(ဘန္တေ၊ အရှင်ဘုရား။
ဣဒံ၊ ဤသာရန္ဒဒသုတ်ကို)
ဧဝံ၊ ဤသို့။
ဝါ၊ တိုင်း။
မေ၊ တပည့်တော်သည်။
သုတံ၊ (မြတ်စွာဘုရားအထံတော်မှ) နာယူမှတ်မိထားအပ်ပါပြီ။
(ကထံ၊ အဘယ်သို့။
သုတံ၊ နာယူမှတ်မိထားအပ်သနည်းဟူမူ)
ဧကံ၊ တပါးသော။
သမယံ၊ အခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဝေသာလိယံ၊ ဝေသာလီမြို့အနီး၌။
သာရန္ဒဒေ၊ သာရန္ဒဒမည်သော။
(သာရန္ဒဒ မည်သော နတ်ဘီလူးအုပ်စိုး တည်နေရာဋ္ဌာန၏ အဖြစ်ကြောင့် သာရန္ဒဒမည်သော) သာရန္ဒဒေ စေတိယ။ ။သာရန္ဒဒ မည်သော နတ်ဘီလူးပိုင်ဆိုင်သော စေတီဘုံနန်း နတ်ကွန်းကို သာရန္ဒဒ ဟုခေါ်၏။ ဋ္ဌာနီဖြစ်သော နတ်ဘီလူး၏ သာရန္ဒဒ ဟူသော နာမည်ကို ဌာနနတ်ကွန်း၌ တင်စား၍ ဌာနျူပစာရအားဖြင့် စေတီနတ်ကွန်းကို သာရန္ဒဒဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။
**ဒေဝါယတနဘာဝေန**- နတ်၏နေရာဌာန (နတ်ကွန်း)၏ အဖြစ်ဖြင့်၊ ဣဋ္ဌကာဟိ- အုတ်တို့ဖြင့်၊ စီယတေ- စီအပ်၏။ ဣတိ- ထို့ကြောင့်၊ စိတံ- စိတမည်၏။ ထို့နောက်် "စိတမေဝ စေတိယံ" ဟု သွတ္ထ၌ ဏိယပစ္စည်းဆင့်၍ "စေတိယ" ဟု ရုပ်ပြီး၏။ စေတိယံ- အုတ်တို့ဖြင့် စီအပ်သော နတ်ကွန်း။ (တနည်း) စေတပုဒ်, ဣယပစ္စည်း။ စေတသိ ကရီယတေတိ စေတိယံ- စိတ်၌ထားအပ်သော (ဝါ၊ လူအများက အလေးအမြတ်ပြုအပ်, ပူဇော်အပ်သော) နတ်ကွန်း။
ဤသို့အားဖြင့် ဘုရားမဖွင့်မီ ရှေးအခါက နတ်၏နေရာဌာနဖြစ်သော နတ်ကွန်း (နတ်ဘုရားကျောင်း)ကို "သာရန္ဒဒ စေတိယ" ဟု ခေါ်ခဲ့၏။ မြတ်စွာဘုရား၏ လက််ထက်တော်အခါ၌လည်း ထိုနေရာ၌ မြတ်စွာဘုရားအား ကျောင်းဆောက်လှူဒါန်းထားသောကြောင့် မြတ်စွာဘုရားကျောင်းတော် ဖြစ်နေသော်လည်း ရှေးအခေါ်အဝေါ်အတိုင်း အတွင်ရုဠှီ, ဘူတပုဗ္ဗဂတိကနည်းအားဖြင့် သာရန္ဒဒစေတိယ (သာရန္ဒဒနတ်ကွန်း) ဟုပင် ခေါ်သည်။ [ဋီကာ၌ "စိတတ္တာ"ဟု ပါဌ်ရှိစေ]။ စေတိယေ၊ စေတီဘုံနန်းနတ်ကွန်း၌၊ (လူတို့လေးမြတ် ပူဇော်အပ်သဖြင့် ခေါ်မှတ်နာမည်စေတီဘုံနန်း နတ်ကွန်း၌)
ဝါ၊ စေတီဘုံနန်း နတ်ကွန်းဝယ် ဆောက်လုပ်အံ့သောကျောင်းတော်၌။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
အထခေါ၊ ထိုအခါ၌။
သမ္ဗဟုလာ၊ များစွာကုန်သော။
လိစ္ဆဝီ၊ လိစ္ဆဝိမင်းတို့သည်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
(အတ္ထိ၊ ရှိတော်မူ၏)
တေန၊ ထိုအရပ်၌။
ဝါ၊ သို့။
ဥပသင်္ကမိံသု၊ သွားကြကုန်၏။
ဝါ၊ ရောက်လာကြကုန်၏။
ဝါ၊ ကုန်ပြီ။
ဥပသင်္ကမိတွာ၊ သွားကြပြီး၍။
ဝါ၊ ရောက်လာကြပြီး၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုးကြပြီး၍။
ဧကမန္တံ၊ သင့်လျော်သည့် တခုသောနေရာ၌။
နိသီဒိံသု၊ ထိုင်နေကြကုန်ပြီ။
ဧကမန္တံ၊ ၌။
နိသိန္နေ၊ ထိုင်နေကြကုန်သော။
တေ လိစ္ဆဝီ၊ ထိုလိစ္ဆဝိမင်းတို့ကို။
ဘဂဝါ၊ သည်။
ဧတံ၊ ဤတရားစကားတော်ကို။
အဝေါစ၊ မိန့်တော်မူပြီ။
(ကိန္တိ၊ သို့။
အဝေါစ၊ ဟူမူ)။
လိစ္ဆဝီ၊ လိစ္ဆဝိမင်းတို့။
ဝေါ၊ သင်တို့အား။
သတ္တ၊ (၇)မျိုးကုန်သော။
အပရိဟာနိယေ၊ မဆုတ်ယုတ်ကြောင်း (တိုးတက်ကြောင်း) ဖြစ်ကုန်သော။အပရိဟာနိယေ ဓမ္မေ။ ။ "အပရိဟာနိယေတိ အပရိဟာနိကရေ ဝုဒ္ဓိဟေတု ဘူတေဟိ အတ္ထော"ဟူ၍ ဒီ, မဟာဝဂ္ဂ အဋ္ဌကထာ၊ မဟာပရိနိဗ္ဗာနသုတ် (၁၁၄)၌ ဖွင့်၏။ ၎င်းဋီကာ (၁၁၄)အဖွင့်များမှာ-
အပရိဟာနာယ ဟိတာ အပရိဟာနိယေ- မဆုတ်ယုတ်ခြင်း၏ စီးပွားဖြစ်သော တရားများ။ "အပရိဟာနာ+ ဣယ"ဟု တဒ္ဓိတ်ပုဒ်ကြံရာ၏။ (တနည်း) န ပရိဟာယန္တိ ဧတေဟီတိ အပရိဟာနိယာ- မဆုတ်ယုတ်ကြောင်း (တိုးတက်ကြောင်း) တရားများ။ ဤနောက်နည်း၌ ပရိဟာနိယာ၌ ပရိရှေးရှိသော ဟာဓာတ် အနီယပစ္စည်းဟု ကိတ်ပုဒ်ကြံ၊ နီ၌ ဤကို ရဿပြု။ ဓမ္မေ၊ တရားတို့ကို။ (အဟံ၊ ငါသည်။) ဒေသေဿာမိ၊ ဟောတော်မူအံ့။
အပရိဟာနာယ ဟိတာ အပရိဟာနိယေ- မဆုတ်ယုတ်ခြင်း၏ စီးပွားဖြစ်သော တရားများ။ "အပရိဟာနာ+ ဣယ"ဟု တဒ္ဓိတ်ပုဒ်ကြံရာ၏။ (တနည်း) န ပရိဟာယန္တိ ဧတေဟီတိ အပရိဟာနိယာ- မဆုတ်ယုတ်ကြောင်း (တိုးတက်ကြောင်း) တရားများ။ ဤနောက်နည်း၌ ပရိဟာနိယာ၌ ပရိရှေးရှိသော ဟာဓာတ် အနီယပစ္စည်းဟု ကိတ်ပုဒ်ကြံ၊ နီ၌ ဤကို ရဿပြု။ ဓမ္မေ၊ တရားတို့ကို။ (အဟံ၊ ငါသည်။) ဒေသေဿာမိ၊ ဟောတော်မူအံ့။
တံ၊ ထိုအပရိဟာနိယ တရား(၇)ပါးကို။
(တမှေ၊ သင်တို့သည်။)
သာဓုကံ၊ ကောင်းစွာ။ [သုန္ဒရအနက်တည်း]။
ဝါ၊ စွဲစွဲမြဲမြဲ မှတ်မှတ်သားသား။ [ဒဠှီကမ္မအနက်တည်း။]
ဝါ၊ ငါ၏ စေခိုင်းတိုက်တွန်းချက်ဖြင့်။ [အာဏတ္တိအနက်။]
သုဏာထ၊ နာယူကြကုန်လော။
မနသိ၊ စိတ်နှလုံး၌။
ကရောထ၊ သွင်းပိုက်ထားကြကုန်သော။
(အဟံ၊ ငါသည်။)
ဘာသိဿာမိ၊ ဟောတော်မူအံ့။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ။)
ဧဝံ ဘန္တေ၊ ကောင်းပါပြီ ဘုရား။
ဣတိ ခေါ၊ ဤသို့ပင်။
တေ လိစ္ဆဝီ၊ ထိုလိစ္ဆဝိမင်းတို့သည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
(ဝစနံ၊ စကားတော်ကို။)
ပစ္စဿောသုံ၊ ရှေ့ရှု ရိုသေစွာ နာယူကြကုန်ပြီ။
ဝါ၊ စကားတုံ့ပြန် နာခံကြကုန်ပြီ။
ဘဂဝါ၊ သည်။
ဧတံ၊ ဤတရားစကားတော်ကို။
အဝေါစ၊ ပြီ။ (ကိန္တိ အဝေါစ။)
လိစ္ဆဝီ၊ တို့။
သတ္တ၊ (၇)မျိုးကုန်သော။
အပရိဟာနိယာ၊ ကုန်သော။
ဓမ္မာ၊ တရားတို့ဟူသည်။
ကတမေ စ၊ အဘယ်တို့နည်းဟူမူ။
လိစ္ဆဝီ၊ တို့။
ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံး။
ဝဇ္ဇီ၊ ဝဇ္ဇီမင်းတို့သည်။
အဘိဏှံ၊ အမြဲမပြတ်။
သန္နိပါတာ၊ စည်းဝေးကြကုန်သည်။
သန္နိပါတဗဟုလာ၊ အကြိမ်များစွာ စည်းဝေးခြင်းရှိကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့ငြားအံ့။
လိစ္ဆဝီ၊ တို့။
(တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး။)
ဝဇ္ဇီနံ၊ ဝဇ္ဇီမင်းတို့၏။
ဝါ၊ တို့မှာ။
ဝါ၊ တို့သည်။
ဝုဒ္ဓိယေဝ၊ ကြီးပွားတိုးတက်ခြင်းကိုသာလျှင်။
ဝါ၊ ခြင်းသည်သာလျှင်။
ပါဋိကင်္ခါ၊ အလိုရှိအပ်သည်။
ဝါ၊ မချွတ်မကန် ရရှိသည်။
(ဟောတိ၊ ဖြစ်၏။)
ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို။
ဝါ၊ သည်။
ပါဋိကင်္ခါ၊ အလိုရှိအပ်သည်။
ဝါ၊ သည်။
နော(ဟောတိ)၊ မဖြစ်။ပ။
ဝဇ္ဇီ၊ တို့သည်။
သမဂ္ဂါ၊ ညီညွတ်ကြကုန်လျက်။
သန္နိပတိဿန္တိ၊ စည်းဝေးကြကုန်အံ့။
သမဂ္ဂါ၊ လျက်။
ဝုဋ္ဌဟိဿန္တိ၊ (အစည်းအဝေးမှ) ထကြကုန်အံ့။ [အကယ်၍ အစည်းအဝေးမှ တပြိုင်နက် မထကြဘဲ တချို့က နောက်ချန်နေရစ်ခဲ့ကြလျှင် "ငါတို့ကတော့ အပြင်စကားလောက်သာ ကြားရသည်။ ယခုမှ အတွင်းကျသည့် လျှို့ဝှက်ဆုံးဖြတ်ချက်ချတာ ဖြစ်လိမ့်မည်"ဟူ၍ အစည်းအဝေးမှ ပဌမဦးစွာ ထသွားကြသောသူတို့က နောက်ချန်နေရစ်ခဲ့သော သူတို့အပေါ်၌ ထင်မြင်ယူဆနိုင်သည်။ (တနည်း)
သမဂ္ဂါ၊ လျက်။
ဝုဋ္ဌဟိဿန္တိ၊ (ရန်သူနှိမ်နင်းတိုက်ခိုက်ခြင်းငှာ) ထသွားကြကုန်အံ့။
ဤသို့လည်း အနက်ဖွင့်သေးသည်။]
သမဂ္ဂါ၊ ကုန်လျက်။
ဝဇ္ဇိကရဏီယာနိ၊ ဝဇ္ဇီမင်းတို့ ပြုဖွယ်ကိစ္စတို့ကို။
ကရိဿန္တိ၊ ပြုလုပ်ကြကုန်အံ့။
လိစ္ဆဝီ၊ တို့။
(တာဝ၊ လုံး)။ပ။
လိစ္ဆဝီ၊ တို့သည်။
အပညတ္တံ၊ ရှေး၌ မပညတ်အပ်သော စည်းမျဉ်းဥပဒေကို။ (ရှေးက မပညတ် မသတ်မှတ်အပ်သော ကင်းခွန်, လယ်ယာခွန်ကောက်ခြင်း၊ ဒဏ်ငွေဆောင်စေခြင်းဟူသော စည်းမျဉ်းဥပဒေကို။)
န ပညာပေဿန္တိ၊ မပညတ်ကုန်အံ့။
ပညတ္တံ၊ ရှေးကသတ်မှတ်ပညတ်ထားအပ်ပြီးသော စည်းမျဉ်းဥပဒေကို။
န သမုစ္ဆိန္ဒိဿန္တိ၊ မဖောက်ဖျက်ကုန်အံ့။
ယထာပညတ္တေ၊ ပညတ်အပ်, ပညတ်အပ်ခဲ့မြဲတိုင်းကုန်သော။
ပေါရာဏေ၊ ရှေး၌ဖြစ်ကုန်သော။
ဝဇ္ဇိဓမ္မေ၊ ဝဇ္ဇီမင်းတို့၏ တရားဥပဒေတို့ကို။
သမာဒါယ၊ ကောင်းစွာလက်ခံနာယူကြကုန်၍။
ဝတ္တိဿန္တိ၊ ကျင့်သုံးကြကုန်အံ့။
လိစ္ဆဝီ၊ တို့။
(တာဝ၊ လုံး)။ပ။
လိစ္ဆဝီ တို့။
ယာဝကီဝဉ္စ၊ လုံး။
ဝဇ္ဇီ၊ တို့သည်။
ဝဇ္ဇီနံ၊ ဝဇ္ဇီမင်းတို့၏။
ယေ တေ ဝဇ္ဇိမဟလ္လကာ၊ အကြင် သက်ရွယ်ကြီးပြင်း ဝဇ္ဇီမင်းတို့သည်။
ဝါ၊ အကြင် ဝဇ္ဇီမင်းအဘိုးကြီးတို့သည်။
(ဟောန္တိ၊ ရှိကုန်၏။)
တေ(ဝဇ္ဇိမဟလ္လကေ)၊ ထိုသက်ရွယ်ကြီးပြင်း ဝဇ္ဇီမင်းတို့ကို။
သက္ကရိဿန္တိ၊ ရိုသေသမှု ကောင်းစွာပြုစုကြကုန်အံ့။
ဂရုံ ကရိဿန္တိ၊ အလေးဂရုပြုကြကုန်အံ့။
[တနည်း- ဂရုံ၊ အလေးဂရုပြုသူ၏ အဖြစ်ကို။
(ပစ္စုပဋ္ဌာပေတွာ၊ ကိုယ်စီကိုယ်င ဖြစ်စေကြကုန်၍။)
