Issues
Select Version
နိဿယ
မြန်မာဘာသာ
中文翻译1
中文
Nettippakaraṇapāḷi
Nettippakaraṇapāḷi

၁၇-အဓိဋ္ဌာနဟာရဝိဘင်္ဂ၊

Author: နိဿယ @ IAPT

၁၇-အဓိဋ္ဌာနဟာရဝိဘင်္ဂ၊

တတ္ထ၊ ထိုတဆဲ့ခြောက်ပါးသော ဆောင်ခြင်းဟာရတို့တွင်။ အဓိဋ္ဌာနော ဟာရော၊ အဓိဋ္ဌာနဟာရသည်။ ကတမော၊ အဘယ်နည်း။
ယေ ဓမ္မာ၊ အကြင်တရားတို့ကို။ ဧကတ္တတာယပိ စ၊ တူသော သာမည၏အဖြစ်ဖြင့်လည်းကောင်း။ ဝေမတ္တတာယပိ စ၊ ထူးသော ဝိသေသ၏အဖြစ်ဖြင့်လည်းကောင်း။ သုတ္တေ၊ ပါဠိတော်၌။ နိဒ္ဒိဋ္ဌာ၊ ပြအပ်ကုန်၏။ ဣတိအာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။ ဝုတ္တော၊ ဆိုအပ်သော။ ဟာရော၊ ဟာရသည်။ အဓိဋ္ဌာနော ဟာရော၊ အဓိဋ္ဌာနဟာရမည်၏။
တတ္ထ၊ ထိုဒေသနာ၌။ ယေ ဓမ္မာ၊ အကြင်တရားတို့ကို။ နိဒ္ဒိဋ္ဌာ၊ ပြအပ်ကုန်၏။ တေ ဓမ္မာ၊ ထိုတရားတို့ကို။ တထာ၊ ထိုပြသောအတိုင်း၏ ဧကတ္တဝေမတ္တဟု ဆိုအပ်သော သာမညဝိသေသမျှဖြင့်။ ဓာရယိတဗ္ဗာ၊ မှတ်အပ်ကုန်၏။
ဒုက္ခန္တိ၊ ဆင်းရဲခြင်းဒုက္ခသစ္စာဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ဒုက္ခံ၊ ဆင်းရဲဟူသည်။ ကတမံ၊ အဘယ်နည်း။
ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်။ ဒုက္ခာ၊ ဆင်းရဲ၏။ ဇရာ၊ အိုခြင်းသည်။ ဒုက္ခာ၊ ဆင်းရဲ၏။ ဗျာဓိ၊ နာခြင်းသည်။ ဒုက္ခော၊ ဆင်းရဲ၏။ မရဏံ၊ သေခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲ၏။ အပ္ပိယေဟိ၊ မချစ်မနှစ်သက်သောသူတို့နှင့်။ သမ္ပယောဂေါ၊ ယှဉ်တွဲရခြင်းသည်။ ဒုက္ခော၊ ဆင်းရဲ၏။ ပိယေဟိ၊ ချစ်နှစ်သက်သောသူတို့နှင့်။ ဝိပ္ပယောဂေါ၊ ကွေကွင်းရခြင်းသည်။ ဒုက္ခော၊ ဆင်းရဲ၏။ ယံပိစ္ဆံ၊ အကြင်အလိုကို။ န လဘတိ၊ မရ။ တံပိ၊ ထိုသို့မရခြင်းသည်လည်း။ ဒုက္ခံ၊ ဆင်းရဲ၏။ သံခိတ္တေန၊ အကျဉ်းအားဖြင့်။ ပဉ္စုပါဒါနက္ခန္ဓာ၊ ငါးပါးသော စွဲလမ်းခြင်းဥပါဒါန်၏ အာရုံဖြစ်ကုန်သော ခန္ဓာတို့သည်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ ရူပါ၊ ရူပါရုံတို့သည်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ ဝေဒနာ၊ ခံစားခြင်းဝေဒနာတို့သည်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ သညာ၊ အမှတ်သညာတို့သည်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ သင်္ခါရာ၊ ပြုပြင်ခြင်းသင်္ခါရတို့သည်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ ဝိညာဏံ၊ သိခြင်းဝိညာဉ်သည်။ ဒုက္ခံ၊ ဆင်းရဲ၏။
အယံ၊ ဤတတ္ထ ကတမံ ဒုက္ခံစသည်ဖြင့် ဟောတော်မူအပ်သော ဒုက္ခအပြားအထူးသည်။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
ဒုက္ခသမုဒယောတိ၊ ဆင်းရဲခြင်း၏အကြောင်း သမုဒယသစ္စာဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ဒုက္ခသမုဒယော၊ ဆင်းရဲခြင်း၏အကြောင်း သမုဒယသစ္စာဟူသည်။ ကတမော၊ အဘယ်နည်း။
ပေါနောဗ္ဘဝိကာ၊ တဘန်ဘဝသစ်ကို ဖြစ်စေတတ်သော။ နန္ဒီရာဂသဟဂတာ၊ နှစ်သက်ခြင်းရာဂနှင့်တကွဖြစ်သော။ တတြတတြ၊ ထိုထိုဘဝ၌။ အဘိနန္ဒိနီ၊ အလွန်နှစ်သက်ခြင်းရှိသော။ ယာယံ တဏှာ၊ အကြင်တပ်ခြင်းတဏှာသည်။ အတ္ထိ၊ ရှိ၏။
ဣဒံ အယံ၊ ဤတပ်ခြင်းတဏှာသည်။ သေယျထာ ကတမံ၊ အဘယ်နည်း။ ကာမတဏှာ၊ ကာမတဏှာလည်းကောင်း။ ဘဝတဏှာ၊ ဘဝတဏှာလည်းကောင်း။ ဝိဘဝတဏှ၊ ဝိဘဝတဏှာလည်းကောင်း။ ဣတိ ဣမေ၊ ဤသည်တို့တည်း။
အယံ၊ ဤတဏှာအပြားအထူးသည်။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
ဒုက္ခနိရောဓောတိ၊ ဆင်းရဲ၏ချုပ်ရာ နိရောဓသစ္စာဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ဒုက္ခနိရောဓော၊ ဆင်းရဲခြင်း၏ချုပ်ရာ နိရောဓသစ္စာဟူသည်။ ကတမော၊ အဘယ်နည်း။
တဿာယေဝ တဏှာယ၊ ထိုတပ်ခြင်းတဏှာ၏သာလျှင်။ ယော အသေသဝိရာဂနိရောဓော၊ အကြင်အကြွင်းမဲ့ ချုပ်ခြင်းသည်လည်းကောင်း။ ယော စာဂေါ၊ အကြင်စွန့်ခြင်းသည်လည်းကောင်း။ ယော ပဋိနိဿဂ္ဂေါ၊ အကြင်တဘန်စွန့်ခြင်းသည်လည်းကောင်း။ ယော မုတ္တိ၊ အကြင်လွတ်ခြင်းသည်လည်းကောင်း။ ယော အနာလယော၊ အကြင်မကပ်ငြိခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။
အယံ၊ ဤနိရောဓအပြားအထူးသည်။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
ဒုက္ခနိရောဓဂါမိနိပ္ပဋိပဒါတိ၊ ဒုက္ခနိရောဓဂါမိနိပ္ပဋိပဒါဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ဒုက္ခနိရောဓဂါမိနိပ္ပ္ပဋိပဒါ၊ ဆင်းရဲ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ဖြစ်သော မဂ္ဂသစ္စာဟူသည်။ ကတမာ၊ အဘယ်နည်း။
အရိယော၊ မြတ်သော။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ အယမေဝ မဂ္ဂေါ၊ ဤငြိမ်းရာနိဗ္ဗာန်ကို ရှာတတ်သော မဂ်သည်သာလျှင်တည်း။
