Issues
Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Sattakanipātapāḷi
Sattakanipātapāḷi

1. Hirīottappasuttaṃ

Tác giả: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ ရဟန်းတို့။ ဟိရောတ္တပ္ပေ၊ ဟိရီဩတ္တပ္ပသည်။ ဝါ၊ အကုသိုလ်ဒုစ္စရိတ်ရျက်ခြင်း, ကြောက်လန့်ခြင်း သဘောတရားသည်။ အသတိ၊ မရှိလသော်။ ဟိရောတ္တပ္ပဝိပန္နဿ၊ ပျက်စီးသော ဟိရီဩတ္တပ္ပရှိသောသူ၏။ ဝါ၊ သူမှာ။ ဣန္ဒြိယသံဝရော၊ ဣန္ဒြိယသံဝရသီလသည်။ ဝါ၊ ဣန္ဒြေကို ပိတ်ဆီးစောင့်ရှောက်မှု သီလသည်။ (အဘိဇ္ဈာ, ဒေါမနဿအစရှိသော အကုသိုလ်မဝင်လာအောင် စက္ခုစသော ဣန္ဒြေခြောက်ပါးဟူသော တံခါးပေါက်တို့ကို သတိဟူသော တံခါးရွက်ဖြင့် ပိတ်ဆီး စောင့်ရှောက်ခြင်းဟူသော သီလသည်) ဟတူပနိသော၊ (မိမိကိုယ်တိုင်ပင်) ဖျက်ဆီးအပ်သော မှီရာအကြောင်းရှိသည်။ ဟောတိ၊ ဖြစ်၏။
ဣန္ဒြိယသံဝရေ၊ ဣ‌န္ဒြိယသံဝရသီလသည်။ အသတိ၊ မရှိလသော်။ ဣန္ဒြိယသံဝရဝိပန္နဿ၊ ပျက်စီးသော ဣန္ဒြိယသံဝရ သီလရှိသောသူ၏။ ဝါ၊ သူမှာ။ သီလံ၊ (ပါတိမောက္ခ သံဝရ သီလ စသော) သီလအားလုံးသည်။ ဟတူပနိသံ၊ ဖျက်ဆီးအပ်သော မှီရာအကြောင်းရှိသည်။ ဟောတိ၊ ၏။
သီလေ၊ သီလအားလုံးသည်။ အသတိ၊ မရှိလသော်။ သီလဝိပန္နဿ၊ ပျက်စီးသော သီလရှိသောသူ၏။ ဝါ၊ မှာ။ သမ္မာသမာဓိ၊ သမ္မာသမာဓိသည်။ ဝါ၊ မှန်ကန်စွာ အာရုံ၌စိတ်ကို တည်တည်တံ့တံ့ထားကြောင်း သဘောတရားသည်။ ဟတူပနိသော၊ သည်။ ဟောတိ၊ ၏။
သမ္မာသမာဓိမှိ၊ သမ္မာသမာဓိသည်။ အသတိ၊ သော်။ သမ္မာသမာဓိဝိပန္နဿ၊ ပျက်စီးသော သမ္မာသမာဓိရှိသောသူ၏။ ဝါ၊ မှာ။ ယထာဘူတဉာဏဒဿနံ၊ ယထာဘူတဉာဏ်အမြင်သည်။ ဝါ၊ အဖြစ်မှန် သဘောအတိုင်း သိတတ်မြင်တတ်သော တရုဏဝိပဿနာသည်။ (နာမ ရူပပရိစ္ဆေဒဉာဏ်အစရှိသော ဉာဏ်လေးပါးတည်းဟူသော တရုဏဝိပဿနာသည်) ဟတူပနိသံ၊ သည်။ ဟောတိ၊ ၏။