ကရိဿန္တိ၊ ပြုကြကုန်အံ့။]
မာနေဿန္တိ၊ မြတ်နိုးကြကုန်အံ့။
ဝါ၊ စိတ်ဖြင့် အစဉ်ချစ်ခင်ကြကုန်အံ့။
ပူဇေဿန္တိ၊ (ပူဇော်ဖွယ်ပစ္စည်းဖြင့်) ပူဇော်ကြကုန်အံ့။
စ၊ ဤမျှမကသေး။
တေသံ၊ ထိုသက်ရွယ်ကြီးပြင်း ဝဇ္ဇီမင်းတို့၏။
(ဝစနံ၊ စကားကို။)
သောတဗ္ဗံ၊ နာယူထိုက်၏ဟူ၍။
မညိဿန္တိ၊ ထင်မြင်မှတ်သား သိနားလည်ထားကြကုန်အံ့။
လိစ္ဆဝီ၊ တို့။
(တာဝ)။ပ။
ဝဇ္ဇီ၊ ဝဇ္ဇီမင်းတို့သည်။
ယာ တာ ကုလိတ္ထိယော၊ အကြင်အမျိုးတို့၏ အိမ်ရှင်မတို့သည်လည်းကောင်း။
ယာ တာ ကုလကုမာရိယော၊ အကြင်အမျိုးတို့၏ အပျိုစင်တို့သည်လည်းကောင်း။
(ဟောန္တိ၊ ရှိကုန်၏။)
တာ၊ ထိုအမျိုးတို့၏ အိမ်ရှင်မနှင့် အပျိုစင်တို့ကို။
ဩကဿ၊ အတင်းအဓမ္မ ဆွဲခေါ်ကြကုန်၍။ [အဝ+ကဿ+တွာ။ တွာကိုချေ။]
ပသယှ၊ လွှမ်းဖိနှိပ်စက်ကြကုန်၍။
န ဝါသေဿန္တိ၊ (ဇနီးအဖြစ်ဖြင့် သိမ်းပိုက်၍ မိမိတို့အိမ်၌) မနေထိုင်စေကြကုန်အံ့။
လိစ္ဆဝီ၊ တို့။
(တာဝ၊ လုံး။)။ပ။ [ပသယှ-၌ ပပုဗ္ဗ သဟဓာတ် တွာပစ္စည်း။ "မဟ ဒဘေဟိမ္မယှဇ္ဇဗ္ဘဒ္ဓါ စ" သုတ်ဖြင့် တွာပစ္စည်းကို ယှပြု။ ဓာတွန်ဟကို ချေ၍ ပဂ္ဂယှကဲ့သို့ ရုပ်ပြီးစေ။]
လိစ္ဆဝီ၊ တို့။
ယာဝကီဝဉ္စ၊ လုံး။
ဝဇ္ဇီ၊ ဝဇ္ဇီမင်းတို့သည်။
ဝဇ္ဇီနံ၊ ဝဇ္ဇီမင်းတို့၏။
အဗ္ဘန္တရာနိစေဝ၊ မြို့တွင်း၌ တည်ရှိသည်လည်း ဖြစ်ကုန်သော။
ဗာဟိရာနိ စ၊ မြို့အပြင်အပ၌ တည်ရှိသည်လည်း ဖြစ်ကုန်သော။
ယာနိ တာနိ ဝဇ္ဇိစေတိယာနိ၊ အကြင်ဝဇ္ဇီစေတီတို့သည်။( အကြင်ဝဇ္ဇီတိုင်းပြည်၌ ကိုးကွယ်ပူဇော်အပ်သောနတ်စင် နတ်ကွန်း နတ်သစ်ပင် နတ်ဘုရားကျောင်းတို့သည်။)
(သန္တိ၊ ရှိကုန်၏။)
တာနိ (ဝဇ္ဇိစေတိယာနိ)၊ ထိုဝဇ္ဇီစေတီတို့ကို။ပ။
စ၊ ဤမျှမကသေး။
တေသံ(ဝဇ္ဇိစေတိယာနံ)၊ ထိုဝဇ္ဇီစေတီတို့အား။
ဝါ၊ တို့၏။
ဒိန္နပုဗ္ဗံ၊ ရှေး၌ပေးဆက်အပ်ဖူးသော။
ကတပုဗ္ဗံ၊ ရှေး၌ပြုလုပ်အပ်ဖူးသော။
ဓမ္မိကံ၊ တရားနှင့်ယှဉ်သော။
ဗလိံ၊ ပူဇော်ပသဖွယ်ကို။
နော ပရိဟာပေဿန္တိ၊ မဆုတ်ယုတ်စေကြကုန်အံ့။ပ။
လိစ္ဆဝီ၊ တို့။
ယာဝကီဝဉ္စ၊ လုံး။
ကိန္တိ၊ အဘယ်သို့သော အကြောင်းနည်းလမ်းဖြင့်။
အနာဂတာ၊ မကြွလာကုန်သေးသော။
အရဟန္တော စ၊ ရဟန္တာအရှင်မြတ်တို့သည်လည်း။
ဝိဇိတံ၊ ငါတို့နိုင်ငံသို့။
အာဂစ္ဆေယျုံ၊ ကြွလာကြကုန်ရာအံ့နည်း။
အာဂတာ၊ ကြွလာကြကုန်ပြီးသော။
အရဟန္တော စ၊ လည်း။
ဝိဇိတေ၊ ငါတို့နိုင်ငံ၌။
ဖာသုံ၊ ချမ်းသာစွာ။
ဝိဟရေယျုံ၊ သီတင်းသုံးနေထိုင်ကြပါကုန်အံ့နည်း။
ဣတိ၊ ဤသို့ ဆင်ခြင်စဉ်းစား၍။
ဝဇ္ဇီနံ၊ ဝဇ္ဇီမင်းတို့သည်။ [သုသံဝိဟိတာ_၌ စပ်]
ဝါ၊ ဝဇ္ဇီမင်းတို့၏။ [ရက္ခာဝရဏဂုတ္တိ-၌ စပ်]
အရဟန္တေသု၊ ရဟန္တာတို့၏။
ဓမ္မိကာ၊ တရားနှင့်ယှဉ်သော။
**ရက္ခာဝရဏဂုတ္တိ**၊ မလိုလားအပ်သော အနှောင့်အယှက်ဘေးရန်ကို တားဆီးတတ်၍ လိုလားအပ်သော အကျိုးစီးပွားကို လုံခြုံစေတတ်သော အစောင့်အရှောက်ကို။ဓမ္မိကာ ရက္ခာဝရဏဂုတ္တိ။ ။ ရက္ခာ- စောင့်ရှောက်ခြင်း။ ဝါ- အစောင့်အရှောက်။ ယထာ အနိစ္ဆိတံ နာဂစ္ဆတိ၊ ဧဝံ အာဝရတီတိ အာဝရဏံ။ ယထာ- အကြင်သို့သော နည်းဖြင့်(တားဆီးလသော်)။ အနိစ္ဆိတံ- အလိုမရှိအပ်သော အနှောင့်အယှက် အဖျက်အဆီးသည်။ နာဂစ္ဆတိ- မလာရောက်နိုင်။ ဧဝံ- ဤအလိုမရှိအပ်သော အနှောင့်အဘှက် အဖျက်အဆီး မလာရောက်နိုင်အောင် (ယာ ရက္ခာ- အကြင် အစောင့်အရှောက်သည်)။ အာဝရတိ- တားဆီးတတ်၏။ ဣတိ- ထို့ကြောင့်။ (သာ ရက္ခာ- ထိုအစောင့်အရှောက်သည်)။ အာဝရဏံ- အဝရဏမည်၏။ အာဝရဏံ- အလိုမရှိအပ်သော အနှောင့်အယှက် အဖျက်အဆီး မလာရောက်နိုင်အောင် တားဆီးတတ်သော စောင့်ရှောက်မှု (ရက္ခာ)။
ယထာ ဣစ္ဆိတံ န နဿတိ၊ ဧဝံ ဂေါပါယတီတိ ဂုတ္တိ- အလိုရှိအပ်သော အကျိုးစီးပွား မပျက်စီးအောင် လုံခြုံစေတတ်သော စောင့်ရှောက်မှု (ရက္ခာ)။ အာဝရဏဉ္စ တံ ဂုတ္တိစာတိ အာဝရဏဂုတ္တိ ရက္ခာဝရဏဂုတ္တိ- စောင့်ရှောက်မှုသည်ပင် တားဆီးတတ်, လုံခြုံစေတတ်သောအရာ။ ဝါ- တားဆီးတတ်, လုံခြုံစေတတ်သော စောင့်ရှောက်မှု။
ထိုရက္ခာဝရဏဂုတ္တိဟု ဆိုရာ၌ စစ်တပ်ဖြင့် ဝိုင်းရံစောင့်ရှောက်မှု(ရက္ခာ)သည် ရဟန်းတို့အတွက် ဓမ္မိကာရက္ခာဝရဏဂုတ္တိ မဖြစ်နိုင်။ ကျောင်းဝင်းခြံအတွင်း၌ လူဆိုးများ ဝင်ပြီး သစ်ပင်မခုတ်အောင်, ကျောင်းဝင်းထဲက သားကောင်နှင့် ငှက်များကို မုဆိုးတို့ မသတ်ဖြတ် မပစ်ခတ်နိုင်အောင်, ကျောင်းရေကန်တို့၌ တံငါများ ငါးမဖမ်းနိုင်အောင် စောင့်ရှောက်ခြင်းသည်သာလျှင် ရဟန်းတို့အတွက် ဓမ္မိကာရက္ခာဝရဏဂုတ္တိ ဖြစ်၏။ အာဝရဏနှင့် ဂုတ္တိပုဒ်တို့ကို ဘာဝသာဓန ဝစနတ္ထလည်း ပြုနိုင်ပါ၏။ ပြလတ္တံ့သော အနယဗျသနပုဒ်၏ ဝစနတ္ထနှင့်လည်း နှိုင်းယှဉ်ကြည့်ပါ။ သုသံဝိဟိတာ၊ ကောင်းစွာ စီစဉ်အပ်ပြီးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ငြားအံ့။ လိစ္ဆဝီ၊ တို့။ (တာဝ၊ လုံး။)။ပ။
ယထာ ဣစ္ဆိတံ န နဿတိ၊ ဧဝံ ဂေါပါယတီတိ ဂုတ္တိ- အလိုရှိအပ်သော အကျိုးစီးပွား မပျက်စီးအောင် လုံခြုံစေတတ်သော စောင့်ရှောက်မှု (ရက္ခာ)။ အာဝရဏဉ္စ တံ ဂုတ္တိစာတိ အာဝရဏဂုတ္တိ ရက္ခာဝရဏဂုတ္တိ- စောင့်ရှောက်မှုသည်ပင် တားဆီးတတ်, လုံခြုံစေတတ်သောအရာ။ ဝါ- တားဆီးတတ်, လုံခြုံစေတတ်သော စောင့်ရှောက်မှု။
ထိုရက္ခာဝရဏဂုတ္တိဟု ဆိုရာ၌ စစ်တပ်ဖြင့် ဝိုင်းရံစောင့်ရှောက်မှု(ရက္ခာ)သည် ရဟန်းတို့အတွက် ဓမ္မိကာရက္ခာဝရဏဂုတ္တိ မဖြစ်နိုင်။ ကျောင်းဝင်းခြံအတွင်း၌ လူဆိုးများ ဝင်ပြီး သစ်ပင်မခုတ်အောင်, ကျောင်းဝင်းထဲက သားကောင်နှင့် ငှက်များကို မုဆိုးတို့ မသတ်ဖြတ် မပစ်ခတ်နိုင်အောင်, ကျောင်းရေကန်တို့၌ တံငါများ ငါးမဖမ်းနိုင်အောင် စောင့်ရှောက်ခြင်းသည်သာလျှင် ရဟန်းတို့အတွက် ဓမ္မိကာရက္ခာဝရဏဂုတ္တိ ဖြစ်၏။ အာဝရဏနှင့် ဂုတ္တိပုဒ်တို့ကို ဘာဝသာဓန ဝစနတ္ထလည်း ပြုနိုင်ပါ၏။ ပြလတ္တံ့သော အနယဗျသနပုဒ်၏ ဝစနတ္ထနှင့်လည်း နှိုင်းယှဉ်ကြည့်ပါ။ သုသံဝိဟိတာ၊ ကောင်းစွာ စီစဉ်အပ်ပြီးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ငြားအံ့။ လိစ္ဆဝီ၊ တို့။ (တာဝ၊ လုံး။)။ပ။
လိစ္ဆဝီ၊ တို့။
ယာဝကီဝဉ္စ၊ လုံး။
သတ္တ၊ (၇)ပါးကုန်သော။
အပရိဟာနိယာ၊ မဆုတ်ယုတ်အင် စည်ပင်တိုးတက်ကြောင်းဖြစ်ကုန်သော။
ဣမေ ဓမ္မာ၊ ဤတရားတို့သည်။
ဝဇ္ဇီသု၊ ဝဇ္ဇီမင်းတို့၌။
ဌဿန္တိ၊ တည်မြဲကုန်အံ့။
သတ္တသု၊ (၇)ပါးကုန်သော။
အပရိဟာနိယေသု၊ ကုန်သော။
ဣမေသု ဓမ္မေသု စ၊ ဤတရားတို့၌လည်း။
ဝဇ္ဇီ၊ ဝဇ္ဇီမင်းတို့ကို။
သန္ဒိဿိဿန္တိ၊ တွေ့မြင်အပ်ကုန်ငြားအံ့။
လိစ္ဆဝီ၊ လိစ္ဆဝိမင်းတို့။
တာဝ၊ ထိုမျှလောက် ကာလပတ်လုံး။ (ထိုမျှလောက် ဤအပရိဟာနိယတရား(၇)ပါးတို့သည်လည်း ဝဇ္ဇီမင်းတို့၌ တည်မြဲကြ၍၊ ဤအပရိဟာနိယတရား(၇)ပါးတို့၌လည်း ဝဇ္ဇီမင်းတို့ကို တွေ့မြင်အပ်ကုန်သမျှ ကာလပတ်လုံး)
ဝဇ္ဇီနံ၊ တို့၏။
ဝါ၊ တို့မှာ။
ဝါ၊ တို့သည်။
ဝုဒ္ဓိယေဝ၊ သာလျှင်။ပ။
ပဌမံ။
ဧကံ၊ သော။
သမယံ၊ ၌။
ဘဂဝါ၊ သည်။
ရာဇဂဟေ၊ ရာဇဂြိုဟ်မြို့၏ အနီး၌။
ဂိဇ္ဈကူဋေ၊ ဂိဇ္ဈကုဋ်မည်သော။ (လင်းတနှင့် တူသော အထွတ်ရှိသည်၏ အဖြစ်ကြောင့် ဂိဇ္ဈကုဋ်မည်သော။
ဝါ၊ အထွတ်တို့၌ လင်းတတို့ တည်ရှိကုန်သည် အဖြစ်ကြောင့်ဂိဇ္ဆကုဋ်မည်သော)။
ပဗ္ဗတေ၊ တောင်ပေါ်၌။
ဝါ၊ တောင်ပေါ်ကျောင်း၌။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌၊ (ရာဇဂြိုဟ်မြို့အနီး ဂိဇ္ဈကုဋ်တောင်ပေါ်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ ထိုအခါ၌)။
မာဂဓော၊ မဂဓတိုင်းသူပြည်သားတို့၏ အစိုးရမင်းဖြစ်သော။
ဝေဒေဟိ ပုတ္တော၊ ဝေဒေဟီမိဖုရား၏ သားဖြစ်သော။
အဇာတသတ္တု၊ အဇာတသတ်မည်သော။ (မဖွားမီကပင် အဖ၏ရန်သူ ဖြစ်လတ္တံ့ဟု နိမိတ်ဖတ်ကြားအပ်သည် အဖြစ်ကြောင့် အဇာတသတ်မည်သော)။
ရာဇာ၊ မင်းသည်။
ဝဇ္ဇီ၊ ဝဇ္ဇီမင်းတို့ကို။
အဘိယာတုကာမော၊ လွှမ်းမိုးနှိမ်နင်းဖို့ရာ သွားခြင်းငှာ လိုလားသညိ၊
ဟောတိ၊ ၏။
သော၊ ထိုအဇာတသတ်မင်းသည်။
ဧဝံ၊ ဤသို့. (ဤသို့ ဒေါသအမျက်ပြင်းစွာ ထွက်၍)။
အာဟ၊ ကြုံးဝါးပြောဆို၏။
(ကိန္တိ၊ သို့။
အာဟ၊ ဟူမူ။)
အဟံ၊ ငါသည်။
ဧဝံ၊ ဤမျှလောက်။
မဟိဒ္ဓိကေ၊ (စည်းလုံးညီညွတ်ခြင်းဟူသော) ကြီးသော မင်းတန်ခိုးရှိကုန်သော။