ဣဒံ အယံ မဂ္ဂေါ၊ ဤငြိမ်းရာနိဗ္ဗာန်ကို ရှာတတ်သော မဂ်သည်။ သေယျထာ ကတမော၊ အဘယ်နည်း။ သမ္မာဒိဋ္ဌိ၊ ကောင်းသော အမြင်လည်းကောင်း။ သမ္မာသင်္ကပ္ပေါ၊ ကောင်းသော အကြံလည်းကောင်း။ သမ္မာဝါစာ၊ ကောင်းသော စကားလည်းကောင်း။ သမ္မာကမ္မန္တော၊ ကောင်းသော အမှုလည်းကောင်း။ သမ္မာအာဇီဝေါ၊ ကောင်းသော အသက်မွေးခြင်းလည်းကောင်း။ သမ္မာဝါယာမော၊ ကောင်းသော လုံ့လလည်းကောင်း။ သမ္မာသတိ၊ ကောင်းသော အောက်မေ့ခြင်းလည်းကောင်း။ သမ္မာသမာဓိ၊ ကောင်းသော တည်ကြည်ခြင်းလည်းကောင်း။ ဣတိ ဣမေ၊ ဤသည်တို့သည်။
အယံ၊ ဤမဂ်အပြားအထူးသည်။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
မဂ္ဂေါတိ၊ မဂ္ဂေါဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ မဂ္ဂေါ၊ အကြောင်းခရီးမဂ်သည်။ ကတမော၊ အဘယ်နည်း။
နိရယဂါမီ၊ ငရဲသို့ လားစေတတ်သော။ မဂ္ဂေါ၊ အကြောင်းခရီးသည်လည်းကောင်း။ တိရစ္ဆာနယောနိဂါမီ၊ တိရစ္ဆာန်အမျိုးသို့ လားစေတတ်သော။ မဂ္ဂေါ၊ အကြောင်းခရီးသည်လည်းကောင်း။ ပေတ္တိဝိသယဂါမီ၊ ပိတ္တာတို့၏အရာသို့ သွားရာသွားကြောင်းဖြစ်သော။ မဂ္ဂေါ၊ အကြောင်းခရီးသည်လည်းကောင်း။ အသုရယောနိဂါမိနိယော၊ အသုရကယ်ဘုံသို့ လားစေတတ်သော။ မဂ္ဂေါ၊ အကြောင်းခရီးသည်လည်းကောင်း။ သဂ္ဂဂါမိနိယော၊ နတ်ရွာသို့ လားစေတတ်သော။ မဂ္ဂေါ၊ အကြောင်းခရီးသည်လည်းကောင်း။ မနုဿဂါမီ၊ လူ့ရွာသို့ လားစေတတ်သော။ မဂ္ဂေါ၊ အကြောင်းခရီးသည်လည်းကောင်း။ နိဗ္ဗာနဂါမီ၊ ငြိမ်းရာနိဗ္ဗာန်သို့ လားစေတတ်သော။ မဂ္ဂေါ၊ အကြောင်းခရီးသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။
အယံ၊ ဤမဂ်အပြားအထူးသည်။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
နိရောဓောတိ၊ ချုပ်ခြင်းနိရောဓဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ နိရောဓော၊ ချုပ်ခြင်းနိရောဓသည်။ ကတမော၊ အဘယ်နည်း။
ပဋိသင်္ခါနိရောဓော၊ ဆန့်ကျင်ဘက် ဘဝနာဖြင့် ချုပ်ခြင်းသည်လည်းကောင်း။ အပ္ပဋိသင်္ခါနိရောဓော၊ သင်္ခတတရားတို့၏ မိမိသဘောအားဖြင့် ချုပ်ခြင်းသည်လည်းကောင်း။ အနုနယနိရောဓော၊ ချစ်ခြင်း၏ ချုပ်ခြင်းသည်လည်းကောင်း။ ပဋိဃနိရောဓော၊ အမျက်ဒေါသ၏ ချုပ်ခြင်းသည်လည်းကောင်း။ မာနနိရောဓော၊ ငါဟူသော မာန၏ ချုပ်ခြင်းသည်လည်းကောင်း။ မက္ခနိရောဓော၊ သူ့ကျေးဇူးကို ချေခြင်း၏ ချုပ်ခြင်းသည်လည်းကောင်း။ ပဠာသနိရောဓော၊ သူ့ကျေးဇူးကို အဖျင်းပြုခြင်း၏ ချုပ်ခြင်းသည်လည်းကောင်း။ ဣဿာနိရောဓာ၊ ငြူစူခြင်း၏ ချုပ်ခြင်းသည်လည်းကောင်း။ မစ္ဆရိယနိရောဓော၊ ဝန်တိုခြင်း၏ ချုပ်ခြင်းသည်လည်းကောင်း။ သဗ္ဗကိလေသနိရောဓာ၊ အလုံးစုံညစ်ညူးခြင်းကိလေသာ၏ ချုပ်ခြင်းသည်လည်းကောင်း။
အယံ၊ ဤချုပ်ခြင်းနိရောဓအပြားအထူးသည်။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
ရူပန္တိ၊ ဖောက်ပြန်ခြင်းရုပ်သည်ဟူကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ရူပံ၊ ဖောက်ပြန်ခြင်းရုပ်သည်။ ကတမံ၊ အဘယ်နည်း။
စာတုမဟာဘူတိကံ၊ လေးပါးသော မဟာဘုတ်တို့၏ အပေါင်းဖြစ်သော။ ရူပံ၊ ဖောက်ပြန်ခြင်းရုပ်။ စတုန္နံ မဟာဘူတာနံ၊ လေးပါးသော မဟာဘုတ်တို့ကို။ ဥပါဒါယ ရူပဿ၊ စွဲ၍ဖြစ်သောရုပ်၏။ ပညတ္တိ၊ ဥပါဒါရုပ်ဟု ပညတ်ခြင်း။
တတ္ထ ဝစနေ၊ ထိုနှစ်ပါးသော ဘူတရုပ်ဥပါဒါရုပ်တို့တွင်။ စတ္တာရိ၊ လေးပါးကြန်သော။ မဟာဘူတာနိ၊ မဟာဘုတ်တို့သည်။ ကတမာနိ၊ အဘယ်နည်း။
ပထဝီဓာတု၊ ကြမ်းတန်းခြင်း လက္ခဏာရှိသော မြေဓာတ်သည်လည်းကောင်း။ အာပေါဓာတု၊ ယိုစီးခြင်း လက္ခဏာရှိသော ရေဓာတ်သည်လည်းကောင်း။ တေဇောဓာတု၊ ပူလောင်ခြင်း လက္ခဏာရှိသော မီးဓာတ်သည်လည်းကောင်း။ ဝါယောဓာတု၊ တွန်းထောက်ခြင်း လက္ခဏာရှိသော လေဓာတ်သည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။
ဒွီဟိ၊ နှစ်ပါးကုန်သော။ အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။ ဓာတုယော၊ ဆောင်ခြင်းဓာတ်တို့ကို။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။ သင်္ခေပေန စ၊ အကျဉ်းအာဖြင့်လည်းကောင်း။ ဝိတ္ထာရေန စ၊ အကျယ်အားဖြင့်လည်းကောင်း။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။
ကထံ၊ အဘယ်သို့လျှင်။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ဓာတုယော၊ ဆောင်ခြင်းဓာတ်တို့ကို။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်းသနည်း။
