Issues
選擇版本
နိဿယ
မြန်မာဘာသာ
မူလသိက္ခာနိဿယ
မူလသိက္ခာနိဿယ

၂-ဂရုကာပတ္တိနိဒ္ဒေသ [ ဤသို့ ပါရာဇိကကိုပြပြီး၍ သံဃာဒိသိသ်ကို ပြတော်မူလို၍-မောစေတု။ ပ။ ဖုသေ။ ။ ဟူသောဂါထာကို မိန့်သတည်း။ ]

作者: နိဿယ @ IAPT

၂-ဂရုကာပတ္တိနိဒ္ဒေသ

[ ဤသို့ ပါရာဇိကကိုပြပြီး၍ သံဃာဒိသိသ်ကို ပြတော်မူလို၍-မောစေတု။ ပ။ ဖုသေ။ ။ ဟူသောဂါထာကို မိန့်သတည်း။ ]

၁၀။ မောစေတုကာမစိတ္တေန၊ ဥပက္ကမ္မ ဝိမောစယံ။ သုက္ကမညတြ သုပိနာ၊ သမဏော ဂရုကံ ဖုသေ။ ။

၁၀။ မောစေတုကာမ စိတ္တေန၊ သုက်ကိုလွတ်စေလိုသောစိတ်ဖြင့်။ သုပိနာ၊ အိပ်မက်ကို။ အညတြ၊ ကြဉ်၍။ သုက္ကံ၊ သုက်ကို။ ဥပက္ကမ္မ၊ လုံ့လပြု၍။ ဝိမောစယံ-ဝိမောစယန္တော၊ လွတ်စေသော။ သမဏော၊ ရဟန်းသည်။ ဂရုကံ၊ သံဃာဒိသိသ်သို့။ ဖုသေ၊ ရောက်၏ ။

[ မောစေတုကာမစိတ္တေန-ဟူသောပါဌ်ဖြင့် သုက်ကိုလွတ်စေလိုသောစိတ် မရှိမူ၍ မေထုန်မှီဝဲလိုသော စိတ်ဖြင့်၎င်း, မာတုဂါမကို သုံးသပ်လိုသော စိတ်ဖြင့်၎င်းကိုင်သော ရဟန်းအား သုက်လွတ်လေသော်လည်း သုက္ကဝိဿဋ္ဌိ သံဃာဒိသိသ် မသင့်ဟူသောအနက်ကို ဆရာသိစေတော်မူ၏ ၊ မေထုန်မှီဝဲခြင်းသို့ ရောက်မူကား ပါရာဇိက၊ သုံးသပ်ကာမျှသာဖြစ်မူကား-ကာယသံသဂ္ဂသံဃာဒိသိသ်သင့်၏ ဟု မှတ်လေ။ ]

[ ဥပက္ကမ္မ-ဟူသောပါဌ်ဖြင့် အင်္ဂါဇာတ်၌လက်ဖြင့်၎င်း, တုတ်လှံကန်ဖြင့်၎င်း, ခါးကိုအထက်သို့ညွှတ်သဖြင့်၎င်း, လုံ့လမပြုမူ၍ သုက်လွတ်လေသည်ကို စိတ်ဖြင့်သာယာကာမျှဖြင့် အာပတ်မသင့်ဟူသောအနက်ကိုဆရာ‌သိစေတော်မူ၏ ၊ ဥပက္ကမ္မ-ဟူသောပါဌ်ဖြင့် သူတစ်ပါးကို မိမိအင်္ဂါဇာတ်၌ လုံ့လပြုစေ၍ သုက်ကိုလွတ်စေခြင်းကိုလည်းယူအပ်၏ ၊ ထို့ကြောင့်မာတိကာအဋ္ဌကထာ၌-

သစေ ပန ပရေန အတ္တနော အင်္ဂဇာတေ ဥပက္ကမံ ကာရာပေတွာ မောစေတိ၊ အာပတ္တိယေဝ။ ။ ဟုဆိုတော်မူသတည်း။

