အာယာစနဟေတု ဝါ၊ တောင်းပန်ခြင်း အကြောင်းကြောင့်လည်းကောင်း။ ထောမနဟေတု ဝါ၊ ချီးမြှောက်ခြင်း၏ အကြောင်းကြောင့်လည်းကောင်း။ ပဉ္ဇလိကံ၊ လက်အုပ်ချီ၍။ အနုပရိသက္ကနဟေတု ဝါ၊ နောက်သို့ အစဉ်လိုက်ခြင်း၏ အကြောင်းကြောင့်လည်းကောင်း။ ကာယဿ၊ ဆံအစရှိသောကိုယ်အစု၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်၌။ သုဂတိံ၊ ကောင်းမှုကို ပြုသောသူတို့၏ လားရာ ဖြစ်သော။ သဂ္ဂံ လောကံ၊ နတ်ပြည်သို့။ ဥပပဇ္ဇေယျာ အပိ နု၊ ဖြစ်ရာသလော။ ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွားဘုရားသည်။ ဂါမဏိ၊ ရွာသူကြီးကို။ ပုစ္ဆိ၊ မေးတော်မူ၏။
ဘန္တေ၊ မြတ်စွားဘုရား။ ဧတံ၊ ဤစကားသည်။ နော ဟိ ဘဝေယျ၊ မဖြစ်ရာ။
ဂါမဏိ၊ ရွာသူကြီး။ သေယျထာပိ၊ ဥပမာမည်သည်ကား။ ပုရိသော၊ ယောက်ျားသည်။ မဟတိံ၊ ကြီးစွာသော။ ပုထုသိလံ၊ ကျောက်ဖျာကြီးကို။ ဂမ္ဘီရေ၊ နက်စွာသော။ ဥဒကရဟဒေဟေ၊ ရေအိုင်၌။ ပက္ခိပေယျ၊ ချရာ၏။ တမေနံ၊ ထိုကြီးစွာသော ကျောက်ဖျာကို။ မဟာဇနကာယော၊ များစွာသောလူအပေါင်းသည်။ သင်္ဂမ္မ၊ အညီအညွတ် စည်းဝေး၍။ သမာဂမ္မ၊ အညီအညွတ်တကွ ပေါင်းရုံ၍။ ဘော ပုထုသီလေ၊ အိုး အထုထုစွာသောကျောက်ဖျာ။ ဥမ္မုဇ္ဇ၊ အထက်သို့ ပေါ်လော။ ဘော ပုထုသိလေ၊ အိုး အထုထုစွာသောကျောက်ဖျာ။ ဥပ္လဝ၊ ရေ၏အထက် မျောလော။ ဘော ပုထုသိလေ၊ အိုး အထုထုစွာသောကျောက်ဖျာ။ ထလံ၊ ကြည်းကုန်းထက်သို့။ ဥပ္လဝ၊ ထက်လော။ ဣတိ၊ ဤသို့။ အာယာစေယျ၊ တောင်းပန်ရာ၏။ ထောမေယျ၊ ချီးမြှောက်ရာ၏။ ပဉ္ဇလိကော၊ လက်အုပ်ချီ၍။ အနုပရိသက္ကေယျ၊ နောက်သို့ အစဉ်လိုက်၍ ပူဇော်ရာ၏။
ဂါမဏိ၊ ရွာသူကြီး။ တံ၊ ထိုအကြောင်းကို။ ကိံ မညသိ၊ အဘယ်သို့ အောက်မေ့သနည်း။ မဟတီ၊ ကြီးစွာဿာ။ သာ ပုထုသိလာ၊ ထိုကျောက်ဖျာကြီးသည်။ မဟတော၊ များစွာသော။ ဇနကာယဿ၊ လူအပေါင်း၏။ အာယာစနဟေတု ဝါ၊ တောင်းပန်ခြင်း အကြောင်းကြောင့်လည်းကောင်း။ ထောမနဟေတု ဝါ၊ ချီးမြှောက်ခြင်း၏ အကြောင်းကြောင့်လည်းကောင်း။ ပဉ္ဇလိကံ၊ လက်အုပ်ချီ၍။ အနုပရိသက္ကနဟေတု ဝါ၊ နောက်သို့ အစဉ်လိုက်ခြင်း၏ အကြောင်းကြောင့်လည်းကောင်း။ ဥမ္မုဇ္ဇေယျ ဝါ၊ အထက်သို့မူလည်း ပေါ်ရာသလော။ ဥပ္လဝေယျ ဝါ၊ ရေ၏အထက်၌မူလည်း မျောရာသလော။ ထလံ ဝါ၊ ကြည်းကုန်းထက်သို့မူလည်း။ ဥပ္လဝေယျာ အပိ နု၊ တက်ရာသလော။ ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွားဘုရားသည်။ ပုစ္ဆိ၊ မေးတော်မူ၏။