ဝီသတိယာ အာကာရေဟိ၊ နှစ်ဆယ်သော အခြင်းအရားတို့ဖြင့်။ ပထဝီဓာတုံ၊ ကြမ်းတန်းခြင်း လက္ခဏာရှိသော မြေဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။ ဒွါဒသဟိ အာကာရေဟိ၊ တဆဲ့နှစ်ပါးသော အခြင်းအရားတို့ဖြင့်။ အာပေါဓာတုံ၊ ယိုစီးခြင်း လက္ခဏာရှိသော ရေဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။ စတူဟိ၊ လေးပါးကုန်သော။ အာကာရေဟိ၊ အခြင်းအရားတို့ဖြင့်။ တေဇောဓာတုံ၊ ပူလောင်ခြင်း လက္ခဏာရှိသော မီးဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။ ဆဟိ၊ ခြောက်ပါးကုန်သော။ အာကာရေဟိ၊ အခြင်းအရားတို့ဖြင့်။ ဝါယောဓာတုံ၊ တွန်းထောက်ခြင်း လက္ခဏာရှိသော လေဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။
ကတမေဟိ၊ အဘယ်မည်ကုန်သော။ ဝီသတိယာ အာကာရေဟိ၊ နှစ်ဆယ်သော အခြင်းအရားတို့ဖြင့်။ ပထဝီဓာတုံ၊ ကြမ်းတန်းခြင်း လက္ခဏာရှိသော မြေဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်းသနည်း။
ဣမသ္မိံ ကာယေ၊ ဤကိုယ်၌။ ကေသာ၊ ဆံတို့သည်။ အတ္ထိ သန္တိ၊ ရှိကုန်၏။ လောမာ၊ အမွေးတို့သည်။ အတ္ထိ သန္တိ၊ ရှိကုန်၏။ နခါ၊ ခြေးသည်းလက်သည်းတို့သည်။ အတ္ထိ သန္တိ၊ ရှိကုန်၏။ ဒန္တာ၊ သွားတို့သည်။ အတ္ထိ သန္တိ၊ ရှိကုန်၏။ တစော၊ အရေထူအရေပါးသည်။ အတ္ထိ၊ ရှိ၏။ မံသံ၊ အသားသည်။ အတ္ထိ၊ ရှိ၏။ နှာရု၊ အကြောသည်။ အတ္ထိ၊ ရှိ၏။ အဋ္ဌိ၊ အရိုးသည်။ အတ္ထိ၊ ရှိ၏။ အဋ္ဌိမိဉ္ဇံ၊ ရိုးတွင်းခြင်ဆီသည်။ အတ္ထိ၊ ရှိ၏။ ဝက္ကံ၊ အညှို့သည်။ အတ္ထိ၊ ရှိ၏။ ဟဒယံ၊ နှလုံးသည်။ အတ္ထိ၊ ရှိ၏။ ယကနံ၊ အသည်းသည်။ အတ္ထိ၊ ရှိ၏။ ကိလောမကံ၊ အမြှေးသည်။ အတ္ထိ၊ ရှိ၏။ ပိဟကံ၊ အဖျဉ်းသည်။ အတ္ထိ၊ ရှိ၏။ ပပ္ဖာသံ၊ အဆုတ်သည်။ အတ္ထိ၊ ရှိ၏။ အန္တံ၊ အူမသည်။ အတ္ထိ၊ ရှိ၏။ အန္တဂုဏံ၊ အူသိမ်သည်။ အတ္ထိ၊ ရှိ၏။ ဥဒရိယံ၊ အစာသစ်သည်။ အတ္ထိ၊ ရှိ၏။ ကရီသံ၊ ကျင်ကြီးသည်။ အတ္ထိ၊ ရှိ၏။ မတ္ထကေ၊ ဥက္ခောင်း၌။ မတ္ထလုင်္ဂံ၊ ဦးနှောက်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ ဣမေဟိ ဝီသတိယာ အာကာရေဟိ၊ ဤနှစ်ဆယ်သော အခြင်းအရားတို့ဖြင့်။ ပထဝီဓာတုံ၊ ကြမ်းတန်းခြင်း လက္ခဏာရှိသော မြေဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။
ကတမေဟိ၊ အဘယ်မည်ကုန်သော။ ဒွါဒသဟိ၊ တဆဲ့နှစ်ပါးသော။ အာကာရေဟိ၊ အခြင်းအရားတို့ဖြင့်။ အာပေါဓာတုံ၊ ယိုစီးခြင်း လက္ခဏာရှိသော ရေဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်းသနည်း။
ဣမသ္မိံ ကာယေ၊ ဤကိုယ်၌။ ပိတ္တံ၊ သည်းခြေသည်။ အတ္ထိ၊ ရှိ၏။ သေမှံ၊ သလိပ်သည်။ အတ္ထိ၊ ရှိ၏။ ပုဗ္ဗော၊ ပြည်သည်။ အတ္ထိ၊ ရှိ၏။ လောဟိတံ၊ သွေးသည်။ အတ္ထိ၊ ရှိ၏။ သေဒေါ၊ ချွေးသည်။ အတ္ထိ၊ ရှိ၏။ မေဒေါ၊ အဆီခဲသည်။ အတ္ထိ၊ ရှိ၏။ အဿု၊ မျက်ရည်သည်။ အတ္ထိ၊ ရှိ၏။ ဝသာ၊ ဆီကြည်သည်။ အတ္ထိ၊ ရှိ၏။ ခေဠော၊ တံတွေးသည်။ အတ္ထိ၊ ရှိ၏။ သိင်္ဃာဏိကာ၊ နှပ်သည်။ အတ္ထိ၊ ရှိ၏။ လသိကာ၊ အစေးသည်။ အတ္ထိ၊ ရှိ၏။ မုတ္တံ၊ ကျင်ငယ်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ ဣမေဟိ ဒွါဒသဟိ အာကာရေဟိ၊ ဤတဆဲ့နှစ်ပါးသော အခြင်းအရားတို့ဖြင့်။ အာပေါဓာတုံ၊ ယိုစီးခြင်း လက္ခဏာရှိသော ရေဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။
ကတမေဟိ၊ အဘယ်မည်ကုန်သော။ စတူဟိ၊ လေးပါးကုန်သော။ အာကာရေဟိ၊ အခြင်းအရားတို့ဖြင့်။ တေဇောဓာတုံ၊ ပူလောင်ခြင်း လက္ခဏာရှိသော မီးဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်းသနည်း။
ယေန စ၊ အကြင်တေဇောဓာတ်ဖြင့်လည်း။ သန္တပ္ပတိ၊ ပူပန်၏။ ယေန စ၊ အကြင်တေဇောဓာတ်ဖြင့်လည်း။ ဇီရယတိ၊ ဆွေးမြေ့၏။ ယေန စ၊ အကြင်တေဇောဓာတ်ဖြင့်လည်း။ ပရိဍယှတိ၊ လောင်၏။ ယေန စ၊ အကြင်တေဇောဓာတ်ဖြင့်လည်း။ အသိတပီတခါယိတသာယိတံ၊ စားအပ် သောက်အပ် ခဲအပ် လျက်အပ်ပြီးသော အစာသည်။ သမ္မာ ပရိဏာမံ၊ ကောင်းစွာကျေခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ စတူဟိ၊ လေးပါးကုန်သော ဣမေဟိ အာကာရေဟိ၊ ဤအခြင်းအရားတို့ဖြင့်။ တေဇောဓာတုံ၊ ပူလောင်ခြင်း လက္ခဏာရှိသော မီးဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။
ကတမေဟိ၊ အဘယ်မည်ကုန်သော။ ဆဟိ၊ ခြောက်ပါးကုန်သော။ အာကာရေဟိ၊ အခြင်းအရားတို့ဖြင့်။ ဝါယောဓာတုံ၊ တွန်းထောက်ခြင်း လက္ခဏာရှိသော လေဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်းသနည်း။
ဥဒ္ဓံဂမာ ဝါတာ၊ အထက်သို့တက်သောလေ။ အဓောဂမာ ဝါတာ၊ အောက်သို့စုံသောလေ။ ကုစ္ဆိသယာ ဝါတာ၊ အအူတို့၏ အပ၌ ကိန်းဝင်သောလေ။ ကောဋ္ဌာသယာ ဝါတာ၊ အဦး(အူ)တို့၏ အတွင်း၌ဖြစ်သောလေ။ အင်္ဂမင်္ဂါနုသာရိနော ဝါတာ၊ အင်္ဂါကြီးငယ်ကို လျှေက်သော ကွေးခြင်းဆန့်ခြင်းအစရှိသည်ကို ဖြစ်စေတတ်သောလေ။ အဿာသော၊ အတွင်းသို့ ဝင်သော နှာခေါင်းလေ။ ပဿာသော၊ အပသို့ ထွက်သော နှာခေါင်းလေ။ ဆဟိ၊ ခြောက်ပါးကုန်သော။ ဣတိ ဣမေဟိ အာကာရေဟိ၊ ဤအခြင်းအရားတို့ဖြင့်။ ဝါယောဓာတုံ၊ တွန်းထောက်ခြင်း လက္ခဏာရှိသော လေဓာတ်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။