အညတြသုပိနာ-ဟူသောပါဌ်ဖြင့် အိပ်မက်၌ မေထုန်မှီဝဲမက်ခြင်းအစရှိသောအကြောင်းကြောင့် သုက်လွတ်လေသည်ကို အင်္ဂါဇာတ်၌ လုံ့လမပြုမူ၍ စိတ်ဖြင့် သာယာကာမျှဖြင့် အာပတ်မသင့်ဟူသောအနက်ကို ‌ဆရာသိစေတော်မူ၏ ။ ]

[ ဤသုက္ကဝိဿဋ္ဌိ သံဃာဒိသိသ်၌ အင်္ဂါကား-သုက်ကို လွတ်စေလိုသော စေတနာရှိခြင်း, အင်္ဂါဇာတ်၌ လုံ့လပြုခြင်း, သုက်လွတ်ခြင်း၊ ဤ ၃-ပါးတည်း။ ]

[ ဤသို့ သုက္ကဝိဿဋ္ဌိသံဃာသိသ်ကိုပြပြီး၍ ကာယ သံသဂ္ဂ သံဃာဒိသိသ်ကို ပြတော်မူလို၍-ကာယ။ ပ။ သေ။ ဟူသော ဂါထာကိုမိန့်သတည်း။ ]

၁၁။ ကာယ သံသဂ္ဂ ရာ‌ဂေန၊ မနုဿိတ္ထိံ ပရာမသံ။ ဣတ္ထိသညီ ဥပက္ကမ္မ၊ သမဏော ဂရုကံ ဖုသေ။ ။

၁၁။ မနုဿိတ္ထိံ၊ လူမိန်းမကို။ ဣတ္ထိသညီ၊ လူမိန်းမဟု အမှတ်ရှိသည်ဖြစ်၍။ ဥပက္ကမ္မ၊ လုံ့လပြု၍။ ကာယသံသဂ္ဂရာဂေန၊ ကိုယ်ကိုသုံးသပ်ခြင်း၌ တပ်သောရာဂဖြင့်။ ပရာမသံ-ပရာမသန္တော၊ သုံးသပ်သော။ သမဏော၊ သည်။ ဂရုကံ၊ သို့။ ဖုသေ၊ ၏ ။

[ ကာယသံသဂ္ဂရာဂေန-ဟူသောပုဒ်၌ ကာယသံသဂ္ဂသဒ္ဒါဖြင့် ကိုယ်ကိုသာမယူအပ်၊ လက်, ခြေ, ဆံထုံး အစရှိသည်တို့ကိုလည်းယူအပ်၏ ၊ ထို့ကြောင့်-

ဟတ္ထဂ္ဂါဟံဝါ ဝေဏိဂ္ဂါဟံဝါ အညတရဿဝါ အညတရဿဝါ အင်္ဂဿပရာမသနံ အာပဇ္ဇေယျ၊ သံဃာဒိသေသော၊ ဟု ဘုရားဟောတော်မူသည်။

ကာယသံသဂ္ဂရာဂေန-ဟူသောပါဌ်ဖြင့် မေထုန်မှီဝဲလိုသဖြင့်၎င်း, သုက်ကိုလွတ်စေလိုသောစိတ်ဖြင့်၎င်း မာတုဂါမကိုကိုင်သော်လည်း ကာယသံသဂ္ဂသံဃာဒိသိသ် မသင့်ဟူသောအနက်ကို ဆရာသိစေတော်မူ၏ ။

မနုဿိတ္ထိံ-ဟူသောပါဌ်ဖြင့် တိရစ္ဆာန်မ, ဘီလူးမ, ပြိတ္တာမ, နတ်မိန်းမတို့ကို သုံးသပ်သော်လည်း သံဃာဒိသိသ်မသင့်ဟူသောအနက်ကို ဆရာသိစေတော်မူ၏ ၊ ဒုက္ကဋ်မူကား သင့်၏ဟုမှတ်အပ်၏ ။

