ယော (ဝိနယော)၊ အကြင် ဝိနည်းသည်။
သင်္ဂဟံ၊ တရားချင်းတူ, ပေါင်း၍ယူရာ, သံဂါယနာသို့။
သမာရုဠော၊ ကောင်းစွာတက်ရောက်ပြီ။
တဿ(ဝိနယဿ)၊ ပရိဝါရ်ခေါ်, ထိုပါဠိတော်၏။
(''အနုတ္တာနတ္ထဝဏ္ဏနံ''၌စပ်)။
ပုဗ္ဗာဂတံ၊ ရှေး၌ လာပြီးသော။
(ဥဘတောဝိဘင်းခန္တကတို့၌ လာပြီးသော)။
နယံ၊ ဆုံးဖြတ်နည်းကို။
(သဒ္ဒါ အဆုံးအဖြတ်, အနက် အဆုံးအဖြတ်,ဝိနည်းကို။)
ပရိဝါရ။ ။၁၆ပါးသော ဝါရတို့ဖြင့် ထက်ဝန်းကျင် များပြားသော ဝါရရှိသောကြောင့် ပရိဝါရမည်သော ပါဠိတော်ကို ခန္ဓကဝဏ္ဏနာတို့၏ အခြားမဲ့၌ ဖွင့်ပြတော်မူလိုသော အဠကထာဆရာသည် ''ဝိသုဒ္ဓပရိဝါရဿ'' စသော ပဋိညာဥ််းဂါထာကို မိန့်တော်မူ၏၊ ဗုဒ္ဓမြတ်စွာ၌ ဂုဏ်တော်များစွာ ရှိပါသော်လည်း ပရိဝါရဟူသော ပါဠိတော်၏ နာမည်နှင့်လည်းကောင်း, ခန္တကတို့၏အခြားမဲ့ဖြစ်သော ကာလဌာနနှင့်လည်းကောင်း လိုက်လျောသော ဂုဏ်ဖြင့် ချီးမွမ်းတော်မူလိုသောကြောင့် ''ဝိသုဒ္ဓပရိဝါရဿ''ဟုလည်းကောင်း,''ဓမ္မက္ခန္ဓသရီရဿ'' ဟု လည်းကောင်း မိန့်သည်။(ပကတိဟေသာ အာစရိယာနံ၊ ယဒိ ဒ့ အာရမ္ဘာနုရူပထောမနာ၊-ဋီကာ။)
ဓမ္မက္ခန္ဓသရီရဿ။ ။သီလဂုဏ်, သမာဓိဂုဏ်, အရဟတ္တဖိုလ်ဂုဏ်, အရဟတ္တဖိုလ်ကို သိမြင်တတ်သော ပစ္စဝေက္ခဏာညဏ်ဂုဏ်အားဖြင့် ၅-ပါးကို ''ဓမ္မက္ခန္ဓ-တရားတည်းဟူသောဂုဏ်''ဟု ခေါ်၏ ၊ ထိုဂုဏ်သည်ပင် ဘုရားရှင်၏ အထည်ကိုယ် ခန္ဓာတော် ဖြစ်သောကြောင့် ''ဓမ္မက္ခန္ဓသရီရဿ''ဟု ဂါရဝပြုသည်။ (သီလက္ခန္ဓ စသည်တို့၏အကျယ်ကို ပါရာဇိကဏ်ဘာသာဋီကာ ဂန္ထာရမ္ဘ သံဃပွဏာမ၌ ပြခဲ့ပြီ၊ ခန္ဓသဒ္ဒါသည် ဂုဏ်အနက်ကိုသာ ဟော၏၊ ကျေးဇူး (ဥပကာရ) အနက်ကို မဟော။)
တတ္ထ၊ ထိုပရိဝါရ်ဠိတော်၌။ တာဝ၊ ဝိသဇ္ဇနမှ ရှေးဦးစွာ။ (နိဒ္ဒိဠာယ-ညွှန်ပြအပ်သော)။ ယံ တေန ဘဂဝတာ၊ပေ။ ပညတ္တံတိ အာဒိနယပ္ပဝတာ၊ ယံ တေနဘဂဝတော၊ပေ၊ ပညတ္တံ အစရှိသော နည်းဖြင့်ဖြစ်သော။ ပုစ္ဆာယ၊ ၏။ အယံ၊ ဤဆိုအပ်လတ္တံကား။ သင်္ခေပတ္ထော၊ အကျဥ်းဖြစ်သော အနက်တည်း၊ (တစ်ပုဒ်စီ တစ်ပုဒ်စီ မဖွင့်ဘဲ တစ်ဝါကျလုံး ပေါင်းရုံး၍ ဖွင့်အပ်သော အနက်ဖြစ်သောကြောင့်''သင်္ခေပတ္ထ''ဟု ဆိုသည်)။ ယော သော ဘဂဝါ၊ အကြင် မြတ်စွာဘုရားသည်။ (ပညပေသိ၊ ၌စပ်)။ ဝါ၊ ကို။ (ယာစိတော၊ ၌စပ်)။ သာသနာဿ၊ ၏။ စိရဠိတိက္တံ၊ ကြာမြင့်စွာ တည်ခြင်းအကျိုးငှာ။ ဓမ္မသေနာပတိနာ၊ တရားစစ်သူကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာသည်။ သဒ္ဓမ္မဂါရဝဗဟုမာနဝေဂသမုဿိတံ၊ သူတော်ကောင်းတရား၌ ရိုသေလေးစားခြင်း, များစွာ မြတ်နိုးခြင်းအဟုန်သည် စိုက်ထူအပ်သော။ အဉ္ဇလိံ၊ လက်အုပ်ကို။ (လက်အုပ်တည်းဟူသော အလံကို)။ သိရသ္မိံ၊ ဦးခေါင်းပေါ်၌။ ပတိဠာပေတွာ၊ တည်စေ၍။ ယာစိတော၊ တောင်းပန်အပ်သည်။ (ဟုတွာ)။ ဒသ၊ ၁၀ ပါးကုန်သော။ အတ္ထဝသေ၊ အစီးအပွား အထူးတို့ကို။ ပဋိစ္စ၊ စွဲ၍။ ဝိနယပညတ္တိံ၊ ဝိနည်းပညတ်တော်ကို။ ပညပေသိ၊ ပညတ်တော်မူပြီ။ တသတဿ သိက္ခာပဒဿ၊ ထိုသို သိက္ခာပုဒ်၏။ ဝါ၊ ကို။ ပညတ္တိကာလံ၊ ပညတ်ခြင်း၏ အခါကို။
ဝိသုဒ္ဓ၊ပေ၊ဝဏ္ဏနံ။ ။ဝိသုဒ္ဒပရိဝါရဿာတိ သဗ္ဗသော ပရိသုဒ္ဓ ခီဏာသဝပရိဝါရဿ၊ဓမ္မက္ခန္ခသရီရဿာတိ သီလ သမာဓိ ပညာ ဝိမုတ္တိ ဝိမုတ္တိ ဉာဏဒဿနသင်္ခါတ ဓမ္မက္ခန္ဓသရီရဿ သာသနတိ သမ္ဗန္ဓော၊ တဿာတိ ပရိဝါရောတိ ယော သင်္ဂဟံ အာရုဠော၊တဿ၊ ပုဗ္ဗာဂတံ နယံတိ ပုဗ္ဗေ အာဂတံ ဝိနိစ္ဆယံ၊-ဋီကာ။ ဘဂဝတော ဝိနယော သင်္ဂဟံ သမာရုဠော၊-ဝိမတိ။
ယော သော၊ပေ၊ပညပေသိ။ ။ပါဠိတော်၌ ''တေန ဘဂဝတော ဇာနတာ'' စသည်ဖြင့်ရှိ၏ ၊ ထိုတေန၌ တ သဒ္ဒါဖြင့် ညွှန်ပြအပ်သော အနက်ကို အကျယ်ပြလို၍ ''ယော သော ဘဂဝါ''အစရှိသည်ကို မိန့်သည်၊ ''ဓမ္မသေနာပတိ ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ၏ ဝိနည်းပညတ်တော်ကို ပညတ်တော်မူဖို့ရန် တောင်းပန်ခြင်းကို လက်ခံတော်မူရ၍ ဝိနည်းပညတ်တော်ကို ပညတ်တော်မူသော ထို မြတ်စွာဘုရား''ဟူလို၊ (ယာယ ဝိနယပညတ္တိယာ(၏၊ ဝါ-၌၊) ဘဂဝါ(သည်) ပကတော (စ၍ပြုခြင်းလည်း ရှိတော်မူ၏ ၊) ပါကဋော စ (ထင်ရှားလည်း ထင်ရှားတော်မူ၏ ၊) တံ ဝိနယပညတ္တိံ သဒ္ဒိံ ယာစနာယ အတ္ထာဘာဝေန (တ သဒ္ဒါ၏ ညွှန်ပြအပ်သော အနက်အဖြစ်ဖြင့်၊) ဒဿေန္တော ယော သော၊ပေ၊ ပညပေသီတိ အာဟ၊-ဋီကာ။)