ဧဝံ၊ ဤသို့။ ဣမေဟိ ဒွါစတ္တာလီသာယ အာကာရေဟိ၊ ဤလေးဆဲ့နှစ်ပါးသော အခြင်းအရာတို့ဖြင့်။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ဓာတုယော၊ ဓာတ်တို့ကို။ သဘာဝတော၊ သဘာဝလက္ခဏာအားဖြင့်။ ဥပလက္ခန္တော၊ မှတ်သည်ရှိသော်။ တုလယန္တော၊ နှိုင်းချိန်သည်ရှိသော်။ ပရိဝီမံသန္တော၊ ထက်ဝန်းကျင်မှ စူးစမ်းသည်ရှိသော်။ ပရိယောဂါဟန္တော၊ ထက်ဝန်းကျင်မှ သက်ဝင်၍ ယူသည်ရှိသော်။ ပစ္စဝေက္ခန္တော၊ ဆင်ခြင်သည်ရှိသော်။ ဂယှူပဂံ၊ ယူခြင်းငှါ သင့်သော။ ကိဉ္စိ၊ တစုံတခုသော။ ကာယံ ဝါ၊ ကိုယ်ကိုလည်းကောင်း။ ကာယပဒေသံ ဝါ၊ ကိုယ်အစိတ်ကိုလည်းကောာင်း။ န ပဿတိ၊ မမြင်။ စန္ဒနိကံ၊ တန်စီးပုပ်ကို။ ပဝိစိနန္တော၊ စူးစမ်းဆင်ခြင်သောသူသည်။ ဂယှူပဂံ၊ ယူခြင်းငှါ သင့်သော။ ကိဉ္စိ၊ တစုံတခုသော။ န ပဿေယျ ယထာ၊ မမြင်ရာသကဲ့သို့လည်းကောင်း။ သင်္ကာရဋ္ဌာနံ၊ တံမြက်ချေးစုရာကို။ ပဝိစိနန္တော၊ စူးစမ်းဆင်ခြင်သောသူသည်။ ဂယှူပဂံ၊ ယူခြင်းငှါ သင့်သော။ ကိဉ္စိ၊ တစုံတခုသော။ န ပဿေယျ ယထာ၊ မမြင်ရာသကဲ့သို့လည်းကောင်း။ ဝစ္စကုဋိံ၊ ကျင်ကြီးအိမ်ကို။ ပဝိစိနန္တော၊ စူးစမ်းဆင်ခြင်သောသူသည်။ ဂယှူပဂံ၊ ယူခြင်းငှါ သင့်သော။ ကိဉ္စိ၊ တစုံတခုသော။ န ပဿေယျ ယထာ၊ မမြင်ရာသကဲ့သို့လည်းကောင်း။ သိဝထိကံ၊ သူကောင်ပုပ်ကို။ ပဝိစိနန္တော၊ စူးစမ်းဆင်ခြင်သောသူသည်။ ဂယှူပဂံ၊ ယူခြင်းငှါ သင့်သော။ ကိဉ္စိ၊ တစုံတခုသော။ န ပဿေယျ ယထာ၊ မမြင်ရာသကဲ့သို့လည်းကောင်း။
ဧဝမေဝ၊ ဤအတူသာလျှင်။ ဣမေဟိ ဒွါစတ္တာလီသာယ အာကာရေဟိ၊ ဤလေးဆဲ့နှစ်ပါးသော အခြင်းအရာတို့ဖြင့်။ ဧဝံ၊ ဤသို့။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ဓာတုယော၊ ဓာတ်တို့ကို။ သဘာဝတော၊ သဘာဝလက္ခဏာအားဖြင့်။ ဥပလက္ခန္တော၊ မှတ်သည်ရှိသော်။ တုလယန္တော၊ နှိုင်းချိန်သည်ရှိသော်။ ပရိဝီမံသန္တော၊ ထက်ဝန်းကျင်မှ စူးစမ်းသည်ရှိသော်။ ပရိယောဂါဟန္တော၊ ထက်ဝန်းကျင်မှ သက်ဝင်၍ ယူသည်ရှိသော်။ ပစ္စဝေက္ခန္တော၊ ဆင်ခြင်သည်ရှိသော်။ ဂယှူပဂံ၊ ယူခြင်းငှါ သင့်သော။ ကိဉ္စိ၊ တစုံတခုသော။ ကာယံ ဝါ၊ ကိုယ်ကိုလည်းကောင်း။ ကာယပဒေသံ ဝါ၊ ကိုယ်အစိတ်ကိုလည်းကောာင်း။ န ပဿတိ၊ မမြင်။
တေန၊ ထိုကြောင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ခေါ ပန၊ အကယ်မလွဲသဖြင့်။ အဇ္ဈတ္တိကာ၊ မိမိသန္တာန်၌ဖြစ်သော။ ယာ စေဝ ပထဝီဓာတု၊ အကြင်ကြမ်းတမ်းခြင်း လက္ခဏာရှိသော မြေဓာတ်သည်လည်းကောင်း။ ဗာဟိရာ၊ အပ၌ဖြစ်သော။ ယာ စ ပထဝီဓာတု၊ အကြင်ကြမ်းတမ်းခြင်း လက္ခဏာရှိသော မြေဓာတ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အဟံ၊ ငါသည်။ ဧသာ၊ ဤမြေဓာတ်သည်။ နေဝ ဟောတိ၊ မဖြစ်။
ဧတံ ဓမ္မဇာတံ၊ ဤတရားသသောသည်။ မမ၊ ငါ၏။ သန္တကံ၊ ဥစ္စာသည်။ န ဟောတိ၊ မဖြစ်။ ဧသော သဘာဝေါ၊ ဤသဘောတရားသည်။ အဟံ၊ ငါသည်။ န အသ္မိ၊ မဖြစ်။ သော သဘာဝေါ၊ ထိုသဘောတရားသည်။ မေ၊ ငါ၏။ အတ္တာ၊ ကိုယ်သည်။ န၊ မဟုတ်။ ဣတိ ဧဝံ၊ ဤသို့။ ဧတံ ဓမ္မဇာတံ၊ ဤတရားသဘောကို။ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။ သမ္မပ္ပညာယ၊ မဖောက်မပြန်သော ပညာဖြင့်။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။ ဧဝံ၊ ဤသို့။ ဧတံ ဓမ္မဇာတံ၊ ဤတရားသဘောကို။ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။ သမ္မပ္ပညာယ၊ မဖောက်မပြန်သော ပညာဖြင့်။ ဒိသွာ၊ မြင်၍။ ပထဝီဓာတုယာ၊ မြေဓာတ်၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ပထဝီဓာတုယာ၊ မြေဓာတ်၌။ စိတ္တံ၊ စိတ်ကို။ ဝိရာဇေတိ၊ တပ်ခြင်းကင်းစေ၏။
ခေါ ပန၊ အကယ်မလွဲသဖြင့်။ အဇ္ဈတ္တိကာ၊ မိမိသန္တာန်၌ဖြစ်သော။ ယာ စေဝ အာပေါဓာတု၊ အကြင်ရေဓာတ်သည်လည်းကောင်း။ ဗာဟိရာ၊ အပ၌ဖြစ်သော။ ယာ စ ပထဝီဓာတု၊ အကြင်ရေဓာတ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ (ပ)။ ခေါ ပန၊ အကယ်မလွဲသဖြင့်။ အဇ္ဈတ္တိကာ၊ မိမိသန္တာန်၌ဖြစ်သော။ ယာ စေဝ တေဇောဓာတု၊ အကြင်မီးဓာတ်သည်လည်းကောင်း။ ဗာဟိရာ၊ အပ၌ဖြစ်သော။ ယာ စ တေဇောဓာတု၊ အကြင်မီးဓာတ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ (ပ)။ ခေါ ပန၊ အကယ်မလွဲသဖြင့်။ အဇ္ဈတ္တိကာ၊ မိမိသန္တာန်၌ဖြစ်သော။ ယာ စေဝ ဝယောဓာတု၊ အကြင်လေဓာတ်သည်လည်းကောင်း။ ဗာဟိရာ၊ အပ၌ဖြစ်သော။ ယာ စ ဝယောဓာတု၊ အကြင်လေဓာတ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အဟံ၊ ငါသည်။ ဧသာ၊ ဤလေဓာတ်သည်။ နေဝ ဟောတိ၊ မဖြစ်။