ဧဝံ၊ ဤမျှလောက်။
မဟာနုဘာဝေ၊ (ဆင်မြင်း အတတ် စသည်တို့၌ တတ်မြောက်ကျွမ်းကျင်ခြင်းဟူသော) ကြီးသော အာနုဘော်အစွမ်းသတ္တိရှိကုန်သော။
ဣမေ ဝဇ္ဇီ၊ ဤဝဇ္ဇီမင်းတို့ကို။
ဥစ္ဆေစ္ဆာမိ၊ (မျိုးနွယ်ဆက်စပ်, အမြစ်ပြတ်အောင်) ဖြတ်ပစ်လိုက်မည်။ဥစ္ဆေစ္ဆာမိ ဝိနာသေဿာမိ။ ။ ဥစ္ဆေစ္ဆာမီတိ ဥစ္ဆိန္ဒိဿာမိ၊ ဝိနာသေဿာမီတိ အဒဿနံ နယိဿာမိ (အဋ္ဌကထာ)။ ဥစ္ဆိန္ဒိဿာမိတိ ဥမ္မူလဝသေန ကုလသန္တတိံ ဆိန္ဒိဿာမိ။ ဋီကာ။
ဥစ္ဆေစ္ဆာမိ၌-ဥ+ဆိဒ+ဿာမိ။"ကရဿ သပစ္စပဿ ကာဟော" သုတ်၌ သပစ္စယ သဒ္ဒါပိုဖြင့် ဖြစ်စေ, "လဘဝသစ္ဆိဒဘိဒရုဒါနံ စ္ဆင်"ဟူသော မောဂ္ဂလ္လာန်၊ ၆ (တျာဒိကဏ္ဍ) ၂၆သုတ်ဖြင့်ဖြစ်စေ ရုပ်စီရင်ပါ။ ဥစ္ဆေဇ္ဇိဿာမိ(သျာ) ဥစ္ဆိဇ္ဇိဿာမိ(က) မူကွဲပါဌ်များ ရှိသေး၏။ ၎င်းပါဌ်များ၌ "တထာ ကတ္တရိစ"သုတ်ဖြင့် ဓာတွန်ဒနှင့်တကွ ဒိဝါဒိယ ပစ္စည်းကို ဇပြု။ ဒွေဘော်လာ။ ဝဇ္ဇီ၊ ဝဇ္ဇီမင်းတို့ကို။ ဝိနာသေဿာမိ၊ (မမြင်လုံးလုံး, အစတုံးအောင်) ချေမှုန်းဖျက်ဆီးပစ်လိုက်မည်။ ဝဇ္ဇီ၊ တို့ကို။ အနယဗျသနံ၊ မကြီးပွားခြင်း, ဆွေမျိုးပျက်ဆီးခြင်းသို့။အနယဗျသနံ။ ။ အနယဗျသနန္တိ အဝဍ္ဎိံ စေဝ ဉာတိဗျသနဉ္စ (ဤသုတ် အဋ္ဌကထာ)။ အနယဗျသနန္တိ ဧတ္ထ န အယောတိ အနယော၊ အဝဍ္ဎိယာ ဧတံ နာမံ၊ ဟိတဉ္စ သုခဉ္စ ဝိယဿတိ (ဝိယသတိ) ဝိက္ထိပတီတိ ဗျသနံ၊ ဉာတိပါရိဇုညာဒီနံ ဧတံ နာမံ။ ဒီ,မဟာ၁ဂ္ဂ၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၊ ၁၀၆။
""အယနံ ဝဍ္ဎနံ အယော- ကြီးပွားခြင်း"ဟု ဤသုတ်အင်္ဂုတ္တိုရ်ဋီကာဝစနတ္ထပြုသည်။ တိကနိပါတ်စာပိုဒ်-၇၀ (နှာ-၁၇၁)အကုသလမူလသုတ်, အနယဗျသနပုဒ်တုန်းကမူ "ပုညကမ္မတော ဧတိ ဥပ္ပဇ္ဇတီတိ အယော ဝဍ္ဎိ- ကောင်းမှုကံကြောင့်ဖြစ်သော ကြီးပွားခြင်း"ဟု ကတ္တုသာဓန ဝစနတ္ထ ပြုခဲ့သည်။ ဣဓာတ် အပစ္စည်းတည်း။ န အယော အနယော- မကြီးပွားခြင်း။
ဟိတသုခံ ဝိယသတိ ဝိက္ခိပတီတိ ဗျသနံ ဝိနာသော- စီးပွားချမ်းသာကို ပစ်လွှင့်ဖျက်ဆီးတတ်သော ပျက်စီးဆုံးရှုံးမှု (ဆွေမျိုးပျက်စီးခြင်း စသည်)။ ဝိပုဗ္ဗ အသဓာတ် ယုပစ္စည်းတည်း။ ဤနေရာ၌ ဘူဝါဒိ အသဓာတ်ဖြင့် ဗျသတိ (ဝိယသတိ)ဟုလည်းကောင်း, ဒိဝါဒိ အသုဓာတ်ဖြင့် ဗျဿတိ (ဝိယဿတိ)ဟုလည်းကောင်း ရုပ်နှစ်မျိုးတွေ့ရ၏။ [ဒီ, ပါထိကဝဂ်၊ သင်္ဂီတိသုတ် အဋ္ဌကထာ (၂၁၁)။ ၎င်းဋီကာ (၂၄၆)။ ပါရာဇိကဏ်အဋ္ဌကထာ၊ ပ(၁၉၄)သာရတ္ထဋီကာ၊ တ(၄၇၄-၅)တို့၌လည်း ကြည့်ပါ]။ ထိုတွင် သံယုဂ်ဖြင့် "ဗျဿန"ဟု မရှိဘဲ "ဗျသန"ဟု သံယုဂ်မဲ့သာရှိသောကြောင့် ဘူဝါဒိ အသဓာတ်ဖြင့် "ဗျသတိ ဝိယသတိ"ဟု ရှိခြင်းက ကောင်းသည်ဟု ယူဆ၏။ အာပါဒေဿာမီ၊ ရောက်စေမည်။ ဣတိ၊ ဤသို့။ (အာဟ၊ ကြုံးဝါးပြောဆို၏)။
ဥစ္ဆေစ္ဆာမိ၌-ဥ+ဆိဒ+ဿာမိ။"ကရဿ သပစ္စပဿ ကာဟော" သုတ်၌ သပစ္စယ သဒ္ဒါပိုဖြင့် ဖြစ်စေ, "လဘဝသစ္ဆိဒဘိဒရုဒါနံ စ္ဆင်"ဟူသော မောဂ္ဂလ္လာန်၊ ၆ (တျာဒိကဏ္ဍ) ၂၆သုတ်ဖြင့်ဖြစ်စေ ရုပ်စီရင်ပါ။ ဥစ္ဆေဇ္ဇိဿာမိ(သျာ) ဥစ္ဆိဇ္ဇိဿာမိ(က) မူကွဲပါဌ်များ ရှိသေး၏။ ၎င်းပါဌ်များ၌ "တထာ ကတ္တရိစ"သုတ်ဖြင့် ဓာတွန်ဒနှင့်တကွ ဒိဝါဒိယ ပစ္စည်းကို ဇပြု။ ဒွေဘော်လာ။ ဝဇ္ဇီ၊ ဝဇ္ဇီမင်းတို့ကို။ ဝိနာသေဿာမိ၊ (မမြင်လုံးလုံး, အစတုံးအောင်) ချေမှုန်းဖျက်ဆီးပစ်လိုက်မည်။ ဝဇ္ဇီ၊ တို့ကို။ အနယဗျသနံ၊ မကြီးပွားခြင်း, ဆွေမျိုးပျက်ဆီးခြင်းသို့။အနယဗျသနံ။ ။ အနယဗျသနန္တိ အဝဍ္ဎိံ စေဝ ဉာတိဗျသနဉ္စ (ဤသုတ် အဋ္ဌကထာ)။ အနယဗျသနန္တိ ဧတ္ထ န အယောတိ အနယော၊ အဝဍ္ဎိယာ ဧတံ နာမံ၊ ဟိတဉ္စ သုခဉ္စ ဝိယဿတိ (ဝိယသတိ) ဝိက္ထိပတီတိ ဗျသနံ၊ ဉာတိပါရိဇုညာဒီနံ ဧတံ နာမံ။ ဒီ,မဟာ၁ဂ္ဂ၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၊ ၁၀၆။
""အယနံ ဝဍ္ဎနံ အယော- ကြီးပွားခြင်း"ဟု ဤသုတ်အင်္ဂုတ္တိုရ်ဋီကာဝစနတ္ထပြုသည်။ တိကနိပါတ်စာပိုဒ်-၇၀ (နှာ-၁၇၁)အကုသလမူလသုတ်, အနယဗျသနပုဒ်တုန်းကမူ "ပုညကမ္မတော ဧတိ ဥပ္ပဇ္ဇတီတိ အယော ဝဍ္ဎိ- ကောင်းမှုကံကြောင့်ဖြစ်သော ကြီးပွားခြင်း"ဟု ကတ္တုသာဓန ဝစနတ္ထ ပြုခဲ့သည်။ ဣဓာတ် အပစ္စည်းတည်း။ န အယော အနယော- မကြီးပွားခြင်း။
ဟိတသုခံ ဝိယသတိ ဝိက္ခိပတီတိ ဗျသနံ ဝိနာသော- စီးပွားချမ်းသာကို ပစ်လွှင့်ဖျက်ဆီးတတ်သော ပျက်စီးဆုံးရှုံးမှု (ဆွေမျိုးပျက်စီးခြင်း စသည်)။ ဝိပုဗ္ဗ အသဓာတ် ယုပစ္စည်းတည်း။ ဤနေရာ၌ ဘူဝါဒိ အသဓာတ်ဖြင့် ဗျသတိ (ဝိယသတိ)ဟုလည်းကောင်း, ဒိဝါဒိ အသုဓာတ်ဖြင့် ဗျဿတိ (ဝိယဿတိ)ဟုလည်းကောင်း ရုပ်နှစ်မျိုးတွေ့ရ၏။ [ဒီ, ပါထိကဝဂ်၊ သင်္ဂီတိသုတ် အဋ္ဌကထာ (၂၁၁)။ ၎င်းဋီကာ (၂၄၆)။ ပါရာဇိကဏ်အဋ္ဌကထာ၊ ပ(၁၉၄)သာရတ္ထဋီကာ၊ တ(၄၇၄-၅)တို့၌လည်း ကြည့်ပါ]။ ထိုတွင် သံယုဂ်ဖြင့် "ဗျဿန"ဟု မရှိဘဲ "ဗျသန"ဟု သံယုဂ်မဲ့သာရှိသောကြောင့် ဘူဝါဒိ အသဓာတ်ဖြင့် "ဗျသတိ ဝိယသတိ"ဟု ရှိခြင်းက ကောင်းသည်ဟု ယူဆ၏။ အာပါဒေဿာမီ၊ ရောက်စေမည်။ ဣတိ၊ ဤသို့။ (အာဟ၊ ကြုံးဝါးပြောဆို၏)။
အထခေါ၊ ၌။ပ။
မာဂဓမဟာမတ္တံ၊ မဂဓမင်း၏ အမတ်ကြီးဖြစ်သော။
ဝါ၊ မဂဓတိုင်းနိုင်ငံ၌ အမတ်ကြီးဖြစ်သော။
ဝဿကာရံ၊ ဝဿကာရမည်သေ။
ဗြာဟ္မဏံ၊ ပုဏ္ဏားကို။
အာမန္တေသိ၊ အမိန့်ပေးပြောဆိုပြီ။
(ကိန္တိ၊ သို့။
အာမန္တေသိ၊ ဟူမူ)။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ဧဟိ၊ လာပါလော။
တွံ၊ သင်သည်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
(အတ္ထိ၊ ရှိတော်မူ၏။)
တေန၊ ထိုအရပ်၌။
ဝါ၊ သို့။
ဥပသင်္ကမ၊ သွားချေပါလော။
ဥပသင်္ကမိတွာ၊ သွားပြီး၍။
မမ၊ ငါ၏။
ဝစနေန၊ စကားဖြင့်။
ဝါ၊ လျှောက်ထားချက်ဖြင့်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ပါဒေ၊ ခြေတော်တို့ကို။
သိရသာ၊ ဦးခေါင်းဖြင့်။
ဝန္ဒာဟိ၊ ရှိခိုးချေပါလော။
(ဘဂဝတော၊ မြတ်စွာဘုရား၏။)
အပ္ပါဗာဓံ၊ (ပြင်းထန်ခံခက်, လွန်နှိပ်စက်ငြား) ရောဂါအကြီးစား မရှိသည်အဖြစ်ကိုလည်းကောင်း။
အပ္ပါတင်္ကံ၊ (ဆင်းရဲငြိုငြင်, အသက်ရှင်ရေး) ရောဂါအသေးအဖွဲ့မရှိသည်အဖြစ်ကိုလည်းကောင်း။အပ္ပါဗာဓံ အပ္ပါတင်္ကံ ။ ။ ခန္ဓာကိုယ်၏ တနေရာမှာ ဖြစ်နေသော်လည်း တကိုယ်လုုံးကို (ဣရိယာပုထ်လေးပါးလုံးကို) သံပြားဖြင့် ဖွဲ့ပတ်ထားသကဲ့သို့ ချုပ်ကိုင်တတ်သော ဝိသဘာဂဝေဒနာကို အာဗာဓ ခေါ်သည်ဟု သီလက္ခန်သုဘသုတ် အဋ္ဌကထာ (၃၁၈)နှင့် ဥဒါန်း သုပ္ပဝါသာသုတ် အဋ္ဌကထာ(၁၁၀)တို့၌ ဖွင့်၏။ ဝိသဘာဂါ- သုခဝေဒနာနှင့် သဘောမတူ (ဆန့်ကျင်ဖက်ဖြစ်)သော +ဝေဒနာ- ရောဂါဝေဒနာ။ ဧတေန ဗလဝရောဂေါ အာဗာဓော နာမာတိ ဒဿေတိ။ သီလက္ခန်ဋီကာ၊ ၃၈၅။
အာတင်္ကောတိ ကိစ္ဆဇီဝိတကရော ရောဂေါ(အဋ္ဌကထာ)။ ဧတေန ဒုဗ္ဗလော အပ္ပမတ္တကော ရောဂေါ အာတင်္ကောတိ ဒဿေတိ(သီလက္ခန်ဋီကာ)။ ဤအဖွင့်များအတိုင်း နိဿယအနက်ပြန်ဆိုခဲ့သည်။
"ကာယံ ဂါဠှာ ဟုတွာ ဗာဓတိ ပိဠေတီတိ အာဗာဓော- ခန္ဓာကိုယ်ကို လွန်မင်း ပြင်းထန်စွာ နှိပ်စက်တတ်သော ရောဂါဝေဒနာ"ဟု ယင်းဋီကာဝစနတ္ထ ပြု၏။ အာပုဗ္ဗဗာဓဓာတ် အပစ္စည်း။ "ဂါဠှာ ဟုတွာ"ဖြင့် အာဥပသာရ၏ အနက်ကိုပြ၏။ အာတင်္ကပုဒ်ကိုလည်း "အာတင်္ကတိ ကိစ္ဆေန ဇီဝတိ ဧတေနာတိ အာတာင်္ကော- (ယင်းရောဂါစွဲကပ်သူ၏) ဆင်းရဲငြိုငြင်စွာ အသက်ရှင်ရကြောင်းဖြစ်သော ရောဂါ ဝေဒနာ"ဟု ဝစနတ္ထ ပြုသင့်၏။ အာ+တကိ ကိစ္ဆဇီဝနေ+ အပစ္စည်း။
နတ္ထိ အာဗာဓော ယဿာတိ အပ္ပွဗာဓော- ဝိသဘာဂဝေဒနာ မရှိသော ပုဂ္ဂိုလ် (မြတ်စွာဘုရား။) အပ္ပသဒ္ဒါ အဘာဝအနက်ဟောတည်း။ အပ္ပါဗာဿေ ဘာဝေါ အပ္ပါဗာဓံ- ယင်းဒေနာမရှိသူ၏အဖြစ် (ယင်းဝေဒနာမရှိခြင်း)ဟူ၍ ဘာဝတဒ္ဓိတ် ဏ ပစ္စည်းဆင့်ရာ၏။
တိုက်ဆိုင်ကြည့်ရန် ပါဠိဝါကျများ။ ။ ဤပါဠိတော်၌ "အပ္ပါဗာဓံ အပ္ပါတင်္ကံ။ပ။ ပုစ္ဆတိ"ဟူ၍ ဘာဝတဒ္ဓိတ်တာပစ္စည်း မပါသော်လည်း ယခင် သီလက္ခန် အဋ္ဌကထာ အဖွင့်များမှာမူ "အာဗာဓောတိ ဝိသဘာဂဝေဒနာ ဝုစ္စတိ။ပ။ တဿာ အဘာဝံပုစ္ဆာတိ ဝဒတိ။ပ။ နိဂ္ဂေလညဘာဝဉ္စ ပုစ္ဆာတိ ဝဒတိ"စသည်ဖြင့် ဘာဝပစ္စည်း၏ အနက်အဖွင့်များသာ ဖြစ်၏။ တချို့ပါဠိတော်များ၌ကား တာပစ္စည်းပင် တိုက်ရိုက်နေသေး၏။ ဥပမာ-
အပ္ပါဗာတေဉ္စ ပုစ္ဆေယျ။ ဥပရိပဏ္ဏာသပါဠိတော် သုနက္ခတ္တသုတ်(၄၁)။ အဟံ ဘိက္ခဝေ ဘုဉ္စမာနော အပ္ပါဗာတေဉ္စ သဉ္စာနာမိ အပ္ပါတင်္ကတဉ္စ လဟုဋ္ဌာနဉ္စ ဗလဉ္စ ဖာသုဝိဟာရဉ္စ။ မူလပဏ္ဏာသပါဠိတော် ကကစူပမသုတ်။၁၇၅။