(ပညတ်ရာအခါကို)။ ဇာနတာ၊ သိတော်မူသော။ တဿာ တဿာ သိက္ခာပဒပညတ္တိယာ၊ ထိုထို သိက္ခာပုဒ်ကို ပညတ်တော်မူခြင်း၏၊ ဝါ-ပညတ်တော်မူအပ်သော ထိုထိုသိက္ခာပုဒ်၏။ ဒသ၊ န်သော။ အတ္တဝသေ၊ တို့ကို။ ပဿတာ၊ မြင်တော်မူသော၊ တေန ဘဂဝတော-သည်၊ (''ပညတ္တံ-ပညတ်တော်မူအပ်ပြီ''ဟု ပါဠိတော်၌ စပ်)။အပိစ၊ သည်သာမကသေး။
ပုဗ္ဗေနိဝါသာဒီဟိ၊ ပုဗ္ဗေနိဝါသ အစရှိသောဉာဏ်တို့ဖြင့်။
ဇာနတာ(စ)၊ သိတော်မူသည်လည်းဖြစ်သော။
ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဥ်ဖြင့်။
ပဿတာ (စ)၊ မြင်တော်မူသည်လည်းဖြစ်သော။
တီဟိ၊ ၃ပါးကုန်သော။
ဝိဇ္ဇာဟိ၊ ဝိဇ္ဇာဟိတို့ဖြင့်။
ဝါ ပန၊ တစ်နည်းကား။
ဆဟိ၊ ကုန်သော။
အဘိညာဟိ၊ တို့ဖြင့်။
ဇာနတာ (စ)၊ သော။
သဗ္ဗတ္ထ၊ အလုံးစုံသော အာရုံတို့၌။
အပ္ပဋိဟတေန၊ မပိတ်ပင်အပ် မပိတ်ပင်နိုင်သော။
သမန္တစက္ခုနာ၊ အလုံးစုံကို အကုန်မြင်နိုင်သော သဗ္ဗညုတဉာဏ်ပညာတော်ဖြင့်။
ပဿတာ (စ)၊ သော။
သဗ္ဗဓမ္မဇာနနသမတ္ထာယ၊ အလုံးစုံသော တရားတို့ကို သိခြင်း၌ စွမ်းနိုင်သော။
ပညာယ၊ သဗ္ဗညုတဉာဏ်ပညာတော်ဖြင့်။
ဇာနတာ (စ)၊ သော။
သဗ္ဗသတ္တာနံ၊ တို့၏။
စက္ခုဝိသယာတီတာနိ၊ မျက်စိ၏အရာကို လွန်ကုန်သော။
တိရောကုဋ္ဋာဒိဂတာနိ၊ နံရံတစ်ဖက် အစရှိသော အရပ်တို့၌ ရောက်ကုန်သော။
ရူပါနိစာပိ၊ ရူပါရုံတို့ကိုသော်မှလည်း၊ (စ အနက် မရှိ၊ အပိ ကား သမ္ဘာဝနာ)။
အတိဝိသုဒ္ဓေန၊ အလွန်စင်ကြယ်သော။
မံသစက္ခုနာ၊ မံသစက္ခဖြင့်။
ပဿတာ (စ)၊ သော။
တေန၊ ပေ၊ ပဿတာ။ ။ဝိနည်းကို ဖွင့်ပြသော အရာဌာနအားလျော်စွာ ဝိနည်းနှင့်ဆိုင်သော သိဖွယ် မြင်ဖွယ်တို့ကို ''ဇာနတာ ပဿတာ''တို့၏ ကံအဖြစ်ဖြင့် ပြလို၍ ''တဿ၊ပေ၊ ပညတ္တိကာလံ ဇာနတာ''ဟုလည်ကောင်း,''ဒသ အတ္ထဝသေ ပဿတ''ဟုလည်းကောင်း ပထမဖွင့်သည်။ (''အတ္ထဝသ''ပုဒ်၏အနက်ကို သုဒိန္နကဏ္ဍ၌ ပြခဲ့ပြီ)။
