ဘိက္ခဝေ၊ တို့။
အဂ္ဂီ၊ မီးတို့သည်။
ဣမေ သတ္တ၊ ဤ(၇)မျိုးတို့တည်း။ပ။
ရာဂဂ္ဂိ၊ ရာဂမီးလည်းကောင်း။ (သတ္တဝါတို့ကို လောင်ကျွမ်းစေတတ်သော ရာဂတည်းဟူသော မီးလည်းကောင်း)
ဒေါသဂ္ဂိ၊ ဒေါသမီးလည်းကောင်း။
မောဟဂ္ဂိ၊ မောဟမီးလည်းကောင်း။
**အာဟုနေယျဂ္ဂိ**၊ ပူဇော်ထိုက်သော မိဘဟူသော မီးလည်းကောင်း။ (အဝေးမှပင် ဆောင်ယူ၍ ပေးလှူပူဇော်မှု ပြုထိုက်သော မိဘဟူသော မီးလည်းကောင်း)အာဟုနေယျဂ္ဂိ။ ။ အာနေတွာ ဟုနနံ ပူဇနံ အာဟုနံ- (ပူဇော်ဖွယ်ပစ္စည်းဝတ္ထုတို့ကို အဝေးမှပင်) ဆောင်ယူ၍ ပေးလှူပူဇော်ခြင်း။ (တနည်း) အာဒရေန ဟုနနံ ပူဇနံ အာဟုနံ- ရိုသေစွာ ပေးလှူပူဇော်ခြင်း။ အာဟုနံ အရဟန္တီတိ အာဟုနေယျာ- ယင်းသို့သော ပေးလှူပူဇော်မှု ပြုထိုက်သော ကျေးဇူးရှင်မိဘများ။
ယင်းမိဘတို့သည် ရာဂ,ဒေါသ, မောဟမီးများကဲ့သို့ တိုက်ရိုက်အားဖြင့် လောင်ကျွမ်းသော မီးများမဟုတ်ကုန်။ သို့သော် ထိုမိဘများကို ဒုက္ခရောက်အောင် နှိပ်စက်ကလူ ပြုမူသော သားဆိုးသမီးဆိုးတို့ ငရဲ စသည်၌ လားရောက်ကြရခြင်းကြောင့် မိဘတို့သည် လောင်ကျွမ်းခြင်း၏ အကြောင်း (သားသမီးဆိုးတို့ ငရဲမီးအလောင်ခံရခြင်း၏ အကြောင်း)များ ဖြစ်ကြ၏။ ထို့ကြောင့် မိဘတို့ကို မီးအဖြစ် တင်စား၍ ကာရဏူပစာရအားဖြင့် "အာဟုနေယျဂ္ဂိ"ဟု ဟောတော်မူသည်။ **ဂဟပတဂ္ဂိ**၊ အိမ်ရှင်လင်ယောကျ်ားဟူသော မီးလည်းကောင်း။ ဂဟပတဂ္ဂိ။ ။ အိမ်ရှင်လင်ယောကျ်ားကို ဂဟပတိဟု ခေါ်၏။ အိပ်ရာနေရာ အဝတ်တန်ဆာ စသည် ပေးကမ်းခြင်းကြောင့် ကျေးဇူးကြီးမားသော ထိုလင်ယောကျ်ားကို ကြည်ဖယ်ကျော်လွှား၍ အခြားယောကျ်ားတို့နှင့် မေထုန်ပျော်မြူး လွန်ကျူးသော မိန်းမတို့ ငရဲ စသည်၌ လားရောက်ခြင်းကြောင့် ရှေးနည်းအတိုင်း လောင်ကျွမ်းခြင်း၏ အကြောင်းဖြစ်သော ထိုဂဟပတိခေါ် လင်ယောကျ်ားကို ဂဟပတဂ္ဂိဟု ဟောတော်မူသည်။ **ဒက္ခိဏေယျဂ္ဂိ**၊ အလှူခံထိုက်သော ရဟန်းသံဃာ မီးလည်းကောင်း။ (လှူဖွယ်ပစ္စည်းလေးပါးတို့ကို ခံယူထိုက်သော ရဟန်းသံဃာဟူသော မီးလည်းကောင်း) ဒက္ခိဏေယျဂ္ဂိ။ ။ "ဒက္ခတော ဣဏော"ဟူသော သဒ္ဒနီတိ၊ ကိတ် ၁၃၄၅သုတ်နှင့်အညီ ဒက္ခဓာတ် ဣဏပစ္စည်းဖြင့် ဒက္ခိဏ-ဟု ရုပ်ပြီး၏။ ဒက္ခန်တိ ဝဍ္ဎန္တိ ဧတေဟိ ဟိတသုခါနီတိ ဒက္ခိဏာ- စီးပွားချမ်းသာတို့ တိုးပွားကြောင်းဖြစ်သော (ဆွမ်း,သင်္ကန်း,ကျောင်း,ဆေး ဟူသော) ပစ္စည်းလေးပါး။ ဒက္ခိဏံ အရဟတီတိ ဒက္ခိဏေယျော- ထိုပစ္စည်းလေးပါးကို ခံယူထိုက်သော ရဟန်းသံဃာ။ ထိုရဟန်းသံဃာသည်လည်း သရဏဂုံ သီလ စသော ကုသိုလ်ဖြစ်ပွားအောင် ဟောကြားတော်မူကြသောကြောင့် ပစ္စုပ္ပန်သံသရာ နှစ်ဖြာလုံးအတွက် ကျေးဇူးကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်ကြရကား ယင်းပုဂ္ဂိုလ်များကို ဆဲရေးခြိမ်းခြောက်မှု စသည်ပြုသော လူမိုက်များလည်း ငရဲ စသည်၌ လားရောက်ကြရ၏။ ထို့ကြောင့် ရဟန်းသံဃာကို ဒက္ခိဏေယျဂ္ဂိ-ဟု ဟောတော်မူသည်။ ကဋ္ဌဂ္ဂိ၊ ထင်းမီးလည်းကောင်း။ (ထင်းမှဖြစ်သော ပကတိ ရိုးရိုးမီးလည်းကောင်းတည်း) ဣတိ(အဝေါစ)

တတိယံ။