Issues
選擇版本
နိဿယ
မြန်မာဘာသာ
Nettippakaraṇapāḷi
Nettippakaraṇapāḷi

Tassānugīti

作者: နိဿယ @ IAPT

ဒေသနာ၊ ဒေသနာဟာရလည်းကောင်း။ ဝိစယော၊ ဝိစယဟာရလည်းကောင်း။ ယုတ္တိ၊ ယုတ္တိဟာရလည်းကောင်း။ ပဒဋ္ဌာနော၊ ပဒဋ္ဌာနဟာရလည်းကောင်း။ လက္ခဏော၊ လက္ခဏဟာရလည်းကောင်း။
စတုဗျူဟော စ၊ စတုဗျူဟဟာရလည်းကောင်း။ အာဝဋ္ဋော၊ အာဝဋ္ဋဟာရလည်းကောင်း။ ဝိဘတ္တိ၊ ဝိဘတ္တိဟာရလည်းကောင်း။ ပရိဝတ္တနော၊ ပရိဝတ္တနဟာရလည်းကောင်း။
ဝေဝစနော စ၊ ဝေဝစနဟာရလည်းကောင်း။ ပညတ္တိ၊ ပညတ္တိဟာရလည်းကောင်း။ ဩတရဏော စ၊ ဩတရဏဟာရလည်းကောင်း။ သောဓနော၊ သောဓနဟာရလည်းကောင်း။
အဓိဋ္ဌာနော၊ အဓိဋ္ဌာနဟာရလည်းကောင်း။ ပရိက္ခာရော၊ ပရိက္ခာရဟာရလည်းကောင်း။ သမာရောပနော၊ သမာရောပနဟာရလည်းကောင်း။ ဣတိ၊ ဤသို့။ သောဠသာ၊ တဆဲ့ခြောက်ပါးသော ဟာရတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဧတေ သောဠသ ဟာရာ၊ ထိုတဆဲ့ခြောက်ပါးသော ဟာရတို့ကို။ အတ္ထတော၊ ပဒတ္ထအားဖြင့်။ အသံကိဏ္ဏာ၊ အချင်းချင်း မရောမယှက်သည်တို့ကို။ ကတွာ၊ ပြု၍။ ပကိတ္တိတာ၊ အပြားအားဖြင့် ဆိုအပ်၏။
ဧတေသံ၊ ထိုတဆဲ့ခြောက်ပါးသော ဟာရတို့၏။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ အသင်္ကရော၊ မရောမယှက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တထာ စေဝ၊ ထိုမရောမယှက်သော အခြင်းအရာအားဖြင့်သာလျှင်။ ဘဝတိ၊ ဖြစ်၏။ ကိံ ဘဝတိ၊ အဘယ်သို့ဖြစ်သနည်း။ ဝိတ္ထာရတယာ ဝိတ္ထရေန၊ အကျယ်အားဖြင့်။ နယဝိဘတ္တိ၊ သင့်သောအကြောင်းဖြင့် ဝေဘန်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ဣတိ ဣမာ၊ ဤဂါထာတို့သည်။ တဿ ဟာရုဒ္ဒေသဿ၊ ထိုဟာရုဒ္ဒေသ၏။ အနုဂီတိ၊ အနုဂီတိဂါထာသည်။ ဟောတိ၊ ဖြစ်၏။
တတ္ထ၊ ထိုသောဠသဟာရစသောဂါထာ၌။ သမဘိနိဝိဋ္ဌာ၊ ကောင်းစွာအကျုံးဝင်ကန်သော။ ပဉ္စ နယာ၊ ငါးပါးသော နည်းတို့သည်။ ကတမေ၊ အဘယ်သည်တို့နည်း။
နန္ဒိယာဝဋ္ဋော၊ နန္ဒိယာဝဋ္ဋနည်းလည်းကောင်း။ တိပုက္ခလော၊ တိပုက္ခလနည်းလည်းကောင်း။ သီဟဝိက္ကီဠိတော၊ သီဟဝိက္ကီဠိတနည်းလည်းကောင်း။ ဒိသာလောစနော၊ ဒိသာလောစနနည်းလည်းကောင်း။ အင်္ကုသော၊ အင်္ကုသနည်းလည်းကောင်း။ ဣတိ ဣမေ၊ ဤသည်တို့သည်။ ပဉ္စ နယာ၊ ငါးပါးသော နည်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။