အပိစ။ ။ဇာနတာ ပဿတာတို့၏ အနက်ကို သုတ္တန်နည်းအားဖြင့် ဖွင့်ပြလို၍ ''အပိစ'' စသည်ကို မိန့်သည်၊ ထိုတွင် ပထမနည်းသည် ''ပု-ဒိ-အာ''ဟူသော ဝိဇ္ဇာ ၃ပါးဖြင့်ပြအပ်သော နည်းတည်း၊ ထို့ကြောင့် အာဒိဖြင့် အာသဝက္ခယဉာဏ်ကိုသာ ယူရသည်၊ ဒုတိယနည်းသည် ဝိဇ္ဇာ ၃ ပါး, (တစ်နည်း) အဘိညာဥ် ၆ ပါးဖြင့်လည်းကောင်း,သဗ္ဗညုတာဉာဏ်တော်ဖြင့်လည်းကောင်း ပြအပ်သော နည်းတည်း၊ တတိယနည်းသည် သဗ္ဗညုတာဉာဏ် မံသစက္ခုတို့ဖြင့် ပြအပ်သော နည်းတည်း။
အတိဝိသုဒ္ဓေန မံသစက္ခနာ။ ။နေ့ရော ညဥ့်ပါ အခါခပ်သိမ်းပင် တစ်ယူဇနာအတွင်း၌တော တောင် နံရံ စသည် ခြားကွယ်၍ နေစေကာမူ ထိုအရာဝတ္ထုတို့က မကာကွယ်နိုင်ဘဲ အလွန်သိမ်မွေ့ သေးငယ်သော ရူပါရုံတို့ကိုသော်မှလည်း မြင်စွမ်းနိုင်သော ပသာဒစက္ခတော်ကို''အတိဝိသုဒ္ဓမံသစက္ခု''ဟု ဆိုသည်၊ ထိုစကားသည်သင့်၏၊ တော,တောင်,နံရံစသည်တို့၌ ရုပ်ကလာပ်တိုင်းဝယ် ကလာပ်နှစ်ခုတို့၏ အကြားအရပ်ဟူသော အာကာသဓာတ်ရှိသောကြောင့် မြတ်စွာဘုရား၏ စက္ခုတော်သည် ထိုအာကာသ အရပ်တို့ဖြင့် တောင်နံံရံ စသည်ကို ထွင်းဖောက်၍ မြင်တော်မူနိုင်သည်။ (အတိဝိသုဒ္ဓေန မံသစက္ခုနာတိရတ္တိံ ဒိဝံ သမန္တာ ယောဇနပ္ပမာဏေ အတိသုခုမာနိပိ ရူပါနိ ပဿနတော အတိဝိယပရိသုဒ်ေဓန ပသာဒစက္ခုနာ၊-ဝိမတိ)။
အတ္တဟိတသာဓိကာယ၊ ကိုယ်တော်၏စီးပွားကို ပြီးစေတတ်သော။ သမာဓိပဒဋ္ဌာနာယ၊ သမာဓိဟူသော နီးစွာသော အကြောင်းရှိသော။ ပဋိဝေဓပညာယ၊ ထိုးထွင်း၍ သိတတ်သော အရိယမဂ်ပညာဖြင့်။ ဇာနတာ(စ)၊ သော။ ပရဟိတသာဓိကာယ၊ သူတစ်ပါး၏စီးပွားကို ပြီးစေတတ်သော။ ကရုဏာပဒဋ္ဌာနယ၊ ကရုဏာဟူသော နီးစွာသော အကြောင်းရှိသော။ ဒေသနာပညာယ၊ ဒေသနာပညာတော်ဖြင့်။ ပဿတာ(စ)၊ သော။ အရဟတော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေန၊ မဖောက်မပြန်, ကိုယ်တော်တိုင်သာ, အလုံးစုံသောတရားတို့ကိုသိတော်မူသော၊ (တေန ဘဂဝတာ-သည်)။ ပဌမံ၊ ရှေးဦိးစွာသော။ ယံ ပါရာဇိကံ၊ အကြင် ပါရာဇိကကို။ ပညတ္တံ၊ ပညတ်တော်မူအပ်သနည်း။ ကံ၊ အဘယ်ပုဂ္ဂိုလ်ကို။ အာရဗ္ဘ၊ အကြောင်းပြု၍။ ပညတ္တံ၊ နည်း။ တတ္ထ၊ ထိုပဌမပါရာဇိက၍။ ပညတ္တိ၊ မူလပညတ်သည်။ အတ္ထိ၊ ရှိသလော၊ပေ။ ကေန၊ အဘယ်ပုဂ္ဂိုလ်သည်။ အာဘတံ၊ အဆက်ဆက်ဆောင်အပ်သနည်း။ ဣတိ(အယံ)၊ ဤသည်ကား။ ပုစ္ဆာ၊ ပုစ္ဆာတည်း။ ဣတိ(အယံ)၊ ဤဆိုအပ်ပြီးကား၊ (သင်္ခေပတ္တာ-တည်း)။ပဋိဝေဓ, ဒေသနာ။ ။ဤစတုတ္ထနည်းကား ပဋိဝေဓပညာ, ဒေသနာပညာဖြင့်ပြအပ်သောနည်းတည်း၊ ပဋိဝေဓပညာဟူသည် အရိယမဂ်ပညာတည်း၊ ထိုပညာဖြင့် ကိုယ်တော်၏သန္တာန်၌ရှိသော ကိလေသာတို့ကို ပယ်ရသောကြောင့်''အတ္တဟိတသာဓိကာ''ဟု ဆိုသည်၊ ဒေသနာပညာဟူသည် ဟောထိုက်သောတရားကိုလည်းကောင်း, ဗောဓနေယျပုဂ္ဂိုလ်တို့၏ အာသယ အနုသယ စရိုက် အဓိမုတ္တိ စသည်ကိုလည်းကောင်း သိသောဉာဏ်တည်း။
အတ္တိတတ္ထ၊ပေ၊ကေနာဘာတန္တိ။ ။ဝိမတိ၌ ကေနာဘတံ၏ နောက်ဝယ်''ပုစ္ဆာ''ဟု ပါဌ်တစ်မျိုး ရှိ၏၊ ''အတ္ထိတတ္ထ''စသည်၌လည်း ''အတ္ထိနုခေါ-ရှိသလော''ဟု ''နုခေါ'' ဟူသော ပုစ္ဆာဇောတက ထည့်၍ ဖွင့်၏ ၊ ''ကေနာဘတန္ထိပုစ္ဆာ''ဟု ပုစ္ဆာသဒ္ဒါ ပါသည်ဖြစ်စေ, မပါသည်ဖြစ်စေ ပုစ္ဆာဝါကျကား အမှန်ပင် ဖြစ်သည်၊ ထို့ပြင် ဣတိသဒ္ဒါဖြင့် ''အယံသင်္ခေပတ္တာ''ကို ပြန်၍ နိဂုံးအုပ်ရမည်၊ ထို့ကြောင့် ဣတိ တစ်ပုဒ် အကျေ ကြံပါ၊(အတ္ထိတတ္ထပညတ္တီတိ အာဒီသု အတ္ထိနုခေါ တတ္ထပညတ္တီတိ အာဒိနာ အတ္ထော ဂဟေ တဗ္ဗောတိ အာဟ တတ္ထပညတ္တိ၊ပေ၊ကေနာဘတန္တိ ပုစ္ဆာတိ၊-ဝိမတိ။)
**ပုစ္ဆာဝိသဇ္ဇနေ ပန**။ ။ထိုပုစ္ဆာကို ဖြေလိုသောကြောင့် ''ပုစ္ဆာဝိသဇ္ဇနေ ပန''စသည်ကိုမိန့်သည်၊ (ပုစ္ဆာဝိသဇ္ဇနေတိ ပုစ္ဆာယ ဝိသဇ္ဇနေ၊-ဋီကာများ၊) ဤပုစ္ဆာဝိသဇ္ဇနအခန်း၌ ယံ တေနမှ စ၍ ပဌမံ ပါရာဇိကံတိုင်အောင်သော စကားသည် ပုစ္ဆာတုန်းက ပါပြီးပုဒ်ကိုထပ်၍ ထုတ်ပြအပ်သော စကားမျှသာတည်း၊ ကတ္ထ ပညတ္တံ စသည်ဖြင့် ပုစ္ဆာတို့ကိုလည်း ဝိသဇ္ဇနနှင့် တွဲဖက်ဖို့ရန် ထပ်၍ ပြထားသည်။**နိဒါနောဂဓံ**။ ။ပါတိမောက်ပါဋ္ဌိတော်ဝယ် ''ယဿ သိယာ အာပတ္တိ၊ သော အာဝီကရေယျ''ဟု