Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Sattakanipātapāḷi
Sattakanipātapāḷi

8. Paṭhamaparihānisuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ သတ္တ၊ (၇)ပါးကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ သေခဿ၊ သေက္ခဖြစ်သော။ ဝါ၊ သိက္ခာသုံးပါးတို့ကို ဖြည့်ကျင့်ဆဲဖြစ်သော။ ဘိက္ခုနော၊ ရဟန်း၏။ ပရိဟာနာယ၊ အထက်ဂုဏ်တို့မှ ဆုတ်ယုတ်ခြင်းငှာ။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
ကတမေ၊ အဘယ်မည်ကုန်သော။ သတ္တ၊ (၇)ပါးကုန်သော။ (ဓမ္မာ၊ တရားတို့သည်။ သေခဿ၊ သော။ ဘိက္ခုနော၊ ၏။ ပရိဟာနာယ၊ ငှာ။ သံဝတ္ထန္တိ၊ ဟူမူ)
ကမ္မာရာမတာ၊ လုပ်ငန်းကိစ္စ အသစ်ဟူသော ပျော်မွေ့ဖွယ်ရှိသူ၏ အဖြစ်သည်လည်းကောင်း။ ဝါ၊ လုပ်ငန်းကိစ္စ အသစ်တိုးချဲ့ ပြုလုပ်ခြင်း၌ ပျော်မွေ့ခြင်းရှိသူ၏ အဖြစ်သည်လည်းကောင်း။ ဘဿာရာမတာ၊ စကားပြောဆိုခြင်းဟူသော ပျော်မွေ့ဖွယ်ရှိသူ၏ အဖြစ်သည်လည်းကောင်း။ ဝါ၊ စကားပြောဆိုခြင်း၌ ပျော်မွေ့ခြင်းရှိသူ၏ အဖြစ်သည်လည်းကောင်း။ နိဒ္ဒါရာမတာ၊ သည်လည်းကောင်း။ သင်္ဂဏိကာရာမတာ၊ ကောင်း။ ဣန္ဒြိယေသု၊ (စက္ခုအစရှိသော) ဣန္ဒြေခြောက်ပါးတို့၌။ အဂုတ္တဒွါရတာ၊ (သတိဟူသော တံခါးရွက်ဖြင့် လုံခြုံစွာ) ပိတ်ဆီးအပ်သော ဒွါရအပေါက် မရှိသူ၏ အဖြစ်သည်လည်းကောင်း။ ဘောဇနေ၊ စားဖွယ်ဘောဇဉ်၌။ ဝါ၊ စားဖွယ်ဘောဇဉ်နှင့်တကွသော ပစ္စည်းလေးပါး၌။ အမတ္တညုတာ၊ (ခံယူခြင်း သုံးဆောင်ခြင်းနှင့် စပ်၍) အတိုင်းအတာပမာဏကို မသိသူ၏ အဖြစ်သည်လည်းကောင်း။ သံဃေ၊ ရဟန်းသံဃာ၌။ ယာနိ သံဃကရဏီယာနိ၊ အကြင်သံဃာ၏ ပြုဖွယ်ကိစ္စတို့သည်။ သန္တိ၊ ရှိကုန်၏။
တတြ(သံဃကရဏီယေသု)၊ ထိုသံယာ၏ ပြုဖွယ်ကိစ္စတို့၌။ သေခေါ၊ သည်။ ဘိက္ခု၊ သည်။ ဣတိ၊ ဤသို့။ ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏။ (ကိန္တိ၊ သို့။ ပဋိသဉ္စိက္ခတိ၊ နည်းဟူမူ)