ဧတံ ဓမ္မဇာတံ၊ ဤတရားသသောသည်။ မမ၊ ငါ၏။ သန္တကံ၊ ဥစ္စာသည်။ န ဟောတိ၊ မဖြစ်။ ဧသော သဘာဝေါ၊ ဤသဘောတရားသည်။ အဟံ၊ ငါသည်။ န အသ္မိ၊ မဖြစ်။ သော သဘာဝေါ၊ ထိုသဘောတရားသည်။ မေ၊ ငါ၏။ အတ္တာ၊ ကိုယ်သည်။ န၊ မဟုတ်။ ဣတိ ဧဝံ၊ ဤသို့။ ဧတံ ဓမ္မဇာတံ၊ ဤတရားသဘောကို။ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။ သမ္မပ္ပညာယ၊ မဖောက်မပြန်သော ပညာဖြင့်။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။ ဧဝံ၊ ဤသို့။ ဧတံ ဓမ္မဇာတံ၊ ဤတရားသဘောကို။ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။ သမ္မပ္ပညာယ၊ မဖောက်မပြန်သော ပညာဖြင့်။ ဒိသွာ၊ မြင်၍။ ဝယောဓာတုယာ၊ လေဓာတ်၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ဝယောဓာတုယာ၊ လေဓာတ်၌။ စိတ္တံ၊ စိတ်ကို။ ဝိရာဇေတိ၊ တပ်ခြင်းကင်းစေ၏။
အယံ၊ ဤဖောက်ပြန်ခြင်းရုပ်အပြားအထူးသည်။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
အဝိဇ္ဇာတိ၊ အဝိဇ္ဇာဟူသ်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ၊ ထိုစကား၌။ အဝိဇ္ဇာ၊ မသိခြင်းအဝိဇ္ဇာသည်။ ကတမာ၊ အဘယ်နည်း။
ဒုက္ခေ၊ ဆင်းရဲခြင်း ဒုက္ခသစ္စာ၌။ အညာဏံ၊ မသိခြင်း။ ဒုက္ခသမုဒယေ၊ ဆင်းရဲခြင်း၏အကြောင်း သမုဒယသစ္စာ၌။ အညာဏံ၊ မသိခြင်း။ ဒုက္ခနိရောဓေ၊ ဆင်းရဲခြင်း၏ချုပ်ရာ နိရောဓသစ္စာ၌။ အညာဏံ၊ မသိခြင်း။ ဒုက္ခနိရောဓဂါမိနိယာ၊ ဆင်းရဲခြင်း၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော။ ပဋိပဒါယ၊ အကျင့်၌။ အညာဏံ၊ မသိခြင်း။ ပုဗ္ဗန္တေ၊ ရှေးလွန်လေပြီးသော ခန္ဓာစသည်၌။ အညာဏံ၊ မသိခြင်း။ အပရန္တေ၊ နောက်လာလတ္တံ့ဖြစ်သော ခန္ဓာစသည်၌။ အညာဏံ၊ မသိခြင်း။ ပုဗ္ဗန္တာပရန္တေ၊ ရှေးနောက်ဖြစ်သော ခန္ဓာစသည်၌။ အညာဏံ၊ မသိခြင်း။ ဣဒပ္ပစ္စယတာပဋိစ္စသမုပ္ပန္နေသု၊ ဤသင်္ခါရအစရှိသည်တို့၏ အကြောင်းကို စွဲ၍ ဖြစ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ ယံ အညာဏံ၊ အကြင်မသိခြင်းသည်။ ဧဝရူပံ၊ ဤသို့သဘောရှိ၏။ တံ အညာဏံ၊ ထိုမသိခြင်းမောဟသည်။ အညာဏံ၊ သိသောဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်၍ အညာဏမည်၏။ အဒဿနံ၊ ပညာစက္ခု၏ ဆန့်ကျင်ဘက်ဖြစ်၍ အဒဿနမည်၏။ အနဘိသမယော၊ ထိုးထွင်း၍သိသောအဘိသမယ၏ ဆန့်ကျင်ဘက်ဖြစ်၍ အနဘိသမယမည်၏။ အနနုဗောဓော၊ လျောက်ပတ်စွာ မသိသည်ဖြစ်၍ အနနုဗောဓမည်၏။ အသမ္ဗောဓော၊ ကောင်းစွာသိသောဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်၍ အသမ္ဗောဓမည်၏။ အပ္ပဋိဝေဓော၊ ပဋိဝေဓ၏ ဆန့်ကျင်ဘက်ဖြစ်၍ အပ္ပဋိဝေဓမည်၏။ အသလ္လက္ခဏာ၊ ကောင်းစွာမှတ်သောပညာ၏ ဆန့်ကျင်ဘက်ဖြစ်၍ အသလ္လက္ခဏမည်၏။ အနုပလက္ခဏာ၊ ကပ်၍မှတ်သောပညာ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် အနုပလက္ခဏာမည်၏။ အပစ္စုပလက္ခဏာ၊ ရှေးရှုကပ်၍မှတ်တတ်သောပညာ၏ ဆန့်ကျင်ဘက်ဖြစ်၍ အပစ္စုပလက္ခဏာမည်၏။ အသမဝေက္ခနံ၊ ကောင်းစွာ အညီအညွတ် မရှုသည်ဖြစ်၍ အသမဝေက္ခနာမည်၏။ အပစ္စက္ခကမ္မံ၊ မျက်မှောက်ပြုအပ်သော တစုံတခုသောကံ မရှိ။ ဒုမ္မေဇ္ဈံ၊ ပညာမရှိသောသူ၏အဖြစ်ဖြစ်၍ ဒုမ္မေဇ္ဈမည်၏။ ဗာလျံ၊ မလိမ္မာသောသူမိုက်တို့၏အဖြစ်ဖြစ်၍ ဗာလျမည်၏။ အသမ္ပဇညံ၊ သမ္ပဇည၏ ဆန့်ကျင်ဘက်ဖြစ်၍ အသမ္ပဇညမည်၏။ မောဟော၊ တွေဝေသောအားဖြင့် မောဟမည်၏။ ပမောဟော၊ ပြင်းစွာတွေဝေသောအားဖြင့် ပမောဟမည်၏။ သံမောဟော၊ အလွန်တွေဝေသောအာဖြင့် သံမောဟမည်၏။ အဝိဇ္ဇာ၊ မရအပ်သည်ကို ရ၏။ အဝိဇ္ဇောဃော၊ မသိခြင်းအဝိဇ္ဇာဟူသော ဩဃမည်၏။ အဝိဇ္ဇာယောဂေါ၊ ဝဋ်၌ သတ္တဝါတို့ကို ယှဉ်စေတတ်သောကြောင့် အဝိဇ္ဇာယောဂမည်၏။ အဝိဇ္ဇာနုသယော၊ မပယ်အပ်သောသဘော အဘန်တလဲလဲ ဖြစ်တတ်သောသဘောအားဖြင့် အဝိဇ္ဇာနုသယမည်၏။ အဝိဇ္ဇာပရိယုဋ္ဌာနံ၊ ကုသိုလ်စိတ်ကို လုယက်၍ တည်သည်၏အဖြစ်ကြောင့် အဝိဇ္ဇာပရိယုဌာန်မည်၏။ အဝိဇ္ဇာလင်္ဂီ၊ နိဗ္ဗာန်သို့ ရောက်စေတတ်သောဉာဏ်တည်းဟူသော သွားခြင်း၏ ပြတ်ခြင်း၏အဖြစ်ဖြင့် တံခါးကျည်နှင့်တူသည်၏အဖြစ်ကြောင့် အဝိဇ္ဇာလင်္ဂီမည်၏။ မောဟော အကုသလမူလံ၊ မောဟတည်းဟူသော အကုသိုလ်မူလမည်၏။
အယံ၊ ဤဆိုအပ်ခဲ့ပြီးသော ဒုက္ခေ အညာဏံ စသည်သည်။ အဝိဇ္ဇာယ၊ မသိခြင်းအဝိဇ္ဇာ၏။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
ဝိဇ္ဇာတိ၊ ဝိဇ္ဇာဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ဝိဇ္ဇာ၊ သိခြင်းဝိဇ္ဇာသည်။ ကတမာ၊ အဘယ်နည်း။