ရှိ၏ ၊ ထိုစကားရပ်၌ အာပတ္တိ အရဝယ် အာပတ်ခုနှစ်မျိုးလုံး ပါဝင်နေ၏။ ထို့ကြောင့် ဤပထမပါရာဇိကကိုလည်း ''နိဒါနောဂဓံ-နိဒါန်းအခန်း၌ ပါဝင်၏''ဟုဖြေသည်၊ ဤပထမပါရာဇိကသာမက နောက်နောက် အာပတ်များလည်း နိဒါနောဂဓပင် ဖြစ်ကြသည်၊ ဩဂဓံ၌ ''အဝ+ဂတ''ပုဒ်ရင်းတည်း၊ အဝကို ဩ, တကို ဓပြု၍ ''ဩဂဓ''ဟုဖြစ်၏ ၊ ထို့ကြောင့် ''ဩ-အတွင်းသို့ သက်ဝင်၍+ဂတ-ဖြစ်''ဟူသည် အလျော်အားဖြင့် ပါဝင်ခြင်းပင် ဖြစ်ရကား ''အနုပဝိဋ္ဌံ''ဟု အဓိပ္ပာယ် ဖွင့်သည်။ဒွီဟိ သမထေဟိ သမ္မတီတိ၊ ကား။
(အချို့စာအုပ်၌''သမ္မတိ'' မပါ ၊ တွံ-သည်)။
အာပန္နော၊ အာပတ်သို့ ရောက်သည်။
သမ္မုခါ၊ မျက်မှောက်၌။
ပုစ္ဆိယမာနော၊ မေးအပ်သော်။
အာမ၊ မှန်ပါ။
(အဟံ) အာပန္နော၊ သည်။
အမှိ၊ ပါ၏။
ပဋိဇာနာတိ၊ ဝန်ခံ၏။
တာဝဒေဝ၊ ဝန်ခံရာ ထိုခဏ၌ပင်။
ဘဏ္ဍနကလဟဝိဂ္ဂဟာ၊ မိမိတို့ဘက်တွင် တိုင်ပင်ခြင်း,ငြင်းခုံခြင်း,ခိုက်ရန်ဖြစ်ခြင်းတို့သည်။
ဝူပသန္တာ၊ ငြိမ်းအေးကုန်သည်။
ဒွင်္ဂိကေန ဧကေန။ ။သမုဋ္ဌာန် ၆ ပါးတွင် ''ကိုယ်စိတ်''ဟူသော သမုဋ္ဌာန်တစ်ပါးကြောင့် ဖြစ်ရကား ''ဧကေန သမုဋ္ဌာနေန''ဟု ဆိုသည်၊ ထိုသမုဋ္ဌာန်တစ်ပါးတည်း၌''ကိုယ်+စိတ်''ဟူသော အင်္ဂါ ၂ ပါးရှိသောကြောင့် ''ဒွင်္ဂိကေန''ဟု ဆိုသည်၊ ဒွေ+အင်္ဂါနိ ဒုဝင်္ဂံ(ဒွင်္ဂံ)၊ ဒွင်္ဂံ ယဿ အတ္ထီတိ ဒွင်္ဂိကံ''ဟု ပြု၊ ''အင်္ဂါ ၂ ပါးရှိ''ဟူသည် အင်္ဂါ ၂ ပါးအပေါင်းပင်ဖြစ်သောကြောင့် ''အင်္ဂဒွယသမုဒါယဘူတေန''ဟု ဝိမတိ၌ အဓိပ္ပာယတ္ထ ဖွင့်သည်။
စိတ္တံ အင်္ဂံ။ ။မေထုန်မှုကို ပြုရာ၌ မေထုန်မှီဝဲခြင်းသည် ကာယဝိညတ်ဟူသော ကာယပယောဂတည်း၊ ထို့ကြောင့် ကာယပယောဂသည်သာ မေထုန်မှုနှင့် အတူတကွဖြစ်၏ ၊ စိတ်ကား ထိုကာယပယောဂကို ဖြစ်စေတတ်သောကြောင့် အာပတ်၏ အကြောင်းဖြစ်သော ကိုယ်၏အကြောင်းဖြစ်ရကား အင်္ဂါအဖြစ်ဖြင့် ယူရသည် ၊ (ဣဒါနိ တေသု ဒွီသု အင်္ဂသု ပဓာနင်္ဂံ ဒဿေတုမာဟ-ဧတ္ထ ဟိ စိတ္တံ အင်္ဂံ ဟောတီတိအာဒိ၊ပေ၊စိတ္တံပန ကာရဏကာရဏန္တိ အဓိပ္ပာယော၊ ဧဝံ ဥပရိပိ သဗ္ဗတ္ထ စိတ္တင်္ဂယုတ္တသမုဋ္ဌာနေသု အဓိပ္ပာယော ဝေဒိတဗ္ဗော၊-ဝိမတိ။)
