Issues
Select Version
နိဿယ
မြန်မာဘာသာ
Nettippakaraṇapāḷi
Nettippakaraṇapāḷi

၁၁-ဝိဘတ္တိဟာရဝိဘင်္ဂ၊

Author: နိဿယ @ IAPT

၁၁-ဝိဘတ္တိဟာရဝိဘင်္ဂ၊

တတ္ထ၊ ထိုတဆဲ့ခြောက်ပါးကုန်သော ဆောင်ကြောင်းဟာရတို့တွင်။ ဝိဘတ္တိဟာရော၊ ဝေဘန်ခြင်းကို ဆောင်ကြောင်း ဝိဘတ္တိဟာရသည်။ ကတမော၊ အဘယ်နည်။
ဓမ္မဉ္စ၊ တရားလည်းကောင်း။ ပဒဋ္ဌာနဉ္စ၊ နီးစွာသောအကြောင်းလည်းကောင်း။ ဘူမိဉ္စာ၊ ဖြစ်ရာဘုံလည်းကောင်း။ ဣတိ၊ ဤသို့။ ဝိဘတ္တိဟာရော၊ ဝေဘန်ခြင်းကို ဆောင်ကြောင်း ဝိဘတ္တိဟာရသည်။ တိဝိဓာ၊ သုံးပါးအပြား ရှိသည်။ ဟောတိ၊ ဖြစ်၏။
ဝါသနာဘာဂိယဉ္စ၊ အလေ့ဝါသနာအဘို့ရှိသော သုတ်လည်းကောင်း။ နိဗ္ဗေဓဘာဂိယဉ္စ၊ ငြီးငွေ့ခြင်းအဘို့ရှိသော သုတ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးကုန်သော။ သုတ္တာနိ၊ အနက်ကို ပြတတ်သော သုတ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ပုညဘာဂိယာ စ၊ ကောင်းမှုပွါးခြင်းအဘို့ရှိသော အကျင့်လည်းကောင်း။ ဖလဘာဂိယာ စ၊ အကျိုးတရာလျှင်အဘို့ရှိသော အကျင့်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးကုန်သော။ ပဋိပဒါ၊ အကျင့်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
သံဝရသီလဉ္စ၊ စောင့်ရှောက်ခြင်း အလေ့အကျင့် ရှိသော သီလလည်းကောင်း။ ပဟာနသီလဉ္စ၊ ပယ်ခြင်း အလေ့အကျင့် ရှိသော သီလလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးကုန်သော။ သီလာနိ၊ အလေ့အကျင့်သီလတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ဘဂဝါ၊ မြတ်စွာဘုရားည်။ ဝါသနာဘာဂိယံ၊ အလေ့ဝါသနာအဘို့ရှိသော။ သုတ္တံ၊ အနက်ကို ပြတတ်သော သုတ်ကို။ ပုညဘာဂိယာယ၊ ကောင်းမှုပွါးခြင်းအဘို့ရှိသော။ ပဋိပဒါယ၊ အကျင့်ဖြင့်။ ဒေသယတိ၊ ဟောတော်မူ၏။ သော၊ ထိုတရားနာသောပုဂ္ဂိုလ်သည်။ သံဝရသီလေ၊ စောင့်ရှောက်ခြင်း အလေ့အကျင့် ရှိသော သီလ၌။ ဌိတော၊ တည်သည်ဖြစ်၍။ တေန ဗြဟ္မစရိယေန၊ ထိုမြတ်သော အကျင့်ဖြင့်။ ဗြဟ္မစာရီ၊ မြတ်သော အကျင့်ကို