Issues
選擇版本
နိဿယ
မြန်မာဘာသာ
Nettippakaraṇapāḷi
Nettippakaraṇapāḷi

၇-ပဒဋ္ဌာနဟာရဝိဘင်္ဂ၊

作者: နိဿယ @ IAPT

၇-ပဒဋ္ဌာနဟာရဝိဘင်္ဂ၊

တတ္ထ၊ ထိုဟာရတို့တွင်။ ပဒဋ္ဌာနော ဟာရော၊ ပဒဋ္ဌာနဟာရသည်။ ကတမော၊ အဘယ်နည်း။
ဇိနော၊ မြတ်စွာဘုရားသည်။ ဓမ္မံ၊ တရားတော်ကို။ ဒေသေတိ၊ ဟောတော်မူ၏။ ဣတိ အယံ ဟာရော၊ ဤဟာရသည်။ ပဒဋ္ဌာနော ဟာရော၊ ပဒဋ္ဌာနဟာရမည်၏။
ကိံ၊ အဘယ်သို့။ ဒေသယတိ၊ ဟောတော်မူသနည်း။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ သဗ္ဗဓမ္မယာထာဝ အသမ္ပဋိဝေဓလက္ခဏာ၊ ခပ်သမိးသောတရားတို့၏ မဖောက်မပြန်သော သဘောကို မထိုးထွင်းနိုင်ခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုအဝိဇ္ဇာ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းသည်။ ဝိပ္ပလ္လာသာ၊ လေးပါးသော ဝိပ္ပလ္လာသတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တဏှာ၊ တဏှာသည်။ အဇ္ဈောသာနလက္ခဏာ၊ အာရုံကို မျို၍ ယူခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုတဏှာ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းသည်။ ပိယရူပံ၊ ချစ်အပ်သောသဘောသည်။ သာတရူပံ၊ သာယာအပ်သောသဘောသည်။ ဟောတိ၊ ဖြစ်၏။
လောဘော၊ လောဘသည်။ ပတ္ထနလက္ခဏော၊ အာရုံကို တောင့်တခြင်း လက္ခဏာရှိ၏။ တဿ၊ ထိုလောဘ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းသည်။ အဒိန္နာဒါနံ၊ အဒိန္နာဒါနစေတနာသည်။ ဟောတိ၊ ဖြစ်၏။
သုဘသညာ၊ အသုဘ၌ သုဘဟု မှတ်သော သညာဝိပ္ပလ္လသသည်။ ဝဏ္ဏသဏ္ဌာနဗျဉ္ဇနဂ္ဂဟဏလက္ခဏာ၊ အဆင်း သဏ္ဌာန် ဣတ္ထိနိမိတ်ပုရိသနိမိတ်ကို ယူခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုသုဘသညာ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းသည်။ ဣန္ဒြိယာသံဝရော၊ ဣန္ဒြေကို မစောင့်ရှောက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
သုခသညာ၊ ဒုက္ခ၌ သုခဟု မှတ်သော သညာဝိပ္ပလ္လသသည်။ သာသဝဖဿဥပဂမနလက္ခဏာ၊ အာသဝ၏အာရုံဖြစ်သောဖဿဖြင့် အာရုံသို့ကပ်ခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုသုခသညာ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းသည်။ အဿာဒေါ၊ သာယာကြောင်း ဖြစ်သောတဏှာသည်။ ဟောတိ၊ ဖြစ်၏။
နိစ္စသညာ၊ အနိစ္စ၌ နိစ္စဟု မှတ်သော သညာဝိပ္ပလ္လသသည်။ သင်္ခတလက္ခဏာနံ၊ ဖြစ်ခြင်းပျက်ခြင်းဟူသော သင်္ခတလက္ခဏာရှိကုန်သော။ ဓမ္မာနံ၊ တရားတို့ကို။ အသမနုပဿနလက္ခဏာ၊ ကောင်းစွာမရှုမမြင်ခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုနိစ္စသညာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဝိညာဏံ၊ ဝိညာဉ်သည်။ ဟောတိ၊ ဖြစ်၏။
