၁၁-သိင်္ဂါလသုတ်
၂၃၃။ (သာဝတ္ထိယံ။ ပ။ ဖုဋ္ဌော၊ ၁၆၄-စာပိုဒ်၌ ရေးခဲ့ပြီ။ )
သော၊ ထိုမြေခွေးအိုသည်။
ယေန ယေန၊ အကြင်အကြင်အရပ်သို့။
ဣစ္ဆတိ၊ သွားလို၏ ။
တေန တေန၊ သို့။
ဂစ္ဆတိ၊ သွား၏ ။
ယတ္ထ ယတ္ထ၊ အကြင်အကြင်အရပ်၌။
ဣစ္ဆတိ၊ ရပ်လို၏ ။
တတ္ထ တတ္ထ၊ ၌။
တိဋ္ဌတိ၊ ရပ်၏ ။
ယတ္ထ ယတ္ထ၊ ၌။
ဣစ္ဆတိ၊ ထိုင်လို၏ ။
တတ္ထ တတ္ထ၊ ၌။
နိသီဒတိ၊ ထိုင်၏ ။
ယတ္ထ ယတ္ထ၊ ၌။
ဣစ္ဆတိ၊ အိပ်လို၏ ။
တတ္ထ တတ္ထ၊ ၌။
နိပဇ္ဇတိ၊ အိပ်၏ ။
နံ၊ ထိုမြေခွေးအိုကို။
သီတကော၊ ချမ်းအေးသော။
ဝါတောပိ၊ လေသည်လည်း။
ဥပဝါယတိ၊ တိုက်၏ ။
ဘိက္ခဝေ၊ တို့။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စော၊ အချို့သောသူသည် (ဒေဝဒတ်ကိုယူ) ။
သကျပုတ္တိယပဋိညော၊ သာကီဝင်မင်းအား ရဟန်းဟု ဝန်ခံလျက်။
ဧဝရူပမ္ပိ၊ ဤသို့သဘောရှိသည်လည်းဖြစ်သော။
အတ္တဘာဝပဋိလာဘံ၊ အတ္တဘောကိုရခြင်းကို။
ယံ ပဋိသံဝေဒိယေထ၊ အကြင်ခံစားရာ၏ ။
(ဧတံ၊ ဤခံစားခြင်းသည်။ )
သာဓု ခေါ၊ ကောင်းသည်သာလျှင်။
အဿ၊ ဖြစ်ရာ၏
ဒေဝဒတ်သည် မဟာအဝီစိငရဲ၌ ကျရောက်၍ နိရန္တရဒုက္ခခံစားရလတ္တံ့ဖြစ်သောကြောင့် ဤမြေခွေးအို ရရှိသော သက်သာမှုလောက်ကိုပင် ရလိမ့်မည်မဟုတ်ဟု ဟောလိုရင်းတည်း။။
(ကြွင်းမထူး။ )
ဧကာဒသမံ၊ တစ်ဆယ့်တစ်ခုမြောက်သောသုတ်တည်း။