ဒုတိယော၊ နှစ်ခုမြောက်သော။
ဝဂ္ဂေါ၊ ဝဂ်သည်။
နိဋ္ဌိတော၊ ပြီးပြီ။
တဿ၊ ထိုဝဂ်၏ ။
ဥဒ္ဒါနံ၊ ဥဒ္ဒါန်းကား။
ကူပေ၊ ကျင်ကြီးတွင်း၌။
နိမုဂ္ဂေါ ဟိ၊ နစ်မြုပ်သော။
သော၊ ထိုပြိတ္တာသည်။
ပါရဒါရိကော၊ သူတစ်ပါး မယားကို ပြစ်မှားကျူးလွန်သောသူသည်။
အဟု၊ ဖြစ်ခဲ့ပြီ။
ဂူထခါဒိ၊ ကျင်ကြီးကို စားသောပြိတ္တာသည်။
ဒုဋ္ဌဗြာဟ္မဏော၊ ဒေါသဖြင့် ဖျက်ဆီးအပ်သော ပုဏ္ဏားသည်။
ဝါ၊ သံဃာကို ပြစ်မှားသော ပုဏ္ဏားသည်။
အဟု၊ ပြီ။
န်ိစ္ဆဝိတ္ထိ၊ အရေမရှိသော ပြိတ္တာမသည်။
အတိစာရိနီ၊ မိမိလင်ကို ကျော်လွန်၍ကျင့်သော မိန်းမသည်။
အဟု၊ ပြီ။
မင်္ဂုလိတ္ထိ၊ အဆင်းမလှ အမြင်မကောင်း ရွံရှာဖွယ်သော ပြိတ္တာမသည်။
ဣက္ခဏိတ္ထိကာ၊ နတ်ကတော်မသည်။
အဟု၊ ပြီ။
ဩကိလိနိ၊ အောက်၌ ယိုစီးသော ကိုယ်ရှိသော ပြိတ္တာမသည်။
သပတ္တင်္ဂါရောကိရိ၊ လင်တူမိန်းမကို မီးကျီးဖြင့် သွန်းလောင်းသူ မိဖုရားသည်။
အဟု၊ ပြီ။
သီသစ္ဆိန္နော၊ ဦးခေါင်းပြတ်သော ပြိတ္တာသည်။
စောရဃာတကော၊ ခိုးသတ်ယောက်ျားသည်။
အဟု၊ ပြီ။
ဘိက္ခု၊ ရဟန်းယောကျာ်း။
ဘိက္ခုနီ၊ ရဟန်းမိန်းမ။
သိက္ခမာနာ၊ သိက္ခမာန်။
သမဏေရော၊ သာမဏေယောက်ျား။
အထ၊ ထိုပြင်။
သာမဏေရိကာ၊ သာမဏေမိန်းမ။
ကဿပဿ၊ ကဿပမြတ်စွာဘုရား၏ ။
ဝိနယသ္မိံ၊ သာသနာတော်၌။
ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။
(ကရိတွာ၊ ပြုလုပ်လျက်။ )
ပါပကမ္မံ၊ မကောင်းမှုကို။
ကရိံ သု၊ ပြုကုန်ပြီ။
တာဝဒေ၊ ထိုမျှလောက်သော သူတို့သည်။
ဣတိ၊ တည်း။
လက္ခဏသံယုတ္တံ၊ လက္ခဏသံယုတ်သည်။
သမတ္တံ၊ ပြီးပြီ။