**အခြားသော သမာသ်ဝစနတ္ထများ သင့်, မသင့်။ ။ ပါရာဇိကဏ် အဋ္ဌကထာ (ပ-၁၀၀)အင်္ဂုတ္တိုရ် အဋ္ဌကထာ(ဒု-၁၃)-"ကစ္စိ ဘောတော ဂေါတမဿ စ သာဝကာ နဉ္စ အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရော"ဟူသော ဝါကျဝယ် နပုလ္လိင် ပဌမာဝိဘတျန္တဖြစ်သော "အပ္ပါဗာဓံ အပ္ပါတင်္ကံ"တို့၌ အဗျယီဘော သမာသ် နာမည်တပ်၍ "အာဗာဓဿ အလာဝေါ အပ္ပါဗာဓံ"ဟု ဝစနတ္ထ ပြုတော်မူကြ၏။ သို့သော် အပ္ပသဒ္ဒါသည် အဗျယမဟုတ်သောကြောင့် အဗျယီဘော သမာသ်မဖြစ်နိုင် (နပုံဧကတ် မငဲ့နိုင်)။
တဖန်"အာဗာဓဿ အပ္ပံ (အဘာဝေါ) အပ္ပါဗာဓော"ဟု တပ္ပုရိသ် သမာသ် ဝစနတ္ထပြုပြန်လျှင်လည်း အာဗာဓဟူသော နောက်ပုဒ်၏ လိင်သို့လိုက်၍ ဩကာရန္တပုလ္လိင်ရုပ် ဖြစ်သွားသောကြောင့် နဂိုရှိရင်း အဋ္ဌကထာဝါကျမှ အပ္ပါဗာဓံဟူသော နပုလ္လိင်ရုပ်နှင့် ဆန့်ကျင်နေပြန်၏။ ထို့ကြောင့် ယခင်ကဖော်ပြခဲ့သည့်အတိုင်း ဘာဝတဒ္ဓိတ် ဏပစ္စည်းဆင့်မှသာ သဒ္ဒါနည်း မှန်ကန်မည် ဖြစ်ပါသည်။ လဟုဋ္ဌာနံ၊ (အိပ်ရာ,ထိုင်ရာ၊ ထိုနှစ်ဖြာမှ) လျင်စွာပေါ့ပါး, ထသွားနိုင်ခြင်းကိုလည်းကောင်း။ ဗလံ၊ ခန္ဓာကိုယ်အင်အားကိုလည်းကောင်း။ ဖာသုဝိဟာရံ၊ ချမ်းသာစွာ နေထိုင်ရခြင်းကိုလည်းကောင်း။ (လျောင်း,ထိုင်,ရပ်,သွား၊ ဣရိယာပုထ်လေးပါးတို့၌ ချမ်းသာစွာ နေထိုင်ရခြင်းကိုလည်းကောင်း။) (ဘဂဝန္တံ၊ မြတ်စွာဘုရားကို။) ပုစ္ဆ၊ မေးချေပါလော။
အာတင်္ကောတိ ကိစ္ဆဇီဝိတကရော ရောဂေါ(အဋ္ဌကထာ)။ ဧတေန ဒုဗ္ဗလော အပ္ပမတ္တကော ရောဂေါ အာတင်္ကောတိ ဒဿေတိ(သီလက္ခန်ဋီကာ)။ ဤအဖွင့်များအတိုင်း နိဿယအနက်ပြန်ဆိုခဲ့သည်။
"ကာယံ ဂါဠှာ ဟုတွာ ဗာဓတိ ပိဠေတီတိ အာဗာဓော- ခန္ဓာကိုယ်ကို လွန်မင်း ပြင်းထန်စွာ နှိပ်စက်တတ်သော ရောဂါဝေဒနာ"ဟု ယင်းဋီကာဝစနတ္ထ ပြု၏။ အာပုဗ္ဗဗာဓဓာတ် အပစ္စည်း။ "ဂါဠှာ ဟုတွာ"ဖြင့် အာဥပသာရ၏ အနက်ကိုပြ၏။ အာတင်္ကပုဒ်ကိုလည်း "အာတင်္ကတိ ကိစ္ဆေန ဇီဝတိ ဧတေနာတိ အာတာင်္ကော- (ယင်းရောဂါစွဲကပ်သူ၏) ဆင်းရဲငြိုငြင်စွာ အသက်ရှင်ရကြောင်းဖြစ်သော ရောဂါ ဝေဒနာ"ဟု ဝစနတ္ထ ပြုသင့်၏။ အာ+တကိ ကိစ္ဆဇီဝနေ+ အပစ္စည်း။
နတ္ထိ အာဗာဓော ယဿာတိ အပ္ပွဗာဓော- ဝိသဘာဂဝေဒနာ မရှိသော ပုဂ္ဂိုလ် (မြတ်စွာဘုရား။) အပ္ပသဒ္ဒါ အဘာဝအနက်ဟောတည်း။ အပ္ပါဗာဿေ ဘာဝေါ အပ္ပါဗာဓံ- ယင်းဒေနာမရှိသူ၏အဖြစ် (ယင်းဝေဒနာမရှိခြင်း)ဟူ၍ ဘာဝတဒ္ဓိတ် ဏ ပစ္စည်းဆင့်ရာ၏။
တိုက်ဆိုင်ကြည့်ရန် ပါဠိဝါကျများ။ ။ ဤပါဠိတော်၌ "အပ္ပါဗာဓံ အပ္ပါတင်္ကံ။ပ။ ပုစ္ဆတိ"ဟူ၍ ဘာဝတဒ္ဓိတ်တာပစ္စည်း မပါသော်လည်း ယခင် သီလက္ခန် အဋ္ဌကထာ အဖွင့်များမှာမူ "အာဗာဓောတိ ဝိသဘာဂဝေဒနာ ဝုစ္စတိ။ပ။ တဿာ အဘာဝံပုစ္ဆာတိ ဝဒတိ။ပ။ နိဂ္ဂေလညဘာဝဉ္စ ပုစ္ဆာတိ ဝဒတိ"စသည်ဖြင့် ဘာဝပစ္စည်း၏ အနက်အဖွင့်များသာ ဖြစ်၏။ တချို့ပါဠိတော်များ၌ကား တာပစ္စည်းပင် တိုက်ရိုက်နေသေး၏။ ဥပမာ-
အပ္ပါဗာတေဉ္စ ပုစ္ဆေယျ။ ဥပရိပဏ္ဏာသပါဠိတော် သုနက္ခတ္တသုတ်(၄၁)။ အဟံ ဘိက္ခဝေ ဘုဉ္စမာနော အပ္ပါဗာတေဉ္စ သဉ္စာနာမိ အပ္ပါတင်္ကတဉ္စ လဟုဋ္ဌာနဉ္စ ဗလဉ္စ ဖာသုဝိဟာရဉ္စ။ မူလပဏ္ဏာသပါဠိတော် ကကစူပမသုတ်။၁၇၅။
**အခြားသော သမာသ်ဝစနတ္ထများ သင့်, မသင့်။ ။ ပါရာဇိကဏ် အဋ္ဌကထာ (ပ-၁၀၀)အင်္ဂုတ္တိုရ် အဋ္ဌကထာ(ဒု-၁၃)-"ကစ္စိ ဘောတော ဂေါတမဿ စ သာဝကာ နဉ္စ အပ္ပါဗာဓံ အပ္ပါတင်္ကံ လဟုဋ္ဌာနံ ဗလံ ဖာသုဝိဟာရော"ဟူသော ဝါကျဝယ် နပုလ္လိင် ပဌမာဝိဘတျန္တဖြစ်သော "အပ္ပါဗာဓံ အပ္ပါတင်္ကံ"တို့၌ အဗျယီဘော သမာသ် နာမည်တပ်၍ "အာဗာဓဿ အလာဝေါ အပ္ပါဗာဓံ"ဟု ဝစနတ္ထ ပြုတော်မူကြ၏။ သို့သော် အပ္ပသဒ္ဒါသည် အဗျယမဟုတ်သောကြောင့် အဗျယီဘော သမာသ်မဖြစ်နိုင် (နပုံဧကတ် မငဲ့နိုင်)။
တဖန်"အာဗာဓဿ အပ္ပံ (အဘာဝေါ) အပ္ပါဗာဓော"ဟု တပ္ပုရိသ် သမာသ် ဝစနတ္ထပြုပြန်လျှင်လည်း အာဗာဓဟူသော နောက်ပုဒ်၏ လိင်သို့လိုက်၍ ဩကာရန္တပုလ္လိင်ရုပ် ဖြစ်သွားသောကြောင့် နဂိုရှိရင်း အဋ္ဌကထာဝါကျမှ အပ္ပါဗာဓံဟူသော နပုလ္လိင်ရုပ်နှင့် ဆန့်ကျင်နေပြန်၏။ ထို့ကြောင့် ယခင်ကဖော်ပြခဲ့သည့်အတိုင်း ဘာဝတဒ္ဓိတ် ဏပစ္စည်းဆင့်မှသာ သဒ္ဒါနည်း မှန်ကန်မည် ဖြစ်ပါသည်။ လဟုဋ္ဌာနံ၊ (အိပ်ရာ,ထိုင်ရာ၊ ထိုနှစ်ဖြာမှ) လျင်စွာပေါ့ပါး, ထသွားနိုင်ခြင်းကိုလည်းကောင်း။ ဗလံ၊ ခန္ဓာကိုယ်အင်အားကိုလည်းကောင်း။ ဖာသုဝိဟာရံ၊ ချမ်းသာစွာ နေထိုင်ရခြင်းကိုလည်းကောင်း။ (လျောင်း,ထိုင်,ရပ်,သွား၊ ဣရိယာပုထ်လေးပါးတို့၌ ချမ်းသာစွာ နေထိုင်ရခြင်းကိုလည်းကောင်း။) (ဘဂဝန္တံ၊ မြတ်စွာဘုရားကို။) ပုစ္ဆ၊ မေးချေပါလော။
(ကိန္တိ၊ အဘယ်သို့လှောက်၍။
ဝန္ဒသိ၊ ရှိခိုးရမည်နည်း။
ပုစ္ဆသိ၊ မေးမြန်းရမည်နည်းဟူမူ။)
ဘန္တေ၊ မြတ်စွာဘုရား။
မာဂဓော၊ သော။
ဝေဒေဟိပုတ္တော၊ သော။
အဇာတသတ္တု၊ သော။
ရာဇာ၊ မင်းသည်။
ဘဂဝတော၊ ၏။
ပါဒေ၊ တို့ကို။
သိရသာ၊ ဖြင့်။
ဝန္ဒတိ၊ ရှိခိုးပါ၏။
(ဣတိ၊ ဤသို့လျှောက်၍။
ဝန္ဒာဟိ၊ ရှိခိုးချေပါလော။) [ပုစ္ဆတီတိ-၌ ဣတိကို ဤနေရာ၌ယူ၍ အနက်ပေးသည်။]
(ဘဂဝတော၊ ၏။
အပ္ပါဗာဓံ၊ ကောင်း။
အပ္ပါတင်္ကံ၊ ကောင်း။ပ။
ဖာသုဝိဟာရံ၊ ကောင်း။
ပုစ္ဆတိ၊ မေးလိုက်ပါ၏။
ဣတိ၊ ဤသို့ လျှောက်၍။
(ပုစ္ဆ၊ မေးချေပါလော) [ရှင်တော်မြတ်ဘုရား...ဝေဒေဟီမိဖုရား၏ သားဖြစ်သော မာဂဓဘုရင် အဇာတသတ်သည် ရှင်တော်မြတ်ဘုရား၏ ခြေတော်တို့ကို ဦးခေါင်းဖြင့် ရှိခိုးလိုက်ပါ၏ဟု လျှောက်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို အသင် ရှိခိုးချေပါလော။ ဘုရင်အဇာတသတ်သည် ရှင်တော်မြတ်ဘုရား၏ အပ္ပါဗာဓ။ပ။ ဖာသုဝိဟာရကို မေးမြန်းလိုက်ပါ၏ဟု လျှောက်၍ အပ္ပါဗာဓ။ပ။ ဖာသုဝိဟာရကို အသင် မေးမြန်းချေပါလောဟူလို။]
ဧဝဉ္စ၊ ဤသို့လည်း။
ဝဒေဟိ၊ လျှောက်ထားလိုက်ပါဦးလော။
(ကိန္တိ၊ သို့။
ဝဒေသိ၊ လျှောက်ထားရမည်နည်းဟူမူ)
ဘန္တေ၊ ရှင်တော်မြတ်ဘုရား။ပ။
ဝဇ္ဇီ၊ တို့ကို။
အဘိယာတုကာမော၊ ငှာလိုလားနေပါ၏။
သော၊ ထိုအဇာတသတ်မင်းသည်။
ဧဝံ၊ သို့။
အာဟ၊ ကြုံးဝါးပြောဆိုနေပါ၏။
(ကိန္တိ၊ သို့။
အာဟ၊ ဟူမူ)။ပ။
အာပါဒေဿာမိ၊ မည်။
ဣတိ၊ သို့။
(အာဟ၊ ကြုံးဝါးပြောဆိုနေပါ၏။
ဣတိစ၊ ဤသို့လည်း။
ဝဒေဟိ၊ လျှောက်ထားပါဦးလော)။
ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။
တေ၊ သင့်အား။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဗျာကရောတိ၊ မိန့်ကြားတော်မူ၏။
(တထာ၊ ထိုမိန့်ကြားတော်မူသော အခြင်းအရာအားဖြင့်။
ဝါ၊ ထိုမိန့်ကြားတော်မူလိုက်သည့်အတိုင်း)
တံ၊ ထိုစကားကို။
သာဓုကံ၊ ကောင်းစွာ။
ဥဂ္ဂဟေတွာ၊ မှတ်ယူ၍။
မမ၊ ငါ့အား။
အာရောစေယျာသိ၊ ပြန်ကြား သံတော်ဦး တင်ပါလော။
(ကသ္မာ၊ အဘယ်ကြောင့်။
အာရောစေယျသိ၊ သံတော်ဦးတင်ရမည်နည်း ဟူမူ)
ဟိ၊ အကြင့်ကြောင့်။
တထာဂတာ၊ မြတ်စွာဘုရားတို့သည်။
ဝိတထံ၊ မဟုတ်မမှန်သောစကားကို။
န ဘဏန္တိ၊ မိန့်ကြားတော်မမူကြကုန်။
ဣတိ (တသ္မာ)၊ ထို့ကြောင့်။
(အာရောစေယျာတိ၊ သံတော်ဦးတင်ပါလော။
ဣတိ၊ ဤသို့။
အာမန္တေသိ၊ အမိန့်ပေးပြောဆိုပြီ) [မဂဓမဟာမတ္တံ အာမန္တေသိ- သို့ပြန်စပ်သည်။ "နဟိ"၌ ဟိသဒ္ဒါ ကာရဏအနက်ဟောတည်း။]
(တနည်း) တံ၊ ထိုစကားကို။
သာဓုကံ၊ စွာ။
ဥဂ္ဂဟေတွာ၊ ၍။
မမ၊ ငါ့အား။
အာရောစေယျာသိ၊ လော။
ဟိ၊ ပြန်ကြား သံတော်ဦ်း တင်သင့်လှပေ၏။
တထာဂတာ၊ တို့သည်။
ဝိတထံ၊ ကို။
န ဘဏန္တိ၊ ကုန်။
ဣတိ၊ ဤသို့။
(အာမန္တေသိ၊ အမိန့်ပေးပြောဆိုပြီ၊) [ဤနည်း၌ ဟိသဒ္ဒါ ဒဠှီကရဏအနက်ဟောတည်း။]
ဘော၊ အိုအရှင်မင်းမြတ်။
ဧဝံ၊ ကောင်းပါပြီ။
ဣတိခေါ၊ ဤသို့ပင်။
မာဂဓမဟာမတ္တော၊ သော။
ဝဿကာရော၊ သော။
ဗြာဟ္မဏော၊ သည်။
မာဂဓဿ၊ သော။
ဝေဒေဟိပုတ္တဿ၊ သော။
အဇာတသတ္တုဿ၊ သော။
ရညော၊ မင်း၏။
(ဝစနံ၊ အမိန့်စကားကို။
ပဋိဿုတွာ၊ ရှေ့ရှုနာယူပြီး၍။
ဝါ၊ စကားတုံ့ပြန် နာခံပြီး၍။ပ။
ဘဂဝတာ၊ မြတ်စွာဘုရားနှင့်။
သဒ္ဓိံ၊ အတူတကွ။
သမ္မောဒိ၊ တညီတညွတ်တည်း နှီးနှောမိပြီ။ (ကျန်းမာသာရေး စသည်မေးကာ ညီညာပြောဆို နှီးနှောမိပြီ)
သမ္မောဒနီယံ၊ ဝမ်းမြောက်သင့် ဝမ်းမြောက်ထိုက်သော။
[တနည်း- သမ္မောဒနိယံ၊ ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော]
