၁၁၄။ အသန္တုဋ္ဌိတာ၊ ကိုယ်ပိုင်ပစ္စည်းဖြင့် ရောင့်ရဲကျေနပ်မှု မရှိသောသူ၏ ဖြစ်ကြောင်းလောဘသည်လည်းကောင်း။
အသမ္ပဇညံ၊ ကောင်းစွာခွဲခြားမသိသော သူ၏ဖြစ်ကြောင်း မောဟလည်းကောင်း။
မဟိစ္ဆတာ၊ အားကြီးသော လိုချင်မက်မောမှု ရှိသူ၏အဖြစ်လည်းကောင်း။
ဝါ၊ လောဘအလိုရမ္မက် အားကြီးခြင်း လည်းကောင်းတည်း။ပ။
အသန္တုဋ္ဌိတာယ၊ ကို။
ပဟာနာယ၊ ငှာ။
သန္တုဋ္ဌိတာ၊ ကိုယ်ပိုင်ပစ္စည်းဖြင့် ရောင့်ရဲကျေနပ်မှု ရှိသောသူ၏ဖြစ်ကြောင်း အလောဘကို။
ဝါ၊ ထင်ရှားရှိသော ပစ္စည်းဖြင့် ရောင့်ရဲကျေနပ်မှုရှိသော သူ၏ ဖြစ်ကြောင်း အလောဘကို။
ဝါ၊ (အပိုအမို အလိုမရှိ) မျှတရုံ အသင့်အတင့်လောက်ဖြင့် ရောင့်ရဲကျေနပ်မှုရှိသောသူ၏ ဖြစ်ကြောင်း အလောဘကို။
[ဧကကနိပါတ် စာပိုဒ်(၆၅၊ ၇၀)ကြည့်]။ပ။
သမ္ပဇညံ၊ ကောင်းစွာခွဲခြားသိသောသူ၏ ဖြစ်ကြောင်း ပညာကို။ပ။
အပ္ပိစ္ဆတာ၊ နည်းပါးသော လိုချင်မက်မောမှုရှိသူ၏ဖြစ်ကြောင်း အလောဘကို။
ဝါ၊ လိုချင်မက်မောမှု မရှိသူ၏ဖြစ်ကြောင်း အလောဘကို။ပ။