ဘန္တေ၊ မြတ်စွားဘုရား။ ဧတံ၊ ဤစကားသည်။ နော ဟိ ဘဝေယျ၊ မဖြစ်ရာ။
ဂါမဏိ၊ ရွာသူကြီး။ ဧဝမေဝ ခေါ၊ ဤအတူသာလျှင်။ ယော သော ပုရိသော၊ အကြင်ယောက်ျားသည်။ ပါဏာတိပါတီ၊ သူ၏အသက်ကို လျင်စွာချတတ်သည်။ (ပေ)။ မိစ္ဆာဒိဋ္ဌိကော၊ မှားသော အမြင်ရှိသည်။ ဟောတိ၊ ဖြစ်၏။ နံ၊ ထိုယောက်ျားကို။ မဟာဇနကာယော၊ များစွာသောလူအပေါင်းသည်။ သင်္ဂမ္မ၊ အညီအညွတ် စည်းဝေး၍။ သမာဂမ္မ၊ အညီအညွတ်တကွ ပေါင်းရုံ၍။ အယံ ပုရိသော၊ ဤယောက်ျားသည်။ ကာယဿ၊ ဆံအစရှိသောကိုယ်အစု၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်၌။ သုဂတိံ၊ ကောင်းမှုကို ပြုသောသူတို့၏ လားရာ ဖြစ်သော။ သဂ္ဂံ လောကံ၊ နတ်ပြည်သို့။ ဥပပဇ္ဇတု၊ ဖြစ်စေလော။ ဣတိ၊ ဤသို့။ ကိဉ္စာပိ အာယာစေယျ၊ အကယ်၍ တောင်းပန်ရာ၏ရှင့်။ ကိဉ္စာပိ ထောမေယျ၊ အကယ်၍ ချီးမြှောက်ရာ၏ရှင့်။ ပဉ္ဇလိကော၊ လက်အုပ်ချီ၍။ ကိဉ္စာပိ အနုပရိသက္ကေယျ၊ အကယ်၍ နောက်သို့ အစဉ်လိုက်၍ ပူဇော်ရာ၏ရှင့်။
အထ ခေါ၊ ထိုသို့နတ်ပြည်၌ ဖြစ်စိမ့်သောငှါ တောင်းပန်ငြားသော်လည်း။ သော ပုရိသော၊ ထိုယောက်ျားသည်။ ကာယဿ၊ ဆံအစရှိသောကိုယ်အစု၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်၌။ အပါယံ၊ ချမ်းသာကင်းသော။ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာဖြစ်သော။ ဝိနိပါတံ၊ ဖျက်စီး၍ ကျရာဖြစ်သော။ နိရယံ၊ ငရဲ၌။ ဥပပဇ္ဇေယျ၊ ဖြစ်ရာ၏။
ဂါမဏိ၊ ရွာသူကြီး။ တံ၊ ထိုအကြောင်းကို။ ကိံ မညသိ၊ အဘယ်သို့ အောက်မေ့သနည်း။ ဣဓ လောကေ၊ ဤလောက၌။ ပုရိသော၊ ယောက်ျားသည်။ ပါဏာတိပါတာ၊ သူ၏အသက်ကို လျင်စွာချခြင်းမှ။ ပဋိဝိရတော၊ ကြဉ်ရှောင်သည်။ အဒိန္နာဒါနာ၊ အရှင်သည် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူခြင်းမှ။ ပဋိဝိရတော၊ ကြဉ်ရှောင်သည်။ ကာမေသုမိစ္ဆာစာရာ၊ သူ၏သားမယားတို့၌ မှားသောအကျင့်မှ။ ပဋိဝိရတော၊ ကြဉ်ရှောင်သည်။ မုသာဝါဒါ၊ မဟုတ်မမန်သော စကားကို ပြောဆိုခြင်းမှ။ ပဋိဝိရတော၊ ကြဉ်ရှောင်သည်။ ပိသုဏာယ၊ ချောပစ်ဂုံးတိုက်သော။ ဝါစာယ၊ စကားမှ။ ပဋိဝိရတော၊ ကြဉ်ရှောင်သည်။ ဖရုသာယ၊ ကြမ်းတန်းသော။ ဝါစာယ၊ စကားမှ။ ပဋိဝိရတော၊ ကြဉ်ရှောင်သည်။ သမ္ဖပ္ပလာပါ၊ အကျိုးမရှိသော စကားကို ပြောဆိုခြင်းမှ။ ပဋိဝိရတော၊ ကြဉ်ရှောင်သည်။ အနဘိဇ္ဈာလု၊ လိုချင်ခြင်းမများသည်။ အဗျာပန္နစိတ္တော၊ ဖျက်ဆီးတတ်သော ဒေါသဖြင့် ဖောက်ပြန်ခြင်းသို့ ရောက်သော စိတ်မရှိသည်။ သမ္မာဒိဋ္ဌိကော၊ မဖောက်မပြန် မှန်သော အယူရှိသည်။ အဿ ဟောတိ၊ ဖြစ်၏။ တမေနံ၊ ထိုယောက်ျားကို။ မဟာဇနကာယော၊ များစွာသောလူအပေါင်းသည်။ သင်္ဂမ္မ၊ အညီအညွတ် စည်းဝေး၍။ သမာဂမ္မ၊ အညီအညွတ်တကွ ပေါင်းရုံ၍။ အယံ ပုရိသော၊ ဤယောက်ျားသည်။ ကာယဿ၊ ဆံအစရှိသောကိုယ်အစု၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်၌။ အပါယံ၊ ချမ်းသာကင်းသော။ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာ ဖြစ်သော။ ဝိနိပါတံ၊ ဖျက်စီး၍ ကျရာဖြစ်သော။ နိရယံ၊ ငရဲ၌။ ဥပပဇ္ဇတု၊ ဖြစ်စေလော။ ဣတိ၊ ဤသို့။ အာယာစေယျ၊ တောင်းပန်ရာ၏။ ထောမေယျ၊ ချီးမြှောက်ရာ၏။ ပဉ္ဇလိကော၊ လက်အုပ်ချီ၍။ အနုပရိသက္ကေယျ၊ နောက်သို့ အစဉ်လိုက်၍ ပူဇော်ရာ၏။
ဂါမဏိ၊ ရွာသူကြီး။ တံ၊ ထိုအကြောင်းကို။ ကိံ မညသိ၊ အဘယ်သို့ အောက်မေ့သနည်း။ သော ပုရိသော၊ ထိုယောက်ျားသည်။ မဟတော၊ များစွာသော။ ဇနကာယဿ၊ လူအပေါင်း၏။ အာယာစနဟေတု ဝါ၊ တောင်းပန်ခြင်းအကြောင်းကြောင့်လည်းကောင်း။ ထောမနဟေတု ဝါ၊ ချီးမြှောက်ခြင်းအကြောင်းကြောင့်လည်းကောင်း။ ပဉ္ဇလိကံ၊ လက်အုပ်ချီ၍။ အနုပရိသက္ကနဟေတု ဝါ၊ နောက်သို့ အစဉ်လိုက်ခြင်း၏ အကြောင်းကြောင့်လည်းကောင်း။ ကာယဿ၊ ဆံအစရှိသောကိုယ်အစု၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်၌။ အပါယံ၊ ချမ်းသာကင်းသော။ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာ ဖြစ်သော။ ဝိနိပါတံ၊ ဖျက်စီး၍ ကျရာဖြစ်သော။ နိရယံ၊ ငရဲ၌။ ဥပပဇ္ဇေယျ အပိ နု၊ ဖြစ်ရာသလော။ ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွားဘုရားသည်။ ဂါမဏိ၊ ရွာသူကြီးကို။ ပုစ္ဆိ၊ မေးတော်မူ၏။
ဘန္တေ၊ မြတ်စွားဘုရား။ ဧတံ၊ ဤစကားသည်။ နော ဟိ ဘဝေယျ၊ မဖြစ်ရာ။
ဂါမဏိ၊ ရွာသူကြီး။ သေယျထာပိ၊ ဥပမာမည်သည်ကား။ ပုရိသော၊ ယောက်ျားသည်။ သပ္ပိကုမ္ဘံ ဝါ၊ တောပတ်အိုးကိုလည်းကောင်း။ တေလကုမ္ဘံ ဝါ၊ ဆီအိုးကိုလည်းကောင်း။ ဂမ္ဘီရံ၊ နက်သောရေရှိသော။ ဥဒကံဒဟံ၊ ရေအိုသို့။ ဩဂါဟေတွာ၊ သက်ဆင်း၍။ ဘိန္ဒေယျ၊ ခွဲရာ၏။
တတြ၊ ထိုရေအိုင်၌။ ယာ သက္ခရာ ဝါ၊ အကြင်ကျောက်စရစ်သည်လည်းကောင်း။ ယာ ကထလာ ဝါ၊ အကြင်အိုးခြမ်းသည်လည်းကောင်း။ အဿ ဘဝေယျ၊ ဖြစ်ရာ၏။ သာ၊ ထိုကျောက်စရစ် အိုးခြမ်သည်။ အဓောဂါမီ၊ အောက်သို့ သွားသည်။ အဿ၊ ဖြစ်ရာ၏။
တတြ၊ ထိုရေအိုင်၌။။ ယဉ္စ သပ္ပိ ဝါ၊ အကြင်တောပတ်သည်လည်းကောင်း။ ယဉ္စ တေလံ ဝါ၊ အကြင်ဆီသည်လည်းကောင်း။ အဿ ဘဝေယျ၊ ဖြစ်ရာ၏။ တံ၊ ထိုတောပတ်ဆီသည်။ ဥဒ္ဓံဂါမိ၊ အထက်သို့ တက်သည်။ အဿ ဘဝေယျ၊ ဖြစ်ရာ၏။