သာရဏီယံ၊ အဖန်ဖန် အထပ်ထပ် အမှတ်ရသင့်သော။
ဝါ၊ အမြဲမသွေ ကြာမြင့်စွာ ဖြစ်တည်နေစေသင့်သော။
ကထံ၊ စကားကို။
ဝီတိသာရေတွာ၊ ပြီးဆုံးစေပြီး၍။
ဧကမန္တံ၊ ၌။
နိသီဒိ၊ ပြီ။ပ။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
မာဂဓော၊ သော။
ဝေဒေဟိပုတ္တော၊ သော။
အဇာတသတ္တု၊ သော။
ရာဇာ၊ သည်။
ဘောတော ဂေါတမဿ၊ အရှင်ဂေါတမ၏။
ပါဒေ၊ တို့ကို။
သိရသာ၊ ဖြင့်။
ဝန္ဒတိ၊ ရှိခိုးလိုက်ပါ၏။
အပ္ပါဗာဓံ၊ ကောင်း။ပ။
ပုစ္ဆတိ၊ မေးမြန်းလိုက်ပါ၏။
ဘော ဂေါတမ၊ အရှင်ဂေါတမ။ပ။
အာပါဒေဿာမိ၊ မည်။
ဣတိ(အာဟ၊ ၏။
ဣတိ၊ သို့။
အဝေါစ၊ လျှောက်ပြီ)
[ဘဂဝန္တံ ဧတဒ ဝေါစ-သို့ ပြန်စပ်သည်။]
တေန ခေါ ပန သမယေန၊ ထိုအခါ၌၊ (ဝဿကာရပုဏ္ဏားက မြတ်စွာဘုရားကို လျှောက်ထားရာ ထိုအခါ၌)
အာယသ္မာ အာနန္ဒော၊ အရှင်အာနန္ဒာသည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ပိဋ္ဌိတော၊ နောက်၌။
ဝါ၊ နောက်က။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဗီဇယမာနေ၊ ယပ်ခပ်လျက်။
ဌိတော၊ တည်နေသည်။
ဟောတိ၊ ဖြစ်၏။
အထ ခေါ၊ ထိုအခါ၌။
ဘဂဝါ၊ သည်။
အာယသ္မန္တံ အာနန္ဒံ၊ အရှင်အာနန္ဒာကို။
အာမန္တေသိ၊ မေးမြန်းတော်မူပြီ။
(ကိန္တိ၊ အဘယ်သို့။
အာမန္တေသိ၊ မေးမြန်းတော်မူသနည်းဟူမူ)
အာနန္ဒ၊ အာနန္ဒာ။
ကိန္တိ၊ အဘယ်သို့။
တေ၊ သင်သည်။
သုတံ၊ ကြားအပ်ဖူးပါသနည်း။
ဝဇ္ဇီ၊ ဝဇ္ဇီမင်းတို့သည်။
အဘိဏှံ၊ အမြဲအပြတ်။
သန္နိပါတာ၊ စည်းဝေးကြကုန်၏။
သန္နိပါတဗဟုလာ၊ အကြိမ်များစွာ စည်းဝေးခြင်းရှိကြကုန်၏။
ဣတိ၊ ဤသို့။
(သုတံ၊ ကြားအပ်ဖူးပါသလော။
ဣတိ၊ ဤသို့။
အာမန္တေသိ၊ မေးမြန်းတော်မူပြီ။)
ဘန္တေ၊ အရှင်ဘုရား။
ဝဇ္ဇီ၊ တို့သည်။
အဘိဏှံ၊ ပြတ်။
သန္နိပါတာ၊ ကုန်၏။
သန္နိပါတဗဟုလာ၊ ကုန်၏။
ဣတိ၊ ဤသို့။
ဧတံ၊ ဤအကြောင်းကို။
မေ၊ တပည့်တော်သည်။
သုတံ၊ ကြားအပ်ဖူးပါပြီ။ ဣတိ= ဤသို့။
(အဝေါစ၊ လျှောက်ပြီ။)
အာနန္ဒ၊ အာနန္ဒာ။
ယာဝကီဝဉ္စ၊ လုံး။ပ။
အာနန္ဒ၊ န္ဒာ။
ကိန္တိ၊ သို့။
တေ၊ သင်သည်။
သုတံ၊ သနည်း။
ဝဇ္ဇီ၊ တို့သည်။
သမဂ္ဂါ၊ ကုန်လျက်။
သန္နိပတန္တိ၊ စည်းဝေးကြကုန်၏။ပ။
ကရောန္တိ၊ ပြုလုပ်ကြကုန်၏။
ဣတိ၊ သို့။
(သုတံ၊ သလော။
ဣတိ၊ ဤသို့။
အာမန္တေသိ၊ မေးမြန်းတော်မူပြီ။)
ဘန္တေ၊ ရား။
ဝဇ္ဇီ၊ တို့သည်။
သမဂ္ဂါ၊ လျက်။
သန္နိပတန္တိ၊ ၏။ပ။
ကရောန္တိ၊ ၏။
ဣတိ၊ ဤသို့။
ဧတံ၊ ဤအကြောင်းကို။
မေ၊ သည်။
သုတံ၊ ပါပြီ။
ဣတိ၊ သို့။
(အဝေါစ၊ လျှောက်ပြီ)။ပ။
န ပညာပေန္တိ၊ မပညတ်ကြကုန်။ပ။
န သမုစ္ဆိန္ဒန္တိ၊ မဖောက်ဖျက်ကြကုန်။ပ။
ဝတ္တန္တိ၊ ကျင့်သုံးကြကုန်၏။ပ။
ဖာသုံ၊ စွာ။
ဝိဟရေယျုံ၊ နည်း။
ဣတိ၊ ဤသို့ ဆင်ခြင်စဉ်းစား၍။
ဝဇ္ဇီနံ၊ တို့သည်။
ဝါ၊ တို့၏။
အရဟန္တေသု၊ တို့၌။ပ။
သုသံဝိဟိတာ၊ ကောင်းစွာစီစဉ်အပ်ပြီ။
ဣတိ၊ ဤသို့။
(သုတံ၊ လော။
ဣတိ၊ သို့။
အာမန္တေသိ၊ ပြီ)။
ဘန္တေ၊ ရား။
ကိန္တိ၊ အဘယ်သို့သော အကြောင်းနည်းလမ်းဖြင့်။
အနာဂတာ၊ မကြွလာကုန်သေးသော။
အရဟန္တော စ၊ တို့သည်လည်း။ပ။
ဝိဟရေယျုံ၊ နည်း။
ဣတိ၊ စား၍။
ဝဇ္ဇီနံ၊ တို့သည်။
ဝါ၊ တို့၏။
အရဟန္တေသု၊ တို့၌။
ဓမ္မိကာ၊ သော။
ရက္ခာဝရဏဂုတ္တိ၊ ကို။
သုသံဝိဟိတာ၊ အပ်ပြီ။ [ဤအရှင်အာနန္ဒာ၏ အဖြေဝါကျ၌ "ဘဝိဿတိ"ပါဌ် ရှိနေလေ၏။ စကားအဓိပ္ပာယ် ပျက်စီးသွားစေသောကြောင့် မလိုလားအပ်သော ပါဌ်သာတည်း။ သုတ်မဟာဝါ မဟာပရိနိဗ္ဗာနသုတ်(၆၃)နှင့် တိုက်ဆိုင်ကြည့်ပါ]
ဣတိ၊ သို့။
ဧတံ၊ ကို။
မေ၊ သည်။
သုတံ၊ ပြီ။
ဣတိ၊ သို့။
(အဝေါစ၊ ပြီ)။ပ။
သုသံဝိဟိတာ၊ သည်။
ဘဝိဿတိ၊ ငြားအံ့။
အာနန္ဒ၊ န္ဒာ။
(တာဝ၊ လုံး။)
ဝဇ္ဇီနံ၊ တို့၏။
ဝါ၊ တို့သည်။
ဝုဒ္ဓိယေဝ၊ လျှင်။
ပါဋိကင်္ခါ(ဟောတိ)။ပ။
အထ ခေါ၊ ထိုအခါ၌။ (အရှင်အာနန္ဒာကို မေးမြန်းပြီး၍ ဝဇ္ဇီမင်းတို့ အပရိဟာနိယတရား(၇)ပါးနှင့် ပြည့်စုံကြောင်းကို မိန့်မြွက်တော်မူပြီးရာ ထိုအခါ၌)
ဘဂဝါ၊ သည်။
မာဂဓမဟာမတ္တံ၊ သော။
ဝဿကာရံ၊ သော။
ဗြာဟ္မဏံ၊ ကို။
အာမန္တေသိ၊ မိန့်ကြားတော်မူပြီ။
(ကိန္တိ၊ သို့။
အာမန္တေသိ၊ ဟူမူ)
ဗြာဟ္မဏ၊ ပုဏ္ဏား။
အဟံ၊ ငါသည်။
ဧကံ၊ တပါးသော။
သမယံ၊ အခါ၌။ [ဣဒံကား အနက်မရှိ နိပါတ်မျှသာ]
ဝေသာလိယံ၊ ၌။
သာရန္ဒဒေ၊ သော။
စေတိယေ၊ ၌။
ဝိဟရာမိ၊ သီတင်းသုံးနေတော်မူ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
တတြ၊ ထိုသာရန္ဒဒစေတီ၌။
ဝါ၊ ထိုသာရန္ဒဒစေတီဝယ် သီတင်းသုံးနေတော်မူရာ ထိုအခါ၌။
အဟံ၊ သည်။
ဝဇ္ဇီနံ၊ ဝဇ္ဇီမင်းတို့အား။
သတ္တ၊ ၇-ပါးကုန်သော။
အပရိဟာနိယေ၊ ကုန်သော။
ဣမေ ဓမ္မေ၊ ဤတရားတို့ကို။
ဒေသေသိံ၊ ဟောကြားတော်မူခဲ့ပြီ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ယာဝကီဝဉ္စ၊ ဣလုံး။ပ။
ပရိဟာနိ၊ ကို။
ဝါ၊ သည်။
ပါဋိကင်္ခါ၊ သည်။
နော(ဟောတိ)၊ မဖြစ်။
ဣတိ၊ သို့။
(အာမန္တေသိ၊ ပြီ)။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
ဧကမေကေန၊ တပါးတလေ, တပါးတလေဖြစ်သော။
အပရိဟာနိယေန၊ သော။
ဓမ္မေနပိ၊ တရားနှင့်သော်မှပင်။
သမန္နာဂတာနံ၊ ပြည့်စုံကုန်သော။
ဝဇ္ဇီနံ၊ တို့၏။
ဝါ၊ တို့သည်။
ပုဒ္ဓိယေဝ၊ လျှင်။
ပါဋိကင်္ခါ၊ သည်။
(ဟောတိ၊ ၏။)
ပရိဟာနိ၊ ကို။
ဝါ၊ သည်။
ပါဋိကင်္ခါ၊ သည်။
နော(ဟောတိ)၊ မဖြစ်။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
ဧကမေကေန၊ တပါးတလေ, တပါးတလေဖြစ်သော။
အပရိဟာနိယေန၊ သော။
ဓမ္မေနပိ၊ တရားနှင့်သော်မှပင်။
သမန္နာဂတာနံ၊ ပြည့်စုံကုန်သော။
ဝဇ္ဇီနံ၊ တို့၏။
ဝါ၊ တို့သည်။
ပုဒ္ဓိယေဝ၊ လျှင်။
ပါဋိကင်္ခါ၊ သည်။
(ဟောတိ၊ ၏။)
ပရိဟာနိ၊ ကို။
ဝါ၊ သည်။
ပါဋိကင်္ခါ၊ သည်။
နော(ဟောတိ)၊ မဖြစ်။
သတ္တဟိ၊ (၇)ပါးကုန်သော။
အပရိဟာနိယေဟိ၊ ကုန်သော။
ဓမ္မေဟိ၊ တရားတို့နှင့်။
သမန္နာဂတာနံ၊ ကုန်သော။
ဝဇ္ဇီနံ၊ တို့၏။
ဝါ၊ တို့မှာ။
ဝုဒ္ဓိယာ ဧဝ၊ ကြီးပွားမှု၏သာလျှင်။
ဝါ၊ ကြီးပွားမှုကိုသာလျှင်။
ပါဋိကင်္ခ တာယံ၊ အလိုရှိအပ်သည် အဖြစ်၌။
ဝါဒေါ၊ ပြောဆိုဖွယ်စကားသည်။
ကော ပန(အတ္ထိ)၊ အဘယ်မှာရှိအံ့နည်း။
(နတ္ထိဧဝ၊ မရှိတော့သည်သာတည်း)။
ဘော ဂေါတမ၊ မ။
စ၊ လျော်မလျော်, သင့်မသင့် နှိုင်းချင့်စဉ်းစားရသော်ကား။
မာဂဓေန၊ သော။
ဝေဒေဟိပုတ္တေန၊ သော။
အဇာတသတ္တုနာ၊ အဇာတသတ်မည်သော။
ရညာ၊ မင်းသည်။
ဥပလာပနာယ၊ ချော့မော့ပြောနည်း, ပစ္စည်းပေးနှင်း သိမ်းသွင်းခြင်းကို။
အညတြ၊ ကြဉ်ဖယ်ထား၍လည်းကောင်း။
မိထုဘေဒါ၊ အချင်းချင်း စိတ်ဝမ်းကွဲအောင် သွေးခွဲခြင်းကို။
ယုဒ္ဓဿ၊ (ရှေ့ရှုတိုက်ရိုက်) စစ်တိုက်ခြင်းဖြင့်။ [နှလုံးရည်အားကိုး၍ နည်းပရိယာယ် သုံးသင့်လျက် မသုံးဘဲ လက်ရုံးရည်အားကိုးဖြင့် ဆင်ကန်းတောတိုး စစ်တိုက်ခြင်း တမျိုးတည်းဖြင့် ဟူလို။ အဘိမုခ ယုဒ္ဒေနာတိ အဘိမုခံ ဥဇုကမေဝ သင်္ဂါမကရဏေန။ မဟာပရိနိဗ္ဗာနသုတ်ဋီကာ၊ ၁၂၄။ ယုဒ္ဓဿ-၌ သာမီဝိဘတ်ကို ကရိုဏ်းအနက်၌သက်]
ဝဇ္ဇီ၊ ဝဇ္ဇီမင်းတို့ကို။
အကရဏီယာ၊ ပြုချင်တိုင်းမပြုအပ် မပြုနိုင်ကုန်။ (ဝဇ္ဇီ တယောက်တလေကိုမျှ မိမိအလိုဆန္ဒအတိုင်း ပြုချင်တိုင်း ပြုလုပ်မရနိုင်ပါကုန်) [ယဒိဒံ အနက်မရှိ]
ဟန္ဒ စ၊ ကိုင်း... တော်ကြဦးစို့ (စကားပြော ရပ်ကြဦးစို့)။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
ဒါနိ၊ ယခု။
မယံ၊ အကျွန်ုပ်တို့သည်။
ဂစ္ဆာမ၊ သွားကြကုန်တော့အံ့။
မယံ၊ တို့သည်။
ဗဟုကိစ္စာ၊ များသော ဧကန်ပြုဖွယ်ကိစ္စ ရှိပါကုန်၏။
ဗဟုကရဏီယာ၊ များသော ပြုသင့်ပြုထိုက်သော လုပ်ငန်းရှိပါကုန်၏။
ဣတိ၊ ဤသို့။
(အဝေါစ၊ လျှောက်ပြီ)။
ဗြာဟ္မဏ၊ ဏ္ဏား။
ဒါနိ၊ ယခုအခါ၌။
ယဿ(ဂမနဿ)၊ အကြင်သွားခြင်း၏။
ကာလံ၊ အချိန်အခါကို။
တွံ၊ သင်သည်။
မညသိ၊ သိ၏။
(တံ ဂမနံ၊ ထိုသွားခြင်းကို။
ကရောဟိ၊ သင့်၏ အလိုဆန္ဒအတိုင်း ပြုပါလော)။
ဣတိ၊ သို့။
(အဝေါစ၊ မိန့်တော်မူပြီ)။
အထ ခေါ၊ ထိုအခါ၌။ (မြတ်စွာဘုရား မိန့်တော်မူပြီးရာ ထိုအခါ၌)။ပ။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဝါ၊ သည်။
ဘာသိတံ၊ မိန့်မြွက်တော်မူအပ်သော တရားစကားတော်ကို။
အဘိနန္ဒိတွာ၊ အလွန်နှစ်သက်၍။
ဝါ၊ အလွန်နှစ်သက်စွာ လက်ခံနာယူ၍။
အနုမောဒိတွာ၊ အဖန်ဖန်ဝမ်းမြောက်၍။