အတ္တသညာ၊ အနတ္တ၌ အတ္တဟု မှတ်သော သညာဝိပ္ပလ္လသသည်။ အနိစ္စသညာ၊ အနိစ္စသညာကိုလည်းကောင်း။ ဒုက္ခသညာ၊ ဒုက္ခသညာကိုလည်းကောင်း။ အသမနုပဿနလက္ခဏာ၊ ကောင်းစွာမရှုမမြင်ခြင်း လက္ခဏာရှိ၏ တဿာ၊ ထိုအတ္တသညာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ နာမကာယော၊ နာမကာယသည်။ ဟောတိ၊ ဖြစ်၏။
ဝိဇ္ဇာ၊ ဝိဇ္ဇာသည်။ သဗ္ဗဓမ္မသမ္ပဋိဝေဓလက္ခဏာ၊ ခပ်သိမ်းသောတရားတို့ကို မဖောက်မပြန်သော သဘောကို ထိုးထွင်းခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုဝိဇ္ဇာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ သဗ္ဗံ၊ အလုံးစုံသော။ နေယျံ၊ သိအပ်သောသစ္စာသည်။ ဟောတိ၊ ဖြစ်၏။
သမထော၊ သမာဓိသည်။ စိတ္တဝိက္ခေပပဋိသံဟရဏလက္ခဏော၊ စိတ်ကို ပျံ့လွင့်စေတတ်သော ဥဒ္ဓစ္စကို ကောင်းစွာဖျောက်ခြင်း လက္ခဏာရှိ၏။ တဿ၊ ထိုသမာဓိ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ အသုဘာ၊ အသုဘာအာရုံသည်။ ဟောတိ၊ ဖြစ်၏။
အလောဘော၊ အလောဘသည်။ ဣစ္ဆာဝစရပဋိသံဟရဏလက္ခဏော၊ အလိုရမက်ကို ဖျောက်ခြင်း လက္ခဏာရှိ၏။ တဿ၊ ထိုအလောဘ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ အဒိန္နာဒါနာ၊ အရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော ဥစ္စာကို ခိုးယူခြင်းမှ။ ဝေရမဏိ၊ ကြဉ်ရှောင်းကြောင်း ဖြစ်သောစေတနာသည်။ ဟောတိ၊ ဖြစ်၏။
အဒေါသော၊ အဒေါသသည်။ အဗျာပဇ္ဇလက္ခဏော၊ အမျက်ထွက်ခြင်း လက္ခဏာရှိ၏။ တဿ၊ ထိုအဒေါသ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ပါဏာတိပါတာ၊ သူ၏အသက်ကို သတ်ခြင်းမှ။ ဝေရမဏိ၊ ကြဉ်ရှောင်းကြောင်း ဖြစ်သောစေတနာသည်။ ဟောတိ၊ ဖြစ်၏။
အမောဟော၊ အမောဟသည်။ ဝတ္ထုအဝိပ္ပဋိပါဒါနလက္ခဏော၊ အာရုံ၏သဘောကို ထိုးထွင်း၍ သိခြင်း လက္ခဏာရှိ၏။ တဿ၊ ထိုအမောဟ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ သမ္မာပဋိပတ္တိ၊ ကောင်းသော မဖောက်မပြန်သော အကျင့်သည်။ ဟောတိ၊ ဖြစ်၏။
အသုဘသညာ၊ အသုဘသညာသည်။ ဝိနီလကဝိပုဗ္ဗကဂဟဏလက္ခဏာ၊ ဝိနီလကဝိပုဗ္ဗကအသုဘအကောင်ကို ယူခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုအသုဘသညာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ နိဗ္ဗိဒါ၊ ငြီးငွေ့သောအားဖြင့် ဖြစ်သောညဏ်သည်။ ဟောတိ၊ ဖြစ်၏။
ဒုက္ခသညာ၊ ဒုက္ခသညာသည်။ သာသဝဖဿပရိဇာနနလက္ခဏာ၊ အာသဝ၏ အာရုံဖြစ်သော ဖဿကို ပိုင်းခြားခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုဒုက္ခသညာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဝေဒနာ၊ ဝေဒနာသည်။ ဟောတိ၊ ဖြစ်၏။