ဒုက္ခေ၊ ဆင်းရဲခြင်း ဒုက္ခသစ္စာ၌။ ဉာဏံ၊ သိသောဉာဏ်။ ဒုက္ခသမုဒယေ၊ ဆင်းရဲခြင်း၏အကြောင်း သမုဒယသစ္စာ၌။ ဉာဏံ၊ သိသောဉာဏ်။ ဒုက္ခနိရောဓေ၊ ဆင်းရဲခြင်း၏ချုပ်ရာ နိရောဓသစ္စာ၌။ ဉာဏံ၊ သိသောဉာဏ်။ ဒုက္ခနိရောဓဂါမိနိယာ၊ ဆင်းရဲခြင်း၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော။ ပဋိပဒါယ၊ အကျင့်၌။ ဉာဏံ၊ သိသောဉာဏ်။ ပုဗ္ဗန္တေ၊ ရှေးလွန်လေပြီးသော ခန္ဓာစသည်၌။ ဉာဏံ၊ သိသောဉာဏ်။ အပရန္တေ၊ နောက်လာလတ္တံ့ဖြစ်သော ခန္ဓာစသည်၌။ ဉာဏံ၊ သိသောဉာဏ်။ ပုဗ္ဗန္တာပရန္တေ၊ ရှေးနောက်ဖြစ်သော ခန္ဓာစသည်၌။ ဉာဏံ၊ သိသောဉာဏ်။ ဣဒပ္ပစ္စယတာပဋိစ္စသမုပ္ပန္နေသု၊ ဤသင်္ခါရအစရှိသည်တို့၏ အကြောင်းကို စွဲ၍ ဖြစ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ ဉာဏံ၊ သိသောဉာဏ်။ အယံ၊ ဤဉာဏ်အပြားသည်။ ဝိဇ္ဇာ၊ ဝိဇ္ဇာမည်၏။ ယာ ဝိဇ္ဇာ၊ အကြင်သိခြင်းဝိဇ္ဇာသည်။ ဧဝရူပံ၊ ဤသို့သဘောရှိ၏။ သာ ဝိဇ္ဇာ၊ ထိုသိခြင်းဝိဇ္ဇာသည်။ ပညာ၊ မမြဲခြင်းရှိသော အပြားအားဖြင့် တရားတို့ကို သိတတ်၏။ ပဇာနနာ၊ အပြားအားဖြင့်သိသော အခြင်းအရာ။ ဝိစယော၊ အဝိဇ္ဇာအစရှိသည်တို့ကို စိစစ်တတ်၏။ ပဝိစယော၊ အပြားအားဖြင့် စိစစ်တတ်၏။ ဓမ္မဝိစယော၊ သစ္စာလေးပါးတရားတို့ကို စိစစ်တတ်၏။ သံလက္ခဏာ၊ မမြဲခြင်းအစရှိသည်တို့ကို ကောင်းစွာမှတ်တတ်၏။ ဥပလက္ခဏာ၊ ကပ်၍မှတ်သည်၏ အစွမ်းအားဖြင့် ဥပလက္ခဏာမည်၏။ ပစ္စုပလက္ခဏာ၊ အဘန်တလဲလဲ ကပ်၍ မှတ်ခြင်း၏ အစွမ်းအားဖြင့် ပစ္စုပလက္ခဏာမည်၏။ ပဏ္ဍိစ္စံ၊ ပညာရှိသောသူ၏အဖြစ်။ ကောသလ္လံ၊ လိမ္မာသောသူ၏အဖြစ်။ နေပုညံ၊ သိမ်မွေ့သောသူ၏အဖြစ်။ ဝေဘဗျာ၊ မမြဲခြင်းအစရှိသည်တို့ကို ထင်ရှားပြတတ်သောသဘော။ စိန္တာ၊ မမြဲခြင်းအစရှိသည်တို့ကို ကြံခြင်းသဘော။ ဥပပရိက္ခာ၊ မမြဲခြင်းအစရှိသည်တို့ကို စူးစမ်းတတ်သောသဘော။ ဘူရိ၊ ပြန့်သောသဘောဖြင့် မြေကြီးနှင့်တူသောပညာ။ မေဓာ၊ လျင်စွာ ယူဆောင်နိုင်သောပညာ။ ပရိဏာယိကာ၊ အစီးအပွါးကို ကျင့်ခြင်း၌ ညွတ်စေတတ်သည်။ ဝိပဿနာ၊ မမြဲခြင်းအစရှိသောအားဖြင့် ရှုတတ်သည်။ သမ္ပဇညံ၊ ကောင်းစွာ အပြားတို့ဖြင့် သိတတ်သည်။ ပတောဒေါ၊ နှင်တံကဲ့သို့သောပညာ။ ပညာဣန္ဒြိယံ၊ ပညာဟု ဆိုအပ်သော ဣန္ဒြေ။ ပညာဗလံ၊ ပညာဟု ဆိုအပ်သော အစွမ်း။ ပညာသတ္ထံ၊ ပညာတည်းဟူသော လက်နက်။ ပညာပါသာဒေါ၊ ပညာဟူသော ပြဿဒ်။ ပညာအာလောကော၊ ပညာဟူသော အလင်း။ ပညာဩဘာသော၊ ပညာဟူသော အရောင်။ ပညာပဇ္ဇောတော၊ ပညာဟူသော ထွန်းပခြင်း။ ပညာရတနံ၊ ပညာဟူသော ရတနာ။ အမောဟော၊ မတွေဝေခြင်း။ ဓမ္မဝိစယော၊ သစ္စာလေးပါးတရားတို့ကို စိစစ်တတ်၏။ သမ္မာဒိဋ္ဌိ၊ မဖောက်မပြန်သောအမြင်။ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ၊ သဘောတရားတို့ကို စူးစမ်းတတ်သည်ဖြစ်၍ ဓမ္မဝိစယဟု ဆိုအပ်သော ကောင်သောဗောဇ္ဈင်တည်း။ မဂ္ဂင်္ဂံ၊ အရိယမဂ်၏ အကြောင်းတည်း။ မဂ္ဂပရိယာပန္နံ၊ အရိယမဂ်၌ အကျုံးဝင်၏။
အယံ၊ ဤဆိုအပ်ခဲ့ပြီးသော ဒုက္ခေ ဉာဏံ စသည်သည်။ ဝိဇ္ဇာယ၊ သိခြင်းဝိဇ္ဇာ၏။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
သမာပတ္တီတိ၊ ဝင်စားခြင်းသမာပတ္တိဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ သမာပတ္တိ၊ ဝင်စားခြင်းသမာပတ်သည်။ ကတမာ၊ အဘယ်နည်း။
သညာသမာပတ္တိ၊ သညီဘဝ၌ ဖြစ်စေတတ်သော သမာပတ်။ အသညာသမာပတ္တိ၊ အသညီဘဝ၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော သမာပတ်။ နေဝသညာနာသညာသမာပတ္တိ၊ ရုံရင်းသော သညာကားမရှိ သိမ်မွေ့သော သညာ မရှိသည်မဟုတ်သော ဝင်စားခြင်းသမာပတ်။
ဝိဘူတသညာသမာပတ္တိ၊ ဝိညာဏဉ္စာယတနသမာပတ်။ နိရောဓသမာပတ္တိ၊ နိရောဓသမာပတ်။
ဣတိ အယံ၊ ဤသည်လျှင်။ သမာပတ္တိယာ၊ ဝင်စားခြင်းသမာပတ်၏။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
ဈာယီတိ၊ ဈန်ဝင်စားသောသူဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ဈာယီ၊ ဈန်ဝင်စားခြင်းရှိသောသူသည်။ ကတမာ၊ အဘယ်နည်း။
သေက္ခော၊ သေက္ခဖြစ်သော ဈာယီ၊ ဈန်ဝင်စားသောသူသည်။ အတ္ထိ၊ ရှိ၏။ အသေက္ခော၊ အသေက္ခဖြစ်သော။ ဈာယီ၊ ဈန်ဝင်စားသောသူသည်။ အတ္ထိ၊ ရှိ၏။ နေဝသေ‌က္ခော၊ သေက္ခလည်းမဟုတ်သော။ နာသေက္ခော၊ အသေက္ခလည်းမဟုတ်သော။ ဈာယီ၊ ဈန်ဝင်စားသောပုထုဇဉ်သည်။ အတ္ထိ၊ ရှိ၏။ အာဇာနေယော၊ အာဇာနည်မြင်းကဲ့သို့ ကောင်းစွာဆုံးမအပ်သော။ ဈာယီ၊ ဈန်ဝင်စားသောသူသည်။ အတ္ထိ၊ ရှိ၏။ အဿခလုင်္ကော၊ ဆုံးမခြင်းသို့ မကပ်သော မြင်းကြမ်းကဲ့သို့ ထိုမှ ဤမှ ပြေးသည်ဖြစ်၍။ ဈာယီ၊ ဈန်ဝင်စားသောသူသည်။ အတ္ထိ၊ ရှိ၏။ ဒိဋ္ဌုတ္တရော၊ ဒိဋ္ဌိလွန်သော။ ဈာယီ၊ ဈန်ဝင်စားသောသူသည်။ အတ္ထိ၊ ရှိ၏။ တဏှုတ္တရော၊ တဏှာလွန်သော။ ဈာယီ၊ ဈန်ဝင်စားသောသူသည်။ အတ္ထိ၊ ရှိ၏။ ပညုတ္တရော၊ ပညာလွန်သော။ ဈာယီ၊ ဈန်ဝင်စားသောသူသည်။ အတ္ထိ၊ ရှိ၏။
အယံ၊ ဤဈန်ဝင်စားသောသူအပြားအထူးသည်။ ဈာယိနော၊ ဈန်ဝင်စားသောသူ၏။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