ကျင့်သည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ နိဗ္ဗေဓဘာဂိယံ၊ ငြီးငွေ့ခြင်းအဘို့ရှိသော။ သုတ္တံ၊ အနက်ကို ပြတတ်သော သုတ်ကို။ ဖလဘာဂိယာယ၊ အကျိုးတရားလျှင်အဘို့ရှိသော။ ပဋိပဒါယ၊ အကျင့်ဖြင့်။ ဒေသယတိ၊ ဟောတော်မူ၏။ သော၊ ထိုတရားနာသောပုဂ္ဂိုလ်သည်။ ပဟာနသီလေ၊ ပယ်ခြင်း အလေ့အကျင့် ရှိသော သီလ၌။ ဌိတော၊ တည်သည်ဖြစ်၍။ တေန ဗြဟ္မစရိယေန၊ ထိုမြတ်သော အကျင့်ဖြင့်။ ဗြဟ္မစာရီ၊ မြတ်သော အကျင့်ကို ကျင့်သည်။ ဘဝတိ၊ ဖြစ်၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ကတမံ၊ အဘယ်မည်သော။ ဝါသနာဘာဂိယံ၊ အလေ့ဝါသနာအဘို့ရှိသော။ သုတ္တံ၊ အနက်ကို ပြတတ်သော သုတ်သည်။ ဝါသနာဘာဂိယံ၊ အလေ့ဝါသနာအဘို့ရှိသော။ သုတ္တံ နာမ၊ အနက်ကို ပြတတ်သော သုတ်မည်သနည်း။
ဒါနကထာ၊ အလှူစကားလည်းကောင်း။ သီလကထာ၊ အလေ့အကျင့်သီလစကားလည်းကောင်း။ သဂ္ဂကထာ၊ နတ်ရွာစကားလည်းကောင်း။ ကာမာနံ၊ အလိုရှိအပ်သောကာမဂုဏ်တို့၏။ အာဒီနဝေါ၊ အပြစ်၎င်း။ နေက္ခမ္မေ၊ ထွက်မြောက်ခြင်း၌။ အာနိသံသော၊ အကျိုး၎င်း။ ဣတိ ဣဒံ သဗ္ဗံ၊ ဤအလုံးစုံသည်။ ဝါသနာဘာဂိယံ၊ အလေ့ဝါသနာအဘို့ရှိသော။ သုတ္တံ နာမ၊ အနက်ကို ပြတတ်သော သုတ်မည်၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ နိဗ္ဗေဓဘာဂိယံ၊ ငြီးငွေ့ခြင်းအဘို့ရှိသော။ သုတ္တံ၊ အနက်ကို ပြတတ်သော သုတ်သည်။ ကတမံ၊ အဘယ်နည်း။
စတုသစ္စပ္ပကာသနာ၊ အကြင်မှန်သောသစ္စာလေးပါးတို့ကို ပြခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ဣဒံ၊ ဤမှန်သောသစ္စာလေးပါးတို့ကို ပြခြင်းသည်။ နိဗ္ဗေဓဘာဂိယံ၊ ငြီးငွေ့ခြင်းအဘို့ရှိသော။ သုတ္တံ နာမ၊ အနက်ကို ပြတတ်သော သုတ်မည်၏။ ဝါသနာဘာဂိယေ၊ အလေ့ဝါသနာအဘို့ရှိသော။ သုတ္တေ၊ အနက်ကို ပြတတ်သော သုတ်၌။ ပဇာနနာ၊ အပြားအားဖြင့် သိတတ်သော ပညာသည်။ နတ္ထိ၊ မရှိ။ မဂ္ဂေါ၊ ငြိမ်းရာနိဗ္ဗာန်ကို ရှာတတ်သော မဂ်သည်။ နတ္ထိ၊ မရှိ။ ဖလံ၊ အကျိုးဖြစ်သော ဖိုလ်သည်။ နတ္ထိ၊ မရှိ။
