၁-ဒသဗလသုတ်
၂၁။ သာဝတ္ထိယံ၊ ၌။
ဝိဟရတိ၊ ၏ ။
ဘိက္ခဝေ၊ တို့။
ဒသဗလသမန္နာဂတော၊ ဆယ်ပါးကုန်သော ဉာဏ်အားတော်တို့နှင့် ပြည့်စုံတော်မူသော။
စတူဟိ၊ လေးပါးကုန်သော။
ဝေသာရဇ္ဇေဟိ စ၊ မကြောက်မရွံ့ ရဲရင့်သောသူ၏ ဖြစ်ကြောင်း သောမနဿမယဉာဏ်တော်တို့နှင့်လည်း။
သမန္နာဂတော၊ သော။
တထာဂတော၊ မြတ်စွာဘုရားသည်။
အာသဘံ၊ မြတ်သော။
ဌာနံ၊ အရာကို။
(တစ်နည်း-
အာသဘံ၊ နွားလားဥသဘ၏ဥစ္စာ (ခိုင်မြဲသည်) နှင့်တူသော။
ဌာနံ၊ ရပ်တည်ခြင်းကို။ )
ပဋိဇာနာတိ၊ ဝန်ခံတော်မူ၏ ။
ပရိသာသု၊ ပရိသတ်တို့၌။
သီဟနာဒံ၊ မြတ်သောကြုံးဝါးသံကို။
ဝါ၊ ခြင်္သေ့ ဟောက်သကဲ့သို့ ရဲရဲတောက်သော အသံတော်ကို။
နဒတိ၊ ကြုံးဝါးတော်မူ၏ ။
ဗြဟ္မစက္ကံ၊ မြတ်သောတရားစက် (ဘီး) ကို။
ပဝတ္တေသိ၊ ဖြစ်စေတော်မူပြီ။
ဝါ၊ လည်စေတော်မူပြီ။
ဣတိ၊ ဤသည်ကား။
ရူပံ၊ ရုပ်တည်း။
ဣတိ၊ ဤသည်ကား။
ရူပဿ၊ ရုပ်၏ ။
သမုဒယော၊ ဖြစ်ကြောင်းသည်။
(ဟောတိ၊ ၏ ။ )
ဣတိ၊ ဤသည်ကား။
ရူပဿ၊ ရုပ်၏ ။
အတ္ထင်္ဂမော၊ ချုပ်ကြောင်း ချုပ်ခြင်းသည်။
(ဟောတိ၊ ၏ ။ )
ဣတိ၊ ဤသည်ကား။
ဝေဒနာ၊ ဝေဒနာတည်း။ ပ။
ဣတိ၊ ဤသည်ကား။
သညာ၊ တည်း။ပ။
ဣတိ၊ ဤသည်ကား။
သင်္ခါရာ၊ တို့တည်း။ ပ။
ဣတိ၊ ဤသည်ကား။
ဝိညာဏံ၊ ဝိညာဏ်တည်း။ ပ။
အတ္ထင်္ဂမော၊ တည်း။
ဣတိ၊ ဤသို့။
အဝိဇ္ဇာပစ္စယာ၊ ကြောင့်။
သင်္ခါရာ၊ တို့သည်။
သမ္ဘဝတိ၊ ကုန်၏ ။ ပ။
နိရောဓော၊ ချုပ်ခြင်းသည်။
ဟောတီတိ၊ ၏ဟူသော။
ယဒိဒံ၊ အကြင်အကြောင်း (ဣမသ္မိံ ဣမဿတို့၏ အနိယမ) အကျိုး (ဣဒံတို့၏ နိယမ) သည်။
(အတ္ထိ၊ ၏ ။ )
ဣမသ္မိံ၊ ဤအကြောင်းသည်။
သတိ၊ ရှိသော်။
ဣဒံ၊ ဤအကျိုးသည်။
ဟောတိ၊ ၏ ။
ဣမဿ၊ ဤအကြောင်းသည်။
ဥပ္ပါဒါ၊ ဖြစ်ခြင်းကြောင့်။
ဣဒံ၊ ဤအကျိုးသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏ ။
ဣမသ္မိံ၊ ဤအကြောင်းသည်။
အသတိ၊ မရှိသော်။
ဣဒံ၊ ဤအကျိုးသည်။
န ဟောတိ၊ မဖြစ်။
ဣမဿ၊ ဤအကြောင်းသည်။
နိရောဓာ၊ ချုပ်ခြင်းကြောင့်။
ဣဒံ၊ ဤအကျိုးသည်။
နိရုဇ္ဈတိ၊ ချုပ်၏ ။
ဣတိ၊ ဤသို့ ဝန်ခံကြုံးဝါးလှည့်တော်မူ၏ ။
ဣတိ၊ သို့။
သုတံ၊ ပြီ။
ပဌမံ၊ ပဌမသုတ်တည်း။