သမာဓီတိ၊ တည်ကြည်ခြင်းသမာဓိဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ သမာဓီတိ၊ တည်ကြည်ခြင်းသမာဓိဟူသည်။ ကတမော၊ အဘယ်နည်း။
သရဏော၊ ညစ်ညူးခြင်းကိလေသာဟူသော မြူနှင့်တကွသော။ သမာဓိ၊ အကုသိုလ်သမာဓိ။ အရဏော၊ ညစ်ညူးခြင်းကိလေသာဟူသော မြူနှင့်တကွမဖြစ်သော။ သမာဓိ၊ အလုံးစုံသောကုသိုလ်အဗျာကတသမာဓိ။ သဝေရော၊ ဒေါသဟူသော ရန်နှင့်တကွသော။ သမာဓိ၊ ပဋိဃစိတ်၌သမာဓိ။ အဝေရော၊ ရန်မရှိသော။ သမာဓိ၊ မေတ္တာစေတောဝိမုတ္တိသမာဓိ။ သဗျာပဇ္ဈော၊ ဒေါသနှင့်တူသော ရန်နှင့်တကွသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ အဗျာပဇ္ဈော၊ ဒေါသနှင့်ကင်းသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ သပ္ပီတိကော၊ ပီတိနှင့်တကွသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ နိပ္ပီတိကော၊ ပီတိကင်းသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ သာမိသော၊ လောကာမိသရှိသော။ သမာဓိ၊ လောကီသမာဓိ။ နိရာမိသော၊ အာမိသကင်းသော။ သမာဓိ၊ လောကုတ္တရာသမာဓိ။ သသင်္ခါရော၊ တိုက်တွန်းခြင်းနှင့်တကွသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ အသင်္ခါရော၊ တိုက်တွန်းခြင်းမရှိသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ ဧကံသဘာဝိတော၊ တပါးသော ဝိပဿနာအဘို့ဖြင့် ပြင်းစွာပွါးစေအပ်သော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ ဥဘယံသဘာဝိတော၊ နှစ်ပါးသော သမထဝိပဿနာအဘို့ဖြင့် ပွါးစေအပ်သော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ ဥဘယတော ဘာဝိတဘာဝနော၊ ကာယသက္ခိပုဂ္ဂိုလ် ဥဘတောဘာဂဝိမုတ္တိပုဂ္ဂိုလ်၏။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ သဝိတက္ကသဝိစာရော၊ ဝိတက်နှင့်လည်းတကွ ဝိစာရနှင့်လည်းတကွဖြစ်သော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ အဝိတက္ကဝိစာရမတ္တော၊ ဝိတက်လည်းမရှိ ဝိစာရမျှသာရှိသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ အဝိတက္ကအဝိစာရော၊ ဝိတက်လည်းမရှိ ဝိစာရလည်းမရှိသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ ဟာနဘာဂိယော၊ ယုတ်သောအဘို့ရှိသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ ဌိတိဘာဂိယော၊ မယုတ်မတက်မူ၍ တည်သောအဘို့ရှိသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ ဝိသေသဘာဂိယော၊ ထူးသောအဘို့ရှိသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ နိဗ္ဗေဓဘာဂိယော၊ အထက်သို့ ထိုးတွင်းခြင်းအဘို့ရှိသော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ လောကိယော၊ ဘောကီဖြစ်သော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ လောကုတ္တရော၊ လောကုတ္တရာဖြစ်သော။ သမာဓိ၊ တည်ကြည်ခြင်းသမာဓိ။ မိစ္ဆာသမာဓိ၊ မှားသော သမာဓိ။ သမ္မာသမာဓိ၊ ကောင်းသော သမာဓိ။
အယံ၊ ဤသမာဓိအပြားအထူးသည်။ သမာဓိဿ၊ တည်ကြည်ခြင်းသမာဓိ၏။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
ပဋိပဒါတိ၊ ပဋိပဒါဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ပဋိပဒါ၊ အကျင့်ပဋိပဒါသည်။ ကတမာ၊ အဘယ်နည်း။
အာဂါဠှပဋိပဒါ၊ ကာမတို့သို့ သက်ဝင်သောအကျင့်။ နိဇ္ဈာမပဋိပဒါ၊ ကာမကို ဖုတ်မြှိုက်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်သောအကျင့်။ မဇ္ဈိမပဋိပဒါ၊ အလတ်ဖြစ်သောအကျင့်။ အက္ခမာ ပဋိပဒါ၊ အချမ်းအပူအစရှိသည်တို့ကို သည်းမခံသောအကျင့်။ ခမာ ပဋိပဒါ၊ အချမ်းအပူအစရှိသည်တို့ကို သည်းခံသောအကျင့်။ သမာ ပဋိပဒါ၊ မိစ္ဆာဝိတက်ကို ငြိမ်းစေတတ်သောအကျင့်။ ဒမာ ပဋိပဒါ၊ အစိုးရခြင်းဣ‌န္ဒြေတို့ကို ဆုံးမတတ်သောအကျင့်။ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ၊ ဆင်းရဲသောအကျင့်ရှိသည်ဖြစ်၍ နုံ့နှေးသော အဘိဉာဏ်။ ဒုက္ခာ ပဋိပဒါ ခိပ္ပါဘိညာ၊ ဆင်းရဲသောအကျင့်ရှိသည်ဖြစ်၍ လျင်သော အဘိဉာဏ်။ သုခါ ပဋိပဒါ ဒန္ဓာဘိညာ၊ လွယ်သောအကျင့်ရှိသည်ဖြစ်၍ နုံ့နှေးသော အဘိဉာဏ်။ သုခါ ပဋိပဒါ ခိပ္ပါဘိညာ၊ လွယ်သောအကျင့်ရှိသည်ဖြစါ၍ လျင်သော အဘိဉာဏ်။
ဣတိ အယံ၊ ဤသည်လျှင်။ ပဋိပဒါယ၊ အကျင့်၏။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
ကာယောတိ၊ ကာယောဟူသည်ကား။ ဧကတ္တတာ၊ သာမညဟု ဆိုအပ်သော တူသည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ကာယော၊ အပေါင်းကာယသည်။ ကတမော၊ အဘယ်နည်း။
နာမကာယော စ၊ ညွတ်ခြင်းအပေါင်းဟု ဆိုအပ်သော နာမကာယသည်လည်းကောင်း။ ရူပကာယော စ၊ ဖောက်ပြန်ခြင်းအပေါင်းဟု ဆိုအပ်သော ရူပကာယသည်လည်းကောင်း။ ကာယော၊ ကာယမည်၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ရူပကာယော၊ ရူပကာယသည်။ ကတမော၊ အဘယ်နည်း။