တမေနံ၊ ထိုတောပတ်ဆီကို။ မဟာဇနကာယော၊ လူများအပေါင်းသည်။ သင်္ဂမ္မ၊ အညီအညွတ် စည်းဝေး၍။ သမာဂမ္မ၊ အညီအညွတ်တကွ ပေါင်းရုံ၍။ ဘော သပ္ပိတေလ၊ အိုး တောပတ်ဆီ။ ဩသီဒ၊ နောက်သို့ နစ်လော။ ဘော သပ္ပိတေလ၊ အိုး တောပတ်ဆီ။ သံသီဒ၊ ကောင်းစွာ နစ်လော။ ဘော သပ္ပိတေလာ၊ အိုး တောပတ်ဆီ။ အဝံဂစ္ဆ၊ အောက်သို့ သွားလော။ ဣတိ၊ ဤသို့။ အာယာစေယျ၊ တောင်းပန်ရာ၏။ ထောမေယျ၊ ချီးမြှောက်ရာ၏။ ပဉ္ဇလိကော၊ လက်အုပ်ချီ၍။ အနုပရိသက္ကေယျ၊ နောက်သို့ အစဉ်လိုက်၍ ပူဇော်ရာ၏။
ဂါမဏိ၊ ရွာသူကြီး။ တံ၊ ထိုအကြောင်းကို။ ကိံ မညသိ၊ အဘယ်သို့ အောက်မေ့သနည်း။ တံ သပ္ပိတေလံ၊ ထိုတောပတ်ဆီ။ မဟတော၊ များစွာသော။ ဇနကာယဿ၊ လူအပေါင်း၏။ အာယာစနဟေတု ဝါ၊ တောင်းပန်ခြင်းအကြောင်းကြောင့်လည်းကောင်း။ ထောမနဟေတု ဝါ၊ ချီးမြှောက်ခြင်းအကြောင်းကြောင့်လည်းကောင်း။ ပဉ္ဇလိကံ၊ လက်အုပ်ချီသည်ကို။ ကတွာ၊ ပြု၍။ အနုပရိသက္ကနဟေတု ဝါ၊ နောက်သို့ အစဉ်လိုက်ခြင်းအကြောင်းကြောင့်လည်းကောင်း။ ဩသီဒေယျ ဝါ အပိ နု၊ အောက်သို့မူလည်း နစ်ရာသလော။ သံသီဒေယျ ဝါ အပိ နု၊ ကောင်းစွာမူလည်း နစ်ရာသလော။ အဝံ ဝါ ဂစ္ဆေယျာ အပိ နု၊ အောက်သို့မူလည်း သွားရာသလော။ ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွားဘုရားသည်။ ဂါမဏိ၊ ရွာသူကြီးကို။ ပုစ္ဆိ၊ မေးတော်မူ၏။
ဘန္တေ၊ မြတ်စွားဘုရား။ ဧတံ ဝစနံ၊ ဤစကားသည်။ နော ဟိ ဘဝေယျ၊ မဖြစ်ရာ။
ဂါမဏိ၊ ရွာသူကြီး။ ဧဝမေဝ ခေါ၊ ဤအတူသာလျှင်။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ပါဏာတိပါတာ၊ သူ၏အသက်ကို လျင်စွာချတတ်သည်။ ပဋိဝိရတော၊ ကြဉ်ရှောင်သည်။ (ပ)။ သမ္မာဒိဋ္ဌိကော၊ မဖောက်မပြန် မှန်သောအယူရှိသည်။ အဿ ဟောတိ၊ ဖြစ်၏။ နံ၊ ထိုယောကျာ်းသည်။ မဟာဇနကာယော၊ များစွာသောလူအပေါင်းသည်။ သင်္ဂမ္မ၊ အညီအညွတ် စည်းဝေး၍။ သမာဂမ္မ၊ အညီအညွတ်တကွ ပေါင်းရုံ၍။ အယံ ပုရိသော၊ ဤယောက်ျားသည်။ ကာယဿ၊ ဆံအစရှိသောကိုယ်အစု၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်၌။ အပါယံ၊ ချမ်းသာမှကင်းသော။ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာဖြစ်သော။ ဝိနိပါတံ၊ ဖျက်စီး၍ ကျရာဖြစ်သော။ နိရယံ၊ ငရဲ၌။ ဥပပဇ္ဇတု၊ ဖြစ်စေလော။ ဣတိ၊ ဤသို့။ ကိဉ္စာပိ အာယာစေယျ၊ အကယ်၍ တောင်းပန်ရာ၏ရှင့်။ ကိဉ္စာပိ ထောမေယျ၊ အကယ်၍ ချီးမြှောက်ရာ၏ရှင့်။ ပဉ္ဇလိကော၊ လက်အုပ်ချီ၍။ ကိဉ္စာပိ အနုပရိသက္ကေယျ၊ အကယ်၍ နောက်သို့ အစဉ်လိုက်၍ ပူဇော်ရာ၏ရှင့်။