ဟေန္တိ။ စ၊ ငြိမ်းအေးရုံသာမကသေး။ တံပုဂ္ဂလံ၊ ကို။ အပနေတွာ၊ ဖယ်ရှား၍။ ဥပေါသထော ဝါ၊ သည်လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ပဝါရဏာ ဝါ၊ သည်လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ကာတုံ၊ ငှာ။ သက္ကာ၊ တတ်ကောင်းသည်။ ဟောတိ။ (တံပုဂ္ဂလံ အရ ပါရာဇိက အာပတ္တာဓိကရုဏ်းဖြစ်နေသော ပုဂ္ဂိုလ်ကို ယူရသောကြောင့် ဝဇ္ဇနီယပုဂ္ဂိုလ်တွင် ပါဝင်နေရကား ''တံပုဂ္ဂလံ အပနေတွာ'' ဟု ဆိုသည်၊ တံပုဂ္ဂလံတိ ပါရာဇိကာပန္နံ ပုဂ္ဂလံ၊-ယောဇနာ)။ပဒဘာဇနံ၊ ပဒဘာဇနီကို။
(ပုဒ်တို့ကို အကျယ်ဝေဖန်ကြောင်း စကားရပ်ကို)။
ဝိဘတ္တီတိ၊ ဟူ၍။
ဝုစ္စတိ။
သမ္မတိ, န သမ္မတိ။ ။ပါရာဇိကအာပတ် ကင်းပျောက်သွားအောင် မည်သည့် သမထနှင့်မျှ ကုစား၍ မရသောကြောင့် ''န ကတမေန သမထေန သမ္မတိ-အဘယ်သမထနှင့်မျှ မငြိမ်းအေး''ဟု ဆိုလိမ့်မည်၊ ဤ၌ကား အာပတ်ကင်းအောင် မပြုနိုင်သော်လည်း ဘဏ္ဍန ကလဟ ဝိဂ္ဂဟတို့ ငြိမ်းသောကြောင့် ''ဒွီဟိ သမထေဟိ သမ္မတိ''ဟု ဆိုသည်၊ (ဣမမတ္ထံ သန္ဓာယာတိ အာပန္နာယ ပါရာဇိကာပတ္တိယာ ကေဟိစိပိ သမထေဟိ အနာပတ္တိ ဘာဝါပါဒနဿ အသက္ကုဏေယျတ္တသင်္ခါတမတ္တံ သန္ဓာယ၊-ဝိမတိ။)
ပညတ္တိ ဝိဘတ္တိ။ ။''ယော ပန ဘိက္ခု ဘိက္ခူနံ သိက္ခာသာဇီဝ သမာပန္နော''စသော ဒွေမာတိကာ၌ လာသော သိက္ခာပုဒ်အပေါင်းကို ''ပညတ္တိ''ဟုခေါ်၏၊ ပညပီယတီတိ ပညတ္တိ (အပြားအားဖြင့် သိအပ် ထားအပ်သောကြောင့် ပညတ်မည်၏ ၊) ထိုပညတ်သည် အဘိဝိနယကို ထောက်လျှင် မာတိကာမျှဖြစ်၍ ကျဥ်းငယ်သောကြောင့် အဘိသဒ္ဒါ မပါဘဲ ဝိနယဟုသာ အမည်ရသည်၊ ပါဋ္ဌိတော်၌''ယော ပနာတိ ယော ယာဒိသော''စသော တစ်ပုဒ် တစ်ပုဒ်ကို အကျယ်ဝေဖန်ကြောင်း (ချဲ့ထွင်ကြောင်း)စကားရပ်ကို ဝိဘတ္တိဟု ခေါ်၏ ၊ ဝိဘဇီယတိ ဧတာယာတိ ဝိဘတ္တိ''ဟု ပြု၊ ပဒဘာဇနဟုလည်း ဘဇဓာတ်ပင်တည်း၊ ထိုဝိဘတ္တိကို မာတိကာကို ချဲ့ဖွင့်သောစကားရပ် ဖြစ်သောကြောင့် ပါဋ္ဌိတော်၌ ''အဘိဝိနယ''ဟု ခေါ်ထားသည်။