အနိစ္စသညာ၊ အနိစ္စသညာသည်။ သင်္ခတလက္ခဏာနံ၊ ဖြစ်ခြင်းပျက်ခြင်းဟူသော သင်္ခတလက္ခဏာရှိကုန်သော။ ဓမ္မာနံ၊ တရားတို့ကို။ သမနုပဿနလက္ခဏာ၊ ကောင်းစွာရှုခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုအနိစ္စသညာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဥပ္ပါဒဝယာ၊ သင်္ခတတရားတို့၏ အဖြစ်အပျက်သည်။ ဟောတိ၊ ဖြစ်၏။
အနတ္တသညာ၊ အနတ္တသညာသည်။ သဗ္ဗဓမ္မအဘိနိဝေသလက္ခဏာ၊ ခပ်သိမ်းသော သဘောတရားတို့ကို နှလုံးသွင်းခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုအနတ္တသညာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဓမ္မသညာ၊ သဘာဝဓမ္မမျှသာတည်းဟု ဖြစ်သော အမှတ်သညာသည်။ ဟောတိ၊ ဖြစ်၏။
ကာမရာဂဿ၊ ကာမရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ပဉ္စ ကာမဂုဏာ၊ ကာမဂုဏ်ငါးပါးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ရူပရာဂဿ၊ ရူပရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ရူပါနိ၊ ရုပ်ရှိကုန်သော။ ပဉ္စိန္ဒြိယာနိ၊ ငါးပါးသော ဣန္ဒြေတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဘဝရာဂဿ၊ ဘဝ၌ တပ်သောရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဆဋ္ဌာယတနံ၊ ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော မနာယတနသည်။ ဟောတိ၊ ဖြစ်၏။ ပဉ္စန္နံ၊ ငါးပါးကုန်သော။ ဥပါဒါနက္ခန္ဓာနံ၊ ဥပါဒါနက္ခန္ဓာတို့၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ နိဗ္ဗတ္တဘဝါနုပဿိတာ၊ မိမိခန္ဓာဖြစ်ခြင်းတည်းဟူသောဘဝကို နှစ်သက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဉာဏဒဿနဿ၊ ညဏ်အမြင်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ပုဗ္ဗေနိဝါသာနုဿတိ၊ ရှေ့၌နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အဘန်တလဲလဲ အောက်မေ့သောသတိသည်။ ဟောတိ၊ ဖြစ်၏။
သဒ္ဓါ၊ သဒ္ဓါသည်။ ဩကပ္ပနလက္ခဏာ၊ ယုံကြည်သောအားဖြင့် အာရုံသို့သက်ဝင်ခြင်း လက္ခဏာရှိ၏။ အဓိမုတ္တိပစ္စုပဋ္ဌာနာ စ၊ အာရုံ၌ နှလုံးသွင်းခြင်းလျှင်ထင်သော အခြင်းအရာလည်းရှိ၏။ ပသာဒေါ၊ ပသာဒသည်။ အနာဝိလလက္ခဏော၊ မနောက်ကျခြင်း လက္ခဏာရှိ၏။ သမ္ပသီဒနပစ္စုပဋ္ဌာနော စ၊ ကောင်းစွာကြည်ခြင်းလျှင်ထင်သော အခြင်းအရာလည်းရှိ၏။
