၁၁၁။ ကာမဓာတု၊ ကာမဓာတ်လည်းကောင်း။
ဝါ၊ ကိလေသကာမနှင့်ယှဉ်သော ကြံစည်ခြင်းဓာတ်သဘောလည်းကောင်း။
[ကာမေန ပဋိသံယုတ္တာ ဓာတု ကာမ ဓာတု။
ဤနည်းအလို ကာမဝိတက်ကိုပင် ကာမဓာတ်ဟုခေါ်သည်]
ဝါ၊ ဝတ္ထု ကာမသာလျှင်ဖြစ်သော ကာမစိတ်စေတသိက်ရုပ်ဟူသော ဓာတ်သဘောလည်းကောင်း။
[ကာမော ဧဝ ဓာတု ကာမဓာတု]
ဗျာပါဒဓာတု၊ ဗျာပါဒဓာတ်လည်းကောင်း။
ဝါ၊ ဒေါသဗျာပါဒနှင့်ယှဉ်သော ကြံစည်ခြင်းဓာတ်သဘောလည်းကောင်း။
[ဗျာပါဒေန ပဋိသံယုတ္တာ ဓာတု ဗျာပါဒဓာတု၊ ဗျာပါဒဝိတက်ပင်တည်း]
ဝါ၊ ဒေါသဗျာပါဒသာလျှင်ဖြစ်သော ဓာတ်သဘောလည်းကောင်း။
ဝိဟိံ သာဓာတု၊ ဝိဟိံသာဓာတ်လည်းကောင်း။
ဝါ၊ သတ္တဝါတို့ကို ညှဉ်းဆဲကြောင်း ဒေါသစသော အကုသိုလ်နှင့်ယှဉ်သော ကြံစည်မှုဓာတ်သဘောလည်းကောင်း။
[ဝိဟိံသာဝိတက် ပင်တည်း]
ဝါ၊ သတ္တဝါတို့ကို ညှဉ်းဆဲကြောင်း ဒေါသစသော အကုသိုလ်သာလျှင်ဖြစ်သော ဓာတ်သဘောလည်းကောင်းတည်း။
[ဓာတုဝိဘင်းပါဠိတော်၊ ၈၈။ပ။]
ကာမဓာတုယာ၊ ကို။
ပဟာနာယ၊ ငှာ။
နေက္ခမ္မဓာတု၊ နေက္ခမ္မဓာတ်ကို။
ဝါ၊ လောဘစသည်မှ ထွက်မြောက်တတ်သော အလောဘ စသည်နှင့်ယှဉ်သော ကြံစည်ခြင်းဓာတ်သဘောကို။
ဝါ၊ လောဘမှ ထွက်မြောက်သော အလောဘနီဝရဏတို့မှ ထွက်မြောက်တတ်သော ပဌမဈာန်၊ အားလုံးသော အကုသိုလ်တို့မှထွက်မြောက်တတ်သော အားလုံးသော ကုသိုလ်တို့နှင့်ယှဉ်သော ကြံစည်ခြင်း ဓာတ်သဘောကို။
ဝါ၊ လောဘမှ ထွက်မြောက်သော အလောဘ၊ နီဝရဏတိုမှ ထွက်မြောက်သော ပဌမဈာန်၊ အားလုံးသော အကုသိုလ်တို့မှ ထွက်မြောက်သော အားလုံးသော ကုသိုလ်သာလျှင်ဖြစ်သော ဓာတ်သဘောကို။ပ။
အဗျာပါဒတု၊ ဒေါသ၏ ဆန့်ကျင်ဘက် မေတ္တာနှင့်ယှဉ်သော ကြံစည်ခြင်းဓာတ်သဘောကို။
ဝါ၊ ဒေါသ၏ ဆန့်ကျင်ဘက် မေတ္တာသာလျှင်ဖြစ်သော ဓာတ်သဘောကို။
အဝိဟိံသာဓာတု၊ အဝိဟိံသာဓာတ်ကို။
ဝါ၊ သတ္တဝါတို့ကို ညှဉ်းဆဲနှိပ်စက်ကြောင်း ဒေါသစသော အကုသိုလ်၏ ဆန့်ကျင်ဘက် ကရုဏာနှင့်ယှဉ်သော ကြံစည်ခြင်း ဓာတ်သဘောကို။
ဝါ၊ သတ္တဝါတို့ကို ညှဉ်းဆဲနှိပ်စက်ကြောင်း ဒေါသစသော အကုသိုလ်၏ ဆန့်ကျင်ဘက် ကရုဏာဟူသောဓာတ်သဘောကို။ပ။
ပဉ္စမံ။