နိဗ္ဗေဓဘာဂိယေ၊ ငြီးငွေ့ခြင်းအဘို့ရှိသော။ သုတ္တေ၊ အနက်ကို ပြတတ်သော သုတ်၌။ ပဇာနနာ၊ အပြားအားဖြင့် သိတတ်သော ပညာသည်။ အတ္ထိ၊ ရှိ၏။ မဂ္ဂေါ၊ ငြိမ်းရာနိဗ္ဗာန်ကို ရှာတတ်သော မဂ်သည်။ အတ္ထိ၊ ရှိ၏။ ဖလံ၊ အကျိုးဖြစ်သော ဖိုလ်သည်။ အတ္ထိ၊ ရှိ၏။
စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိ သုတ္တာနိ၊ အနက်ကို ပြတတ်ကုန်သော ဤသုတ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
စတုန္နံ၊ လေးပါးကုန်သော။ ဣမေသံ သုတ္တာနံ၊ အနက်ကို ပြတတ်ကုန်သော ဤသုတ်တို့ကို။ ဒေသနာယ၊ ဟောအပ်သောဒေသနာနည်းဖြင့်။ ဖလေန၊ အကျိုးဖြစ်သေ သာမညဖိုလ်ဖြင့်။ သီလေန၊ အလေ့အကျင့်သီလဖြင့်။ ဗြဟ္မစရိယေန၊ မြတ်သော အကျင့်ဖြင့်။ သဗ္ဗတော၊ ခပ်သိမ်းသော အဘို့အားဖြင့်။ ဧကဒသ ဌာနေသု၊ တဆဲ့တပါးကုန်သော အရာတို့၌။ ပက္ခိပိတွာ၊ ထည့်သွင်း၍။ ဝိစယေန ဟာရေန၊ ရွေးချယ်စိစစ်ခြင်းဝိစယဟာရဖြင့်။ ဝိစိနိတွာ၊ ရွေးချယ်စိစစ်၍။ ယုတ္တိဟာရေန၊ သင့်သည်ကို ဆောင်တတ်သော ယုတ္တိဟာရဖြင့်။ ယောဇယိတဗ္ဗာ၊ ယှဉ်အပ်ကုန်၏။ ယာဝတိကာ၊ အကြင်မျှလောက်။ ဉာဏဿ၊ သိတတ်သောဉာဏ်၏။ ဘူမိ၊ အရာသည်။ အတ္ထိ၊ ရှိ၏။ တာဝတိကာ၊ ထိုမျှလောက်။ ယောဇေတဗ္ဗာ၊ ယှဉ်အပ်ကုန်၏။
တတ္ထ ဝစနေ၊ ထိုစကား၌။ ကတမေ၊ အဘယ်မည်ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ သာဓာရဏာ၊ ဆက်ဆံကုန်သနည်း။
ဒွေ၊ နှစ်ပါးကုန်သော။ ဓမ္မာ၊ တရားတို့သည်။ သာဓာရဏာ၊ ဆက်ဆံကုန်၏။ နာမသာဓာရဏာ စ၊ အမည်အားဖြင့် ဆက်ဆံကုန်သည်လည်းကောင်း။ ဝတ္ထုသာဓာရဏာ စ၊ မှီရာဝတ္ထုအားဖြင့် ဆက်ဆံကုန်သည်လည်းကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။
အညမ္ပိ၊ အမည်မှီရာဝတ္ထုအားဖြင့်တူသည်မှတပါးဖြစ်သော။ ယံ ဝါ ပန ကိဉ္စိ၊ အမှတ်မရှိ အလုံးစုံသော။ ဧဝံ ဇာတိယံ၊ ဤသို့တူသောသဘောရှိသောတရားကိုလည်း။ သာဓာရဏံ၊ ဆက်ဆံ၏ဟူ၍။ ဝေဒိတဗ္ဗံ၊ သိအပ်၏။။ မိစ္ဆတ္တနိယတာနံ၊ ဖောက်ပြန်သောသဘောရှိကုန်သည်ဖြစ်၍ ရှေ့လျောသည်၏အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲကုန်သော။ သတ္တာနဉ္စ၊ အဆင်းစသည်တို့၌ ကပ်ငြိတတ်ကုန်သော သတ္တဝါတို့အားလည်းကောင်း။ အနိယတာနဉ္စ၊ နှစ်ပါးသောအခြင်းအရာတို့ဖြင့် မမြဲကုန်သော။ သတ္တာနဉ္စ၊ အဆင်းစသည်တို့၌ ကပ်ငြိတတ်ကုန်သော သတ္တဝါတို့အားလည်းကောင်း။ ဒဿနပ္ပဟာတဗ္ဗာ၊ ရှေးဦးစွာမြင်သောမဂ်သည် ပယ်အပ်ကုန်သော။ ကိလေသာ၊ ညစ်ညူးခြင်းကိလေသာတို့သည်။ သာဓာရဏာ၊ ဆက်ဆံကုန်၏။ ပုထုဇ္ဇနဿ စ၊ များစွာသော ညစ်ညူးခြင်းကိလေသာတို့ကို ဖြစ်စေတတ်သော ပုထုဇဉ်အားလည်းကောင်း။ သောတာပန္နဿ စ၊ ငြိမ်းရာနိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ရှေးရှုသွားတတ်သောမဂ်သို့ ရှေးဦးစွာရောက်သော ပုဂ္ဂိုလ်အားလည်းကောင်း။ ကာမရာဂဗျာပါဒါ၊ အလိုရှိတတ်သည်ဖြစ်၍တပ်တတ်သောရာဂ ဖျက်ဆီးတတ်သောဒေါသတို့သည်။ သာဓာရဏာ၊ ဆက်ဆံကုန်၏။ ပုထုဇ္ဇနဿ စ၊ များစွာသော ညစ်ညူးခြင်းကိလေသာတို့ကို ဖြစ်စေတတ်သော ပုထုဇဉ်အားလည်းကောင်း။ အနာဂါမိဿ စ၊ ဖြစ်ရာဘဝနှစ်ပါးကို စပ်တတ်သော ပဋိသန္ဓေအားဖြင့် ဤအလိုရှိအပ်သော ကာမဘုံသို့ မလာသောပုဂ္ဂိုလ်အားလည်းကောင်း။ ဥဒ္ဓံဘာဂိယသံယောဇနာ၊ အထက်အဘို့သို့ ဆောင်သည်ဖြစ်၍ ဖွဲ့တတ်သောသံယောဇဉ်တို့သည်။ သာဓာရဏာ၊ ဆက်ဆံကုန်၏။ အရိယသာဝကော၊ မြတ်စွာဘုရား၏ တပည့်သည်။ ယံ ကိဉ္စိ၊ အလုံးစုံသော။ လောကိယံ၊ လောကီဖြစ်သော။ သမာပတ္တိံ၊ ဝင်စားအပ်သောသမာပတ်ကို။ သမာပဇ္ဇတိ၊ ဝင်စား၏။ တဿ၊ ထိုမြတ်စွာဘုရား၏ တပည့်အား။ သာ သဗ္ဗာ၊ ထိုအလုံးစုံသော ဝင်စားခြင်းသမာပတ်သည်။ အဝိတရာဂေဟိ၊ တပ်ခြင်းရာဂနှင့် မကင်းသော လောကီဖြစ်သော ဝင်စားခြင်းသမာပတ်သည်တို့နှင့်။ သာဓာရဏာ၊ ဆက်ဆံကုန်၏။ ဟိ၊ သင့်စွ။ သာဓာရဏာ၊ ဆက်ဆံကုန်သော။ ဓမ္မာ၊ တရားတို့သည်။ ဧဝံ၊ ဤသို့ပိုင်းခြားသောအခြင်းအရာဖြင့်။ အညမညံ၊ အချင်းချင်း။ ပရံ ပရံ၊ တပါးတပါးသော။ သကံ သကံ၊ မိမိမိမိတို့၏ဥစ္စာဖြစ်သော။ ဝိသယံ၊ အရာကို။ နာတိဝတ္တန္တိ၊ မလွန်ကုန်။
ယောပိ၊ အကြင်ပုဂ္ဂိုလ်သည်လည်း။ ဣမေဟိ ဓမ္မေဟိ၊ ဤတရားတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ တံ ဓမ္မံ၊ ထိုတရားကို။ န ဥပတိဝတ္တတိ၊ မလွန်။
ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ သာဓာရဏာ၊ ဆက်ဆံကုန်၏။