သဒ္ဓါ၊ သဒ္ဓါသည်။ အဘိပတ္ထိယနလက္ခဏာ၊ အလွန်ပြန့်နှံ့သည်ဖြစ်၍ ယုံကြည်ခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုသဒ္ဓါ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ အဝေစ္စပသာဒေါ၊ ဘုရားအစရှိသည်၌ အာရုံရှိသော အလွန်ယုံကြည်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ပသာဒေါ၊ ပသာဒသည်။ အနာဝိလလက္ခဏော၊ မနောက်ကျခြင်း လက္ခဏာရှိ၏။ တဿ၊ ထိုပသာဒ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ သဒ္ဓါ၊ သဒ္ဓါတရားသည်။ ဟောတိ၊ ဖြစ်၏။
ဝီရိယံ၊ ဝီရိယသည်။ အာရမ္ဘလက္ခဏံ၊ အားထုတ်ခြင်း လက္ခဏာရှိ၏။ တဿ၊ ထိုဝီရိယ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ သမ္မပ္ပဓာနံ၊ သမ္မပ္ပဓာန်သည်။ ဟောတိ၊ ဖြစ်၏။
သတိ၊ သတိသည်။ အပိလာပနလက္ခဏာ၊ ငုတ်လျှိုးသကဲ့သို့ အာရုံသို့သက်ဝင်းခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုသတိ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ သတိပဋ္ဌာနံ၊ ကာယစသောသတိပဋ္ဌာန်သည်။ ဟောတိ၊ ဖြစ်၏။
သမာဓိ၊ သမာဓိသည်။ ဧကဂ္ဂလက္ခဏော၊ တခုတည်းသောအာရုံကိုသာ ယူသည်ဖြစ်၍ တည်ကြည်ခြင်း မပျံ့လွင့်ခြင်း လက္ခဏာရှိ၏။ တဿ၊ ထိုသမာဓိ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဈာနာနိ၊ ဈာန်တို့သည်။ ဟောတိ၊ ဖြစ်၏။
ပညာ၊ ပညာသည်။ ပဇာနနလက္ခဏာ၊ အပြားအားဖြင့် သိခြင်း လက္ခဏာရှိ၏။ တဿာ၊ ထိုပညာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ သစ္စာနိ၊ သစ္စာတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
အပရော၊ တပါးသော။ နယော၊ နည်းကို။ မယာ၊ ငါသည်။ ဝုစ္စတေ၊ ဆိုအပ်၏။ အယောနိသောမနသိကာရော၊ အယောနိသောမနသိကာရသည်။ အဿာဒမနသိကာရလက္ခဏော၊ သာယာသည်ဖြစ်၍ နှလုံးပြုခြင်း လက္ခဏာရှိ၏။ တဿ၊ ထိုအယောနိသောမနသိကာရ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ဟောတိ၊ ဖြစ်၏။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ သစ္စသမ္မောဟနလက္ခဏာ၊ သစ္စလေးပါးတို့၌ တွေဝေခြင်း လက္ခဏာရှိ၏။ တံ၊ ထိုအဝိဇ္ဇာသည်။ သင်္ခါရာနံ၊ သင်္ခါရတို့၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
သင်္ခါရာ၊ သင်္ခါရတို့သည်။ ပုနဗ္ဘဝဝိရောဟနလက္ခဏာ၊ ဘဝသစ်အကျိုးငှါ ရောက်စေခြင်း လက္ခဏာရှိ၏။ တံ တေ၊ ထိုသင်္ခါရတို့သည်။ ဝိညာဏဿ၊ ဝိညာဉ်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဝိညာဏံ၊ ဝိညာဉ်သည်။ ဩပပစ္စယိကနိဗ္ဗတ္တိလက္ခဏံ၊ ဥပပတ္တိဘဝ၏ အဖြစ်ဖြင့်ဖြစ်ခြင်း လက္ခဏာရှိ၏။ တံ၊ ထိုဝိညာဉ်သည်။ နာမရူပဿ၊ နာမ်ရုပ်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