ကေသာ၊ ဆံတို့လည်းကောင်း။ လောမာ၊ အမွေးတို့လည်းကောင်း။ နခါ၊ ခြေးသည်းလက်သည်းတို့လည်းကောင်း။ ဒန္တာ၊ သွားတို့လည်းကောင်း။ တစော၊ အရေထူအရေပါးလည်းကောင်း။ မံသံ၊ အသားလည်းကောင်း။ နှာရု၊ အကြောလည်းကောင်း။ အဋ္ဌိ၊ အရိုးလည်းကောင်း။ အဋ္ဌိမိဉ္ဇံ၊ ရိုးတွင်းခြင်ဆီလည်းကောင်း။ ဝက္ကံ၊ အညှို့လည်းကောင်း။ ဟဒယံ၊ နှလုံးလည်းကောင်း။ ယကနံ၊ အသည်းလည်းကောင်း။ ကိလောမကံ၊ အမြှေးလည်းကောင်း။ ပိဟကံ၊ အဖျဉ်းလည်းကောင်း။ ပပ္ဖာသံ၊ အဆုပ်လည်းကောင်း။ အန္တံ၊ အူမလည်းကောင်း။ အန္တဂုဏံ၊ အူသိမ်လည်းကောင်း။ ဥဒရိယံ၊ အစာသစ်လည်းကောင်း။ ကရီသံ၊ ကျင်ကြီးလည်းကောင်း။ ပိတ္တံ၊ သည်းခြေလည်းကောင်း။ သေမှံ၊ သလိပ်လည်းကောင်း။ ပုဗ္ဗော၊ ပြည်လည်းကောင်း။ လောဟိတံ၊ သွေးလည်းကောင်း။ သေဒေါ၊ ချွေးလည်းကောင်း။ မေဒေါ၊ အဆီခဲလည်းကောင်း။ အဿု၊ မျက်ရည်လည်းကောင်း။ ဝသာ၊ ဆီကြည်လည်းကောင်း။ ခေဠော၊ တံတွေးလည်းကောင်း။ သိင်္ဃာဏိကာ၊ နှပ်လည်းကောင်း။ လသိကာ၊ အစေးလည်းကောင်း။ မုတ္တံ၊ ကျင်ငယ်လည်းကောင်း။ မတ္ထလုင်္ဂံ၊ ဦးနှောက်လည်းကောင်း။ ဣတိ အယံ၊ ဤသည်လျှင်။ ရူပကာယော၊ ဖောက်ပြန်ခြင်းအပေါင်းဟု ဆိုအပ်သော ရူပကာယတည်း။
နာမကာယော နာမ၊ ညွတ်ခြင်းအပေါင်းဟု ဆိုအပ်သော နာမကာယမည်သည်ကား။ ဝေဒနာ၊ ခံစားခြင်းဝေဒနာလည်းကောင်း။ သညာ၊ အမှတ်ပြု၍သိခြင်းသညာလည်းကောင်း။ စေတနာ၊ စေ့ဆော်ခြင်းစေတနာလည်းကောင်း။ စိတ္တံ၊ သိခြင်းစိတ်လည်းကောင်း။ ဖဿော၊ တွေ့ထိခြင်းဖဿလည်းကောင်း။ မနသိကာရော၊ နှလုံးသွင်းခြင်း မနသိကာရလည်းကောင်း။ ဣတိ အယံ၊ ဤသည်လျှင်။ နာမကာယော၊ နာမကာယမည်၏။
ဣတိ အယံ၊ ဤကာယအပြားအထူးသည်။ ဝေမတ္တတာ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသသည်။ ဟောတိ၊ ဖြစ်၏။
ဧဝံ ဣမိနာ ဝုတ္တနယေန၊ ဤသို့ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ ယော ဓမ္မော၊ အကြင်တရားသည်။ ယဿ ဓမ္မဿ၊ အကြင်တရား၏။ သမာနဘာဝေါ၊ ဒုက္ခစသောအားဖြင့် တူသောအဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ သော ဓမ္မော၊ ထိုတရားသည်။ တဿ ဓမ္မဿ၊ ထိုတရား၏ ဧကတ္တတာယ၊ တူသောအဖြစ်အားဖြင့်။ ဧကီ ဘဝတိ၊ တခုမဟုတ်များသော်လည်း တခုတည်းဖြစ်၍ ဖြစ်၏။
ယော ဓမ္မော၊ အကြင်တရားသည်။ ယဿ ဓမ္မဿ၊ အကြင်တရား၏။ ယေန ယေန ဘာဝေန ဝါ၊ အကြင်အကြင်သို့သော အဖြစ်ဖြင့်လည်း။ ဝိလက္ခဏော၊ ထူးသောလက္ခဏာရှိ၏။ တေန တေန ဘာဝေန၊ ထိုထိုသို့သော အဖြစ်ဖြင့်။ သော ဓမ္မော၊ ထိုတရားသည်။ တဿ ဓမ္မဿ၊ ထိုတရား၏။ ဝေမတ္တံ၊ ထူးသောအဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။
ဧဝံ ဣမိနာ ဝုတ္တနယေန၊ ဤသို့ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ သုတ္တေ ဝါ၊ သုတ်၌သော်လည်းကောင်း။ ဝေယျာကရဏေ ဝါ၊ ဝေယျာကရုဏ်း၌သော်လည်းကောင်း။ ဂါထာယံ ဝါ၊ ဂါထာ၌သော်လည်းကောင်း။ ပုစ္ဆိတေန၊ မေးအပ်သောသူသည်။ ဝီမံသယိတဗ္ဗံ၊ စူးစမ်းအပ်၏။ ကိံ ဝီမံသယိတဗ္ဗံ၊ အဘယ်သို့ စူးစမ်းအပ်သနည်း။ ဧကတ္တတာယ၊ တူသောအဖြစ်ဖြင့်။ ပုစ္ဆတိ၊ မေးသလော။ ဥဒါဟု၊ ထိုသို့မဟုတ်။ ဝေမတ္တတာယ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသအဖြစ်ဖြင့်။ ပုစ္ဆတိ၊ မေးသလော။ ဣတိ၊ ဤသို့။ ဝီမံသယိတဗ္ဗံ၊ စူးစမ်းအပ်၏။
ယဒိ၊ အကယ်၍။ ဧကတ္တတာယ၊ တူသောအဖြစ်ဖြင့်။ ပုစ္ဆိတံ၊ ပုစ္ဆာ၏ အစွမ်းအားဖြင့် ဆိုအပ်သည်ဖြစ်အံ့။ ဧကတ္တတာယ၊ တူသောအဖြစ်ဖြင့်။ ဝိဿဇ္ဇယိတဗ္ဗံ၊ ဖြေအပ်၏။
ယဒိ၊ အကယ်၍။ ဝေမတ္တတာယ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသအဖြစ်ဖြင့်။ ပုစ္ဆိတံ၊ ပုစ္ဆာ၏ အစွမ်းအားဖြင့် ဆိုအပ်သည်ဖြစ်အံ့။ ဝေမတ္တတာယ၊ ထူးသောအဖြစ်တည်းဟူသော ဝိသေသအဖြစ်ဖြင့်။ ဝိဿဇ္ဇယိတဗ္ဗံ၊ ဖြေအပ်၏။
ယဒိ၊ အကယ်၍။ သတ္တာဓိဋ္ဌာနေန၊ သတ္တာဓိဋ္ဌာန်ဖြင့်။ ပုစ္ဆိတံ၊ ပုစ္ဆာ၏ အစွမ်းအားဖြင့် ဆိုအပ်သည်ဖြစ်အံ့။ သတ္တာဓိဋ္ဌာနေန၊ သတ္တာဓိဋ္ဌာန်ဖြင့်။ ဝိဿဇ္ဇယိတဗ္ဗံ၊ ဖြေအပ်၏။
ယဒိ၊ အကယ်၍။ ဓမ္မာဓိဋ္ဌာနေန၊ ဓမ္မာဓိဋ္ဌာန်ဖြင့်။ ပုစ္ဆိတံ၊ ပုစ္ဆာ၏ အစွမ်းအားဖြင့် ဆိုအပ်သည်ဖြစ်အံ့။ ဓမ္မာဓိဋ္ဌာနေန၊ ဓမ္မာဓိဋ္ဌာန်ဖြင့်။ ဝိဿဇ္ဇယိတဗ္ဗံ၊ ဖြေအပ်၏။
ယထာ ယထာ ဝါ ပန၊ အကြင်အကြင်သို့သော အခြင်းအရားဖြင့်မူလည်း။ ပုစ္ဆိတံ၊ ပုစ္ဆာ၏ အစွမ်းဖြင့် ဆိုအပ်သည်ဖြစ်အံ့။ တထာ တထာ၊ ထိုထိုသို့သော အခြင်းအရားဖြင့်။ ဝိဿဇ္ဇယိတဗ္ဗံ၊ ဖြေအပ်၏။
တေန၊ ထိုကြောင့်။ အာယသ္မာ မဟာကစ္စာနော၊ အရှင်မဟာကစ္စည်းမထေရ်သည်။ ဧကတ္တတာယ ဓမ္မာတိ၊ ဧကတ္တတာယ ဓမ္မာဟူ၍။ အာဟ၊ မိန့်တော်မူ၏။
အဓိဋ္ဌာနော ဟာရော၊ အဓိဋ္ဌာနဟာရကို။ နိယုတ္တော၊ ပါဠိတော်မှ ထုတ်၍ ယှဉ်စေအပ်ပြီ။