အထ ခေါ၊ ထိုသို့တောင်းပန်ငြားသော်လည်း။ သော ပုရိသော၊ ထိုယောက်ျားးသည်။ ကာယဿ၊ ဆံအစရှိသောကိုယ်အစု၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်၌။ သုဂတိံ၊ ကောင်းမှုကို ပြုသောသူတို့၏ လားရာဖြစ်သော။ သဂ္ဂံ လောကံ၊ နတ်ပြည်၌။ ဥပပဇ္ဇေယျ၊ ဖြစ်ရာ၏။
ဣတိ ဣမိနာ ပကရေန၊ ဤသို့ ဆိုအပ်ခဲ့ပြီးသောအပြားဖြင့်။ သုစိဏ္ဏော၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မော၊ တရားသည်။ အပါယေဟိ၊ ချမ်းသာမှကင်းသော အပါယ်လေးပါးတို့မှ။ ရက္ခတိ၊ စောင့်၏။
တတ္ထ၊ ထိုနှစ်ပါးသော တရားတို့တွင်။ မဂ္ဂဿ၊ ငြိမ်းရာနိဗ္ဗာန်ကို ရှာတတ်သောမဂ်၏။ ယာ တိက္ခတာ၊ အကြင်ထက်သောအဖြစ်သည်။ ယာ အဓိမတ္တတာ၊ အကြင်လွန်စွာထက်သောအဖြစ်သည်။ အတ္ထိ၊ ရှိ၏။ အယံ ဤဒိသော၊ ဤသို့သဘောရှိသော။ သုစိဏ္ဏော၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မော၊ မဂ်တရားသည်။ သဗ္ဗာဟိ၊ အလုံးစုံကုန်သော။ ဥပပတ္တီဟိ၊ ဥပပါတ်ဖြစ်သောနတ်ဘုံ၌ ဖြစ်ခြင်းတို့မှ။ ရက္ခတိ၊ စောင့်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဧဝံ၊ ဤသို့။ အာဟ၊ ဟောတော်မူ၏။ ကိံ အာဟ၊ အဘယ်သို့ ဟောတော်မူသနည်း။
ယသ္မာ၊ အကြင်ကြောင့်။ အရက္ခိတစိတ္တဿ၊ မစောင့်ရှောက်အပ်သောစိတ်ရှိသောသူအား။ ထိနမိဒ္ဓံ၊ ထိုင်းမှိုင်းခြင်းသည်။ အဘိဘဝတိ၊ နှိပ်စက်၏။ တသ္မာ၊ ထိုကြောင့်။ ရက္ခိတစိတ္တဿ၊ စောင့်ရှောက်အပ်ပြီးသော စိတ်ရှိသည်။ အဿ၊ ဖြစ်ရာ၏။ ရက္ခိတစိတ္တော၊ စောင့်ရှောက်အပ်ပြီးသော စိတ်ရှိသည်ဖြစ်၍။ ထိနမိဒ္ဓါဘိဘူ၊ ထိုင်းမှိုင်းခြင်းကို နှိပ်နင်းနိုင်သော။ ဘိက္ခု၊ ရဟန်းသည်။ သမ္မာသင်္ကပ္ပဂေါစရော၊ ကောင်းသောအကြံလျှင် အရာရှိသည်ဖြစ်၍။ သမ္မာဒိဋ္ဌိပုရက္ခာရော၊ ကောင်းသော အမြင်ကို ရှေ့တည်ပြု၍။ ဥဒယဗ္ဗယံ၊ အဖြစ်အပျက်ကို။ ဉတွာန၊ သိ၍။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ ဒုဂ္ဂတိယော၊ မကောင်းသော အလားတို့ကို။ ဇဟေ၊ စွန့်ရာ၏။ ဣတိ၊ ဤသို့။ အာဟ၊ ဟောတော်မူ၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ဒုဂ္ဂတီနံ၊ မကောင်းသော အလားတို့၏။ ဟေတု၊ အကြောင်းသည်။ တဏှာ စ၊ တပ်ခြင်းတဏှာသည်လည်းကောင်း။ အဝိဇ္ဇာ စ၊ ဖုံးလွှမ်းခြင်းအဝိဇ္ဇာသည်၎င်း။ ဟောတိ၊ ဖြစ်၏။ တာနိ၊ ထိုတပ်ခြင်းတဏှာ ဖုံးလွှမ်းခြင်းအဝိဇ္ဇာတို့သည်။ စတ္တာရိ၊ လေးပါးကုန်သော။ ဥပါဒါနာနိ၊ စွဲလမ်းခြင်းဥပါဒါန်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ စတူဟိ၊ လေးပါးကုန်သော။ တေဟိ ဥပါဒါနေဟိ၊ ထိုစွဲလမ်းခြင်းဥပါဒါန်တို့ဖြင့်။ ယေ ဓမ္မာ၊ အကြင်တရားတို့သည်။ သဥပါဒါနာ၊ စွဲလမ်းခြင်းဥပါဒါန်နှင့်တကွဖြစ်ကုန်သော။ ခန္ဓာ၊ ခန္ဓာတို့မည်ကုန်၏။ ဣဒံ၊ ဤခန္ဓာငါးပါးအပေါင်းသည်။ ဒုက္ခံ၊ ဆင်းရဲမည်၏။
စတ္တာရိ၊ လေးပါးကုန်သော၊။ ဥပါဒါနာနိ၊ စွဲလမ်းခြင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အယံ၊ ဤလေးပါးသော စွဲလမ်းခြင်းသည်။ သမုဒယော၊ ဖြစ်ကြောင်းမည်၏။
ပဉ္စက္ခန္ဓာ၊ ငါးပါးသော ခန္ဓာတို့သည်။ ဒုက္ခံ၊ ဆင်းရဲ၏။ တေသံ၊ ထိုငါးပါးသော ခန္ဓာတို့ကို။ ပရိညာယ စ၊ ပိုင်းခြားခြင်းငှါလည်းကောင်း။ ပဟာနာယ စ၊ ပယ်ခြင်းငှါလည်းကောင်း။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဓမ္မံ၊ တရားကို။ ဒေသေတိ၊ ဟောတော်မူ၏။ ဒုက္ခဿ၊ ဆင်းရဲကို။ ပရိညာယ၊ ပိုင်းခြားခြင်းငှါ။ သမုဒယဿ၊ ဖြစ်ကြောင်းသမုဒယကို။ ပဟာနာယ၊ ပယ်ခြင်းငှါ။ ဒေသေတိ၊ ဟောတော်မူ၏။
တတ္ထ၊ ထိုတပ်ခြင်းတဏှာ ဖုံးလွှမ်းခြင်းအဝိဇ္ဇာတို့တွင်။ တဏှာယ၊ တပ်ခြင်းတဏှာ၏။ ရူပီနိ၊ ဖောက်ပြန်တတ်သောရုပ်ဟု ဆိုအပ်ကုန်သော။ ပဉ္စိန္ဒြိယာနိ၊ မျက်စိအစရှိသော ငါးပါးသော အစိုးရခြင်းတို့သည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
အဝိဇ္ဇာယ၊ ဖုံးလွှမ်းခြင်းအဝိဇ္ဇာ၏။ မနိန္ဒြိယံ၊ သိသည်ဖြစ်၍အစိုးရခြင်း မနိန္ဒြေသည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ရူပီနိ၊ ဖောက်ပြန်တတ်သောရုပ်ဟု ဆိုအပ်ကုန်သော။ ပဉ္စိန္ဒြိယာနိ၊ မျက်စိအစရှိဿာ ငါးပါးသော အစိုးရခြင်းဣန္ဒြေတို့ကို။ ရက္ခန္တော၊ စောင့်သောသူသည်။ သမာဓိံ၊ တည်ကြည်ခြင်းသမာဓိတရားကို။ ဘာဝယတိ၊ ပွါးစေ၏။ တဏှဉ္စ၊ တဏှာကိုလည်း။ နိဂ္ဂဏှာတိ၊ နှိပ်၏။
မနိန္ဒြိယံ၊ သိသည်ဖြစ်၍အစိုးရခြင်း မနိန္ဒြေကို။ ရက္ခန္တော၊ စောင့်သောသူသည်။ ဝိပဿနံ၊ ရှုခြင်း ဝိပဿနာကို။ ဘာဝယတိ၊ ပွါးစေ၏။ အဝိဇ္ဇဉ္စ၊ ဖုံးလွှမ်းခြင်းအဝိဇ္ဇာကို။ နိဂ္ဂဏှာတိ၊ နှိပ်၏။
