Issues
අනුවාදය තෝරන්න
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Nidānavaggo
(SN)Nidānavaggo

၆-အဘိနန္ဒသုတ်

කතුවරයා: sāsanāre-သာသနာရေး @ IAPT

၆-အဘိနန္ဒသုတ်

၁၁၉။ (သာဝတ္ထိယံ ဝိဟရတိ) ဘိက္ခဝေ၊ တို့။ ယော၊ အကြင်သူသည်။ ပထဝီဓာတုံ၊ ပထဝီဓာတ်ကို။ အဘိနန္ဒတိ၊ နှစ်သက်၏ ။ သော၊ ထိုသူသည်။ ဒုက္ခံ၊ ဆင်းရဲကို။ အဘိနန္ဒတိ၊ နှစ်သက်သည်မည်၏ ။
ယော၊ အကြင်သူသည်။ ဒုက္ခံ၊ ဆင်းရဲကို။ အဘိနန္ဒတိ၊ ၏ ။ သော၊ ထိုသူသည်။ ဒုက္ခသ္မာ၊ ဆင်းရဲမှ။ အပရိမုတ္တောတိ၊ လွတ်မြောက်သူမဟုတ်ဟူ၍။ ဝဒါမိ၊ ငါဘုရားဟောတော်မူ၏ ။
(ယော အာပေါဓာတုံ စသည်မထူး၊ ပေးလေ။ )
ဘိက္ခဝေ၊ တို့။ ယော စ ခေါ၊ အကြင်သူသည်ကား။ ပထဝီဓာတုံ၊ ကို။ နာဘိနန္ဒတိ၊ မနှစ်သက်။ သော၊ ထိုသူသည်။ ဒုက္ခံ၊ ဆင်းရဲကို။ နာဘိနန္ဒတိ၊ နှစ်သက်သည်မမည်။
ယော၊ သည်။ ဒုက္ခံ၊ ကို။ နာဘိနန္ဒတိ၊ မနှစ်သက်။ သော၊ ထိုသူသည်။ ဒုက္ခသ္မာ၊ ဆင်းရဲမှ။ ပရိမုတ္တောတိ၊ လွတ်မြောက်သူဟူ၍။ ဝဒါမိ၊ ငါဘုရားဟော‌တော်မူ၏ ။ ပ။ ဣတိ၊ ဤသို့ ဟောတော်မူ၏ ။
ဆဋ္ဌံ၊ ခြောက်ခုမြောက်သောသုတ်တည်း။