တတ္ထ၊ ထိုတရားတို့၌။ ကတမေ၊ အဘယ်မည်ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ အသာဓာရဏာ၊ မဆက်ဆံကုန်သနည်း။
ယာဝ၊ အကြန်မျှလောက်။ ဒေသနာ၊ ဟောအပ်သောဒေသနာသည်။ အတ္ထိ၊ ရှိ၏။ တာဝ၊ ထိုမျှလောက်။ ဒေသနံ၊ ဟောအပ်သောဒေသနာကို။ ဥပါဒါယ၊ စွဲ၍။ အသာဓာရဏာ၊ မဆက်ဆံသောတရားတို့ကို။ ဂဝေသိတဗ္ဗာ၊ ရှာအပ်ကုန်၏။ ကတမေသု၊ အဘယ်သို့၌။ ဂဝေသိတဗ္ဗာ၊ ရှာအပ်ကုန်သနည်း။ သေက္ခာသေက္ခာ ဘဗ္ဗာဘဗ္ဗာတိ၊ ကျင့်ဆဲကျင့်ပြီကျွတ်ထိုက်မကျွတ်ထိုက်ဟူ၍။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့ကို။ ဝုတ္တာ၊ ဆိုအပ်ကုန်၏။ တေသု ပုဂ္ဂလေသု၊ ထိုပုဂ္ဂိုလ်တို့၌။ ဂဝေသိတဗ္ဗာ၊ ရှာအပ်ကုန်၏။ အဋ္ဌမကဿ စ၊ ရှစ်ယောက်မြောက်သော မဂ်၌တည်သော ပုဂ္ဂိုလ်အားလည်းကောင်း။ သောတာပန္နဿ စ၊ ငြိမ်းရာနိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ရှေးရှုသွားတတ်သောမဂ်သို့ ရှေးဦးစွာ ရောက်သော ဖိုလ်အားလည်းကောင်း။ ကာမရာဂဗျာပါဒါ၊ အလိုရှိတတ်သည်ဖြစ်၍ တပ်တတ်သောရာဂ ဖျက်ဆီးတတ်သောဒေါသတို့သည်။ သာဓာရဏာ၊ ဆက်ဆံကုန်၏။ ဓမ္မတာ၊ တရားသဘောသည်။ အသာဓာရဏာ၊ မဆက်ဆံ။ အဋ္ဌမကဿ၊ ရှစ်ယောက်မြောက်သော သောတပတ္တိမဂ္ဂဋ္ဌန်ပုဂ္ဂိုလ်အားလည်းကောင်း။ အနာဂါမိဿ စ၊ ဖြစ်ရာဘဝနှစ်ပါးကို စပ်တတ်သော ပဋိသန္ဓေအားဖြင့် ဤအလိုရှိအပ်သော ကာမဘုံသို့ မလာသော ဖိုလ်၌တည်သောပုဂ္ဂိုလ်အားလည်းကောင်း။ ဥဒ္ဓံဘာဂိယာ၊ အထက်အဘို့သို့ ဆောင်တတ်ကုန်သော။ သံယောဇနာ၊ ဖွဲ့တတ်သော သံယောဇဉ်တို့သည်။ သာဓာရဏာ၊ ဆက်ဆံကုန်၏။ ဓမ္မတာ၊ တရားသဘောသည်။ အသာဓာရဏာ၊ မဆက်ဆံ။
သဗ္ဗေသံ၊ အလုံးစုံကုန်သော။ သေက္ခာနံ၊ ကျင့်ဆဲပုဂ္ဂိုလ်ခုနစ်ယောက်တို့၏။ နာမံ၊ အမည်သည်။ သာဓာရဏံ၊ ဆက်ဆံ၏။ ဓမ္မတာ၊ တရားသဘောသည်။ အသာဓာရဏာ၊ မဆက်ဆံ။
သဗ္ဗေသံ၊ အလုံးစုံကုန်သော။ ပဋိပန္နကာနံ၊ ကျင့်ဆဲဖြစ်ကုန်သောမဂ်ပုဂ္ဂိုလ်တို့၏။ နာမံ၊ အမည်သည်။ သာဓာရဏံ၊ ဆက်ဆံ၏။ ဓမ္မတာ၊ တရားသဘောသည်။ အသာဓာရဏာ၊ မဆက်ဆံ။
