ဘိက္ခဝေ၊ ရဟန်းတို့။
သတ္တဟိ၊ (၇)ပါးကုန်သော။
အင်္ဂေဟိ၊ အကြောင်းအင်္ဂါတို့နှင့်။
သမန္နာဂတော၊ ပြည့်စုံသော။
မိတ္တော၊ မိတ်ဆွေကို။
သေဝိတဗ္ဗော၊ မှီဝဲပေါင်းဖက်ဆက်ဆံထိုက်၏။
ကတမေဟိ၊ အဘယ်မည်ကုန်သော။
သတ္တဟိ၊ ကုန်သော။
(မိတ္တော၊ မိတ်ဆွေသည်။)
ဒုဒ္ဒဒံ၊ ပေးစွန့်နိုင်ခဲသော အဘိုးတန် ပစ္စည်းဥစ္စာဘဏ္ဍာကို။
ဒဒါတိ၊ ပေးစွန့်၏။
ဒုက္ကရံ၊ ခက်ခဲစွာ ပြုလုပ်အပ်သော လုပ်ငန်းကိစ္စကို။
ကရောတိ၊ ပြုလုပ်၏။
ဒုက္ခမံ၊ ခက်ခဲစွာ ချုပ်တည်း သည်းခံအပ်သော အရာကို။
ဝါ၊ သည်းခံနိုင်ခဲသောအရာကို။
ခမတိ၊ ချုပ်တည်းသည်းခံ၏။
ဂုယှံ၊ မိမိ၏ လျှို့ဝှက်သင့်သော စကားကို။
ဝါ၊ မိမိ၏ လျှို့ဝှက်ချက်ကို။
အဿ၊ ထိုမိမိမိတ်ဆွေအား။
အာဝိကရောတိ၊ ဖွင့်ဖော်ပြောပြ၏။
အဿ၊ ထိုမိမိမိတ်ဆွေ၏။
ဂုယှံ၊ လျှို့ဝှက်ပြောဆိုအပ်သော အကြောင်းအရာကို။
ပရိဂူဟတိ၊ (အခြားသူတို့အား မပြောမကြား) လျှို့ဝှက်ဖုံးအုပ်ထား၏။
အာပဒါသု၊ ဘေးရန်အန္တရာယ်တို့၌။
ဝါ၊ ဘေးအန္တရာယ် တွေ့ကြုံရာအခါတို့၌။
ဝါ၊ ဘေးအန္တရာယ်တို့ကြောင့်။
န ဇဟာတိ၊ စွန့်ပစ်မထားခဲ့။
ခီဏေန၊ မိမိမိတ်ဆွေ၏ စီးပွားဥစ္စာ ကုန်ခန်းခြင်းကြောင့်။
နာတိမညတိ၊ မိမိမိတ်ဆွေကို အထင်သေးငြား မောက်ကြွားမှု မပြု။ (မိမိမိတ်ဆွေ၌ အထင်သေး အရေးမစိုက်ခြင်း, မိမိကိုယ်ကို အထင်ကြီးငြား မောက်ကြွားခြင်း မပြု)။ပ။
[ဂါထာ] (ယော မိတ္တော၊ အကြင်မိတ်ဆွေသည်။)
ဒုဒ္ဒဒံ၊ ကို။
ဒဒါတိ၊ ပေးငြားအံ့။
ဒုက္ကရဉ္စာပိ၊ ပြုလုပ်နိုင်ခဲသော လုပ်ငန်းကိုလည်း။
ကုဗ္ဗတိ၊ ပြုလုပ်ငြားအံ့။
အထောပိ၊ ထိုမှတပါးတည်း။
အဿ၊ ထိုမိမိမိတ်ဆွေ၏။
ဝါ၊ သည်။
ဒုရုတ္တာနိ၊ (မကြည်မသာ) မကောင်းစွာပြောဆိုအပ်ကုန်သော။
ဒုက္ခမာနိစ၊ ခက်ခက်ခဲခဲ ချုပ်တည်းသည်းခံအပ်သော နာကျည်းခံပြင်းဖွယ် စကားတို့ကိုလည်း။
ခမတိ၊ ငြားအံ့။
[ဥစ္စန္တေတိ ဥတ္တာနိ၊ ဒုဋ္ဌု ဥတ္တာနိ ဒုရုတ္တာနိ။ ဒုက္ခေန ခမီယန္တေတိ ဒုက္ခမာနိ။]
ဂုယှဉ္စ၊ မိမိ၏ လျှို့ဝှက်သင့်သော စကားကိုလည်း။
တဿ၊ ထိုမိမိ၏ မိတ်ဆွေအား။
အက္ခာတိ၊ ဖွင့်ဖော်ပြောပြငြားအံ့။
အဿ၊ ထိုမိမိမိတ်ဆွေ၏။
ဂုယှဉ္စ၊ လျှို့ဝှက်ပြောဆိုအပ်သော အကြောင်းအရာကိုလည်း။
ပရိဂူဟတိ၊ ငြားအံ့။ပ။
ဣဓ၊ ဤလောက၌။
ယမှိ ပုဂ္ဂလေ၊ အကြင်မိတ်ဆွေပုဂ္ဂိုလ်၌။
ဧတာနိ ဌာနာနိ၊ ဤ(၇)မျိုးသောအကြောင်းတရားတို့သည်။
သံဝိဇ္ဇန္တိ၊ ရှိကုန်အံ့။
တထာဝိဓော၊ ထိုသို့သဘောရှိသော။ (ထိုခုနစ်မျိုးသော အကြောင်းတရားတို့နှင့် ပြည့်စုံခြင်း သဘောရှိသော။)
မိတ္တော၊ မိတ်ဆွေဖြစ်သော။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်။
မိတ္တကာမေန၊ မိတ်ဆွေအဖြစ်ကို လိုလားသောပုဂ္ဂိုလ်။ (မိတ်ဆွေအဖြစ်ဖြင့် ပေါင်းသင်းချဉ်းကပ်လိုသော ပုဂ္ဂိုလ်သည်။)
ဘဇိတဗ္ဗော၊ ပေါင်းသင်းချဉ်းကပ်သင့်၏။
ဣတိ(အဝေါစ)ပဉ္စမံ။