တဏှာနိဂ္ဂဟေန၊ တပ်ခြင်းတဏှာကို နှိပ်သဖြင့်။ ကာမုပါဒါနဉ္စ၊ အလိုရှိအပ်သောတရားကို စွဲလမ်းခြင်းလည်းကောင်း။ သီလဗ္ဗတုပါဒါနဉ္စ၊ နွားတို့၏အလေ့အကျင့် ခွေးတို့၏အလေ့အကျင့်ကို စွဲလမ်းခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးကုန်သော။ ဥပါဒါနာနိ၊ စွဲလမ်းခြင်းလည်းကောင်း။ ပဟီယန္တိ၊ ပယ်အပ်ကုန်၏။
အဝိဇ္ဇာနိဂ္ဂဟေန၊ ဖုံးလွှမ်းခြင်းအဝိဇ္ဇာကို နှိပ်သဖြင့်။ ဒိဋ္ဌုပါဒါနဉ္စ၊ မှားသောအမြင်ကို စွဲလမ်းခြင်းလည်းကောင်း။ အတ္တဝါဒုပါဒါနဉ္စ၊ ငါ ငါ၏ဥစ္စာဟူသော အယူကို စွဲလမ်းခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးကုန်သော။ ဥပါဒါနာနိ၊ စွဲလမ်းခြင်းလည်းကောင်း။ ပဟီယန္တိ၊ ပယ်အပ်ကုန်၏။
စတူသု၊ လေးပါးကုန်သော။ ဥပါဒါနေသု၊ ဥပါဒါန်စွဲလမ်းခြင်းတို့ကို။ ပဟီနေသု၊ ပယ်အပ်ကုန်သည်ရှိသော်။ သမထော စ၊ ငြိမ်းခြင်း သမထသည်လည်းကောင်း။ ဝိပဿနာ စ၊ အထူးသဖြင့်ရှုခြင်း ဝိပဿနာသည်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးကုန်သော။ ဓမ္မာ၊ တရာတို့သည်။ ဘာဝနာပါရိပူရိံ၊ ပွါးများခြင်း၏ ပြည့်စုံခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။
ဣဒံ၊ ဤဖြူစင်သော အကျင့်ကို။ ဗြဟ္မစရိယန္တိ၊ မြတ်သောအကျင့်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
တတ္ထ၊ ထိုတရားတို့တွင်။ ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်၏။ ဖလံ၊ အကျိုးကား။ စတ္တာရိ၊ လေးပါးကုန်သော။ သာမညဖလာနိ၊ တူသည်၏အဖြစ်ဟု ဆိုအပ်သော အကျိုးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သောတာပတ္တိဖလံ၊ ငြိမ်းရာနိဗ္ဗာန်တည်းဟူသော မဟာသမုဒ္ဒရာသို့ စီးတတ်သော အကြောင်းမဂ္ဂင်ရှစ်ပါးသို့ ရှေးဦးစွာ ရောက်ခြင်းဖြင့် ရအပ်သော သောတာပတ္တိဖိုလ်ဟူသော အကျိုးလည်းကောင်း။ သကဒာဂါမိဖလံ၊ ဖြစ်ရာဘဝနှစ်ပါးကို စပ်တတ်သော ပဋိသန္ဓေအားဖြင့် ဤလူ့ဘုံသို့ တကြိမ်သာ လာသောပုဂ္ဂိုလ်၏အဖြစ်တည်းဟူသော အကျိုးလည်းကောင်း။ အနာဂါမိဖလံ၊ ဖြစ်ရာဘဝနှစ်ပါးကို စပ်တတ်သော ပဋိသန္ဓေအားဖြင့် ဤအလိုရှိအပ်သော ကာမဘုံသို့ မလာသောပုဂ္ဂိုလ်၏အဖြစ်တည်းဟူသော အကျိုးလည်းကောင်း။ အဂ္ဂဖလံ၊ အကျိုးတို့၏ အမြတ်ဖြစ်သော။ အရဟတ္တံ၊ ပူဇော်အထူးကို ခံထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့၏အဖြစ်တည်းဟူသော အကျိုးလည်းကောင်း။
ဣမာနိ စတ္တာရိ၊ ဤလေးပါးတို့သည်။ ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်၏။ ဖလာနိ၊ အကျိုးတို့သည်။