ဣတ္ထိသညီ-ဟူသောပါဌ်ဖြင့် လူမိန်းမဟုအမှတ်မရှိ၊ ယောက်ျား, တိရစ္ဆာန်ဟု အမှတ်ရှိ၍ သုံးသပ်သော်လည်း သံဃာဒိသိသ် မသင့်ဟူသောအနက်ကို ဆရာသိစေတော်မူ၏ ၊ ဣတ္ထိသညီဟုသာမညဆိုသောကြောင့် မိန်းမသာမညကိုသာ လိုအပ်၏ ၊ အဘယ်ကြောင့်နည်းဟူမူကား-လူမိန်းမဟု အမှတ်ရှိသည်ဖြစ်၍ သုံးသပ်သော်သာ သံဃာဒိသိသ်သင့်၏ ၊ ယောက်ျား, တိရစ္ဆာန် အစရှိသည်ဟု အမှတ်ရှိ၍ သုံးသပ်မူကား ထုလ္လစဉ်းသာ သင့်ကောင်းသော ကြောင့်တည်း၊ ထို့ကြောင့် မာတိကာအဋ္ဌကထာ၌-ဣတ္ထိယာဝေမတိကဿ ပဏ္ဍကပုရိသ တိရစ္ဆာ နဂတ သညိဿစ ထုလ္လစ္စယံ။ ။ ဟု ဆိုတော်မူသတည်း။

ဥပက္ကမ္မ-ဟူသောပါဌ်ဖြင့် မာတုဂါမသည် သုံးသပ်သည်ရှိသော် ကိုယ်ကိုလှုပ်ခြင်းဖြင့် လုံ့လမပြုမူ၍ စိတ်ဖြင့်သာယာကာမျှဖြင့် အာပတ်မသင့်ဟူသောအနက်ကို ဆရာသိစေတော်မူ၏ ၊ ထိုသို့ စိတ်ဖြင့်သာယာကာမျှဖြင့် အာပတ်မသင့်ဟူသည်၏အဖြစ်ကို အဘယ်ပါဌ်ကြောင့် သိရပါသနည်းဟူမူကား-ယော ဟိ သေဝနာဓိပ္ပါယော နိစ္စလေန ကာယေန ‌ကေဝလံ ဖဿံ ပဋိဝိဇာနာတိ သာဒိယတိအနုဘောတိ၊ တဿ စိတ္တုပ္ပါဒမတ္တေ အာပတ္တိယာ အဘာဝတော အနာပတ္တိ။ ဟူသောပါဌ်ဖြင့် သိရသတည်း။ ]

[ ဤကာယသံသဂ္ဂ သံဃာဒိသိသ်၌ အင်္ဂါကား-လူမိန်းမဖြစ်ခြင်း, မိန်းမဟု အမှတ်ရှိခြင်း, မာတုဂါမကို သုံးသပ်ခြင်း၌တပ်ခြင်း, လုံ့လပြုခြင်း, သုံးသပ်ခြင်း၊ ဤ ၅-ပါးတည်း။ ]

[ ဤသို့ကာယသံသဂ္ဂ သံဃာဒိသိသ်ကိုပြပြီး၍ ဒုဋ္ဌုလ္လဝါစာ သံဃာဒိသိသ်ကို ပြတော်မူလို၍-ဒုဋ္ဌုလ္လ။ ပ။ ဖုသေ။ ။ ဟူသောဂါထာကို မိန့်သတည်း။ ]

၁၂။ ဒုဋ္ဌုလ္လဝါစဿာဒေန၊ မဂ္ဂံ ဝါရဗ္ဘ မေထုနံ။ ဩဘာသန္တော မနုဿိတ္ထိံ ၊ သုဏမာနံ ဂရုံ ဖုသေ။ ။

၁၂။ သုဏမာနံ၊ ကြားကောင်းသောအရပ်၌တည်သော။ [ တစ်နည်းကား။ ] သောတပဿာဒနှင့်ပြည့်စုံသော။ မနုဿိတ္ထိံ၊ လူမိန်းမကို။ မဂ္ဂံဝါ၊ ဝစ္စမဂ်, ပဿာဝမဂ်ကို၎င်း။ မေထုနံဝါ၊ မေထုန်ကို၎င်း။ အာရဗ္ဘ-ဥဒ္ဒိဿ၊ ရည်၍။ ဒုဋ္ဌုလ္လဝါစဿာဒေန၊ ရုန့်ရင်းသောစကားကို ဆိုခြင်း၌တပ်သဖြင့်။ ဩဘာသန္တော၊ သူတော်မဟုတ် သူယုတ်တို့၏ စကားကိုဆိုသော။ သမ‌ဏော၊ သည်။ ဂရုံ၊ သို့။ ဖုသေ၊ ၏ ။