ယထာဘူတဉာဏဒဿနေ၊ ယထာဘူတဉာဏ်အမြင်သည်။ ဝါ၊ သည်။ အသတိ၊ ‌သော်။ ယထာဘူတဉာဏဒဿနဝိပန္နဿ၊ ပျက်စီးသော ယထာဘူတဉာဏ်အမြင်ရှိသောသူ၏။ ဝါ၊ မှာ။ နိဗ္ဗိဒါ+ဝိရာဂေါ၊ ရုပ်နာမ် သင်္ခါရ၌ ငြီးငွေ့ကြောင်း ဗလဝဝိပဿနာနှင့်+ ရုပ်နာမ်သင်္ခါရမှ ကင်းကွာလွန် မြောက်ကြောင်း အရိယမဂ်သည်။ [ပဉ္စကနိပါတ် စာပိုဒ်(၂၄) ဒုဿီလသုတ်နှင့် ဆက္ကနိပါတ် စာပိူ်(၅၀) ဣန္ဒြိယသံဝရသုတ် ဋ္ဌ-ဋ တို့၌ကြည့်] ဟတူပနိသော၊ သည်။ ဟောတိ၊ ၏။
နိဗ္ဗိဒါဝိရာဂေ၊ သည်။ အသတိ၊ သော်။ နိဗ္ဗိဒါဝိရာဂဝိပန္နဿ၊ ပျက်စီးသော နိဗ္ဗိဒါဝိရာဂ ရှိသောသူ၏။ ဝါ၊ မှာ။ ဝိမုတ္တိဉာဏဒဿနံ၊ အရဟတ္တဖိုလ် ဝိမုတ္တိနှင့် ပစ္စဝေက္ခဏာဉာဏ်အမြင်သည်။ ဟတူပနိသံ၊ သည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ ဥပမာပြရလျှင်ကား။ ရုက္ခော၊ သစ်ပင်သည်။ သာခါပလာသဝိပန္နော၊ ပျက်စီးသောအကိုင်းအခက်,အရွက်ရှိသည်။ (အဿ၊ ဖြစ်ငြားအံ့)
တဿ၊ ထိုသစ်ပင်၏။ (ပျက်စီးသော အကိုင်းအခက်, အရွက်ရှိသော ထိုသစ်ပင်၏) ပပဋိကာပိ၊ အပွေးသည်လည်း။ ပါရိပူရိံ၊ ပြည့်စုံခြင်းသို့။ န ဂစ္ဆတိ၊ မရောက်။ တစောပိ၊ အခွံအခေါက်သည်လည်း။ ပါရိပူရိံ၊ သို့။ န ဂစ္ဆတိ၊ မရောက်။ ဖေဂ္ဂုပိ၊ အကာသည်လည်း။ပ။ သာရောပိ၊ အနှစ်သည်လည်း။ ပါရိပူရိံ၊ သို့။ န ဂစ္ဆတိ၊ မရောက်။
ဘိက္ခဝေ၊ တို့။ ဧဝမေဝံ၊ ဤအတူပင်။ပ။
ဘိက္ခဝေ၊ တို့။ ဟိရောတ္တပ္ပေ၊ သည်။ သတိ၊ ဖြစ်ပေါ်လသော်။ ဟိရောတ္တပ္ပဝိပန္နဿ၊ ပြည့်စုံသော ဟိရီဩတ္တပ္ပရှိသောသူ၏။ ဝါ၊ မှာ။ ဣန္ဒြိယသံဝရော၊ သည်။ ဥပနိသသမ္ပန္နော၊ ပြည့်စုံသော မှီရာအကြောင်းရှိသည်။ ဝါ၊ မှီရာအကြောင်းနှင့် ပြည့်စုံသည်။ ဟောတိ၊ ၏။
ဣန္ဒြိယသံဝရေ၊ သည်။ သတိ၊ သော်။ ဣန္ဒြိယသံဝရသမ္ပန္နဿ၊ ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံသောသူ၏။ ဝါ၊ မှာ။ သီလံ၊ သီလအားလုံးသည်။ ဥပနိသသမ္ပန္နံ၊ သည်။ ဟောတိ၊ ၏။
သီလေ၊ သည်။ သတိ၊ သော်။ သီလသမ္ပန္နဿ၊ ပြည့်စုံသောသီလရှိသောသူ၏။ ဝါ၊ သီလနှင့် ပြည့်စုံသောသူ၏။ပ။
ရုက္ခော၊ သည်။ သာခါပလာသသမ္ပန္နော၊ အကိုင်းအခက်, အရွက်နှင့် ပြည့်စုံသည်။ (အဿ၊ ဖြစ်ငြားအံ့)။ပ။
ပဌမံ။