ဣတိ ဣမိနာ ဝုတ္တနယေန၊ ဤသို့ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ ပုရိမကာနိ၊ ရှေး၌ ဖြစ်ကုန်သော။ ဒုက္ခံ၊ ဆင်းရဲခြင်းလည်းကောင်း။ သမုဒယော စ၊ ဖြစ်ကြောင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးကုန်သော။ သစ္စာနိ စ၊ မှန်ခြင်းသစ္စာတို့လည်းကောင်း။
သမထော စ၊ ငြိမ်းခြင်းသမထသည်လည်းကောင်း။ ဝိပဿနာ စ၊ အထူးသဖြင့်ရှုခြင်း ဝိပဿနာသည်လည်းကောင်း။ ဗြဟ္မစရိယဉ္စ၊ မြတ်သောအကျင့်သည်လည်းကောင်း။ မဂ္ဂေါ၊ ငြိမ်းရာနိဗ္ဗာန်ကို ရှာတတ်သောမဂ်မည်၏။ ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်၏။ ဖလာနိ စ၊ အကျိုးတို့သည်လည်းကောင်း။ တဒါရမ္မဏာ စ၊ ထိုအကြောင်းမဂ် အကျိုးဖိုလ်တို့၏ အာရုံဖြစ်သော။ အသင်္ခတာ၊ မပြုပြင်အပ်သော။ ဓာတု စ၊ ဆောင်ခြင်းဓာတ်သဘောသည်လည်းကောင်း။ နိရောဓော၊ ချုပ်ရာနိရောဓမည်၏။
စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိ သစ္စာနိ၊ ဤမှန်ခြင်းသစ္စာတို့ကို။ နိဒ္ဓါရိတာနိ၊ ထုတ်အပ်ကုန်ပြီ။
တေန၊ ထိုကြောင့်။ ဓမ္မော၊ တရားသည်။ ဟဝေ၊ စင်စစ်။ ရက္ခတိ၊ စောင့်၏။ ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာဟ၊ ဟောတော်မူ၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ယံ၊ အကြင်စွဲလမ်းရာဥပါဒါနက္ခန္ဓာငါးပါးကို။ ပဋိဝေဓေန၊ ထိုးထွင်း၍ သိခြင်းဖြင့်။ ရက္ခတိ၊ စောင့်၏။ ဣဒံ၊ ဤစွဲလမ်းရာဥပါဒါနက္ခန္ဓာငါးပါးသည်။ ဒုက္ခံ၊ ဆင်းရဲ၏။
ယတော၊ အကြင်အကြောင်းမှ။ ရက္ခတိ၊ စောင့်၏။ အယံ၊ ဤတရားသည်။ သမုဒယော၊ ဖြစ်ကြောင်းမည်၏။
ယေန၊ အကြင်တရားဖြင့်။ ရက္ခတိ၊ စောင့်၏။ အယံ၊ ဤစောင့်ကြောင်းတရားသည်။ မဂ္ဂေါ၊ ငြိမ်းရာနိဗ္ဗာန်ကို ရှာတတ်သောမဂ်မည်၏။
ယံ၊ အကြင်ငြိမ်းရာနိဗ္ဗာန်သည်။ ရက္ခတိ၊ စောင့်တတ်၏။ အယံ၊ ဤငြိမ်းရာနိဗ္ဗာန်သည်။ နိရောဓော၊ ချုပ်ရာနိရောဓမည်၏။
စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိ သစ္စာနိ၊ ဤမှန်ခြင်းသစ္စာတို့ကို။ နိဒ္ဓါရိတာနိ၊ ထုတ်အပ်ကုန်ပြီ။
တေန၊ ထိုကြောင့်။ အာယသ္မာ မဟာကစ္စာနော၊ အရှင်မဟာကစ္စည်းမထေရ်သည်။ ပဒဋ္ဌာနေ၊ နီးစွာသောအကြောင်းဖြစ်၍ဖြစ်သော။ ဧကမှိ၊ တခုသောတရားကို။ ဒေသနာရုဠှေ၊ ဟောအပ်သောဒေသနာသို့ တင်အပ်ပြီးသည်။ သတိ၊ ရှိသော်။ ဣတိ၊ ဤသို့။ အာဟ၊ မိန့်တော်မူ၏။
အာဝဋ္ဋော ဟာရော၊ လှည့်၍ ဆောင်ကြောင်းဖြစ်သော အာဝဋ္ဋဟာရကို။ နိယုတ္တော၊ ပါဠိတော်မှ ထုတ်၍ ယှဉ်စေအပ်ပြီ။