Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Nidānavaggo
(SN)Nidānavaggo

၇-ဥပ္ပါဒသုတ်

Tác giả: sāsanāre-သာသနာရေး @ IAPT

၇-ဥပ္ပါဒသုတ်

၁၂၀။ (သာဝတ္ထိယံ ဝိဟရတိ) ဘိက္ခဝေ၊ တို့။ ပထဝီဓာတုယာ၊ ၏ ။ ယော၊ ဥပ္ပါဒေါ၊ အကြင်ဖြစ်ခြင်းသည်။ ယာဌိတိ၊ အကြင်တည်ခြင်းသည်။ ယာ အဘိနိဗ္ဗတ္တိ၊ အကြင်လွန်စွာဖြစ်ခြင်းသည် အဘိဗျတ္တံ နိဗ္ဗတ္တိ အဘိနိဗ္ဗတ္တိ၊ မ-ဋီ-၁၊ စာပိုဒ် ၉၃-အလို ပါတုဘာဝေါနှင့် ပရိယာယ်တူတည်း။ ပါတုဘာဝေါနှင့် အနက်ချင်းမထပ်စေရန် လွန်စွာဖြစ်ခြင်းဟုပေးသည်။။ ယော ပါတုဘာဝေါ၊ အကြင်ထင်ရှားစွာဖြစ်ခြင်းသည်။ (အတ္ထိ၊ ၏ ။ ) ဧသော၊ ထိုပထဝီဓာတ်၏ဖြစ်ခြင်း တည်ခြင်း ထင်ရှားဖြစ်ခြင်းသည်။ ဒုက္ခဿ၊ ဆင်းရဲ၏ ။ ဥပ္ပါဒေါ၊ ဖြစ်ခြင်းတည်း။ ရောဂါနံ၊ ရောဂါတို့၏ ။ ဌိတိ၊ တည်ခြင်းတည်း။ ဇရာမရဏဿ၊ အိုခြင်း ‌သေခြင်း၏ ။ ပါတုဘာဝေါ၊ ထင်ရှားဖြစ်ခြင်းတည်း။
(ယော အာပေါဓာတုယာ စသည်မထူး၊ ပေးလေ။ )
ဘိက္ခဝေ၊ တို့။ ပထဝီဓာတုယာ၊ ၏ ။ ယော စ ခေါ နိရောဓော၊ အကြင်ချုပ်ခြင်းသည်။ ယော ဝူပသမော၊ အကြင်ငြိမ်းအေးခြင်းသည်။ ယော အတ္ထင်္ဂမော၊ အကြင်ပျက်စီးခြင်းသို့ ရောက်ခြင်းသည်။ (အတ္ထိ၊ ၏ ။ ) ဧသော၊ ထိုပထဝီဓာတ်ချုပ်ခြင်း ငြိမ်းခြင်းပျက်စီးခြင်းသို့ ရောက်ခြင်းသည်။ ဒုက္ခဿ၊ ဆင်းရဲ၏ ။ နိရောဓော၊ ချုပ်ခြင်းတည်း။ ရောဂါနံ၊ တို့၏ ။ ဝူပသမော၊ ငြိမ်းအေးခြင်းတည်း။ ဇရာမရဏဿ၊ အိုခြင်း‌ သေခြင်း၏ ။ အတ္ထင်္ဂမော၊ ပျက်စီးခြင်းသို့ ရောက်ခြင်းသည်။
(ယော အာပေါ ဓာတုယာ စသည်မထူး၊ ပေးလေ။ ) ဣတိ၊ ဤသို့ ‌မိန့်တော်မူ၏ ။
သတ္တမံ၊ ခုနစ်ခုမြောက်သောသုတ်တည်း။