အာသနာ၊ ထိုင်နေရာမှ။
ဥဋ္ဌာယ၊ ထ၍။
ပက္ကာမိ၊ ဖဲခွာသွားပြီ။
ဣတိ၊ ဤသို့။
(သုတံ၊ ကြားအပ်ဖူးပါပြီ)
ဒုတိယံ။
တတြ ခေါ၊ ထိုအခါ၌ပင်။
ဘဂဝါ၊ သည်။
ဘိက္ခူ၊ ရဟန်းတို့ကို။
အာမန္တေသိ၊ အမိန့်ရှိ သိစေတော်မူပြီ။
(ကိန္တိ၊ သို့။
အာမန္တေသိ၊ ဟူမူ)။
ဘိက္ခဝေ၊ ရဟန်းတို့။
ဝေါ၊ သင်တို့အား။
သတ္တ၊ ကုန်သော။ပ။
သမဂ္ဂါ၊ ကုန်လျက်။
ဝုဋ္ဌဟိဿန္တိ၊ (အစည်းအဝေးမှ) ထကြကုန်အံ့။
ဝါ၊ (အလဇ္ဇီအသင်းအပင်း နှိပ်ကွပ်ခြင်းငှာ) ထသွားကြကုန်အံ့။
သမဂ္ဂါ၊ ကုန်လျက်။
သင်္ဃကရဏီယာနိ၊ သံဃာ၏ ပြုဖွယ်ကိစ္စတို့ကို။
ကရိဿန္တိ၊ ပြုကုန်အံ့။ပ။
ဘိက္ခူ၊ တို့သည်။
အပညတ္တံ၊ ရှေး၌ မပညတ်အပ်သော **အဓမ္မိကကတိကဝတ်** နှင့် သိက္ခပုဒ်ကို။အဓမ္မိက ကတိကဝတ်။ ။ မပြုလုပ်သင့်သော စည်းကမ်းကျင့်ဝတ်ကို အဓမ္မိက ကတိကဝတ်ဟု ခေါ်၏။ ဥပမာအားဖြင့်- ယော ဣမမှာ အာဝါသာ ပဌမံ ပက္ကမိဿတိ။ တံ မယံ အရဟာတိ ဇာနိဿာမ- ဤကျောင်းမှ ဦးစွာပဌမ ထွက်သွားသော ရဟန်းကို ရဟန္တာဟု အသိအမှတ်ပြုကြစတမ်း (စတုတ္ထပါရာဇိက ဝိနီတဝတ္ထုပါဠိ၊ ၁၄၄)။ ယေ အရဟန္တော။ တေဣမသ္မိံ ဝိဟာရေ ဝသန္တု။ စီဝရာဒီနိ စ ဂဏှန္တု- ရဟန္တာပုဂ္ဂိုလ်များသာ ဤကျောင်း၌ နေကြစေကုန်။ ဤသင်္ကန်း စသည်တို့ကို ယူကြစေကုန်။ ဤနှစ် ဝါတွင်း၌ ဤကျောင်းရျိ ရဟန်းအားလုံး အာရညကင်ဓုတင် စသော ဓုတင်ဆောင်ချည်း ဖြစ်ကြစတမ်း။ ဤကတိကဝတ် စည်းကမ်းများမှာ တင်းကြပ်ပြင်းထန်လွန်းသောကြောင့် ပုဂ္ဂိုလ်တိုင်း လိုက်နာနိုင်မည်မဟုတ်သော အဓမ္မိကကတိကဝတ်များတည်း။ ၎င်းတို့ကို မပြုလုပ်ရ။
ဤနှစ် ဝါတွင်း၌ ရဟန်းအားလုံး ပါဠိအဋ္ဌကထာများ သင်ယူပို့ချမှု မပြုလုပ်ကြစတမ်း၊ ရှင်ရဟန်း ပြုမပေးကြစတမ်း၊ တဝါတွင်းလုံး စကားမပြောကြစတမ်း၊ ရှိသမျှ သံဃလာဘ်ကို ကျောင်းတိုက်ပြင်ဘက်ရှိ ရဟန်းများကိုလ်ညး ပေးကြစတမ်း။ ဤကတိကဝတ်များမှာ အလွန်ညံ့ဖျင်းသေးသိမ်လှ၏။ ၎င်းတို့ကိုလည်း မပြုလုပ်ရ။ စကားမပြော တုဏှီဘော ကျင့်ဝတ်ဖြစ်သော မူဂဗ္ဗတ (တိတ္ထိယဗ္ဗတ) ကျင့်တတ်ကို ကျင့်လျှင်ကား ဒုက္ကဋ်အာပတ် သင့်စေရန် ဝိနည်းမဟာဝါ ပဝါရဏက္ခန္ဓက၌ ပညတ်တော်မူ၏။ ထို့ပြင် "သုံးလတိတိ ဖလသမာပတ်ဖြင့် တပါးတည်း ကိန်းအောင်းနေတော်မူသော မြတ်စွာဘုရားအထံတော်သို့ (ဆွမ်းပို့ရဟန်းမှတပါး) မည်သည့်ရဟန်းမျှ မသွားရ၊ သွားသောရဟန်းကို ပါစိတ်အာပတ်ဒေသနာ ပြောကြားခိုင်းရမည်"ဟူသော ပါရာဇိက နိသီဒနသန္ထတသိက္ခာပုဒ် (၃၃၆) သာဝတ္ထိမြို့ သံဃာ၏ ကတိကဝတ်သည် အပညတ္တသိက္ခာပဒကို ပညတ်ခြင်း ဖြစ်သည်။ န ပညာပေဿန္တိ၊ မပညတ်ကြကုန်အံ့။ ပညတ္တံ၊ ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကို။ န သမုစ္ဆိန္ဒိဿန္တိ၊ မဖောက်ဖျက်မကျူးလွန်ကြကုန်အံ့။ ယထာပညတ္တေသု၊ ပညတ်အပ် ပညတ်အပ်ပြီးသမျှကုန်သော။ သိက္ခာပဒေသု၊ သိက္ခာပုဒ်တို့၌။ သမာဒါယ၊ ကောင်းစွာ လက်ခံနာယူကြကုန်၍။ ဝတ္တိဿန္တိ၊ ကျင့်သုံးကြကုန်အံ့။
ဤနှစ် ဝါတွင်း၌ ရဟန်းအားလုံး ပါဠိအဋ္ဌကထာများ သင်ယူပို့ချမှု မပြုလုပ်ကြစတမ်း၊ ရှင်ရဟန်း ပြုမပေးကြစတမ်း၊ တဝါတွင်းလုံး စကားမပြောကြစတမ်း၊ ရှိသမျှ သံဃလာဘ်ကို ကျောင်းတိုက်ပြင်ဘက်ရှိ ရဟန်းများကိုလ်ညး ပေးကြစတမ်း။ ဤကတိကဝတ်များမှာ အလွန်ညံ့ဖျင်းသေးသိမ်လှ၏။ ၎င်းတို့ကိုလည်း မပြုလုပ်ရ။ စကားမပြော တုဏှီဘော ကျင့်ဝတ်ဖြစ်သော မူဂဗ္ဗတ (တိတ္ထိယဗ္ဗတ) ကျင့်တတ်ကို ကျင့်လျှင်ကား ဒုက္ကဋ်အာပတ် သင့်စေရန် ဝိနည်းမဟာဝါ ပဝါရဏက္ခန္ဓက၌ ပညတ်တော်မူ၏။ ထို့ပြင် "သုံးလတိတိ ဖလသမာပတ်ဖြင့် တပါးတည်း ကိန်းအောင်းနေတော်မူသော မြတ်စွာဘုရားအထံတော်သို့ (ဆွမ်းပို့ရဟန်းမှတပါး) မည်သည့်ရဟန်းမျှ မသွားရ၊ သွားသောရဟန်းကို ပါစိတ်အာပတ်ဒေသနာ ပြောကြားခိုင်းရမည်"ဟူသော ပါရာဇိက နိသီဒနသန္ထတသိက္ခာပုဒ် (၃၃၆) သာဝတ္ထိမြို့ သံဃာ၏ ကတိကဝတ်သည် အပညတ္တသိက္ခာပဒကို ပညတ်ခြင်း ဖြစ်သည်။ န ပညာပေဿန္တိ၊ မပညတ်ကြကုန်အံ့။ ပညတ္တံ၊ ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကို။ န သမုစ္ဆိန္ဒိဿန္တိ၊ မဖောက်ဖျက်မကျူးလွန်ကြကုန်အံ့။ ယထာပညတ္တေသု၊ ပညတ်အပ် ပညတ်အပ်ပြီးသမျှကုန်သော။ သိက္ခာပဒေသု၊ သိက္ခာပုဒ်တို့၌။ သမာဒါယ၊ ကောင်းစွာ လက်ခံနာယူကြကုန်၍။ ဝတ္တိဿန္တိ၊ ကျင့်သုံးကြကုန်အံ့။
ဘိက္ခဝေ၊ တို့။
(တာဝ၊ ထိုမျှလောက် ကာလပတ်လုံး။)
ဘိက္ခူနံ၊ ရဟန်းတို့၏။
ဝါ၊ တို့မှာ။
ဝုဒ္ဓိယေဝ(ဝုဒ္ဓိဧဝ)၊ သီလအစရှိသောဂုဏ်တို့ဖြင့် ကြီးပွားမှုကိုသာလျှင်။
ဝါ၊ သည်သာလျှင်။
ပါဋိကင်္ခါ၊ သည်။
(ဟောတိ၊ ၏။)
ပရိဟာနိ၊ သီလအစရှိသော ဂုဏ်တို့မှ ဆုတ်ယုတ်ခြင်းကို။
ဝါ၊ သည်။
နော(ဟောတိ)၊ မဖြစ်။ပ။
ဘိက္ခူ၊ ရဟန်းတို့သည်။[သက္ကရိဿန္တိ-စသည်၌စပ်]
ထေရာ၊ ထေရ်ဖြစ်ကုန်သော။
ဝါ၊ (သီလ စသော ဂုဏ်တို့ဖြင့် သာသနာတော်၌) မြဲမြံခိုင်ခံ့သည်အဖြစ်သို့ ရောက်ကုန်သော။
ဝါ၊ ထေရ်၏အဖြစ်ကို ပြုတတ်သော သီလအစရှိသော အသေက္ခဂုဏ်တို့နှင့် ပြည့်စုံကုန်သော။
ရတ္တညူ၊ (ရဟန်းဖြစ်ပြီးရာ အချိန်အခါမှ စ၍ များစွာသောညဉ့်တို့ကို သိကုန်သော။ [ဧကကနိပါတ်၊ ဧတဒဂ္ဂဝဂ်၊ စာပိုဒ်(၁၈၈)သုတ်လည်းကြည့်]
စိရပဗ္ဗဇိတာ၊ ရဟန်းပြုပြီး၍ ကြာမြင့်စွာသော ကာလရှိကုန်သော။
သံဃပိတရော၊ သံဃာ၏ဖခင် ဖြစ်ကုန်သော (သံဃာ၏ဘခင်အရာ၌ တည်ကုန်သော)။
သံဃပရိဏာယကာ၊ သံဃာကို ဦးဆောင်တတ်ကုန်သော(သံဃာ၏ဘခင်အရာ၌ တည်ခြင်းကြောင့် သံဃာကို ဦးဆောင်လျက် သိက္ခာသုံးပါးတို့၌ ကျင့်သုံးစေတတ်ကုန်သော)။
ယေ တေ ဘိက္ခူ၊ အကြင်ရဟန်းတို့သည်။
(သန္တိ၊ ရှိကုန်၏)။
တေ၊ ထိုထေရ်ရဟန်းတို့ကို။ပ။
စ၊ ဤမျှမကသေး။
တေသံ၊ ထိုထေရ်ဖြစ်သော ရဟန်းတို့၏။
(ဝစနံ၊ စကားကို)။ပ။
ဘိက္ခူ၊ တို့သည်။
ပေါနောဘဝိကာယ၊ နောက်ထပ် ဘဝအကျိုးကို ပေးခြင်းအလေ့ရှိသော။
[ပုနဗ္ဘဝဿ ဒါနံ ပုနဗ္ဘဝေါ၊ နောက်ထပ်ဘဝသစ်အကျိုးကို ပေးခြင်း။ (ဒါနဟူသော နောက်ပုဒ်ကျေ၏) ပုနဗ္ဘဝေါ သီလံ အဿာ တဏှာ ယာတိ ပေါနောဘဝိကာ]
ဥပ္ပန္နာယ၊ ဖြစ်ပေါ်လာသော။
တဏှာယ၊ တဏှာ၏။
ဝသံ၊ အလိုသို့။
န ဂစ္ဆိဿန္တိ၊ မလိုက်ကုန်ငြားအံ့။ [ပစ္စည်းလေးပါး ရရှိလိုမှုကြောင့် အလုပ်အကျွေး ဒါယကာ ဒါယိကာမတို့နောက်သို့ ခြေရာတလျှောက် တကောက်ကောက်လိုက်၍ တရွာမှ တရွာသို့ လှည့်လည်နေခြင်းအားဖြင့် တဏှာ၏ အလိုသို့ လိုက်သူမဟုတ်ကြကုန်အံ့ဟူလို]
ဘိက္ခဝေ၊ တို့။
(တာဝ၊ ထိုတဏှာ၏ အလိုသို့ မလိုက်သမျှ ကာလပတ်လုံး)
ဘိက္ခူနံ၊ တို့၏။ပ။
ဘိက္ခူ၊ တို့သည်။
အာရညကေသု၊ တော၌ဖြစ်ကုန်သော။ (အောက်ထစ်ဆုံးအားဖြင့် ကုပ်လုပ်လေးတာ အပြန်ငါးရာဝေးသော တော၌ ဖြစ်ကုန်သော)
သေနာသနေသု၊ အိပ်ရာနေရာကျောင်းတို့၌။
သာပေက္ခာ၊ ငဲ့ကွက်ခြင်းရှိကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်အံ့။ပ။
ဘိက္ခူ၊ တို့သည်။
ပစ္စတ္တညေဝ၊ မိမိ မိမိသန္တာန်၌သာလျှင်။
ဝါ၊ ကိုယ်စီကိုယ်င အသီးသီးသာလျှင်။
သတိံ၊ သတိကို။
ဥပဋ္ဌာပေဿန္တိ၊ စွဲကပ်တည်စေကုန်အံ့။
ဝါ၊ ဖြစ်စေကြကုန်အံ့။
(ကိန္တိ၊ အဘယ်သို့။
ဥပဋ္ဌာပေဿန္တိ၊ ဟူမူ)
ကိန္တိ၊ အဘယ်သို့သော အကြောင်းနည်းလမ်းဖြင့်။
အနာဂတာ၊ မကြွလာကုန်သေးသော။
ပေသလာ၊ ချစ်အပ်သော သီလရှိကုန်သော။
ဝါ၊ သီလကို ချစ်မြတ်နိုးကုန်သော။
သဗြဟ္မစာရီစ၊ သီတင်းသုံးဖော် ရဟန်းတို့သည်လည်း။
အာဂစ္ဆေယျုံ၊ ကြွလာကြကုန်အံ့နည်း။
အာဂတာ၊ ကြွလာကြကုန်ပြီးသော။
ပေသလာ၊ ကုန်သော။
သဗြဟ္မစာရီစ၊ လည်း။
ဖာသုံ၊ စွာ။
ဝိဟရေယျုံ၊ နည်း။
ဣတိ၊ ဤသို့။
(သတိံ၊ သတိကို။
ဥပဋ္ဌာပေဿန္တိ၊ ကုန်အံ့)။ပ။
ဣတိ (အဝေါစ) တတိယံ။
ဘိက္ခူ၊ တို့သည်။
နကမ္မာရာမာ၊ လုပ်ငန်းကိစ္စ အသစ်၌သာ ပျော်မွေ့ခြင်းရှိသူ မဟုတ်ကုန်သည်။ (ဂန္ထဓုရ, ဝိပဿနာဓုရ၌ မပျော်မွေ့ဘဲ သင်္ကန်းချုပ်ဆိုးခြင်းစသည်နှင့် ကျောင်းဆောက်ခြင်း စသော အသစ်တိုးချဲ့ပြုလုပ်ဖွယ်ရာ လုပ်ငန်းကိစ္စ၌သာ ပျော်မွေ့ခြင်းရှိသူ မဟုတ်ကုန်သည်)
ကမ္မာရာမ။ ။ ကမ္မ- လုပ်ငန်းအသစ်။ (အသစ်တိုးချဲ့ ပြုလုပ်ဖွယ်လုပ်ငန်းကိစ္စတည်း)။ အာရမဏံ အာရာမော- ပျော်မွေ့ခြင်း။ ကမ္မေ (နဝကမ္မေ) အာေရာမော အဿာတိ ကမ္မာရာမော- လုပ်ငန်းကိစ္စအသစ်၌ ပျော်မွေ့ခြင်းရှိသူ။ (တနည်း) အာရမိတဗ္ဗောတိ အာရာမော- ပျော်မွေ့ဖွယ်။ ကမ္မံ အာရာမော ဧတဿာတိ ကမ္မာရာမော- လုပ်ငန်းသစ်ဟူသော ပျော်မွေ့ဖွယ်ရှိသောသူ။ ဆက္ကနိပါတ်စာပိုဒ် (၁၄)ဘဒ္ဒကသုတ်အဋ္ဌကထာ (နှာ-၉၆)နှင့် ယင်းဋီကာ (၉၆)အဖွင့်တည်း။ ဘာသ+ဏျဖြင့် "ဘာသနံ ဘဿံ- စကားပြောခြင်း"စသည်ဝိဂြိုဟ်ပြုပါ။
