Issues
เลือกเวอร์ชัน
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Nidānavaggo
(SN)Nidānavaggo

၇-ဒိဒ္ဓသုတ်

ผู้แต่ง: sāsanāre-သာသနာရေး @ IAPT

၇-ဒိဒ္ဓသုတ်

၁၆၃။ (သာဝတ္ထိယံ ဝိဟရတိ။ ဒါရုဏော။ ပ။ အဓိဂမာယ ပေးမြဲ။ )
ဘိက္ခဝေ၊ တို့။ ကံ၊ အဘယ်ပုဂ္ဂိုလ်ကို။ ဝိသလ္လေန၊ အဆိပ်လူးသောမြှားဖြင့်။ ဒိဒ္ဓဂတေန၊ အဆိပ်လူးသော (ဂတအနက်မဲ့) ။ သလ္လေန၊ မြှားဖြင့်။ဝိသလ္လေနာတိ ဝိသမက္ခိတေန သလ္လေန၊ သတ္တိယာတိ အတ္ထောဟူသော သီမူ ဋ္ဌဖြင့် ဝိပုဒ် သလ္လပုဒ် ၂-ပုဒ်တို့တွင် ဝိကို ဝိသမက္ခိတေန, သလ္လေနကို သလ္လေနဟု ဝိဘတ်တူဖွင့်ပြသောကြောင့် ဝိဥပသာရ၏ မိဿကဝါစက အဖြစ်ကို၎င်း ဝိနှင့်သလ္လကို ဝိမိဿိတံ သလ္လံ ဝိသလ္လံ၊ တေန ဝိသလ္လေနဟု ပြုလုပ်ရမည့်အဖြစ်ကို၎င်း သိစေသည်၊ ၎င်းဝိသလ္လေနဟူသော သမာသ်ပုဒ်ကို အနက်ထင်ရှားစေရန် ပါဠိတော်၌ ဒိဒ္ဓဂတေန သလ္လေနဟု ဝါကျဖြင့် ထပ်မံဟော‌တော်မူသည်၊ ဥပမာ မီဠှကသုတ်၌ ဂူထပူရာကို ပုဏ္ဏာ ဂူထဿဟုဝါကျဖြင့် ထပ်မံဟောသကဲ့သို့တည်း။ ဒိဒ္ဓဂတေန၌လည်း ဂတသဒ္ဒါ ၊ တဗ္ဘော ၊ ဒိဒ္ဓသဒ္ဒါလည်း ပက္ခော တု ဝါဇော ဒိဒ္ဓေါတု၊ ဝိသပ္ပိတော သရော ဘဝေ ဟူသော အဘိဓာန် ၃၉၀-၌ကဲ့သို့ ဆိပ်လူးမြှားဟု မြှားဒြပ်တိုင်အောင်မဟော၊ မဒိရာဝဒိဒ္ဓါတိ ဝိသမိဿကာ သုရာ ဝိယဟူသော ဇာတက ဋ္ဌ-၅-၃၆၄-နှာ၌ကဲ့သို့ အဆိပ်လူးသောဟူသော ဝိသေသန အနက်မျှသာဟောသည်။ ထိုကြောင့် ဝိသလ္လေန၊ အဆိပ်လူးသောမြှားဖြင့်။ ဒိဒ္ဓဂတေန၊ အဆိပ်လူးသော။ သလ္လေန၊ မြှားဖြင့်ဟုပေးလိုက်သည်။
ဤဆဋ္ဌမူ၌ကား ဝိသလ္လေန ဒိဒ္ဓဂတေန သလ္လေနဟု မရှိပဲ ဒိဒ္ဓဂတေန ဝိသလ္လေန သလ္လေနဟု ရှိနေသည်။ ၎င်းပြင် ဒိဒ္ဓဂတေနကို ဂတဒိဒ္ဓေနဖွင့်သော၊ ဋ္ဌ။ အစ္ဆဝိယုတ္တာတိ ဝါ ဒိဒ္ဓေ ဂတေန ဂတဒိဒ္ဓေနဟူသော ဋီအလိုကား ဂတ တဗ္ဘောမဟုတ်၊ ၎င်းပြင် ဒိဟော ဝုဒ္ဓိတက္ကရလေပနေ ဟူသော ဓာတွတ္ထသင်္ဂဟ ၁၉၃-နှင့်အညီ ဒိဟဓာတ် လေပနတ္ထ တပစ္စည်းဖြင့်ပြီးသောကြောင့်၎င်း အထက်ပါအဘိဓာန်နှင့် ဇာတက ဋ္ဌတို့ကိုထောက်သောအားဖြင့်၎င်း ဒိဋ္ဌိဂတေန ဟူ၍၎င်း ရှိသောမူကွဲများ ယုတ္တိမရှိ၊ အဓိပ္ပါယ်လည်းမရ။ ၎င်းပြင် အဋ္ဌကထာ၌ သတ္တိယာဟုဖွင့်သော်လည်း ဤ၌ မြှားဖြင့်ဟုပင် ပြန်ဆိုလိုက်သည်။ ၎င်းပြင် ဆဋ္ဌမူ သီမူဟု ဋ္ဌ ၌ ၂-မျိုးကွဲနေ၏ ။ ထိုလည်း အထက်ပါ ဝိသလ္လေနပုဒ် ရုပ်ပြီးပုံ ထောက်ဆသဖြင့် သီမူသာ သင့်အံ့ထင်သည်။
ဝိဇ္ဈတု၊ ပစ်ဖောက်နိုင်သနည်း။ အပ္ပတ္တမာနသံ၊ သော။ ပ။ အနုပါပုဏာတု၊ ၏ ။
ဘိက္ခဝေ၊ တို့။ သလ္လန္တိဧတံ၊ သလ္လံဟူသောအမည်သည်။ လာဘသက္ကာရသိလောကဿ၊ ၏ ။ အဓိဝစနံ၊ တည်း။ (ကြွင်းပေးမြဲ။ )
သတ္တမံ၊ ခုနစ်ခုမြောက်သောသုတ်တည်း။