သံဃေ၊ ၌။ ရတ္တညူ၊ ကုန်သော။ စိရပဗ္ဗဇိတာ၊ ကုန်သော။ ဘာရဝါဟိနော၊ သံဃာ့တာဝန်ကို ဆောင်ရွက်နေကုန်သော။ (ဖြစ်ပေါ်လာသော သံဃာ့ကိစ္စတို့ကို ပြီးမြောက်အောင် ထုတ်ဆောင်ခြင်းဖြင့် သံဃာ့တာဝန်ကို ဆောင်ရွက်နေကုန်သော) ထေရာ၊ ထေရ်တို့သည်။ သန္တိ ခေါ ပန၊ ရှိကုန်သည်သာ။ တေ၊ ထိုထေရ်တို့သည်။ တေန၊ ထို မိမိ၏ ထေရ်ကြီးဂုဏ်အဆင့်အတန်းအားလျော်သော လုပ်ငန်းကိစ္စဖြင့်။ ဝါ၊ ကိစ္စကြောင့်။ ပညာယိဿန္တိ၊ ထင်ရှားကြကုန်လတ္တံ့။ ဣတိ၊ ဤသို့။ (ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏။ ဣတိ၊ ဤသို့ ဆင်ခြင်စဉ်းစား၍။) အတ္တနာ၊ ကိုယ်တိုင်။ တေသု၊ ထိုသံဃာ၏ ပြုွယ်ကိစ္စတို့၌။ ယောဂံ၊ ကြိုးပမ်းအားထုတ်ပြုလုပ်ခြင်းသို့။ အာပဇ္ဇတိ၊ ရောက်၏။ [ဆိုလိုရင်းမှာ- သံဃာ့ဝန်ဆောင် ဖြစ်တော်မူသော ထေရ်တို့သည် မိမိတို့ ဂုဏ်အဆင့်နှင့် လျော်သော သံဃာ့ကိစ္စကို ဆောင်ရွက်တော်မူကြခြင်းကြောင့် ထင်ပေါ်ကျော်ကြားကြလိမ့်မည်။ ယင်းသို့ ထေရ်ကြီးများ ထင်ပေါ်ကျော်ကြားသလို ငါလဲပဲ ထင်ပေါ်ကျော်ကြားလိမ့်မည်ဟု ယူဆကာ (ထင်ပေါ်ကျော်ကြားလိုမှု‌ကြောင့်) ထိုသံဃာ့ကိစ္စတို့၌ ကြိုးစားအားထုတ် ပြုလုပ် ဆောင်ရွက်သည်ဟု ဆိုလိုရင်း စဉ်းစားမိသည်။] (တနည်း) တေသု၊ တို့၌။ ယောဂံ၊ သို့။ ယံ အာပဇ္ဇတိ၊ အကြင်ရောက်၏။ တံ အာပဇ္ဇနံ၊ ထိုရောက်ခြင်းသည်လည်းကောင်း။ [သံဝတ္တန္တိ-၌စပ်။ ကမ္မာရာမတာ-စသော ပုဒ်များကိုလည်း သံဝတ္တန္တိ၌ စပ်ပါ။]
ဘိက္ခဝေ၊ တို့။ သတ္တ၊ ကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ သေခဿ၊ သော။ပ။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ပ။ အပရိဟာနာယ၊ အထက်ဂုဏ်တို့မှ မဆုတ်ယုတ်ခြင်းငှာ။ပ။
န ကမ္မာရာမတာ၊ လုပ်ငန်းကိစ္စအသစ်ဟူသော ပျော်မွေ့ဖွယ်ရှိမဟုတ်သည် အဖြစ်သည်လည်းကောင်း။ ဝါ၊ ကောင်း။ပ။ ဂုတ္တဒွါရတာ၊ ...အပေါက်ရှိသူ၏ အဖြစ်သည်လည်းကောင်း။ ဘောဇနေ၊ ၌။ မတ္တညုတာ၊ ...သိသူ၏ အဖြစ်သည်လည်းကောင်း။ပ။
အတ္တနာ၊ ကိုယ်တိုင်။ တေသု၊ တို့၌။ ယောဂံ၊ သို့။ န အာပဇ္ဇတိ၊ မရောက်။ [တနည်း- ယောဂံ၊ သို့။ ယံ န အာပဇ္ဇတိ၊ အကြင်မရောက်။ တံ အနာပဇ္ဇနံ၊ ထိုမရောက်ခြင်းသည်လည်းကောင်း။ပ။]
အဋ္ဌမံ။