ဝါ၊ လုပ်ငန်းကိစ္စအသစ်ဟူသော ပျော်မွေ့ဖွယ်ရှိသူ မဟုတ်ကုန်သည်။
နကမ္မရတာ၊ လုပ်ငန်းကိစ္စသစ်၌ ပျော်မွေ့သူမဟုတ်ကုန်သည်။
ကမ္မာရာမတံ၊ လုပ်ငန်းကိစ္စအသစ်၌ ပျော်မွေ့ခြင်းရှိသူ၏ အဖြစ်ကို။
ဝါ၊ လုပ်ငန်းကိစ္စသစ်ဟူသော ပျော်မွေ့ဖွယ်ရှိသူ၏ အဖြစ်ကို။
န အနုယုတ္တာ၊ အားမထုတ်ကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်အံ့။
ဘိက္ခဝေ၊ တို့။
(တာဝ၊ လုံး)။ပ။
န ဘဿာရာမာ၊ (မိန်းမ ယောကျ်ားတို့ ရုပ်အဆင်း လှမလှ စသည်ထွေပြား) စကားပြောဆိုခြင်း၌ ပျော်မွေ့ခြင်းမရှိသူ မဟုတ်ကုန်သည်။
ဝါ၊ စကားပြောဆိုခြင်းဟူသော ပျော်မွေ့ဖွယ်ရှိသူ မဟုတ်ကုန်သည်။
န ဘဿရတာ၊ စကားပြောဆိုခြင်း၌ ပျော်မွေ့သူမဟုတ်ကုန်သည်။
ဘဿရာမတံ၊ စကားပြောဆိုခြင်း၌ ပျော်မွေ့ခြင်းရှိသူ၏ အဖြစ်ကို။
ဝါ၊ ကို။
န အနုယုတ္တာ၊ ကုန်သည်။
ဘဝိဿန္တိ။ပ။
န နိဒ္ဒါရာမာ၊ အိပ်ခြင်း၌ ပျော်မွေ့ခြင်းရှိသူ မဟုတ်ကုန်သည်။ပ။
န သင်္ဂဏိကာရာမာ၊ အပေါင်းအဖော်တို့နှင့် ပေါင်းစုနေထိုင်ခြင်း၌ ပျော်မွေ့ခြင်းရှိသူမဟုတ်ကုန်သည်။
ဝါ၊ သည်။
န သင်္ဂဏိကရတာ၊ အပေါင်းအဖော်တို့နှင့် ပေါင်းစုနေထိုင်ခြင်း၌ ပျော်မွေ့သူ မဟုတ်ကုန်သည်။
သင်္ဂဏိကာရာမတံ၊ ကို။
န အနုယုတ္တာ၊ ကုန်သည်။
ဘဝိဿန္တိ။ပ။
န ပါပိစ္ဆာ၊ ယုတ်မာသော လောဘ အလိုရမ္မက် မရှိကုန်သည်။ (မိမိ၌ ထင်ရှားမရှိသောဂုဏ်ဖြင့် ချီးမွမ်းခြင်းငှာ လိုလားခြင်းတည်းဟူသော ယုတ်မာသော လောဘအလိုရမ္မက်ရှိသော ဒုဿီလ မဟုတ်ကုန်သည်)
ပါပိကာနံ၊ ယုတ်မာကုန်သော။
ဣစ္ဆာနံ၊ လောဘ အလိုရမ္မက်တို့၏။
ဝသံ၊ အလိုသ်ု့။
နဂတာ၊ မလိုက်ကုန်သည်။
ဘဝိဿန္တိ၊ ကုန်အံ့။ပ။
န ပါပမိတ္တာ၊ (သဒ္ဓါတရားမရှိသူ စသော) ယုတ်မာသော မိတ်ဆွေရှိသူ မဟုတ်ကုန်သည်။
န ပါပသဟာယာ၊ ယုတ်မာသော အဖော်သဟဲရှိသူမဟုတ်ကုန်သည်။
ဘဝိဿန္တိ၊ အံ့။ပ။
ဩရမတ္တကေန၊ အနည်းငယ်မျှပမာဏရှိသော။ (သီလပါရိသုဒ္ဓိ, ဈာန်, ဝိပဿနာ, သောတာပန်, သကဒါဂါမ်, အနာဂါမ်၏ အဖြစ်တို့တွင် တပါးပါးမျှ အနည်းငယ်ပမာဏရှိသော)
ဝိသေသာဓိဂမေန၊ တရားထူးကို ရခြင်းဖြင့်။
ဝါ၊ ရအပ်သော တရားထူးဖြင့်။
အန္တရာ၊ (အရဟတ္တဖိုလ်မရောက်မီ) အကြားကာလ၌။
ဝေါသာနံ၊ အပြီးသတ်ငြား ရပ်နားခြင်းသို့။
န အာပဇ္ဇိဿန္တိ၊ မရောက်ကြကုန်အံ့။
ဘိက္ခဝေ၊ တို့။
(တာဝ၊ ထိုအရဟတ္တဖိုလ်မရောက်မီစပ်ကြား မရပ်နားသမျှကာလပတ်လုံး)
ဘိက္ခူနံ၊ တို့၏။
ဝါ၊ တို့မှာ။
ဝါ၊ တို့သည်။
ဝုဒ္ဓိဧဝ။ပ။
စတုတ္ထံ။
ဘိက္ခူ၊ တို့သည်။
သဒ္ဓါ၊ (ပသာဒသဒ္ဓါ, ဩကပ္ပနသဒ္ဓါဟူသော) သဒ္ဓါတရားရှိကုန်သည်။ [(က) ဗုဒ္ဓေါ, ဓမ္မော, သံဃောဟူသော စကားကို သူတပါးထံမှ ကြားရုံမျှဖြင့် ကြည်ညိုသော ပသာဒသဒ္ဓါ။ (ခ) ရတနာသုံးပါးဂုဏ်တော်တို့၌ မလှုပ်မကိုင် ခိုင်မြဲစွာ သက်ဝင်စူးစိုက်လျက် မျက်မှောက်ထင်ထင်မြင်ရသကဲ့သို့ ယုံကြည်သော ဩကပ္ပနသဒ္ဓါတို့နှင့် ပြည့်စုံကုန်သည်]
ဘဝိဿန္တိ၊ အံ့။
ဘိက္ခဝေ၊ တို့။
(တာဝ၊ ထိုသဒ္ဓါတရားနှင့် ပြည့်စုံသမျှ ကာလပတ်လုံး)။ပ။
ဟိရိမန္တော၊ အကုသိုလ်ဒဒုစ္စရိတ်ကို ရှက်ခြင်း စက်ဆုပ်ခြင်း ရှိကုန်သည်။ပ။
ဩတ္တပ္ပိနော၊ အကုသိုလ်ဒုစ္စရိတ်ကြောင့် ကြောက်လန့်တတ်ကုန်သည်။
ဘဝိဿန္တိ။ပ။
ဗဟုဿုတာ၊ များစွာကြားနာသင်မှတ်ထားအပ်သော သုံးဖြာပိဋကတ်ပရိယတ် ရှိကုန်သည်။ပ။
အာရဒ္ဓဝီရိယာ၊ အားထုတ်အပ်ပြီးသော ကာယိကစေတသိက ဝီရိယရှိကုန်သည်။ပ။
သတိမန္တော၊ သတိရှိကုန်သည်။ (စိရကတ, စိရဘာသိတတို့ကို အဖန်ဖန်အထပ်ထပ် အမှတ်ရသော သတိရှိကုန်သည်) [စိရကတနှင့် စိရဘာသိတတို့ကို စာပိုဒ်(၄)ဝိတ္ထတဗဟသုတ် ဤစာအုပ် စာမျက်နှာ ၂၂-ကြည့်]။ပ။
ပညဝန္တော၊ ပညာရှိကုန်သည်။ (ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို ပိုင်းခြားယူငင် သိမြင်သောပညာနှင့် ပြည့်စုံကုန်သည်)
ဘဝိဿန္တိ။ပ။
ပဉ္စမံ။
ဘိက္ခူ၊ တို့သည်။
သတိသမ္ဗောဇ္ဈင်္ဂံ၊ သတိသမ္ဗောဇ္ဈင်ကို။
ဝါ၊ သတိဟူသော ချီးမွမ်းအပ်ကောင်းမြတ်သော ဗောဇ္ဈင်တရားကို။
ဘာဝေဿန္တိ၊ ဖြစ်ပွားစေကြကုန်အံ့။ပ။ [သမ္ဗောဇ္ဈင်္ဂပုဒ်၏ ဝစနတ္ထကို ဧကကနိပါတ်စာပိုဒ်(၇၄၊၄၁၂)သုတ်တို့၌ ရေးခဲ့ပြီ]
ဘိက္ခဝေ၊ တို့။
(တာဝ၊ ထိုသတိသမ္ဗောဇ္ဈင်ကို ဖြစ်ပွားစေသမျှ ကာလပတ်လုံး။)။ပ။
ဘိက္ခူ၊ တို့သည်။
ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို။
ဝါ၊ သစ္စာလေးပါးတရားတို့ကို စူးစမ်းဆင်ခြင် သိမြင်တတ်သော ဉာဏ်ပညာဟူသော ချီးမွမ်းအပ် ကောင်းမြတ်သောဗောဇ္ဈင်ကို။ပ။
ဝီရိယသမ္ဗောဇ္ဈင်္ဂံ၊ ကို။
ဝါ၊ ဝီရိယဟူသော ချီးမွမ်းအပ် ကောင်းမြတ်သောဗောဇ္ဈင်ကို။ပ။
ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ၊ ကို။
ဝါ၊ ဥပေက္ခာဟူသော ချီးမွမ်းအပ် ကောင်းမြတ်သောဗောဇ္ဈင်ကို။
ဘာဝေဿန္တိ။ပ။
ဆဋ္ဌံ။
ဘိက္ခူ၊ တို့သည်။
အနိစ္စသညံ၊ အနိစ္စသညာကို။
ဝါ၊ (တေဘူမကသင်္ခါရတို့၌ မမြဲဟု ရှုမှတ်သော သညာကို။
ဝါ၊ တေဘူမကသင်္ခါရတို့ကို အနိစ္စဟု ရှုတတ်သော ဝိပဿနာနှင့်တကွ ဖြစ်သောပညာကို။
ဘာဝေဿန္တိ၊ အံ့။ပ။
အနတ္တသညံ၊ ကို။
ဝါ၊ (တေဘူမကသင်္ခါရတို့၌) ခိုင်မြဲသောအနှစ်သာရ အတ္တကောင် မဟုတ်ဟု ရှုမှတ်သော သညာကို။ပ။
အသုဘသညံ၊ ကို။
ဝါ၊ (မိမိ၏ သက်ရှိခန္ဓာကိုယ်ကောင်၌) မတင့်တယ်ဟု ရှုမှတ်သောသညာကို။
ဝါ၊ (ဥဒ္ဓုမာတက စသော) မတင့်တယ်သော အာရုံ၌ဖြစ်သောသညာကို။ပ။
အာဒီနဝသညံ၊ ခန္ဓာကိုယ်၏ အပြစ်အနာရောဂါကို ရှုမှတ်သောသညာကို။ပ။
ပဟာနသညံ၊ (တဒင်္ဂပဟာန်စသော) ကိလေသာ ပယ်သတ်ခြင်းသဘော၌ အာရုံပြု၍ ဖြစ်သော သညာကို။ပ။
ဝိရာဂသညံ၊ (တဒင်္ဂဝိရာဂ အစရှိသော) ကိလေသာကင်းကွာ ပျက်စီးခြင်းသဘော၌ အာရုံပြု၍ဖြစ်သော သညာကို။
ဝါ၊ ကိလေသာအားလုံးတို့ ပျက်စီးရာ နိဗ္ဗာန်၌ အာရုံပြု၍ဖြစ်သော သညာကို။ပ။
နိရောဓသညံ၊ သင်္ခါရတို့၏ ချုပ်ငြိမ်းမှုကို အာရုံပြု၍ ဖြစ်သောသညာကို။
ဝါ၊ သင်္ခါရတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ဖြစ်သော သညာကို။
ဘာဝေဿန္တိ။ပ။
ဘိက္ခဝေ၊ တို့။
သတ္တ၊ (၇)ပါးကုန်သော။
ဣမေ ဓမ္မာ၊ ဤတရားတို့သည်။
သေခဿ၊ သေက္ခဖြစ်သော။
ဝါ၊ သိက္ခာသုံးပါးတို့ကို ဖြည့်ကျင့်ဆဲဖြစ်သော။
ဘိက္ခုနော၊ ရဟန်း၏။
ပရိဟာနာယ၊ အထက်ဂုဏ်တို့မှ ဆုတ်ယုတ်ခြင်းငှာ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
ကတမေ၊ အဘယ်မည်ကုန်သော။
သတ္တ၊ (၇)ပါးကုန်သော။
(ဓမ္မာ၊ တရားတို့သည်။
သေခဿ၊ သော။
ဘိက္ခုနော၊ ၏။
ပရိဟာနာယ၊ ငှာ။
သံဝတ္ထန္တိ၊ ဟူမူ)
ကမ္မာရာမတာ၊ လုပ်ငန်းကိစ္စ အသစ်ဟူသော ပျော်မွေ့ဖွယ်ရှိသူ၏ အဖြစ်သည်လည်းကောင်း။
ဝါ၊ လုပ်ငန်းကိစ္စ အသစ်တိုးချဲ့ ပြုလုပ်ခြင်း၌ ပျော်မွေ့ခြင်းရှိသူ၏ အဖြစ်သည်လည်းကောင်း။
ဘဿာရာမတာ၊ စကားပြောဆိုခြင်းဟူသော ပျော်မွေ့ဖွယ်ရှိသူ၏ အဖြစ်သည်လည်းကောင်း။
ဝါ၊ စကားပြောဆိုခြင်း၌ ပျော်မွေ့ခြင်းရှိသူ၏ အဖြစ်သည်လည်းကောင်း။
နိဒ္ဒါရာမတာ၊ သည်လည်းကောင်း။
သင်္ဂဏိကာရာမတာ၊ ကောင်း။
ဣန္ဒြိယေသု၊ (စက္ခုအစရှိသော) ဣန္ဒြေခြောက်ပါးတို့၌။
အဂုတ္တဒွါရတာ၊ (သတိဟူသော တံခါးရွက်ဖြင့် လုံခြုံစွာ) ပိတ်ဆီးအပ်သော ဒွါရအပေါက် မရှိသူ၏ အဖြစ်သည်လည်းကောင်း။
ဘောဇနေ၊ စားဖွယ်ဘောဇဉ်၌။
ဝါ၊ စားဖွယ်ဘောဇဉ်နှင့်တကွသော ပစ္စည်းလေးပါး၌။
အမတ္တညုတာ၊ (ခံယူခြင်း သုံးဆောင်ခြင်းနှင့် စပ်၍) အတိုင်းအတာပမာဏကို မသိသူ၏ အဖြစ်သည်လည်းကောင်း။
သံဃေ၊ ရဟန်းသံဃာ၌။
ယာနိ သံဃကရဏီယာနိ၊ အကြင်သံဃာ၏ ပြုဖွယ်ကိစ္စတို့သည်။
သန္တိ၊ ရှိကုန်၏။
တတြ(သံဃကရဏီယေသု)၊ ထိုသံယာ၏ ပြုဖွယ်ကိစ္စတို့၌။
သေခေါ၊ သည်။
ဘိက္ခု၊ သည်။
ဣတိ၊ ဤသို့။
ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏။
(ကိန္တိ၊ သို့။
ပဋိသဉ္စိက္ခတိ၊ နည်းဟူမူ)
သံဃေ၊ ၌။
ရတ္တညူ၊ ကုန်သော။
စိရပဗ္ဗဇိတာ၊ ကုန်သော။