ဟိ၊ မှန်။
(တစ်နည်း) ဟိ(ယသ္မာ)။
သဗ္ဗံ၊ သော။
ဝိနယပိဋကံ၊ ကို။
အဇာနန္တေန၊ မသိသောပုဂ္ဂိုလ်သည်။
ဧတဿ၊ ဤပထမပါရာဇိက၏။
အတ္ထော၊ သည်။
(သက္ကာ ၌ပဓာန စပ်)။
ဝါ၊ ကို။
(ဇာနိတုံ၌ အပဓာန စပ်)။
တေဓာရေန္တိ။ ။ရှေးစာအုပ်တို့၌ ''ကေ ဓာရေန္တိ''ဟု ရှိ၏ ၊ နောက်စာအုပ်များ၌ကား''တေ ဓာရေန္တိ''ဟု ရှိသည်၊ ယေသံ ဝတ္တတိ၏နောက်၌ ''တေ ဓာရေန္တိ''ဟုသာ ပါဋ္ဌိတော်၌ ရှိသည် ၊ ထို့ကြောင့် ''ကေ''ဟု မရှိသင့်။
န ဟိ၊ပေ၊ဇာနိတုံ။ ။ဤပထမပါရာဇိကကို ဆောင်ရွက်သောပုဂ္ဂိုလ်မှာ ဝိနယပိဋက ပါဋ္ဌိတော် အဋ္ဌကထာ အားလုံးကို နှုတ်တက်ဆောင်သူ ဖြစ်ရမည်ဟု ''ယေသံ၊ပေ၊သဗ္ဗာ ပဂုဏာ''ဖြင့် ပြထား၏ ၊ အဘယ့်ကြောင့် ပထမပါရာဇိက၏ အနက်အဓိပ္ပာယ်ကို သိဖို့ရန် ဝိနည်းပါဋ္ဌိတော် အဋ္ဌကထာအားလုံးကို ပဂုဏ ဖြစ်ရသနည်း-ဟု မေးဖွယ်ရှိသောကြောင့်''န ဟိ သက္ကာ''စသည်ကို မိန့်သည်၊ ဝိနည်းပိဋကတ်အားလုံးကို မသိသော ပုဂ္ဂိုလ်သည် ဤ ပထမပါရာဇိက၏ အနက်အဓိပ္ပာယ်ကို အန္တရာပတ် ဝိနီတဝတ္ထများနှင့်တကွ မသိနိုင်သောကြောင့် ဝိနည်းပိဋကအားလုံးကို ပဂုဏ ဖြစ်စေရမည်၊ ဝိနည်းပ်ဋကအားလုံး၌ ပဂုဏဖြစ်မှ ဤ ပထမပါရာဇိကကို ဆောင်ရွက်သူဟု ဆိုနိုင်ပါသည်-ဟူလို။
**ထပိတာ**။ ။စတုတ္ထသံဂါယနာတင်ဟု အသိအမှတ်ပြုအပ်သော ပေထက်အက္ခရာတင်ရာ ကာလတုန်းက ဆရာအစဥ်အဆက်ကို သိဖို့ရာ ရှေးမဟာထေရ်တို့ ''ဥပါလိဒါသကော စေဝ'' စသော ဂါထာတို့ကို ထားတော်မူခဲ့ကြသည်၊ (ပေါရာဏကေဟိ မဟာထေရေဟီတိ သံဂီတိတ္တယတော ပစ္ဆာ ပေါတ္ထကသံဂီတိကာရကေဟိ ဆဋ္ဌဘိညာ ပဋိသမ္ဘိဒါဒိဂုဏသမုဇ္ဇလေဟိ မဟာထေရေဟိ (ထိတာ)၊ စတုတ္ထသံဂီတိသဒိသာ ဟိပေါတ္ထကာရောဟသံဂီတိ၊ (မှန်၏ ၊-ပေထက်သို့ ပါဋ္ဌိတော် အဋ္ဌကထာကျမ်းစာတို့ကိုတက်ရောက်စေခြင်းသည် စတုတ္ထသံဂါယနာနှင့် တူ၏ ၊)-ဝိမတိ။) ထို့ကြောင့် ယခုအခါ၌ ပေထက်အက္ခရာတင်ခြင်းကိုပင် စတုတ္ထသံဂါယနာဟု အသိအမှတ် ပြုကြသည်။