[ သင်ကားနိမိတ်မရှိသော မိန်းမတည်း၊ နိမိတ်မျှသာရှိသော မိန်းမတည်း၊ သွေးမလာသောမိန်းမတည်း၊ အမြဲသွေးလာသော မိန်းမတည်း၊ သင်၏နိမိတ်ကား ရှည်သောမယ်နနှင့်တူသော အသားစွန်းရှိ၏ ၊ သင်ကားမိန်းမပဏ္ဍုက်တည်း၊ မိန်းမဥဘတောဗျည်းတည်း၊ ဤသို့ဆိုခြင်းသည် မဂ်ကိုရည်၍ ဆိုသည်မည်၏ ။

မေထုန်ဟူသောအလှူသည်မြတ်၏ ၊ မေထုန်ကိုသင်လှူပါလော့၊ မေထုန်ကိုလှူခြင်းငှါ ထိုက်၏၊ အဘယ်အခါ၌သင်၏အမိအဘတို့သည်ကြည်ပါကုန်လတ္တံ့နည်း၊ အဘယ်အခါ၌မေထုန်ကို ငါရပါအံ့နည်း၊ အသို့ပေးသည်ရှိသော် သင်၏လင်သင့်ကို ချစ်သနည်း၊ ဤသို့အစရှိသည်ဖြင့်ဆိုခြင်းသည် မေထုန်ကိုရည်၍ဆိုသည်မည်၏ ။

ထိုသို့ မဂ်ကို၎င်း, မေထုန်ကို၎င်း ရည်၍ဆိုသော်လည်း မေထုန်ကို မှီဝဲလိုသဖြင့်၎င်း, ကာယသံသဂ္ဂကို ပြုလိုသဖြင့်၎င်း, ဆုံးမကံမြစ်လိုသဖြင့်၎င်း ဆိုသော် ဒုဋ္ဌုလ္လ-ဝါစာ သံဃာဒိသိသ်မသင့်၊ ရုန့်ရင်းသောစကားကိုဆိုခြင်း၌ သာယာသဖြင့်ဆိုသော်သင့်၏ဟု သိစေခြင်းငှါ ဒုဋ္ဌုလ္လဝါစဿာဒေနဟူသော တိသေသနကို ဆရာဆိုတော်မူသတည်း။

မနုဿိတ္ထိံ -ဟူသောပါဌ်ဖြင့် ဒုဋ္ဌုလ္လဝါစာကို ဆိုသော်လည်း လူမိန်းမအား ဆိုသော်သာ သံဃာဒိသိသ်သင့်၏ ၊ တိရစ္ဆာန်မ, နတ်မိန်းမတို့အား၎င်း, ယောက်ျားအား၎င်းဆိုသော် မသင့်ဟူသောအနက်ကို ဆရာသိစေတော်မူ၏ ။

သုဏမာနံ-ဟူသော ဝိသေသနဖြင့် ထိုသို့ လူမိန်းမအားဆိုသော်လည်း ဝေးသော မကြားကောင်းသောအရ့်၌ တည်သောမိန်းမအား၎င်း, ဘာသာကို မသိသော မိန်းမအား၎င်းဆိုသည်ရှိသော် သံဃာဒိသိသ် မသင့်ဟူသော အနက်ကို ဆရာသိစေတော်မူ၏ ။ ]

[ ဤဒုဋ္ဌုလ္လဝါစာသံဃာဒိသိသ်၌အင်္ဂါကား-လူမိန်းမဖြစ်ခြင်း, မိန်းမဟု အမှတ်ရှိခြင်း, ရုန့်ရင်းသောစကားကိုဆိုခြင်း၌တပ်ခြင်း, ရုန့်ရင်းသော စကားကိုဆိုခြင်း, ထိုဆိုသောခဏ၌ သိလေခြင်း၊ ဤ ၅-ပါးတည်း။ ]