ဘာရဝါဟိနော၊ သံဃာ့တာဝန်ကို ဆောင်ရွက်နေကုန်သော။ (ဖြစ်ပေါ်လာသော သံဃာ့ကိစ္စတို့ကို ပြီးမြောက်အောင် ထုတ်ဆောင်ခြင်းဖြင့် သံဃာ့တာဝန်ကို ဆောင်ရွက်နေကုန်သော)
ထေရာ၊ ထေရ်တို့သည်။
သန္တိ ခေါ ပန၊ ရှိကုန်သည်သာ။
တေ၊ ထိုထေရ်တို့သည်။
တေန၊ ထို မိမိ၏ ထေရ်ကြီးဂုဏ်အဆင့်အတန်းအားလျော်သော လုပ်ငန်းကိစ္စဖြင့်။
ဝါ၊ ကိစ္စကြောင့်။
ပညာယိဿန္တိ၊ ထင်ရှားကြကုန်လတ္တံ့။
ဣတိ၊ ဤသို့။
(ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏။
ဣတိ၊ ဤသို့ ဆင်ခြင်စဉ်းစား၍။)
အတ္တနာ၊ ကိုယ်တိုင်။
တေသု၊ ထိုသံဃာ၏ ပြုွယ်ကိစ္စတို့၌။
ယောဂံ၊ ကြိုးပမ်းအားထုတ်ပြုလုပ်ခြင်းသို့။
အာပဇ္ဇတိ၊ ရောက်၏။
[ဆိုလိုရင်းမှာ- သံဃာ့ဝန်ဆောင် ဖြစ်တော်မူသော ထေရ်တို့သည် မိမိတို့ ဂုဏ်အဆင့်နှင့် လျော်သော သံဃာ့ကိစ္စကို ဆောင်ရွက်တော်မူကြခြင်းကြောင့် ထင်ပေါ်ကျော်ကြားကြလိမ့်မည်။ ယင်းသို့ ထေရ်ကြီးများ ထင်ပေါ်ကျော်ကြားသလို ငါလဲပဲ ထင်ပေါ်ကျော်ကြားလိမ့်မည်ဟု ယူဆကာ (ထင်ပေါ်ကျော်ကြားလိုမှုကြောင့်) ထိုသံဃာ့ကိစ္စတို့၌ ကြိုးစားအားထုတ် ပြုလုပ် ဆောင်ရွက်သည်ဟု ဆိုလိုရင်း စဉ်းစားမိသည်။]
(တနည်း) တေသု၊ တို့၌။
ယောဂံ၊ သို့။
ယံ အာပဇ္ဇတိ၊ အကြင်ရောက်၏။
တံ အာပဇ္ဇနံ၊ ထိုရောက်ခြင်းသည်လည်းကောင်း။ [သံဝတ္တန္တိ-၌စပ်။ ကမ္မာရာမတာ-စသော ပုဒ်များကိုလည်း သံဝတ္တန္တိ၌ စပ်ပါ။]
ဘိက္ခဝေ၊ တို့။
သတ္တ၊ ကုန်သော။
ဣမေ ဓမ္မာ၊ ဤတရားတို့သည်။
သေခဿ၊ သော။ပ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ပ။
အပရိဟာနာယ၊ အထက်ဂုဏ်တို့မှ မဆုတ်ယုတ်ခြင်းငှာ။ပ။
န ကမ္မာရာမတာ၊ လုပ်ငန်းကိစ္စအသစ်ဟူသော ပျော်မွေ့ဖွယ်ရှိမဟုတ်သည် အဖြစ်သည်လည်းကောင်း။
ဝါ၊ ကောင်း။ပ။
ဂုတ္တဒွါရတာ၊ ...အပေါက်ရှိသူ၏ အဖြစ်သည်လည်းကောင်း။
ဘောဇနေ၊ ၌။
မတ္တညုတာ၊ ...သိသူ၏ အဖြစ်သည်လည်းကောင်း။ပ။
အတ္တနာ၊ ကိုယ်တိုင်။
တေသု၊ တို့၌။
ယောဂံ၊ သို့။
န အာပဇ္ဇတိ၊ မရောက်။
[တနည်း- ယောဂံ၊ သို့။
ယံ န အာပဇ္ဇတိ၊ အကြင်မရောက်။
တံ အနာပဇ္ဇနံ၊ ထိုမရောက်ခြင်းသည်လည်းကောင်း။ပ။]
အဋ္ဌမံ။
ဥပါသကဿ၊ ဥပါသကာ ဒါယကာ၏။
ပရိဟာနာယ၊ ရှိပြီးဂုဏ်မှ ဆုတ်ယုတ်ခြင်းငှာ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ပ။
**ဘိက္ခုဒဿနံ**၊ ရဟန်းသံဃာကို ဖူးမြင်ခြင်းငှာ။
ဘိက္ခုဒဿနံ ဟာပေတိ။ ။ ဘိက္ခုသံဃဿ ဒဿနတ္ထာယ ဂမနံ ဟာပေတိ ဟူသော အဋ္ဌကထာအဖွင့်အတိုင်း ဘိက္ခုဒဿနံ-၌ အံဝိဘတ်ကို တဒတ္ထသမ္ပဒါန် အနက်ဟောကြံ၍လည်းကောင်း, ဂမနံ- ဟူသော ပါဌသေသ ထည့်စွက်၍လည်းကောင်း အနက်ပြန်ဆိုထားပါသည်။ "ဘိက္ခုဒဿနံ- ရဟန်းသံဃာ ဖူးမြင်ခြင်းကို။ ဟာပေတိ- ၏။"ဟုလည်း အနက်ပေးသင့်သည်ဟု ယူဆ၏။
(ဂမနံ၊ သွားခြင်းကို)။
ဟာပေတိ၊ ယုတ်လျော့စေ၏။
သဒ္ဓမ္မဿဝနံ၊ သူတော်ကောင်းတရား ကြားနာခြင်းအလုပ်ကို။
ပမဇ္ဇတိ၊ မေ့လျော့၏။
အဓိသီလေ၊ လွန်ကဲမြင့်မြတ်သော ငါးပါးသီလ, ဆယ်ပါးသီလ၌။
န သိက္ခတိ၊ မဖြည့်ကျင့်။
ထေရေသု၊ ဆယ်ဝါပြည့်မီ, ထေရ်ဖြစ်ကုန်သော။
ဘိက္ခူသု စေဝ၊ ရဟန်းတို့၌လည်းကောင်း။
နဝေသု၊ ငါးဝါမကြွယ်, သီတင်းငယ်ဖြစ်ကုန်သော။
ဘိက္ခူသု စ၊ ရဟန်းတို့၌လည်းကောင်း။
မဇ္ဈိမေသု၊ ငါးဝါစပျိုး, ကိုးဝါတိုင်မှတ်, သီတင်းလတ်ဖြစ်ကုန်သော။
ဘိက္ခူသု စ၊ ရဟန်းတို့၌လည်းကောင်း။
အပ္ပသာဒဗဟုလော၊ များသော မကြည်ညိုခြင်းရှိသည်။
ဟောတိ၊ ၏။
ဥပါရမ္ဘစိတ္တော၊ ကဲ့ရဲ့ဖိနှိပ်, အပြစ်တင်လိုစိတ်ရှိသည်။
ရန္ဓဂဝေသီ၊ ဂုဏ်သိန်လစ်ဟာ, အပြစ်အနာ အပေါက်အကြားကို ရှာဖွေသည်။
[ရန္ဓ၊ အပေါက်။]
(ဟုတွာ၊ ဖြစ်၍)။
ဓမ္မံ၊ တရားကို။
သုဏာတိ၊ ကြားနာ၏။
ဣတော၊ ဤသဗ္ဗညုမြတ်စွာဘုရား အဆုံးအမ, အယူဝါဒမှ။
ဗဟိဒ္ဓါ၊ အပြင်အပ မိစ္ဆာအယူဝါဒ၌။
ဒက္ခိဏေယျံ၊ မြတ်သောအလှူ ခံယူထိုက်သော ပုဂ္ဂိုလ်ကို။
ဂဝေသတိ၊ ရှာမှီး၏။
စ၊ ထို့ပြင်။
တတ္ထ၊ ထို ပြင်ပမိစ္ဆာအယူဝါဒ၌။
ပုဗ္ဗကာရံ၊ ရှေးဦးစွာ အလှူဒါန ပြုလုပ်မှုကုသိုလ်ကို။
ကရောတိ၊ ပြု၏။ပ။
န ဟာပေတိ၊ မယုတ်လျော့စေ။ပ။
သိက္ခတိ၊ ဖြည့်ကျင့်၏။ပ။
ပသာဒဗဟုလော၊ များသော ကြည်ညိုမှု ကုသိုလ်ရှိသည်။
ဟောတိ၊ ၏။
အနုပါရမ္ဘစိတ္တော၊ ကဲ့ရဲ့ဖိနှိပ် အပြစ်တင်လိုစိတ်မရှိသည်။
န ရန္ဓဂဝေသီ၊ ...မရှာဖွေသည်။
(ဟုတွာ)။ပ။
ဣတော၊ မှ။
ဗဟိဒ္ဓါ၊ ၌။
ဒက္ခိဏေယျံ၊ ကို။
န ဂဝေသတိ၊ မရှာမှီး။
စ၊ ထို့ပြင်။
ဣဓ၊ ဤသဗ္ဗညု မြတ်စွာဘုရား သာသနာတော်၌။
ပုဗ္ဗကာရံ၊ ကို။
ကရောတိ။ပ။
သံဝတ္တန္တိ၊ ကုန်၏။
ဣတိ၊ (အဝေါစ)။
ဘဂဝါ၊ ဘုန်းတော်ကြီးမား မြတ်စွာဘုရားသည်။
ဣဒံ၊ ဤစုဏ္ဏိယစကားပြေတရားဒေသနာတော်ကို။
အဝေါစ၊ ဟောကြားတော်မူပြီ။
သုဂတော၊ ကောင်းသော စကားကို မိန့်ဆိုတော်မူသော မြတ်စွာဘုရားသည်။
ဣဒံ၊ ကို။
ဝတွာန၊ ဟောကြားတော်မူပြီး၍။
အထ၊ ဟောကြားတော်မူပြီးသည်မှနောက်၌။
သတ္တာ၊ နတ်, လူတို့၏ ဆရာသခင် ဘုရားရှင်သည်။
အပရံ၊ နောက်ထပ်တမျိုး တခြားတပါးသော။
ဧတံ၊ ဤသီကုံးဖွဲ့စပ် ဂါထာမြတ်ကို။
အဝေါစ၊ မိန့်တော်မူပြန်ပြီ။
(ကိန္တိ၊ သို့။
အဝေါစ၊ ဟူမူ)။
ယော ဥပါသကော၊ အကြင်ဥပါသကာဒါယကာသည်။
ဘာဝိတတ္တာနံ၊ (သမထဝိပဿနာတို့ဖြင့်) တိုးပွားစေအပ်သော စိတ်ရှိသော ရဟန်းတော်တို့ကို။
ဒဿနံ၊ ဖူးမြင်ခြင်းငှာ။
(ဂမနံ၊ သွားခြင်းကို။)
ဟာပေတိ၊ ယုတ်လျော့စေ၏။ [ဘာဝိတော အဘိဝဍ္ဎိတော အတ္တာ စိတ္တံ ယေသံ ဘိက္ခူနန္တိ ဘာဝိတတ္တာ]
အရိယဓမ္မာနံ၊ အရိယာသူတော်ကောင်းတို့ ဟောကြားအပ်သောတရားတော်တို့ကို။
သဝနဉ္စ၊ ကြားနာခြင်း အလုပ်ကိုလည်း။
(ပမဇ္ဇတိ၊ မေ့လျော့နေ၏)
အဓိသီလေစ၊ ၌လည်း။
န သိက္ခတိ၊ မဖြည့်ကျင့်။
ဘိက္ခူသု၊ ရဟန်းတော်တို့၌။ (ထေရ နဝ မဇ္ဈိမဖြစ်သော ရဟန်းတော်တို့၌)
အပ္ပသာဒေါ စ၊ မကြည်ညိုခြင်းသည်လည်း။ (ကြည်ညိုခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ဒေါသ ဒေါမနဿ မာန်မာန အကုသိုလ်သည်လည်း)
ဘိယျော ဘိယျော၊ လွန်စွာ လွန်စွာ။
ပဝဍ္ဎတိ၊ တိုးပွား၏။
ဥပါရမ္ဘကစိတ္တော၊ ရှိသည်။
(ဟုတွာ စ၊ ဖြစ်၍လည်း။)
သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။
သောတုံ၊ နာယူခြင်းငှာ။
ဣစ္ဆတိ၊ လိုလား၏။
ယော ဥပါသကော၊ သည်။
ဣတော၊ ဤသဗ္ဗညုမြတ်စွာဘုရား၏ အဆုံးအမ အယူဝါဒမှ။
ဗဟိဒ္ဓါစ၊ အပြင်အပ မိစ္ဆာအယူဝါဒ၌လည်း။
အညံ၊ (ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကမှ) တပါးတခြားသော။
ဒက္ခိဏေယျံ၊ မြတ်သောအလှူခံယူထိုက်သော ပုဂ္ဂိုလ်ကို။
ဂဝေသတိ၊ ၏။
စ၊ ထို့ပြင်။
တတ္ထေဝ၊ ထိုမိစ္ဆာအယူဝါဒ၌သာလျှင်။
ပုဗ္ဗကာရံ၊ ကို။
ကရောတိ၊ ၏။
သုဒေသိတေ၊ မြတ်စွာဘုရား ကောင်းစွာ ဟောကြားတော်မူအပ်ကုန်သော။
ပရိဟာနိယေ၊ ရှိပြိီးဂုဏ်မှ ဆုတ်ယုတ်ကြောင်းဖြစ်ကုန်သော။
သတ္တ၊ ကုန်သော။
ဧတေ ဓမ္မေ၊ ဤတရားတို့ကို။
သေဝမာနော၊ မှိီဝဲသော။
ဝါ၊ မိမိသန္တာန်၌ ဖြစ်ပွားစေသော။
သော ဥပါသကော၊ ထိုဥပါသကာ ဒါယကာသည်။
သဒ္ဓမ္မာ၊ သူတော်ကောင်းတရားတော်မှ။
ပရိဟာယတိ၊ ဆုတ်ယုတ်၏။
ယော ဥပါသကော၊ သည်။
ဘာဝိတတ္တာနံ၊ တို့ကို။
ဒဿနံ၊ ငှာ။
(ဂမနံ၊ ကို)
န ဟာပေတိ၊ မဆုတ်ယုတ်စေ။
အရိယဓမ္မာနံ၊ တို့ကို။
သဝနဉ္စ၊ ကိုလည်း။
(န ပမဇ္ဇတိ၊ မမေ့လျော့)
အဓိသီလေ စ၊ ၌လည်း။
သိက္ခတိ၊ ဖြည့်ကျင့်၏။
အဿ(ဥပါသကဿ)၊ ထိုဥပါသကာဒါယကာ၏။
(သန္တာနေ၊ စိတ်အစဉ်၌။
ဝါ၊ သန္တာန်၌)
ဘိက္ခူသု၊ တို့၌။
ပသာဒေါ စ၊ ကြည်ညိုမှုကုသိုလ်တရားသည်လည်း။
ဘိယျော ဘိယျော၊ လွန်စွာ လွန်စွာ။
ပဝဍ္ဎတိ၊ ၏။ပ။
ယော ဥပါသကော၊ သည်။
ဣတော၊ မှ။
ဗဟိဒ္ဓါ၊ ၌။
အညံ၊ သော။
ဒက္ခိဏေယျံ၊ ကို။
န ဂဝေသတိ၊ မရှာမှီး။
စ၊ ထို့ပြင်။
ဣဓေဝ၊ ဤမြတ်စွာဘုရား သာသနာတော်၌သာလျှင်။
ပုဗ္ဗကာရံ၊ ကို။
ကရောတိ၊ ၏။
သုဒေသိတေ၊ ကုန်သော။
အပရိဟာနိယေ၊ မဆုတ်ယုတ်ကြောင်း ဖြစ်ကုန်သော။
သတ္တ၊ ကုန်သော။
ဧတေ ဓမ္မေ၊ တို့ကို။
သေဝမာနော၊ သော။
သော ဥပါသကော၊ သည်။
သဒ္ဓမ္မာ၊ မှ။
န ပရိဟာယတိ၊ မလျော့ကျ။
ဣတိ(အဝေါစ၊ မိန့်)
နဝမံ။
ဥပါသကဿ၊ ၏။
ဝိပတ္တိယော၊ ပျက်စီးကြောင်းတရားတို့သည်။
ဣမာ သတ္တ၊ ဤ(၇)ပါးတို့တည်း။ပ။
ဘိက္ခဝေ၊ တို့။
ဥပါသကဿ၊ ၏။
သမ္ပဒါ၊ ပြည့်စုံကြောင်းတရားတို့သည်။
ဣမာ သတ္တ။ပ။
ဒသမံ။
ဧကာဒသမံ၊ (၁၁)ခုမြောက်သုတ်တည်း။
တတိယော၊ သုံးခုမြောက်သော။
ဝဇ္ဇိသတ္တကဝဂ္ဂေါ၊ ဝဇ္ဇီသတ္တကဝဂ်တည်း။