သဗ္ဗေသံ၊ အလုံးစုံကုန်သော။ သေက္ခာနံ၊ ကျင့်ဆဲပုဂ္ဂိုလ်တို့၏။ သေက္ခသီလံ၊ ကျင့်ဆဲအလေ့အကျင့်သီလသည်။ သာဓာရဏံ၊ ဆက်ဆံ၏။ ဓမ္မတာ၊ တရားသဘောသည်။ အသာဓာရဏာ၊ မဆက်ဆံ။
ဧဝံ၊ ဤသို့။ လောကီယ ဓမ္မေသု၊ လောကီဖြစ်သောတရားတို့၌။ ဝိသေသာနုပဿိနာ၊ ထူးသောသဘောကို ရှုသဖြင့်။ ဟီနုက္ကဋ္ဌမဇ္ဈိမံ၊ အယုတ်အမြတ်အလတ်ကို။ ဥပါဒါယ၊ စွဲ၍။ အသာဓာရဏဓမ္မဇာတံ၊ မဆက်ဆံသော တရားသဘောကို။ ဂဝေသိတဗ္ဗံ၊ ရှာအပ်၏။
ဒဿနဘူမိ၊ ငြိမ်းရာနိဗ္ဗာန်ကို ရှေးဦးစွာ မြင်သောမဂ်သည်။ နိယာမဝေါက္ကန္တိယာ၊ မြဲသောနိယာမသို့ သက်ဝင်ခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဘာဝနာဘူမိ၊ အထက်မဂ်သည်။ ဥတ္တရိကာနံ၊ အထက်ဖြစ်ကုန်သော။ ဖလာနံ၊ အကျိုးဖိုလ်တို့သို့။ ပတ္တိယာ၊ ရောက်ခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဒုက္ခာ ပဋိပဒါ ဒန္ဓာဘိညာ၊ ဆင်းရဲသောအကျင့်ရှိသည်ဖြစ်၍ နံ့နှေးသောအဘိဉာဏ်သည်။ သမထဿ၊ ကိလေသာငြီမ်းခြင်းသမထ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သုခါ ပဋိပဒါ ခိပ္ပါဘိညာ၊ လွယ်သောအကျင့်ရှိသည်ဖြစ်၍ လျင်သောအဘိဉာဏ်သည်။ ဝိပဿနာယ၊ အထူးသဖြင့်ရှုခြင်းဝိပသာနာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဒါနမယံ၊ အလှူဒါနဖြင့်ပြီးသော။ ပုညကိရိယဝတ္ထု၊ ကောင်းမူကို ပြုခြင်း၏ အကြောင်းသည်။ ပရတော ဃောသဿ၊ တရားနာခြင်း၏။ သာဓာရဏံ၊ ဆက်ဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သီလမယံ၊ အကျင့်သီလဖြင့်ပြီးသော။ ပုညကိရိယဝတ္ထု၊ ကောင်းမှုကို ပြုခြင်း၏ အကြောင်းသည်။ စိန္တာမယိယာ၊ အကြံဖြင့်ပြီးသော။ ပညာယ၊ အပြားအားဖြင့် သိသော ပညာ၏။ သာဓာရဏံ၊ ဆက်ဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဘာဝနာမယံ၊ ပွါးများခြင်း ဘာဝနာဖြင့်ပြီးသော။ ပုညကိရိယဝတ္ထု၊ ကောင်းမှုကို ပြုခြင်း၏ အကြောင်းသည်။ ဘာဝနာမယိယာ၊ ပွါးများခြင်းဘာဝနာဖြင့်ပြီးသော။ ပညာယ၊ အပြားအားဖြင့် သိသော ပညာ၏။ သာဓာရဏံ၊ ဆကိဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဒါနမယံ၊ အလှူဒါနဖြင့်ပြီးသော။ ပုညကိရိယဝတ္ထု၊ ကောင်းမူကို ပြုခြင်း၏ အကြောင်းသည်။ ပရတော ဃောသဿ စ၊ တရားနာခြင်း၏လည်းကောင်း။ သုတမယိယာ၊ အကြားအမြင်ဖြင့်ပြီးသော။ ပညာယ စ၊ အပြားအားဖြင့် သိသော ပညာလည်းကောင်း။ သာဓာရဏံ၊ ဆက်ဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သီလမယံ၊ အကျင့်သီလဖြင့်ပြီးသော။ ပုညကိရိယဝတ္ထု၊ ကောာင်းမှုကို ပြုခြင်း၏ အကြောင်းသည်။ စိန္တာမယိယာ၊ အကြံဖြင့်ပြီးသော။ ပညာယ စ၊ အပြားအားဖြင့် သိသော ပညာ၏လည်းကောင်း။ ယောနိသော၊ အသင့်အားဖြင့်။ မနသိကာရဿ စ၊ နှလုံးသွင်းခြင်း၏လည်းကောင်း။ သာဓာရဏံ၊ ဆက်ဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဘာဝနာမယံ၊ ပွါးများခြင်း ဘာဝနာဖြင့်ပြီးသော။ ပုညကိရိယဝတ္ထု၊ ကောင်းမှုကို ပြုခြင်း၏ အကြောင်းသည်။ ဘာဝနာမယိယာ၊ ပွါးများခြင်း ဘာဝနာဖြင့်ပြီးသော။ ပညာယ စ၊ အပြားအားဖြင့် သိသော ပညာ၏လည်းကောင်း။ သမ္မာဒိဋ္ဌိယာ စ၊ မဖောက်မပြန် မှန်သော အမြင်၏လည်းကောင်း။ သာဓာရဏံ၊ ဆကိဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ပတိရူပဒေသဝါသော၊ တင့်အပ်လျောက်ပတ်သော အရပ်၌ နေရခြင်းသည်။ ဝိဝေကဿ စ၊ ဆိတ်ငြိမ်ခြင်း၏လည်းကောင်း။ သမာဓိဿ စ၊ တည်ကြည်ခြင်း၏လည်းကောင်း။ သာဓာရဏံ၊ ဆကိဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သပ္ပုရိသူပနိဿယော၊ သူတော်ကောင်းကို မှီဝဲဆည်းကပ်ရခြင်းသည်။ တိဏ္ဏံ၊ သုံးပါးကုန်သော။ အဝေစ္စပ္ပသာဒာနံ၊ မတုန်မလှုပ် ကြည်ညိုခြင်းတို့၏လည်းကောင်း။ သမထဿ စ၊ ညစ်ညူးခြင်းမှငြိမ်းခြင်း သမထ၏လည်းကောင်း။ သာဓာရဏံ၊ ဆကိဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ အတ္တသမ္မာပဏိဓာနံ၊ မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်းသည်။ ဟိရိယာ စ၊ ရှက်ခြင်း၏လည်းကောင်း။ ဝိပဿနာယ စ၊ အထူးသဖြင့်ရှုခြင်း၏လည်းကောင်း။ သာဓာရဏံ၊ ဆကိဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ အကုသလပရိစ္စာဂေါ၊ အကုသိုလ်ကို စွန့်ခြင်းသည်။ ကုသလဝီမံသာယ စ၊ ကုသိုလ်ကို စုံစမ်းဆင်ခြင်သော အပြားအားဖြင့် သိသော ပညာ၏လည်းကောင်း။ သမာဓိန္ဒြိယဿ စ၊ တည်ကြည်ခြင်းကို အစိုးရခြင်း၏လည်းကောင်း။ သာဓာရဏံ၊ ဆကိဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဓမ္မသွာက္ခာတတာ၊ တရားတို ကောင်းစွာဟောအပ်သည်၏အဖြစ်သည်။ ကုသလမူလရောပနာယ စ၊ ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးခြင်း၏လည်းကောင်း။ ဖလသမာပတ္တိယာ စ၊ အကျိုးဖိုလ်ကို ဝင်စားခြင်း၏လည်းကောင်း။ သာဓာရဏံ၊ ဆကိဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သံဃသုပ္ပဋိပန္နတာ၊ သံဃတော်၏ ကောင်းသောအကျင့်ရှိသည်၏အဖြစ်သည်။ သံဃသုဋ္ဌုတာယ၊ သံဃတော်၏ ကောင်းပြီးဟူ၍ စကားကို ဝန်ခံသောအဖြစ်၏။ သာဓာရဏံ၊ ဆကိဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သတ္ထုသမ္ပဒါ၊ ဆရာဖြစ်သောဘုရား၏ ပြည့်စုံခြင်းသည်။ အပ္ပသန္နာနံ၊ မကြည်ညိုကုန်သောသူတို့၏။ ပသာဒါယ စ၊ ကြည်ညိုခြင်း၏လည်းကောင်း။ ပသန္နာနံ၊ ကြည်ညိုကုန်ပြီးသောသူတို့၏။ ဘိယျောဘာဝါယ စ၊ အတိုင်းထက်အလွန် ကြည်ညိုခြင်းများခြင်း၏လည်းကောင်း။ သာဓာရဏံ၊ ဆကိဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ အပ္ပဋိဟတပါတိမောက္ခတာ၊ အဆီးအတား အပိတ်အပင်မရှိသော လွန်မြတ်သော လွတ်ခြင်းရှိသည်၏အဖြစ်သည်။ ဒုမ္မင်္ကူနံ၊ အကျင့်သိလမရှိကုန်သော။ ပုဂ္ဂလာနံ၊ ဂတိတပါးသို့ လားတတ်ကုန်သော ပုဂ္ဂိုလ်တို့ကို။ နိဂ္ဂဟာယ စ၊ နှိပ်ခြင်း၏လည်းကောင်း။ ပေသလာနံ၊ အကျင့်သီလကို ချစ်ကုန်သော။ ပုဂ္ဂလာနံ၊ ဂတိတပါးသို့ လားတတ်ကုန်သော ပုဂ္ဂိုလ်တို့၏။ ဖာသုဝိဟာရာယ စ၊ ချမ်းသာစွာ နေရခြင်း၏လည်းကောင်း။ သာဓာရဏံ၊ ဆကိဆံသော။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
တေန၊ ထိုကြောင့်။ အာယသ္မာ မဟာကစ္စာနော၊ အရှင်မဟာကစ္စည်းမထေရ်သည်။ ဓမ္မဉ္စ၊ တရားတို့လည်းကောင်း။ ပဒဋ္ဌာနဉ္စ၊ နီးစွာသောအကြောင်းကိုလည်းကောင်း။ ဝိဘဇ္ဇတေ၊ ဝေဘန်၏။ ဣတိ၊ ဤသို့။ အာဟ၊ မိန့်တော်မူ၏။
ဝိဘတ္တိ ဟာရော၊ ဝေဘန်ခြင်းကို ဆောင်ကြောင်းဖြစ်သော ဝိဘတ္တိဟာရကို။ နိယုတ္တော၊ ပါဠိတော်မှ ထုတ်၍ ယှဉ်စေအပ်ပြီ။