[ ဤသို့ဒုဋ္ဌုလ္လဝါစာသံဃာဒိသိသ်ကိုပြပြီး၍ အတ္တကာမ သံဃာဒိသိသ်ကို ပြတော်မူလို၍-ဝဏ္ဏံ၊ ပ။ ဖုသေ။ ။ ဟူသောဂါထာကို မိန့်သတည်း။ ]

၁၃။ ဝဏ္ဏံ ဝတွာတ္တနော ကာမ၊ ပါရိစရိယာယ မေထုနံ။ ဣတ္ထိံ မေထုနရာဂေန၊ ယာစမာနော ဂရုံ ဖုသေ။

၁၃။ အတ္တနော၊ မိမိအား။ [ ကိုလည်းဟူ။ ] ကာမပါရိစရိယာယ၊ မေထုန်ဖြင့် လုပ်ကျွေးခြင်း၏ ။ ဝဏ္ဏံ၊ ကျေးဇူးကို။ ဝတွာ၊ ၍။ မေထုနရာဂေန၊ မေထုန်၌ တပ်သဖြင့်။ ဣတ္ထိံ၊ လူမိန်းမကို။ မေထုနံ၊ ကို။ ယာစမာနော၊ တောင်းသော။ သမဏော၊ သည်။ ဂရုံ၊ သို့။ ဖုသေ၊ ၏ ။

[ မေထုန်ကိုတောင်းသည်ရှိသော် ရသည်ဖြစ်စေ, မရသည်ဖြစ်စေပမာဏမဟုတ်၊ တောင်းကာမျှဖြင့်ပင် သံဃာဒိသိသ်သင့်၏ဟု သိစေခြင်းငှါ ယာစမာနော ဟူသော ဝိသေသကို ဆရာဆိုတော်မူသတည်း၊ ဣတ္ထိံ ဟုသာမညသာဆိုသော်လည်း လူမိန်းမကိုသာလိုအပ်၏ ၊ ဘီလူးမ, ပြိတ္တာမ, တိရစ္ဆာန်မတို့ကိုမလိုအပ်၊ ထို့ကြောင့်ပဒဘာဇနီ၌။ ။ မာတုဂါမောနာမ မနုဿိတ္ထီ န ယက္ခိနီ နပေတီ နတိရစ္ဆာနဂတာ။ ဟူသောစကားကို ဆိုတော်မူသတည်း။ ]

[ ဤအတ္တကာမသံဃာဒိသိသ်၌ အင်္ဂါကား-လူမိန်းမဖြစ်ခြင်း, မိန်းမဟု အမှတ်ရှိခြင်း, မိမိ၌မေထုန်ဖြင့် လုပ်ကျွေးခြင်းဖြင့်တပ်ခြင်း, ထိုသို့တပ်ခြင်းဖြင့် မေထုန်ကိုတောင်းခြင်း, ထိုခဏ၌ မာတုဂါမသိလေခြင်း၊ ဤ ၅-ပါးတည်း။ ]

[ ဤသို့အတ္တကာမ သံဃာဒိသိသ်ကိုပြပြီး၍ သဉ္စရိတ္တသံဃာဒိသိသ်ကို ပြတော်မူလို၍-သန္ဒေသံ။ ပ။ ဖုသေ။ ။ ဟူသော ဂါထာကိုမိန့်သတည်း။ ]

၅။ သန္ဒေသံ ပဋိဂ္ဂဏှိတွာ၊ ပုရိသဿိတ္ထိယာ ပိ ဝါ။ ဝီမံသိတွာ ဟရံ ပစ္စာ၊ သမဏော ဂရုကံ ဖုသေ။ ။

၅။ ပုရိသဿပိဝါ၊ ယောက်ျား၏၎င်း။ ဣတ္ထိယာပိဝါ၊ မိန်းမ၏၎င်း။ သန္ဒေသံ၊ သတင်းစကားကို။ ပဋိဂ္ဂဏှိတွာ၊ ဝန်ခံ၍။ ဝီမံသိတွာ၊ စုံစမ်း၍။ ပစ္စာဟရံ-ပစ္စာဟရန္တော၊ တစ်ဖန်ဆောင်သော။ သမဏော၊ သည်။ ဂရုကံ၊ သို့။ ဖုသေ၊ ၏ ။