နာမရူပံ၊ နာမ်ရုပ်သည်။ နာမကာယရူပကာယသင်္ခါတလက္ခဏံ၊ နာမကာယရူပကာယတို့၏ ပေါင်းခြင်း လက္ခဏာရှိ၏။ တံ၊ ထိုနာမ်ရုပ်သည်။ ဆဠာယတနဿ၊ ခြောက်ပါးသောအာယတန၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဆဠာယတနံ၊ ခြောက်ပါးသောအာယတနသည်။ ဣန္ဒြိယဝဝတ္ထာနလက္ခဏံ၊ စက္ခုအစရှိကုန်သော ‌ခြောက်ပါးကုန်သော ဣန္ဒြေတို့၏ ပိုင်းခြားအပ်သည်၏ အဖြစ်တည်းဟူသော လက္ခဏာရှိ၏။ တံ၊ ထိုခြောက်ပါးသောအာယတနသည်။ ဖဿဿ၊ ဖဿ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဖဿော၊ ဖဿသည်။ စက္ခုရူပဝိညာဏသန္နိပါတလက္ခဏော၊ စက္ခုပသာဒ ရူပရုံ စက္ခုဝိညာဉ်တို့၏ စုဝေးရာ လက္ခဏာရှိ၏။ သော၊ ထိုဖဿသည်။ ဝေဒနာယ၊ ဝေဒနာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဝေဒနာ၊ ဝေဒနာသည်။ ဣဋ္ဌာနိဋ္ဌအနုဘဝနလက္ခဏာ၊ ဣဋ္ဌာရုံအနိဋ္ဌာရုံကို ခံစားခြင်း လက္ခဏာရှိ၏။ တံ၊ ထိုဝေဒနာသည်။ တဏှာယ၊ တဏှာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
တဏှ၊ တဏှာသည်။ အဇ္ဈောသာနလက္ခဏာ၊ အာရုံကို မျို၍ ယူခြင်း လက္ခဏာရှိ၏။ တံ၊ ထိုတဏှာသည်။ ဥပါဒါနဿ၊ ဥပါဒါန်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဥပါဒါနံ၊ ဥပါဒါန်သည်။ ဩပပစ္စယိကံ၊ ဥပပတ္တိခန္ဓာကို ဖြစ်စေတတ်၏။ တံ၊ ထိုဥပါဒါန်သည်။ ဘဝဿ၊ ဘဝ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဘဝေါ၊ ဘဝသည်။ နာမကာယရူပကာယသမ္ဘဝနလက္ခဏော၊ နာမကာယရူပကာယကို ဖြစ်စေခြင်း လက္ခဏာရှိ၏။ တံ၊ ထိုဘဝသည်။ ဇာတိယာ၊ ဇာတိ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဇာတိ၊ ဇာတိသည်။ ခန္ဓပါတုဘဝနလက္ခဏာ၊ ရှေးဦးစွာခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း လက္ခဏာရှိ၏။ တံ၊ ထိုဇာတိသည်။ ဇရာယ၊ ဇရာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဇရာ၊ ဇရာသည်။ ဥပဓိပရိပါကလက္ခဏာ၊ ခန္ဓာဟူသောဥပဓိ၏ ရင့်ခြင်း လက္ခဏာရှိ၏။ တံ၊ ထိုဇရာသည်။ မရဏဿ၊ မရဏ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
မရဏံ၊ မရဏသည်။ ဇီဝိတိန္ဒြိယုပစ္ဆေဒလက္ခဏံ၊ ဇီဝိတိန္ဒြေ၏ ပြတ်ခြင်း လက္ခဏာရှိ၏။ တံ၊ ထိုမရဏသည်။ သောကဿ၊ သောက၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
သောကော၊ သောကသည်။ ဥဿုက္ကကာရကော၊ ဉာတိဗျသန စသည်ဖြင့် နှိပ်စက်သောသူ၏ စိတ်၏ စိုးရိမ်ကြောင့်ကြခြင်း ပူပန်ခြင်းကို ပြုတတ်၏ တံ၊ ထိုသောကသည်။ ပရိဒေဝဿ၊ ပရိဒေဝ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ပရိဒေဝေါ၊ ပရိဒေဝသည်။ လာလပ္ပကာရကော၊ ဉာတိဗျသန စသည်ဖြင့် နှိပ်စက်သောသူ၏ ငိုမြည်တမ်းခြင်းကို ပြုတတ်၏။ တံ၊ ထိုပရိဒေဝသည်။ ဒုက္ခဿ၊ ဒုက္ခ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဒုက္ခံ၊ ဒုက္ခသည်။ ကာယသံပီဠနံ၊ ကာယကို လွန်စွာနှိပ်စက်ခြင်းတည်း။ တံ၊ ထိုဒုက္ခသည်။ ဒေါမနဿဿ၊ ဒေါမနဿ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဒေါမနဿံ၊ ဒေါမနဿသည်။ စိတ္တသံပီဠနံ၊ စိတ်ကို လွန်စွာနှိပ်စက်ခြင်းတည်း။ တံ၊ ထိုဒေါမနဿသည်။ ဥပါယာသဿ၊ ဥပါယာသ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဥပါယာသော၊ ဥပါယာသသည်။ ဩဒဟနကာရကော၊ ပြင်းစွာလောင်ခြင်းကို ပြုတတ်၏။ တံ၊ ထိုဥပါယာသသည်။ ဘဝဿ၊ ဘဝ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဣမာနိ ဘဝင်္ဂါနိ၊ ဤဘဝ၏ အကြောင်းဘဝဟူသော အစိတ်တို့သည်။ ယဒါ၊ အကြင်အခါ၌။ သမဂ္ဂါနိ၊ ညိညွတ်ကုန်သည်။ နိဗ္ဗတ္တာနိ၊ ပြီးကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သော တဒါ၊ ထိုအခါ၌။ ဣမာနိ ဘဝင်္ဂါနိ၊ ဤဘဝ၏ အကြောင်းဘဝဟူသော အစိတ်တို့သည်။ ဘဝေါ၊ ဘဝမည်၏။ တံ၊ ထိုဘဝသည်။ သံသာရဿ၊ သံသရာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
မဂ္ဂေါ၊ မဂ်သည်။ နိယျာနိကလက္ခဏော၊ သံသရာဝဋ်မှ ထွက်မြောက်စေခြင်း လက္ခဏာရှိ၏။ တံ၊ ထိုမဂ်သည်။ နိရောဓဿ၊ နိဗ္ဗာန်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
တိတ္ထညုတာ၊ ဗဟူဿုတရှိသော ကလျာဏမိတ္တကို ဆည်းကပ်သည်ဖြစ်၍ သိသောသူ၏ အဖြစ်သည်။ ပီတညုတာယ၊ သပ္ပါယဓမ္မနှင့်စပ်သောပီတိကို ဖြစ်စေသဖြင့် ဘာဝနာကို ပွါးစေသည်ဖြစ်၍ သိသောသူ၏ အဖြစ်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပီတညုတာ၊ ဓမ္မနှင့်စပ်မှီ၍ဖြစ်သောပီတိကို သိသောသူ၏ အဖြစ်သည်။ မတ္တညုတာယ၊ ကမ္မဋ္ဌာန်း၏ အတိုင်းအရှည်ကို သိသောသူ၏ အဖြစ်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ မတ္တညုတာ၊ ကမ္မဋ္ဌာန်း၏ အတိုင်းအရှည်ကို သိသောသူ၏ အဖြစ်သည်။ အတ္တညုတာယ၊ မိမိ၏ ပဋ္ဌာနိယအင်္ဂါနှင့် ပြည့်စုံသည်၏ အဖြစ်ကို သိသောသူ၏ အဖြစ်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ အတ္တညုတာ၊ မိမိ၏ ပဋ္ဌာနိယအင်္ဂါနှင့် ပြည့်စုံသည်၏ အဖြစ်ကို သိသောသူ၏ အဖြစ်သည်။ ပုဗ္ဗေကတပုညတာယ၊ ရှေး၌ ပြုအပ်ခဲ့ပြီးသော ကောင်းမှုရှိသည်ကို သိသောသူ၏ အဖြစ်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပုဗ္ဗေကတပုညတာ၊ ရှေး၌ ပြုအပ်ခဲ့ပြီးသော ကောင်းမှုရှိသည်ကို သိသောသူ၏ အဖြစ်သည်။ ပဋိရူပဒေသဝါဿ၊ တင့်အပ်လျောက်ပတ်သော အရပ်၌ နေရခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပဋိရူပဒေသဝါသော၊ တင့်အပ်လျောက်ပတ်သော အရပ်၌ နေရခြင်းသည်။ သပ္ပုရိသူပနိဿယဿ၊ သူတော်ကောင်းကို မှီဝဲဆည်းကပ်ရခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သပ္ပုရိသူပနိဿယော၊ သူတော်ကောင်းကို မှီဝဲဆည်းကပ်ရခြင်းသည်။ အတ္တသမ္မာပဏိဓာနဿ၊ မိမိကိုယ်ကို ကောင်းစွာကျင့်သုံးခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ အတ္တသမ္မာပဏိဓာနံ၊ မိမိကိုယ်ကို ကောင်းစွာကျင့်သုံးခြင်းသည်။ သီလာနံ၊ သီလတို့၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သီလာနိ၊ သီလတို့သည်။ အဝိပ္ပဋိသာရဿ၊ နှလုံးသာရွှင်ခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ အဝိပ္ပဋိသာရော၊ နှလုံးသာရွှင်ခြင်းသည်။ ပါမောဇ္ဇဿ၊ နုသောပီတိ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပါမောဇ္ဇံ၊ နုသောပီတိသည်။ ပီတိယာ၊ ရင့်သောပီတိ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပီတိ၊ ရင့်သောပီတိသည်။ ပဿဒ္ဓိယာ၊ ကိုယ်စိတ်နှစ်ပါးငြိမ်းခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပဿဒ္ဓိ၊ ကိုယ်စိတ်နှစ်ပါးငြိမ်းခြင်းသည်။ သုခဿ၊ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သုခံ၊ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းသည်။ သမာဓိဿ၊ သမာဓိ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သမာဓိ၊ သမာဓိသည်။ ယထာဘူတဉာဏဒဿနဿ၊ ယထာဘူတဉာဏ်အမြင်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ယထာဘူတဉာဏဒဿနံ၊ ယထာဘူတဉာဏ်အမြင်သည်။ နိဗ္ဗိဒါယ၊ ငြီးငွေ့ခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ နိဗ္ဗိဒါ၊ ငြီးငွေ့ခြင်းသည်။ ဝိရာဂဿ၊ မဂ်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဝိရာဂေါ၊ မဂ်သည်။ ဝိမုတ္တိယာ၊ ဖိုလ်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဝိမုတ္တိ၊ ဖိုလ်သည်။ ဝိမုတ္တိဉာဏဒဿနဿ၊ ပစ္စဝေက္ခဏဉာဏ်အမြင်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။ ယော ကောစိ၊ အမှတ်မရှိအလုံးစုံသော။ ဥပနိဿယော စ၊ ဗလဝအကြောင်းသည်လည်းကောင်း။ ယော ကောစိ၊ အမှတ်မရှိအလုံးစုံသော။ ပစ္စယော စ၊ ကြွင်းသောအကြောင်းးသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သော သဗ္ဗော၊ ထိုအလုံးစုံသည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။
တေန၊ ထိုကြောင့်။ အာယသ္မာ မဟာကစ္စာယနော၊ အရှင်မဟာကစ္စည်းမထေရ်သည်။ ဓမ္မံ ဒေသေတိ ဇိနောတိ၊ ဓမ္မံ ဒေသေတိ ဇိနောဟူ၍။ အာဟ၊ မိန့်တော်မူ၏။
ပဒဋ္ဌာနော ဟာရော၊ ပဒဋ္ဌာနဟာရကို။ နိယုတ္တော၊ သုတ်မှ ထုတ်၍ ယှဉ်အပ်ပြီ။