[ လင်မယားဖြစ်စေခြင်းငှါ ယောက်ျား၏၎င်း, မိန်းမ၏၎င်း သတင်းစကားကိုဆောင်၍ ‌ယောကျာ်းအား၎င်း, မိန်းမအား၎င်းကြားသောရဟန်းအား လင်မယားဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ အင်္ဂါသုံးပါးနှင့် သံဃာဒိသိသ်သင့်၏ ။ ]

[ ဤသဉ္စရိတ္တသံဃာဒိသိသ်၌ အင်္ဂါကား-ယောက်ျား၏၎င်း-မိန်းမ၏၎င်း သတင်းစကားကို ဝန်ခံခြင်း, သွား၍မိန်းမ၏၎င်း-‌ယောက်ျား၏၎င်း အလိုကိုစုံစမ်းခြင်း, တစ်ဖန်ပြန်၍ မိန်းမ၏၎င်း-ယောက်ျား၏၎င်း အလိုရှိသည် အလိုမရှိသည်၏အဖြစ်ကိုယောက်ျားအား၎င်း-မိန်းမအား၎င်းကြားခြင်း၊ ဤ၃-ပါးတည်း။ ]

[ ဤသို့သဉ္စရိတ္တသံဃာဒိသိသ်ကိုပြပြီး၍ ဒုဋ္ဌဒေါသသံဃာဒိသိသ်ကို ပြတော်မူလို၍-စာဝေတု။ ပ။ ဖုသေ။ ။ ဟူသောဂါထာကိုမိန့်သတည်း။ ]

၁၅။ စာဝေတုကာမော စောဒေန္တော၊ အမူလန္တိမဝတ္ထုနာ။ စောဒါပယံ ဝါ သမဏော၊ သုဏမာနံ ဂရုံ ဖုသေ။ ။

၁၅။ စာဝေတုကာမော၊ သာသနာ‌တော်မှ ရွေ့လျော့စေလိုသည်ဖြစ်၍။ သုဏမာနံ၊ ကြားကောင်းသောအရပ်၌တည်သော။ ဘိက္ခုံ၊ ကို။ အမူလန္တိမဝတ္ထုနာ၊ မြင်ခြင်း, ကြားခြင်း, ရွံရှာခြင်း အရင်းမရှိသော ပါရာဇိကဝတ္ထုဖြင့်။ စောဒေန္တောဝါ၊ မိမိစောဒနာသော်၎င်း။ စောဒါပယန္တောဝါ၊ သူတစ်ပါးကိုစောဒနာစေသော်၎င်း။ သမဏော၊ သည်။ ဂရုံ၊ သို့။ ဖုသေ၊ ၏ ။

[ စာဝေတုကာမော-ဟူသောပါဌ်ဖြင့် သာသနာတော်မှ ရွေ့လျော့ခြင်းကို အလိုမရှိမူ၍ အကျော်အစောမဲ့ ဖြစ်စေလို၍ စောဒနာသော်လည်း သံဃာဒိသိသ် မသင့်ဟူသောအနက်ကို ဆရာသိစေတော်မူ၏ ။

အမူလန္တိမ ဝတ္ထုနာ-ဟူသောပါဌ်ဖြင့် ပါရာဇိကဝတ္ထုကို လွန်ကျူး၍ ကျင့်သည်ကိုမိမိမြင်၍၎င်း, သူတစ်ပါးပြောသည်ကိုကြား၍၎င်း, အရိပ်အမြွက်ထင်သောကြောင့် ရွံရှာသောစိတ်ရှိ၍၎င်း စောဒနာသော်လည်း သံဃာဒိသိသ်မသင့်ဟူသော အနက်ကို ဆရာသိစေတော်မူ၏ ။

သုဏမာနံ-ဟူသောပါဌ်ဖြင့် ထိုစောဒနာသောစကားကို စောဒနာအပ်သော ရဟန်းမကြားသည်ရှိသော် သံဃာဒိသိသ် မသင့်ဟူသော အနက်ကို ဆရာသိစေတော်မူ၏ ။ ]

[ ဤပဌမ ဒုဋ္ဌဒေါသသံဃာဒိသိသ်၌ အင်္ဂါကား-စောဒနာအပ်သော ရဟန်း၌ စင်၏ဟု အမှတ်ရှိခြင်း, မြင်ခြင်း-ကြားခြင်း-ရွံရှာခြင်းအရင်းမရှိခြင်း, သာသနာတော်မှ ရွေ့လျော့စေခြင်းကိုအလိုရှိခြင်း, မိမိစောဒနာခြင်း-သူတစ်ပါးကိုစောဒနာစေခြင်း, ထိုစောဒနာသောခဏ၌ စောဒနာအပ်သောရဟန်းသိခြင်း၊ ဤ ၅-ပါးတည်း။ ]

[ ဤသို့ ပဌမဒုဋ္ဌဒေါသ သံဃာ ဒိသိသ်ကို ပြပြီး၍ ဒုတိယဒုဋ္ဌဒေါသ သံဃာဒိသိသ်ကိုပြတော်မူလို၍-လေသ။ ပ။ ဖုသေ။ ။ ဟူသောဂါထာကို ဆိုသတည်း။ ]

၁၆။ လေသမတ္တံ ဥပါဒါယ၊ အမူလန္တိမဝတ္ထုနာ။ စာဝေတုကာမော စောဒေန္တော၊ သုဏမာနံ ဂရုံ ဖုသေတိ။ ။

၁၆။ စာဝေတု ကာမော၊ သာသနာတော်မှ ရွေ့လျော့စေလိုသည်ဖြစ်၍။ လေသမတ္တံ၊ အမြွက်မျှကို။ ဥပါဒါယ၊ စွဲ၍။ သုဏမာနံ၊ ကြားကောင်းသောအရပ်၌တည်သော။ ဘိက္ခုံ၊ ကို။ အမူလန္တိမဝတ္ထုနာ၊ ဖြင့်။ စောဒေန္တောဝါ၊ ၎င်း။ စောဒါပယန္တောဝါ၊ ၎င်း။ သမဏော၊ သည်။ ဂရုံ၊ သို့။ ဖုသေ၊ ၏ ။

[ စောဒါပယန္တောကား-အောက်မှ လိုက်သည်၊ ဆိတ်ဖိုနှင့် ဆိတ်မပေါင်းဖော်ကြသည်ကိုမြင်၍ ဆိတ်ဖိုကိုရှင်ဒဗ္ဗပြု၍ ဆိတ်မကို ဘိက္ခုနီမပြု၍ ဒဗ္ဗသည် မေထုန် မှီဝဲသည်ဟု အရှင်ဒဗ္ဗထေရ်ကို မေတ္တိယဘုမ္မဇက ရဟန်းတို့ မေထုန်မှီဝဲခြင်းဟူသောအမြွက်ကိုစွဲ၍ စွပ်စွဲသကဲ့သို့သော စွပ်စွဲခြင်းသည် လေသမတ္တမုပါဒါယမည်၏ ၊ ပဌမဒုဋ္ဌဒေါသသိက္ခာပုဒ်၌ သူတစ်ပါးပြော၍ ကြားခြင်းဖြင့်စွပ်စွဲသည်၊ ဒုတိယဒုဋ္ဌဒေါသသိက္ခာပုဒ်၌ကား-မိမိတို့မြင်ခြင်းဖြင့် စွပ်စွဲသည်၊ [ ဤသည်လျှင် သိက္ခာပုဒ် နှစ်ပါးအထူးတည်း။ ]

[ ဤ ဒုတိယ ဒုဋ္ဌဒေါသ သံဃာဒိသိသ်၌ အင်္ဂါကား-ပဌမဒုဋ္ဌဒေါသ သံဃာဒိသိသ်၏ အင်္ဂါ ၅-ပါး၌ အမြွက်မျှကို စွဲလမ်းခြင်း-ဟူသော အင်္ဂါတစ်ပါးကိုထည့်၍ ခြောက်ပါးတည်း။ ]

ဂရုကာပတ္တိနိဒ္ဒေသ ပြီး၏ ။